Category: News

  • မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ စကစတွေ AA လက်နက်ကြီးကြောင့် အစုလိုက် အပြုံလိုက် သေဆုံး

    ကျောက်ဖြူမြို့နယ်၊ မင်းပြင် မိုးလေဝသရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာပြီး သူတို့ သိမ်းပိုက်နိုင်ကြောင်း ဝါဒဖြန့်ဖို့အတွက် တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

    ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာလည်း မင်းပြင်ရွာရှိ မိုးလေဝသရေဒါစခန်း ရှေ့မှာ တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တာ တွေ့ရပါတယ်။

    အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သော်လည်း သေဆုံးထိခိုက်မှု အသေးစိတ်အခြေအနေတွေနဲ့ ဘယ်လိုမျိုး တိုက်ခိုက်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးသလို အာရက္ခတပ်တော် AA ကလည်း တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

    မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲရုပ်သံဖိုင်

    မင်းပြင်ကို ကျွံဝင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုးလေဝသရေဒါစခန်းဝင်းအတွင်း ဒရုန်းနဲ့ AA ကထပ်မံတိုက်ခိုက်စဉ်

    ဤတိုက်ပွဲသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

  • ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်တပ် ဝင်လာသဖြင့် ရေးဘီလူးတပ်ဖွဲ့က ဒေသခံများကို ကယ်ထုတ်

    ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်တပ် ဝင်လာသဖြင့် ရေးဘီလူးတပ်ဖွဲ့က ဒေသခံများကို ကယ်ထုတ်

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို ကယ်ထုတ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

    လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တလုံး၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့သလို သက်ကြီးရွယ်အို၊ ကလေးတွေနဲ့ ဒေသခံတချို့ကို ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ရေးဘီလူးတပ်ဖွဲ့တာဝန်ရှိသူက “လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ ပိတ်မိနေတဲ့ ဒေသခံတွေကို အဓိက ကူညီကယ်ထုတ်ပေးပြီး အချိန်ပိုင်းရွှေ့ပြောင်းပေးခဲ့တာ” လို့ ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ ရွာကလေးကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရေးဘီလူးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ ရေးမြို့နယ်က ကျေးရွာတွေကို ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

  • မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထနောင်းမြေစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာနှင့် ကန်ရွာကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ထနောင်းမြေ စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းကို ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး မြေပြင်မှလည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဂိတ်စခန်းအတွင်းထိ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို စခန်းတွင် အကြမ်းဖက် စစ်သား ၁၅ ဦးဖြင့် အထိုင်ချ တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ကျန်ရှိသူအားလုံးသည် စခန်းအတွင်းမှ ဆုတ်ခွာသွားပြေးသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက ဂိတ်စခန်းကို ရှင်းလင်းရေး ၀င်လုပ်‌နေချိန် မြင်းခြံမြို့ မှ တပ်ကူ စစ်ကားများ ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    “အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၅ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် ထပ်တိုး ၂ ကောင်သေတယ်။ စုစုပေါင်း စစ်ခွေး သေတာ ၇ ကောင်ရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ထနောင်းမြေ စစ်ကြောင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်း နှင့် အတူ JUSTICE WARRIORSတပ်ဖွဲ့ ၊ မဟာမိတ် Droneတပ်ဖွဲ့များဖြစ်သော M.D.F Myaung Drone ကျားခင်စိန် တပ်ဖွဲ့ ၊ Revolutionary Air Force ၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း လက်ရုံးတပ် 925‌ ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ Peacock Drone Team တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို

    နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။

    အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။

    အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အရာရှိတစ်ဦးဒဏ်ရာရရှိကာဆေးရုံတင်ထားရတယ်လို့ နေပြည်တော်တပ်ကုန်းPDFတပ်ရင်းအမှတ် (၈၀၃) သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီစခန်းဟာ တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၂၃၉)မှာရှိတဲ့တံတား စခန်းဂိတ် ဖြစ်ပြီး နိုဝင်ဘာ၁၁ရက်ည၉နာရီ၄၅မိနစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို နေပြည်တော် နယ်မြေထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ကွက်ဖော်လာတဲ့ အပေါ် စစ်လော်ဘီ တစ်ဦးက တပ်ကုန်းလို နေရာတွေအထိ PDF တွေ စိမ့်ဝင်နေတာဟာ သေချာကြည့်ရင် နေပြည်တော် ဒေသအထိ စည်းပေါက်တာပါဘဲလို့ ထုတ်ဖော်ရေးသားလာပါတယ်။

    “ နေပြည်တော်ဖြစ်စဉ်က အမြန်လမ်း လခရ စခန်းငယ်လေးကို PDF က ရုတ်တရက် ဝင်စီးခဲ့တာ ဖြစ်ပေမယ့် သေချာကြည့်ရင် နေပြည်တော်ဒေသအထိ စည်းပေါက်တာပါဘဲ။ လယ်ဝေး၊ တပ်ကုန်းလို နေရာတွေအထိ PDF က စိမ့်ဝင်နေတယ်။ ပေ့ါဆတဲ့ တာဝန်ရှိသူများ ကိုယ့်အိမ်ရှေ့ထိ PDF ရောက်လာမှ အသိတရာ ရမှာလား။ အခုဝင်တိုက်တဲ့အဖွဲ့က ဗကပ PLA အဖွဲ့လို့သိရ။ ဒီကောင်တွေက ရိုးရိုး PDF ထက် ပိုကြမ်းတယ် ဗကပတွေ ”လို့ ရေးသားထားပါတယ်။

    CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ နေပြည်တော်ကောင်စီနယ်မြေအထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ကွက်ဖော်ဆောင်နိုင်မှုကြောင့် စစ်ရုံးချုပ်ဟာ ခြောက်ခြားနေကြလောက်ပြီလို့ ယူဆရပါတယ်” ရေးသားလာပါတယ်။

    “ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ဥတ္တရသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အမြန်လမ်း လုံခြုံရေးကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေဟာ စစ်ကြောင်းကြီး ၃ ကြောင်း ခွဲပြီး စီးနင်းတိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။နေရာတွေ အတိအကျ အသေးစိတ် မဖော်ပြတာကတော့ အမြန်လမ်းတလျှောက် ခရီးသွားဖူးသူတွေ အနေနဲ့ လမ်းဘေးတလျှောက်မှာ စစ်စခန်းတွေ တည်ရှိနေတာကို မြင်ဖူးကြပြီး ဖြစ်ပါလိမ့်မယ်” လို့ ရေးသားဖော်ပြထားပါတယ်။

    လက်ရှိ စစ်ကော်မရှင်ဟာ မြို့တွေကို​ တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်တယ်လို့ အကြီးအကျယ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာ တိုက်ပွဲတိုင်းလိုလိုမှာ အောင်မြင်မှုမရဖြစ်နေတယ်လို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်ကလာ်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးအရအရေးပါတဲ့ မောတောင်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးဆောင်မှုနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားနဲ့အတူစစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်ထားပါတယ်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ရက်နေ့တွေကလည်းမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ၁၇ ဦးသေဆုံးပြီး အောက်တိုဘာ ၂၅ ရက်နေ့ကပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၂၀ဦးသေဆုံးခဲ့ရပါတယ်။

  • AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    နိုဝင်ဘာလ ၁၄ ရက်နေ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ ယာယီ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ဝင်ရောက် နေရာယူသွားကြောင်း၊ ထိုသို့ မင်းပြင်ရွာစခန်းကို စစ်တပ်က ရရှိပြီးနောက် ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးရန်အတွက် စစ်သား ၂၀ ကျော်က ပြင်ဆင်နေခဲ့ကြောင်း၊ ယင်းအချိန် AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မင်းပြင်ရွာစခန်း အတွင်းရှိ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည့် နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်သားအများအပြား သေဆုံးသွားကြောင်း သိရှိရသည်။

    “ အဲဒီ မင်းပြင်ရွာ ရေဒါစခန်းကို AA ကသိမ်းထားတာ။ အင်အား အနည်းငယ်ပဲရှိတယ်။ အဲဒါကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒါကို စစ်တပ်က မနေ့က ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်း AA က လက်နက်ကြီးနဲ့ပစ်လိုက်တာ အကုန်ကြွကုန်တယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    မင်းပြင်ရွာစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်း ဖက်စစ်သား အနည်း ဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ၂၄ ဦးသေဆုံးသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျကို အတည်မပြုနိုင်သေးပေ။

    ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေ တပ် နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ ကြည်းရေလေ အင်အားသုံးပြီး တန်ပြန်ထိုးစစ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    AA က ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိတွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားသည်။

    AA က ရခိုင်တစ်ပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာလိုတော့ပြီး ထိုးစစ်များ အရှိန်မြှင့်တင်လျက်ရှိကြောင်း AA တရားဝင် ထုတ်ပြန် ကြေညာထားသည်။