Category: News

  • ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်

    ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်

    ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

    (more…)

  • အဆိုတော်ချမ်းချမ်း၏ကုန်ပစ္စည်း ပြန်ရောင်းပေးသူ ၁ ဦး ထောင်တသက်တကျွန်းချခံရ

    အဆိုတော်ချမ်းချမ်း၏ကုန်ပစ္စည်း ပြန်ရောင်းပေးသူ ၁ ဦး ထောင်တသက်တကျွန်းချခံရ

    အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ကုန်ပစ္စည်းကို ပြန်ရောင်းချပေးမှုနဲ့ ဖမ်းဆီးခံရသူတွေထဲက တယောက်ကို ထောင်ဒဏ်တသက်တကျွန်းချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရထားတဲ့ အဆိုတော်ချမ်းချမ်းရောင်းရဲ့ ကုန်ပစ္စည်းကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်မြို့နေ ကိုဘုန်းမြင့်အောင်ဆိုသူကို ဇူလိုင် ၃၁ ရက်မှာ ထောင်ဒဏ် တသက်တကျွန်းချလိုက်တာလို့ ဆိုပါတယ်။

    အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ချမ်းချမ်းနဲ့ပတ်သက်ပြီး ဖမ်းခံရတဲ့ နှစ်ယောက်ထဲက ရန်ကုန်က တယောက်ကို စစ်ခုံရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀/ည နဲ့ ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်တယ်” လို့ Dးပြောပါတယ်။

    ၅၀/ည ပုဒ်မဟာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး တသက်တကျွန်း ချမှတ်နိုင်တာဖြစ်ပါတယ်။

    အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်က ကိုဘုန်းမြင့်အောင်နဲ့ မန္တလေးက မဖြူဖြူနှင်းတို့ကို ဧပြီလနဲ့ မေလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး မဖြူဖြူနှင်းရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

    အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အဲဒီတုန်းက တခြားအနုပညာရှင်တွေလည်း ဖမ်းခံရတယ်။ သူတို့က ညှိနှိုင်းပြီးတော့ ပြန်လွတ်လာတာ။ အခုနှစ်ယောက်ကိုပဲ စံပြလုပ်တာ” လို့ ပြောပါတယ်။

    စစ်ကောင်စီက ပန်ဆယ်လို၊ အိုင်းရင်း၊ ဇွန်နီလာဌေး၊ အောင်သော်၊ ချမ်းမြမြသော်၊ သင်းသင်းနွယ်၊ CDM ဆရာမ ခိုင်စုလွင်၊ ဒါရိုက်တာကိုပေါက်ရဲ့ ဇနီး ထက်နီနီသန်း စတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေနဲ့ ချိတ်ဆက် အွန်လိုင်းဈေးရောင်းတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

  • မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာ​ကြောင့်က​လေးငယ်​အချို့ အပါအဝင် ​သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ​ဒေသခံအချို့က​ပြောပါတယ်။

    သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း ၊ဂေါင်းဦးဘာရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဂေါင်းဦးဘာရပ်ကွက်ဟာ အရမ်းမကြီးသလို လူစည်ကားတဲ့ရပ်ကွက်လည်းမဟုတ်ဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။

    “သေတာက ၁၃ဦးပါ။ထိခိုက်တာကမသိရသေးပါဘူး။ ခလေးကောလူကြီးကောအကုန်လုံး၁၃”လို့​ဒေသခံတဦးက​ပြောပါတယ် ။

    အခြား​ဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။

    ကား​ပေါ်ကပြည်သူ​တွေအပြင် ဗုံးကြဲခံရတဲ့အနားက​နေအိမ်ကပြည်သူ​တွေအများစု​​သေဆုံးထိခိုက်ခဲ့တာလို ​ဒေသခံအချို့က​ပြောပါတယ် ။​ဒဏ်ရာရသူအ​ရေအတွက်ကို​တော့ မသိရ​သေးပါဘူး။

    စစ်တပ်က မိုးကုတ်မြို့ကို ဗုံးမကြာခဏကြဲတာ​ကြောင့် ​ဒေသခံ​တွေ ဗုံးခိုကျင်းတူးထား​ပေမယ့် ​လေယာဥ်လာသံမကြားရပဲ ဗုံးကြဲမှသာသိကြတာလို့​ဒေသခံ​တွေက​ပြောပါတယ်။ ဒါအပြင် ဒီက​နေ့ မနက် ဗုံးကြဲခံရချိန်မှာ မိုးရွာ​နေတယ်လို့လည်းသိရပါတယ် ။

    “ဗုံးခိုကျင်းတွေအများကြီးလုပ်ထားကြတာ။အခုက လေယာဥ်သံကမကြားရဘူး။လာကျဲတိုင်းအုံးဆိုမှသိရတာ”လို့​ဒေသခံတဦးက​ပြောပါတယ် ။

    ဒေသခံအမျိုးသမီးတဦးက​လည်း”ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ အခုမနက် ဗုံးကြဲတာပါ”လို့ ​ပြောပါတယ်။

    စစ်ကောင်စီမိုးကုတ်မြို့ကိုပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဒီဖြစ်စဥ်တွေမတိုင်ခင်ကလည်းဇူလိုင်လအတွင်း စစ်တပ်ကမိုးကုတ်မြို့ကိုဗုံး​လေးကြိမ်ကြဲခဲ့လို့ က​လေးငယ်၂ ဦးအပါအဝင်ပြည်သူ ၆ ဦး​သေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့​ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။

    TNLA နဲ့ တော်လှန်​ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ​နောင်ချိုဘက်က​နေ စစ်​ကြောင်းထိုးဖို့လည်း ကြိုးစားနေတယ်လို့လည်း ​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။ TNLA ကလည်း မိုးရာသီ လမ်း​တွေပြင်ဖို့အတွက် မိုးကုတ်နဲ့ ဆက်သွယ်ထားတဲ့လမ်းပိုင်း​တွေကို ယာယီပိတ်ထားပါတယ် ။

    TNLA ဦး​ဆောင်ပြီး မန္တ​လေး PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် ​တော်လှန်​ရေးတပ်​တွေက ၁၀၂၇ ဒုတိယပိုင်းမှာ မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ။

    စစ်ကောင်စီဟာ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် မြို့များရှိနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စတဲ့ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာ​တွေကို ဦးတည်ပြီး တိုက်လေယာဉ်​တွေ၊ လက်နက်ကြီး​တွေနဲ့ အင်အားပြင်းဗုံး​တွေသုံးပြီး နေ့စဉ်ရက်ဆက် ကြဲချနေတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။ အဲဒီလိုစစ်ရာဇဝတ်မှု​တွေ ကျူးလွန်တဲ့ လုပ်ရပ်ဆိုး​တွေကို အမြန်ဆုံး ရပ်တန့်​ပေးဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာကို TNLA က တိုက်တွန်းထားပါတယ် ။

    (မိုးကုတ်မြို့ကို သြဂုတ် ၂ ရက်မနက်ပိုင်းစစ်တပ် ဗုံးကြဲပြီးနောက်မြင်ကွင်း။ ရုပ်သံ-Nay Min Kha)