မြန်မာလူငယ်စုံတွဲ သုံးတွဲကို ညစ်ညမ်းရုပ်သံရိုက်ပြီး ချီထိုက် Application ကနေ Live လွှင့်ခဲ့တဲ့ တရုတ်နိုင်ငံသား နှစ်ယောက် အပါအဝင် ငါးယောက်ကို လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေး ဥပဒေအရ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
အဲဒီ တရုတ်နိုင်ငံသား နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို စစ်ခုံရုံးအဖွဲ့ (၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌက ဇူလိုင် ၂၉ ရက်မှာ အမိန့်ချတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က လူငယ်စုံတွဲ တစ်တွဲက သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ရွှေပြည်သာမြို့နယ်က အသိအမျိုးသမီးဆီ အလုပ်ပေးဖို့ အကူအညီတောင်းခံတာကနေ လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာကို ရောက်ရှိခဲ့ကြပါတယ်။
အဲဒီအိမ်ရာဝင်းထဲက နေအိမ်မှာ အသိအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ၊ တရုတ်ဘာသာပြန်သူ ၊ တရုတ်နိုင်ငံသား ဒါရိုက်တာ၊ တရုတ်နိုင်ငံသားကြီးကြပ်သူနဲ့ ရိုက်ကူးသူတို့ကို တွေ့ရှိခဲ့တယ်လို့ နေ့စဉ်ထုတ် သတင်းစာကနေ သိရပါတယ်။
အဲဒီနေအိမ်မှာ သင်္ဃန်းကျွန်းမြို့နယ်က လူငယ်စုံတွဲအပြင် နောက်ထပ်စုံစွဲနှစ်တွဲလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။


Leave a Reply