Category: News

  • ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

    ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

    ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ပိန် စေတီအနီးကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အရေ အတွက် ပိုမိုများပြားနိုင်ကြောင်း သိရှိရသည်။

    “ပြည်သူထိခိုက်သေဆုံးမှုများပါတယ်။ သေဆုံးသူတွေမှာ နောင်ချိုဘက်က စစ်ဘေးရှောင်လာသူတွေလည်းပါတယ်။ ကျနော်တို့ သတင်းကြားတာကတော့ အနည်းဆုံး ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ အရေအတွက် အတိ အကျကိုတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူအရေအတွက်ပိုများနိုင်တယ်။ လေယာဉ်ကော လက်နက်ကြီးတွေနဲ့ ပါစစ်ခွေးတွေက ပစ်ခတ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    လက်ရှိချိန်တွင် နောင်ပိန်ရွာတွင် ကျန်ရှိနေသော ပြည်သူ အားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မြေပြင်တွင် အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့တွင် နောင်ပိန်ရွာနှင့် ၁ မိုင်ခန့်သာ ကွာဝေးသော ထန်းပင်ကုန်းရွာကို အင်အား ၈၀၀ ခန့်ပါ ရောက်ရှိလာပြီးနောက် လက် နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို သိမ်းပိုက်ရရှိ

    မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို သိမ်းပိုက်ရရှိ

    မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို သိမ်းပိုက်ရရှိမှု ပျူခေါင်း ဆောင် အပါအဝင် ပျူစောထီးနှင့် မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိ

    စစ်သားအလောင်း ၃ လောင်းနှင့် လက်နက် ၂၃ လက်ကို ခဲယမ်းများနှင့်အတူ သိမ်း ဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ရာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ပျူစောထီးနှင့်မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။

    ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ထော်သာရွာစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နေစဉ် ချင်းတွင်းမြစ် ကြောင်းအတိုင်း စုန်ဆင်းလာသော ဖလက်ခွံများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ ခန့်နှင့် တောင်းအင်ရွာမှ စစ်အင်အား ၅၀ ခန့်သည် စစ်ကူပေးရန် အင်းတပေါင်းရွာသို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌သော်လည်း တော်လှန်ရေးတပ်များက ထော်သာရွာအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အလောင်း ၃ လောင်း ရရှိပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ စစ်စခန်းအတွင်းမှ ၆၀ မမ စိန်ပြောင်းနှင့် RPG အပါ လက်နက် ၂၃ လက်၊ ခဲယမ်းအချို့နှင့် ငွေကျပ် သိန်း ၁၅၀ ကျော် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း တံတားဦးလေတပ်မှ တက်လာသော Yak-130 တိုက်လေယာဉ် ၁ စီးဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်များပေါ်မှလည်း ဒရုန်းဖြင့် စစ်ကူ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  • ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား​

    ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား​

    ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဩဂုတ် ၁ ရက်တွင် ဗန်းမော်သို့ စစ်ကောင်စီတပ်သင်္ဘောများဆိုက်ကပ်ခဲ့ပြီး​နောက်စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    ယ​နေ့(ဩဂုတ် ၂၀ရက်)တွင်လည်းတိုက်ပွဲဆက်ဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “သူတို့က သင်္ဘောကနေ ရိက္ခာတွေနဲ့လက်နက်တွေ သူတို့တပ်ဖွဲ့တွေဆီကိုပို့ချင်တာ။အဲဒါကြောင့် စကစ (၂၁)မှာစုပုံထားတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ ပို့ချင်တာ အဲဒါကြောင့် သူတို့က စစ်မျက်နှာ သုံးလေးခု ဖွင့်ပြီးမှ ထိုးစစ်ဆင်လာတာပေါ့။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ထိုသို့ထိုးစစ်ဆင်နေသော်လည်းနှစ်ပတ်ခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထိုးဖောက်နိုင်ခြင်းမရှိသေးဟုဆိုသည်။

    “စကခ(၂၁)ကသီးသန့်အနေအထား၊ပြီးတော့ တက္ကသိုလ်ကျောင်းဝင်းမှာလည်း သူတို့ရှိတယ်။ ပြီးတော့ မံစီထွက်ပေါက် မံစီဘက် သွားတဲ့လမ်း အဲဒီမှာ ၄၇တပ်ရင်းရှိတယ်အဲဒီမှာလည်း သူတို့ရှိသေးတယ်။ ပြီးတော့ မြို့တွင်းမှာလည်း ရှိတယ်။ ပြီးတော့ မိုးမောက်ဘက်ထွက်တဲ့လမ်း အဲဒီမှာ လေ့ကျင့်ရေးတပ်ရင်းတို့ BE တပ် ထောက်ပို့တပ် တွေရှိတယ်။ အဲဒီမှာလည်းသူတို့တပ်ဖွဲ့တွေရှိတယ်။ သူတို့ ရိက္ခာတွေပို့ချင်တာပေါ့။ အဲဒါ သူတို့က ထိုးဖောက်ချင်တာ အဲဒါကြောင့် သူတို့ထိုးစစ်ဆင်တာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    တိုက်ပွဲများအတွင်းစစ်​ကောင်စီတပ်မှာထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု ရှိဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ဩဂုတ် ၁၈ ရက်တွင် အသိပေးထားသည်။

    ဩဂုတ် ၁၈ရက်က ဗန်းမော် နောင်ခို၊ မင်းလှ ၊ရွှေကျီး စသည့် နေရာများ၌ လှုပ်ရှားလာသည့် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရပြီး စကခ(၂၁) ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသား ဖော်ပြသည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလောင်း၊ စစ်သုံ့ပမ်းနှင့် လက်နက်များ ရရှိသည်ဟုလည်း အသိပေးသည်။

    ဗန်းမော်မြို့စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

    KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းနေရာများစွာ သိမ်းပိုက်ထားနိုင်ခဲ့သည်။

    စစ်ကောင်စီဘက်ကလည်း ဗန်းမော်ကို လေကြောင်း၊ ရေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းပြီး ပြန်လည် စစ်ရေးလှုပ်ရှားလာရာ ၎င်းတို့ ဆုံးရှုံးထားသည့် အမြောက်တပ်(၃၆၆) နှင့် ​​လေယာဥ်ကွင်း​နေရာအချို့ကို ဩဂုတ် ဒုတိယပတ်တွင် ပြန်လည်ရယူနိုင်ခဲ့သည်။

    သို့​သော် KIA နှင့် ပူး​ပေါင်းတပ်ကလည်းပြန်လည် ထိုးစစ်ဆင်၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

    (ဗန်း​မော်မြို့တိုက်ပွဲမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ)

  • စစ်တပ်၏  ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက   လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    မြန်မာနိုင်ငံတွင် စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တိုင်းရင်းသားများနှင့်နွေဦး တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့ လုပ် ရပ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထပ်မံသတိပေးလိုက်သည်။

    ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၅/၂၀၂၅တွင် အမျိုးသားညီ ညွတ် ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက်စစ်တပ်က အတင်းအကျပ် ကျင်းပရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တော်လှန် ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦးတော်လှန်ရေး အင်အား၀ငများက လက်မခံကြောင်း တရားဝင် ပြောထုတ်ပြန်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် မဟာမိတ်တိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေးအင် အားစုများနှင့်အတူ ထပ်တူ တစ်သား တည်း ရပ်တည်နေကြောင်း၊ စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်၍ ပူးပေါင်းပါဝင်သူများ၊ ထောက်ခံသူများအနေဖြင့် သတိချပ်ကြရန် အရေးကြီးကြောင်း ၎င်းက သတိပေးပြောဆိုသည်။

    “၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေ လုပ် ဆောင်လျက်ရှိတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအပါအဝင် အ ကြမ်း ဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ သာဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲသည် ဟန်ပြသာဖြစ်ပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် ပြည်သူလူထုကို သတ်ဖြတ်ထားသော စစ်ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ NUG အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး မဟာမိတ်တိုင်းရင်းသားများနှင့်အတူ လက်တွဲ လျှောက်လှမ်းလျက်ရှိကြောင်း

    “အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး ၎င်းရဲ့ အာဏာ တည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိရေး တို့အတွက် ကြိုးပမ်းနေခြင်းဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ စု စည်း ညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း ဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ တိုက်တွန်းပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမည်ဖြစ်ပြီး ရွေး ကောက်ပွဲများကို အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

  • ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတဦးအား အမျိုးသား ၃ဦးမှ အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုမှ တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖမှ ဖမ်းဆီးထားပြီး မည်သို့အရေးယူမည်ကို စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

    ပြီးခဲ့သည် ဩဂတ်လ ၁၂ရက်၊နံနက် ၁၀နာရီခန့်တွင် ကောလင်းမြို့နယ်၊စာရင်းဝင်ရွာအနီးရှိချောင်းထဲတွင် လျာ၊နားရွက်များဖြတ်ခံထားရပြီး မျက်လုံးများဖောက်ထုတ်ခြင်းခံထားရသည့် အမျိုးသမီးအလောင်းတလောင်းအား ဒေသခံများမှ တွေ့ရှိခဲ့သည်။

    အဆိုပါဖြစ်စဉ်အား ကောလင်းမြို့နယ် ပလဖမှ စစ်ဆေးခဲ့ပြီးနောက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂတ်လ ၁၃ရက်နေ့တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပေတပင်ရွာနေ အသက် ၂၄နှစ်အရွယ် ဖြိုးဝေအောင်၊ဆပ်သွားချောင်းရွာမှ အသက် ၁၅နှစ်အရွယ် ချစ်ခိုင်ဦး၊ကျွန်းလှမြို့နယ်၊ရွာကုန်းကြီးရွာမှအသက် ၁၉နှစ်အရွယ် ရှိုင်းထက်အောင်တို့ အား ပလဖမှ ဖမ်းဆီးနိုင်ခဲ့သည်။

    ၎င်းတို့၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဩဂတ်လ ၉ရက်၊ည၁၀နာရီခန့်တွင် ကျူးလွန်ခံရသူ ကောလင်းမြို့နယ်၊သစ်စိမ့်ကုန်းကျေးရွာနေ အသက် ၁၇နှစ်အရွယ်ရှိ မဖြူနှင်းခိုင်အား ၎င်းတို့ ၃ဦးမှ တလှည့်စီ အဓမ္မပြုကျင့်ခဲ့ပြီးနောက် နားရွက်နှင့်လျှာကို ဖြတ်ကာ မျက်လုံးများအား ဖောက်ထုတ်ကာ သတ်ဖြတ်ခဲ့ပြီး စာရင်းဝင်ရွာအနီးရှိ ချောင်းထဲတွင် ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “သေဆုံးသူ ကောင်မလေးက ကျူးလွန်တဲ့ ကောင်လေးနှစ်ယောက်နဲ့က အဆက်တွေ။ ဖြိုးဝေအောင်နဲ့က အရင်က လင်မယား။ နှစ်ဘက်မိဘတွေက သဘောမတူလို့ ကွဲနေကြတာ။အိမ်ထောင်ကွဲပြီးမှ ရှိုင်းထက်အောင်နဲ့ ထပ်ကြိုက်နေကြတာ၊ အခုထိ ကြိုက်နေလား ဘာလားတော့ မသိဘူး”ဟု သစ်စိမ့်ကုန်း ဒေသခံတဦးမှ ပြောသည်။

    အဆိုပါဒေသသည် NUG ၏ အုပ်ချုပ်ရေးဒေသဖြစ်သဖြင့် အဆိုပါ အမှုအား မည်သို့ အရေးယူမည်ကို ဒေသခံများမှ စိတ်ဝင်စားနေကြသည်။

    “ဒီအမှုက ယုတ်မာလွန်းအားကြီးတယ်လေ။ဒါကြောင့် ကျူးလွန်သူတွေကို တူတဲ့ပြစ်ဒဏ် ခံစားရစေချင်တယ်။ကောင်မလေးကို ရက်ရက်စက်စက်လုပ်ထားတာ။NUG ရဲ့အုပ်ချုပ်မှုမှာ စံပြအရေးယူတာမျိုး ဖြစ်စေချင်တယ်”ဟု ကောလင်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦးမှ ပြောသည်။