Category: News

  • သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    သီတာတင်ရဲ့ ၆၈၀၀ စား ခွေးစာရင်း

    ဖက်ဆစ်ခွေးမိစ္ဆာရဲ့ ပြန်ကြားရေး မီဒီယာဖွံဖြိုးတိုးတက်ရေးဌာန သီတာတင် အပါ ခွေး ၆၂ ကောင်

    တလရ နဲ့ မီဒီယာပေချ့်တွေအောက်မှာ

    တလရအကောင့်တု၊ ရဘ အကောင့်တု ၊ CDM အကောင့်တု၊

    ပြည်သူအကောင့်တု၊ Non CDM အကောင့်တုတွေ နဲ့

    အကန်၊ အနှောက်၊ သွေးထိုး၊ လှုံ့ဆော်၊

    အစွန်းရောက် လုပ်နေတဲ့ ခွေးစာရင်းဖြစ်ပါတယ်။

  • စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရ

    အိမ်ငှားနေတဲ့ စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရတာကြောင့် သံသယရှိသူတွေ အကုန်ဖမ်းဆီးစစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်မြို့နယ် မှာ စစ်ကော်မရှင်ရဲ့ စစ်ဘက်ဆိုင်ရာ (စရဖ) ဗိုလ်ကြီးအောင်မြင့်ဦး ငှားနေတဲ့ နေအိမ်မှာ သြဂုတ်လ ၁၆ ရက်နေ့က သေနတ် နဲ့ ငွေသားတွေ အခိုးခံခဲ့ရတယ်လို့ သိရပြီး သံသယရှိသူတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    စရဖ ဗိုလ်ကြီး အောင်မြင့်ဦး ငှားရမ်းနေတဲ့ အိမ်မှာ သူကိုင်တဲ့ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ Xiomi ဖုန်းတလုံး နဲ့ ကျပ်ငွေ သိန်း ၁၅၀ ကျော်အပါအဝင် မှတ်ပုံတင် ဝန်ထမ်းကတ်တွေပါ အခိုးခံခဲ့ရပြီး သူငှားနေတဲ့ အိမ်ပိုင်ရှင် နဲ့ အနီးတဝိုက်က လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

    “အိမ်ရှင် နဲ့ အဲ့အနားတဝိုက်က လူငယ်တွေလည်းပါတယ်။ ကလေးတွေကိုလည်း ဖမ်းတယ်။ ခေါ်အစစ်ခံရတာတင် ၁၀ ယောက်ကျော်ပြီ။ ပြန်လွတ်လာတာတွေလည်းရှိတယ်။ ခုထိ ခေါ်စစ်ခံရတဲ့ သူတွေ ရှိနေသေးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။

    အိမ်ပိုင်ရှင် အပါအဝင် အနီးနားက ဒေသခံတွေကို ငွေဆောင် ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေပြီး အဓိက အဖမ်းခံရသူအများစုက အိမ်ရှင် မိသားစုတွေ များတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

    ” အိမ်ရှင် ရဲ့ အမျိုးတွေကို အဓိက စစ်တာ။ ကလေးတွေလည်း ပါတယ်။ သိသလောက်က ၁၀ ယောက်ကျော်တယ်။ အိမ်ရှင်ရဲ့ သမီး အငယ်ဆုံးလေး အသက် ၈ နှစ်လောက်ကိုလည်း ဖမ်းသွားတယ်။ ခုထိ အဲ့ကလေးနဲ့ သူ့အဖေမလွတ်သေးဘူးလို့ ကြားတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

    ငွေဆောင်မှာ အုပ်ချုပ်ရေးမှူးတွေ၊ SB နဲ့ စရဖ တပ်ဖွဲ့တွေ၊ နယ်ထိန်းရဲတွေက သံသယရှိတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးနေပြီး ဒီကနေ့ထိ တရားခံ ဖမ်းမမိသေးတာကြောင့် သေနတ်ပျောက်ဆုံးမှုကို သတင်းဖုံးထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

  • ဖမ်းဆီးထားတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို နတခ အတွင်း ပြောင်းရွှေ့စစ်ဆေးနေ

    ဖမ်းဆီးထားတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို နတခ အတွင်း ပြောင်းရွှေ့စစ်ဆေးနေ

    ဗျူဟာမှူးတွေဖြစ်တဲ့ လွင်ထူးမောင်၊ ဇေယျာမောင်တို့နဲ့ စကားအခြေအတင် များခဲ့တာဖြစ်ပြီး ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးခဲ့တာလို့ တပ်တွင်းသတင်းရင်း​မြစ်တွေကဆိုပါတယ်။

    ခြေလျင်တပ်ရင်း (ခလရ) ၂၇၁ က တပ်ရင်းမှူးကို ဩဂုတ်လ ၁၉ ရက်နေ့က စပြီး အမတ ၃၄၄ အတွင်းမှာ ဖမ်းဆီးစစ်ဆေးနေရာကနေ ၂ ရက်အကြာမှာ ပုသိမ်မြို့ တောင်ပေါ်မှာ ရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ဆီ ပြောင်းရွှေ့စစ်ဆေးနေပြီလို့ သိရပါတယ်။

    “တပ်ရင်းမှူးကို ဖမ်းထားပြီး နှစ်ရက်မြောက် ညက လာခေါ်သွားတာ။ ပုသိမ် နတခ တပ်နယ်ထဲက တပ်ရင်းတခုကို ရွေ့လိုက်တာဖြစ်မယ်။ နေရာ တိတိကျကျတော့ မပြောတတ်ဘူး”လို့ ​​​ရေကြည်ရှိ တပ်တွင်းသတင်း ရင်းမြစ်က ပြောပါတယ်။

    လောလောဆယ်မှာ ဖမ်းခံထားရတဲ့ တပ်ရင်းမှူးနဲ့ နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေဟာ ရှေ့တန်းစထွက်ခဲ့တဲ့ အချိန်ကစပြီး အဆက်အသွယ်တကြိမ်မှ မရသေးသလို အခုချိန်မှာလည်း ဘယ်မှာ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတာကို မသိကြရသေးဘူးလို့ ဆိုပါတယ်။

    ရေကြည်မြို့နယ် စက်စက်ယိုကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့အပြီး ခလရ ၂၇၁ တပ်ရင်းကို အစားထိုးရှေ့တန်းထွက်ဖို့ အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် တပ်ရင်းမှူးဟာ ဩဂုတ်လ ၁၉ ရက်နေ့ညက ဖမ်းဆီးခဲ့ရတာပါ။

    “သူ (ခလရ ၂၇၁ တပ်ရင်းမှူး)ရဲ့ တပ်ကနေ တပ်ပြေးတွေ မကြာခဏ ရှိနေတော့ တိုင်းစစ်ဌာနချုပ်နဲ့ အဆင်မပြေဘူး။ ခုလည်း တပ်ဖွဲ့က ရှေ့တန်းပြန်လာတာ မကြာသေးဘူး။ ဒါကြောင့်သူက တပ်ဖွဲ့က ရဲဘော်တွေပင်ပန်းနေပြီလို့ ပြောမိတာ အမိန့်မနာခံဘူးဆိုပြီး ဗျူဟာမှူးတွေရယ်၊ ဒုတိုင်းမှူးရယ်တို့နဲ့ အဆင်မပြေဖြစ်ရတာ” လို့ ခလရ ၂၇၁ တပ်တွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဗျူဟာမှူးတွေဖြစ်တဲ့ လွင်ထူးမောင်၊ ဇေယျာမောင်တို့နဲ့ စကားအခြေအတင် များခဲ့တာဖြစ်ပြီး ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးခဲ့တာလို့ တပ်တွင်းသတင်းရင်း​မြစ်တွေကဆိုပါတယ်။

    လက်ရှိအခြေအနေမှာ စစ်တိုက်ဖို့ ငြင်းဆန်တဲ့အတွက် ဖမ်းချုပ်ခံထားရတဲ့ ခလရ ၂၇၁ တပ်မှူးရင်းနေရာမှာ ဒု တပ်ရင်းမှူးဖြစ်တဲ့ ကျော်ဝင်းထွဋ်ကို အစားထိုးခန့်ထားပါတယ်။

    အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇တပ်ရင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိ​တွေ့ဖြစ်ပွားခဲ့တဲ့ ရေကြည်မြို့နယ် အတွင်းက စက်စက်ယိုကျေးရွာ အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ ၂၇ က တပ်ရင်းမှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

  • စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်

    စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်

    စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ရုံးပင်ကန်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား ၂ ဦးသည် အရက်မူးရူးပြီး ဝက်သပုတ်ရွာမှ အမျိုးသမီး ၁ ဦးကို မုဒိမ်း ပြုကျင့်ရန် ကြံစည်နေစဉ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် ၊ ဗုံး ၁ လုံး၊ ကျည်ဘောက် ၆ ခုနှင့် စစ်ဝတ်စုံ တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက မုဒိမ်းကျင့်ဖို့ လုပ်နေရင်းကနေ သူတို့ အချင်းချင်းပစ်ခတ်ကြတာ အဲဖြစ်စဉ်ကို ပြည်သူတစ်ယောက်က ကျနော်တို့ကို လှမ်းပြောတော့ သွားရောက် နယ်မြေရှင်းလင်ရေး လက်နက်တွေ သိမ်းဆည်ရမိတာပါ။ စစ်ခွေးတွေက စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ရွာကနေ ဝက်သပုတ်ရွာကို လာခဲ့တာပါ။ ရွာတွေကနီးတယ်။ စစ်ခွေး ၂ ကောင်တည်းလာတာ မိန်ကလေးက ဝက်သပုတ်ရွာကပါပဲ အသက် ၁၅ နှစ်လောက်ပဲရှိသေးတယ်။ သေနတ် ၂ လက်၊ ဗုံး ၁ လုံး၊ ကျည်ဘောက် ၆ ခုတို့ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူက ပြောဆိုသည်။

  • မင်းထောင့် ဆိပ်ကမ်းမှ ထွက်လာသော စစ်ရေယာဉ် အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    မင်းထောင့် ဆိပ်ကမ်းမှ ထွက်လာသော စစ်ရေယာဉ် အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    မုံရွာမြို့နယ်၊ မင်းထောင့် ဆိပ်ကမ်းမှ ထွက်လာသော စစ်ရေယာဉ် အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်သင်္ဘော ၁ စီးထိမှန်ဟုဆို

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းထောင့် ဆိပ်ကမ်းမှ ထွက်လာသော စစ်ရေယာဉ် အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ သင်္ဘော ၁ စီးထိမှန်ပြီး စစ်သား ၂ ဦး သေဆုံးနိုင်ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ သြဂုတ်လ ၂၂ ရက်နေ့ မုံရွာ မင်းထောင့် ဆိပ်ကမ်းမှ ထွက်ခွာလာသော စစ်သင်္ဘောများနှင့် မော်တော်များ ပါဝင်သော ရေယာဉ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း စစ်သင်္ဘော ၁ စီးကိုထိမှန်ခဲ့ပြီး အင်ဂျင် ၁ လုံး ပျက်စီးကာ သင်္ဘောပေါ်တွင် လိုက်ပါလာသော စစ်သား ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း သိရှိရသည်။

    ” သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ စစ်ခွေး ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရရတယ်။ သေဆုံးနိုင်တယ်လို့တော့ သိရတယ်။ ဒီကောင်တွေက ရေကြောင်းတက်တဲ့အချိန် ဆို ရိက္ခာပို့တာတွေ ရေကြောင်းကနေ ကြေးနီတို့ ကျောက်စိမ်းတို့ ထုတ်ယူနေတာတွေ ရှိတယ်။ ကျနော်တို့ကတော့ ရရင်ရသလို ကြုံရင်ကြုံသလို တိုက်ရမှာ ဒီကောင်တွေက လေကြောင်းကို တော်တော်အားကိုးတယ်။ မနေ့ကလည်း ပါရာမော်တာက နမခ ခွေးခြံပေါ်မှာ ဝဲနေတာ တိုက်ပွဲဖြစ်ရင် အချိန်မှီ လာနိုင်အောင်ထင်တယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။