အမတ(၃၆၆) ကို KIA လက်လွှတ်ရ
Category: News
-

အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ များအားလုံးကို PV၊ PT နှင့် PE နိုင်ငံကူးလက်မှတ် အမျိုးအစားများသို့ ပြောင်းလဲခွင့် လျှို့ဝှက် အမိန့်ဖြင့် စစ်တပ်က လုံး၀ ပိတ်ပင်
အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ များအားလုံးကို PV၊ PT နှင့် PE နိုင်ငံကူးလက်မှတ် အမျိုးအစားများသို့ ပြောင်းလဲခွင့် လျှို့ဝှက် အမိန့်ဖြင့် စစ်တပ်က လုံး၀ ပိတ်ပင်
-

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နေသော နယ်မြေများသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၁ လနီးပါကြာ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်
နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နေသော နယ်မြေများသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၁ လနီးပါကြာ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား
-

စစ်မှုထမ်းဦးရေပြည့်အောင်မပေးနိုင်သည့် ငပုတောကအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ ခြိမ်းခြောက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ယောက်ကို စစ်မှုထမ်း စုဆောင်းပေးရာမှာ သတ်မှတ်ချက်မပြည့်မီတာကြောင့် အရေးယူခံရမယ်လို့ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ခေါ်ယူသတိပေးတာခံထားရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ငပုတောမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ယောက် ကို စစ်မှုထမ်း အပတ်စဉ် ၂ ခုမှာ သတ်မှတ်လူဦးရေ ပြည့်မီအောင် မစုဆောင်းပေးနိုင်တာကြောင့် မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က သြဂုတ် ၇ ရက်မှာ ခေါ်ယူခြိမ်းခြောက် သတိပေးခဲ့တာလို့ ဆိုပါတယ်။
ငပုတောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မှုထမ်း အပတ်စဉ် ၂ ခုလောက်ကို လူစုဆောင်ပေးဖို့ သတ်မှတ်ချက် မပြည့်တာကြောင့် အရေးယူခံရနိုင်တယ် လို့ သတိပေးတာပေါ့။ အုပ်ကြီးတွေက ရပ်ရွာတွေမှာလူအင်အားနည်းနေကြောင်း တင်ပြတာမရဘူး။ မဖြစ်မနေကိုရှာ ခိုင်းတာ။ သတ်မှတ်ချက်မပြည့်ရင် အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ပြောတာ” လို့ပြောပါတယ်။
ခေါ်ယူဖိအားပေး ခြိမ်းခြောက်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ တမန်ချောင်း၊ ကမ်းနီး၊ ဟင်းအိုးချောင်း၊ ကွင်းချောင်း၊ ဂုံညှင်းတန်း ကျေးရွာအုပ်စုက ဖြစ်တယ်လို့ သိရပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းကိစ္စတွေကို စစ်ကော်မရှင်ပြောင်းအပြီးမှာ အရင်ကထက် ပိုဖိအားပေးခံရနေတယ်လို့သိရတယ်။ တချို့အုပ်ကြီးတွေကို ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတယ်။ နုတ်ထွက်ဖို့အထိတောင် ရှိတဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။
ငပုတောမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေကနေ စစ်ကောင်စီရဲ့ စစ်မှုထမ်း ရှေ့အပတ်စဉ်တွေမှာ အဓမ္မဖမ်းဆီး စုဆောင်းခံရတဲ့ လူငယ်အရပ်သားတွေ သေဆုံးတာနဲ့ သတင်းအစအနမရ ပျောက်သွားတာတွေကြောင့် စစ်မှုထမ်းစုဆောင်းမခံရဖို့ တိမ်းရှောင်သူတွေများနေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၄ နဲ့ ၁၅ အတွက် လူစုဆောင်းမပေးနိုင်တဲ့ ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စုနဲ့ ကျောက်တံခါးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီတပ် အရာရှိတွေပါတဲ့ စစ်ဆေးရေးအဖွဲ့က ဇူလိုင်တတိယပတ်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လက်ရှိမှာတော့ ငပုတောမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်မှုထမ်း အပတ် စဉ် ၁၆ နဲ့ ၁၇ အတွက် အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
-

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံရမည်
မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံရမည်ဟုဆို
