Category: News

  • ညောင်ဦးမှာ ရာအိမ်မှူး ၁ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    ညောင်ဦးမှာ ရာအိမ်မှူး ၁ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှာ ကျေးရွာရာအိမ်မှူး ၁ ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

    ပစ်ခတ်ခံရသူတွေက ဒဟတ်ကန်ကျေးရွာ ရာအိမ်မှူး အသက် ၅၈ နှစ်အရွယ် ဦးတင်စိုး၊ အဆိုပါကျေးရွာနေ ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ၅၂ နှစ်အရွယ် ဦးဝင်းနိုင်၊ ၃၃ နှစ်အရွယ် ဦးချမ်းသာတို့ဖြစ်ပြီး ဇွန် ၉ ရက် ယမန်နေ့မနက် ၉ နာရီကျော်မှာ နေအိမ်တွေမှာရှိနေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

    ” အဲ့ဘက်ခြမ်းမှာ စခန်းတွေဝင်စီးခံရတာကော သေနတ်တွေ ဆုံးရှုံးခံရတာတွေအရင်ကရှိခဲ့တယ်။ ခုဟာ အရင်ကတိုင်တဲ့ ဒလန်တွေ၊ ပျုတွေကို ရှင်းတာလို့တော့ သိရတယ်”လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

    သေနတ်နဲ့ပစ်ခံရတာတွေကြောင့် ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးတို့မှာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားကြတယ်လို့ သိရပါတယ်။

    အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ်ပကဖတာဝန်ခံထံ ဆက်သွယ်ခဲ့ရာ ၎င်းမှာ ခရီးထွက်နေတာကြောင့် အခြေအနေကို မသိရှိသေးဘူးလို့ ဆိုပါတယ်။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို PDF ၈ ဦးက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပြီး ဦးဝင်းနိုင်ပိုင်ဆိုင်တဲ့ ကား ၂ စီးကိုလည်း ယူဆောင်သွားကြတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

    ဇွန် ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက် ဇရပ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကို ထနောင်းမြေစစ်ကြောင်းအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

    ပုံစာ – ညောင်ဦးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင်တွေ ၂၀၂၂ နိုဝင်ဘာလအတွင်း ပါတီအစည်းအဝေးပြုလုပ်နေစဥ်

  • ပုလဲနယ် တိုက်ပွဲမှာ စစ်အုပ်စု တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်

    ပုလဲနယ် တိုက်ပွဲမှာ စစ်အုပ်စု တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ ရဲစခန်း တိုက်ပွဲမှာ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။

    အဲ့ဒီ တိုက်လေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့တာလို့ PLA က ကနဦး သတင်း ထုတ်ပြန်ပါတယ်။

    ဇွန်လ ၁၀ ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန်၊ ပုလဲမြိုနယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ဂျက်ဖိုက်တာ တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို့ PLA က ဆိုပါတယ်။

    ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ဖို့ ဇွန်လ ၂ရက်က စလို့ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စု လေကြောင်းဗုံးကြဲ ခုခံနေတာ ဖြစ်ပါတယ်။

    ပုလဲမှာ ပစ်ချခဲ့တဲ့ တိုက်လေယာဉ်ဟာ တရုတ်ထုတ် FTC-2000g ဖြစ်ပြီး လေယာဉ်မှူးရဲ့ အလောင်း အပိုင်းအစတွေ ရရှိ

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၁၀ရက် မွန်းလွဲ ၁၂နာရီကျော်အချိန် ပျက်ကျ၊ ပစ်ချနိုင်ခဲ့တဲ့ တိုက်လေယာဉ်ဟာ တရုတ်ထုတ် FTC-2000g အမျိုးအစား တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ်ပျက် အပိုင်းအစတွေနဲ့အတူ လေယာဉ်မှူး တစ်ယောက်ရဲ့ အလောင်းအပိုင်းအစတွေလည်း တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ရေး ဇွန်လ ၂ရက်က စလို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စု လေကြောင်းဗုံးကြဲ ခုခံနေကာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အထက်ပါအတိုင်း တိုက်လေယာဉ်တစ်စီးကို ပျက်ကျ၊ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ကနဦး သတင်း ထုတ်ပြန်ထားပါတယ်။

    “လေယာဉ်က သုံးစီးလာတာ။ Y-12 ရယ်၊ FTC-2000g (ဂျက်ဖိုက်တာ တိုက်လေယာဉ်) နှစ်စီးရယ်၊ Y-12 နဲ့ ကန့်ဒေါင့်ရွာကို ဗုံးကြဲတဲ့ ဂျက်ဖိုက်တာ တစ်စီးက ပြန်သွားပြီ။ ဒီကောင် (ပစ်ချခဲ့တဲ့ တိုက်လေယာဉ်) က ကန့်ဒေါင့်ရွာကို ဗုံးကြဲတာမဟုတ်ဘူး။ တခြားရွာတွေကို ဗုံးပတ်ကြဲနေတဲ့ကောင်။ အဲ့တာကို ကင်ထည့်လိုက်တာ” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

    တိုက်လေယာဉ် ပျက်ကျမီးလောင်သလို အနီးအနားက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ပြီး လေယာဉ်ပျက် အပိုင်းအစတွေကြားက လေယာဉ်မှူးရဲ့ အလောင်းအပိုင်းအစတွေလည်း တွေ့ရတယ်လို့ မြေပြင်မှာ ရှိနေတဲ့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ပြောပါတယ်။

    “ခွေးအလောင်းတော့ မရဘူး။ အလောင်း အပိုင်းအစတွေ ရတယ်။ လေယာဉ်မှူးဆောင်းတဲ့ ဦးထုပ်နဲ့ အပိုင်းအစတွေ ရတာ။ ကန့်ဒေါင့်ကို လာပစ်တဲ့ လေယာဉ်မဟုတ်ဘူး။ ဆီးဖြူကုန်းကို လာပစ်တဲ့ လေယာဉ်။ မိုးလေဝသ အခြေအနေကြောင့် တော်တော်လေးကို နိမ့်ဆင်းပြီး ပျံတာ”

    လေယာဉ်က ပျက်ကျသလား၊ ပစ်ချခံရတာလားဆိုတာ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

    ကန့်ဒေါင့်ရွာ ရဲစခန်းသိမ်း တိုက်ပွဲအတွင်း မြေပြင်မှာ အထိနာ အသေများတဲ့ စစ်အုပ်စုက ဇွန်လ ၃ရက်က စတင်ကာ ကန့်ဒေါင့်ရွာကိုသာမက ပုလဲနယ်တနယ်လုံးကို နေ့ရောညပါ တရစပ် လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

    အထက်ပါ တိုက်လေယာဉ် မပျက်ကျမီ ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတင်ပဲ တိုက်လေယာဉ်နဲ့ ၁၆ကြိမ်အထိ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိ လေယာဉ်ပျက်ကျပြီးချိန်မှာလည်း စစ်အုပ်စု တရစပ် တိုက်လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ကန့်ဒေါင့်ရွာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက ပုလဲတနယ်လုံကို နေ့ရောညပါ ဗုံးကြဲသတ်ဖြတ်နေပြီး ဗုံးထိမှန်လို့ မင်းတိုင်ပင်ရွာက အဖိုးအို တစ်ဦး အပါအဝင် ဒေသခံ နှစ်ဦးထက်မနည်း သေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရပြီး မင်းတိုင်ပင်၊ ဦးနှောက်၊ မြေနီကန်၊ ညောင်ရင်းကုန်း၊ သာယာကုန်း၊ သရက်ကန်၊ ထန်းတောတိုက်၊ သပြေကုန်း၊ အင်ကြင်းစု၊ မန်ကျည်းစု၊ ကိုင်းတွင်း၊ ဆူးပုပ်ကုန်း၊ သရက် စတဲ့ ပုလဲနယ် ကျေးရွာ ၂၀ ကျော်က ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

    လက်ရှိမှာ မိုးရွာသွန်းနေတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

    ပုလဲမြို့နယ် အတွင်း ကန်ဒေါင့်၊ အင်မထီး၊ ဇီးဖြူကုန်းနဲ့ ပုလဲမြို့ပေါ်မှာ စစ်အုပ်စုနဲ့ ပျူတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

    ပုလဲနယ် တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တဲ့ FTC-2000g တိုက်လေယာဉ် အပိုင်းအစတွေ/Photo – CJ၊ ပေးပို့

  • ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်

    ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး (ရုပ်/သံ)

    (more…)