အမတ(၃၆၆) ကို KIA လက်လွှတ်ရ

စစ်ကော်မရှင်တပ်၏ စစ်ရေယာဉ်အုပ်စု ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် အမြောက်တပ် အမတ(၃၆၆)ကို လက် လွှတ်ခဲ့ရပြီး တိုက်ပွဲ ပိုမိုပြင်းထန်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

“အမတ(၃၆၆)ပေါ့နော်။ အဲဒီ နေရာကောင်းတွေပေါ့။ အဲဒီဘက်ကို သူတို့ရပြီလို့တော့ ပြောကြတယ်။ ထိုင် နေပြီလားမသိဘူး။ အဲ့ဒီပွဲမှာလည်း သူတို့ကျသွားတာတော်တော်များတယ်။ ဒါကြောင့် စစ်ဆင်ရေးတောင် မှ နှစ်ရက်သုံးရက်လောက် နားနေတယ်လို့ကြားရတယ်။ အဲ့ဒီ ၃၆၆ ကို မနှစ်က (KIA က) ရထားတယ်။ ဒါပေမယ့် သူတို့ ပြန်စီးသွားတယ်။ သင်္ဘောတွေရောက်ပြီးနောက်ပိုင်းမှာ ပြန်လွှတ်လိုက်ရတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်သွားသည့် အမတ(၃၆၆)ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း တွင် KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် စစ်အုပ်စုထံ ပြန်လည်လက်လွှတ်လိုက်ရခြင်းဖြစ် သည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ယခုနှစ်ဆန်းပိုင်းတည်းကစတင်ခဲ့ပြီး ပြန်လည်လက်လွှတ်လိုက်ရ သည့် အမတ(၃၆၆)အပါအဝင် အမှတ်(၇၀၀၆) သံချပ်ကားတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် ဗန်းမော် လေဆိပ်တို့ကို KIA ပူးပေါင်းတပ်ဖွဲ့များဘက်မှ သိမ်းပိုက်နိုင်ခဲ့သည်။

ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ၊ ခြေလျင်တပ်ရင်း ခလရ (၄၇)၊ အမှတ် (၉၁၄) စစ်အင်ဂျင် နီယာတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်မ(၈၈) လက် အောက်ခံတပ်ရင်း စသည့်တပ်စခန်းများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်မှ စစ်အင် အား၊ လက်နက်ခဲယမ်းများကို လေကြောင်းမှတဆင့်သာ ဖြည့်တင်းနေ ခဲ့ရကြောင်း သိရသည်။

ဗန်းမော်တိုက်ပွဲတွင် ယခင်က ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဉ်ကိုသာအားကိုးနေရသည့် စစ်အုပ်စု သည် ယခု စစ်သင်္ဘောများ ရောက်ရှိလာပြီး လက်နက်ခဲယမ်း၊ ရိက္ခာ၊ လူအင်အား ပြန်လည်ဖြည့်တင်းပြီး နောက် မြေပြင်ထိုးစစ်များကိုပါ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေနိုင်ကြောင်း KIA က ပြောသည်။

“ကုန်းလမ်းကနေ ရိက္ခာပို့ဖို့က တလမ်းမှမရှိဘူး။ အရင်တုန်းကတော့ ဒရုန်းတို့၊ လက်နက်ကြီးတို့၊ လေ ကြောင်းတို့နဲ့ပဲ တိုက်နိုင်တယ်။ ဒါပေမယ့် အခုတော့ မြေပြင်မှာလည်း တော်တော်လေး ထိုးစစ်ဆင်နေတဲ့ အနေအထားရှိနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှထွက်လာသည့် သင်္ဘောများအနက် သင်္ဘော ၁၁ စီးသည် ဗန်းမော်မြို့သို့ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ရောက်ရှိလာပြီး ပြန်ဆင်းမည်ဟု သတင်းကြားနေရသော်လည်း ယနေ့ ဩဂုတ်လ ၉ ရက်နေ့အထိ ဗန်းမော်မြို့တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။

“သင်္ဘောတွေ ပြန်ခေါက်မယ်လို့သတင်းကြားနေရပေမယ့် လက်တွေ့မှာတော့ ဆင်းသွားတယ်လို့ သတင်း မရသေးဘူး။ ဆင်းသွားရင်တော့ခံရမှာပါ။ တိုက်ပွဲဖြစ်နေတဲ့ခါကျတော့ မဆင်းသေးတဲ့ပုံစံမျိုးဖြစ်နေ တယ်။ ဗန်းမော်မှာတော့ သင်္ဘောတွေကို ကြာကြာမထားလောက်ဘူး” ဟု ၎င်းက ဆိုသည်။

ထိုသင်္ဘောများတွင် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ အဓိကပါဝင်ပြီး လုံခြုံရေးပေးရန် လိုက်ပါလာ သည့် စစ်သားအင်အား ၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း ဆိုသည်။

KIA ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်နှင့်ထိစပ် နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မဘိမ်းမြို့၊ ကချင်ပြည်နယ်မှ မိုးမောက်နှင့် မံစီမြို့များအပြင် ဆွမ် ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ နယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ် စသည့်မြို့များကို KIA က ထိန်းချုပ်ထားသည်။ စစ်ကောင်စီဘက်ကလည်း ဗန်းမော်တွင် ဆုံးရှုံးခဲ့သည့် စစ်စခန်းများကို ပြန်လည်ရရှိရန်နှင့် မြို့ကို လက်မလွှတ်ရရေးအတွက် အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေကြောင်း သိရသည်။

ဓါတ်ပုံ – ဗန်းမော် အမတ(၃၆၆) ကို ပြန်လည်သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *