ပြည်ထဲရေးဝန်ကြီး ပြောင်းပြီးနောက် ရန်ကုန်မြို့တွင်း ပြန်ပေးဆွဲခြင်းကို ရဲများ ရပ်နားထား 31 Jan 2026 By Bala/MPA ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် ရန်ကုန်မြို့တွင်း ပြန်ပေးဆွဲငွေညှစ်ခြင်းကို ရဲတပ်ဖွဲ့ ဝင်များ ရပ်နားထားကြောင်း သိရသည်။ ဇန်နဝါရီ၂၇ရက်တွင် ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို မင်းအောင်လှိုင်က ပြောင်းလဲခန့်အပ်ပြီးနောက် ရန်ကုန်မြို့၌ ရဲတပ်ဖွဲ့ဝင်များ ငြိမ်ဝပ်ပိပြားနေကာ လူဖမ်းငွေညှစ်ခြင်း လည်း ရပ်ထားကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။ “ဝန်ကြီးအသစ်တွေက များသောအားဖြင့် ရောက်ရောက်ချင်း ပွဲကြမ်းလေ့ရှိတယ်။အနေအထိုင်မ တတ်တဲ့ကောင် ပြုတ်ပဲ။ စစချင်း လမ်းကြောင်းမရှင်းသေးတာပေါ့။ဝန်ကြီးအသစ်ဆီကို လိုင်း ကြေး ပေးရမယ့်လမ်းကြောင်းက ဘာမှန်းမသိသေးတော့ ဒီအချိန်မှာ ရဲပါးဝတဲ့ကောင်တိုင်း ငြိမ်တယ်”ဟု ၎င်းက MPAသို့ပြောသည်။ ယခင် ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌအဖြစ်…
လားရှိုးမြို့ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်နေ 30 Jan 2026 By Poesangle/ MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော် ဦးကေသရကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆရာတော်ကို သတ်ဖြတ်ခဲ့သည့် အထက (၆) မှ ခုနှစ်တန်းကျောင်းသားနှစ်ဦးကို ဖမ်းမိခဲ့သော်လည်း၊ ရဲတပ်ဖွဲ့ဘက်မှ အမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိဘဲ အမှုပိတ်ရန်သာ ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ် မဖြစ်ပွားမီ သုံးရက်အလိုက ခုနှစ်တန်းကျောင်းသားနှစ်ဦးသည် မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကိုရန်ရှာမှုပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်မှုကြောင့် ဆရာတော်က လေးဂွဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့မှုကို…
ရှောတိုက်ဒုံးကြောင့် စစ်ဆေးရုံမှာမနိုင်တော့လို့ နိုင်ငံခြားပို့ပြီးကုရမယ့်အထဲမှာ မအလပါသွားပြီလား…
ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး လည်စေ့ကို အထိုးခံရလို့ နေရာတင်သေဆုံး ၂၈. ၁. ၂၀၂၆ ရိုက်ကူး / တည်းဖြတ် – Thiri ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး သေဆုံးရတဲ့ဖြစ်စဉ် ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာကနေ အပျော်ကနေ အပျက်ဖြစ်ရတဲ့ မတော်တဆ အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူက အသက် ၁၃ နှစ် ၆ လအရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသားဖြစ်ပြီး ကျူးလွန်သူက အဖွဲ့လိုက်ကျူးလွန်သူတွေထဲကမှ လက်သီးနဲ့ထိုးကြိတ်သူ Grade -8…
နေပြည်တော်သို့ ဖျော်ဖြေရန်သွားသည့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်ပြီး ၇ ဦး သေဆုံး 001 မဇ္ဈိမ။ ။ ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှု အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားငါးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် မွန်မြတ်သူ လူမှုကူညီရေးအသင်းက ယနေ့ (ဇန်နဝါရီ ၂၉) နံနက်ပိုင်းက အတည်ပြု ပြောသည်။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ နေပြည်တော် ၊ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန်သွားသည့် ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ယာဉ်သည် တောင်ညိုလမ်းတွင် ယမန်နေ့(ဇန်နဝါရီ ၂၈) ညနေ ၅ နာရီခွဲဝန်းကျင်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူ ၂၇ ဦးလိုက်ပါလာသည့် အဆိုပါ ဇာတ်သဘင်အဖွဲ့၏ယာဉ်မှာ တောင်ညိုလမ်း ၃၈ မိုင် ၄ ဖာလုံ တောင်ပေါ်ကွေ့လမ်း အဆင်းတွင်…