Category: News

  • ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “ဇန်နဝါရီလ ၃ ရက်နေ့မှာ ဖလမ်းမြို့နယ်မှာ ချင်းအမျိုးသားတပ်ဦး ဦးဆောင်အဖွဲ့နဲ့ ကလေးကနေလာတဲ့ စစ် သား ၅၀၀ လောက်က ဖလမ်းမရောက်ခင် ခွမ်ကလေးရွာမှာ တိုက်ပွဲဖြစ်တယ်။ အဲတိုက်ပွဲမှာ Chin Land တပ်ပေါင်းစုက လက်နက်တွေရတယ်။ စစ်သုံ့ပန်း ၂ ဦးဖမ်းမိတယ်” ဟု CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ချင်းပြည် ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များက Khuangli ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ ပန်း ၄ ဦး အရှင်ဖမ်းဆီးရရှိကြောင်း၊ စစ်တပ်မှ စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၁၀ လက်၊ ကျည်ဆန် ၁၀၀၀ ကျော် ၊ ကျည်ဘောက် ၄၀ ကျော် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ စွာ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ စစ်တပ် စစ် ကြောင်းမှာ Khuangli ကျေးရွာအနီး တပ်စွဲထားသော စခန်းကုန်းမှလည်း ပြန်လည် ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သိရှိရသည်။

  • မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေ

    မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေ

    မာဒူရိုကို ဝင်ဖမ်းသလို မင်းအောင်လှိုင်အဖမ်းခံရနိုင်လားလို့မေးရင် မဖြစ်နိုင်ဘူးလို့ဖြေရမယ်။

    လုံးဝမဖြစ်နိုင်ဘူးလားဆိုတော့၊ လုံးဝမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူး။

    မင်းအောင်လှိုင်တစ်ယောက်မာဒူရိုလိုဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ခြေရာခိုင်နှုန်းနည်းပေမယ့် ၊လုံးဝမဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောလို့မရတဲ့အခြေအနေဖြစ်တယ်။

    ဒီအခြေအနေဟာ မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေဖြစ်တယ်။

    ပိုဆိုးတာက တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အထူးကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေချိန်မှာ မာဒူရိုကိုဖမ်းပြလိုက်တာပဲဖြစ်တယ်။

    မာဒူရိုကိစ္စမှာ အမေရိကန်ပြည်ထောင်စုက သူလုပ်ချင်ရင်ဘာမဆို အသာလေးလုပ်လို့ရတယ်ဆိုတာကိုသက်သေပြသွားတယ်။

    နောက်ပြီး အမေရိကန်ပြည်ထောင်စုက သူသာတကယ်လုပ်ချင်ရင် ရုရှား နှင့် တရုတ်ကို ဂရုစိုက်မှာမဟုတ်ဘူးဆိုတာ ပြသွားတယ်။

    မြန်မာပြည်ရဲ့ မြေရှားသတ္တုတွေ၊ အခြားဒြပ်သတ္တုတွေကိုလိုချင်တာနဲ့ အမေရိကန်ပြည်သူတွေရဲ့ချွေးနဲစာ ​ဒေါ်ဘီလီယံပေါင်းများစွာကို ခိုးထားတဲ့ကောင်၊ ကျားဖြန့်တရားခံ ဆိုတဲ့ အကြောင်းပြချက်ပေးပြီး မင်းအောင်လှိုင်ကို ဝင်မဖမ်းဘူးလို့ ရာနှုန်းပြည့်ပြောလို့မရဘူးလို့မြင်တယ်။

    ထရမ့်ကလုပ်ချင်ရင် ဇွတ်လုပ်တာဖြစ်တယ်။ ထရမ့်ကအမြှောက်ကြိုက်တယ်။

    အခုသူ့ကို ဗင်နဲဇွဲလားပြည်သူတွေက ဝိုင်းထောက်ခံ၊ ကျေးဇူးတင်ကြတော့ ထရမ့်ကြီးက ဒီလိုလုပ်ရတာအရသာတွေ့သွားတယ်။

    သူ့ကအဲ့လိုလုပ်ချင်တာဖြစ်တယ်။

    မြန်မာပြည်အတွက် ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့လည်းဖွဲ့စည်းပြီးသား၊ ကွန်ဂရက်က ခွင့်ပြုပြီးသားဖြစ်တယ်။

    မင်းအောင်လှိုင်ကို မာဒူရိုလိုဝင်ဖမ်းနိုင်ခြေရှိတယ်လို့ တရုတ်ကယူဆနိုင်တယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ကောင်းလုပ်နိုင်တယ်။

    ဒါပေမယ့် မာဒူရိုကိုဒီလိုဝင်ဖမ်းလို့ မင်းအောင်လှိုင်ကို ဒီလိုတပုံစံတည်း လုပ်မှာမဟုတ်ဘူး။

    အမေရိကန်သာလုပ်ချင်ရင် သူမှာလုပ်စရာနည်းလမ်းတွေအများကြီးရှိတယ်။

    သေချာတာက အမေရိကန်တွေဟာတရုတ်တွေထက်အများကြီးပိုတော်တယ်။

    တရုတ်က သူများနည်းပညာတွေလိုက်ခိုးပြီး အားလုံးကိုအတုလိုက်လုပ်ပြီးချမ်းသာလာတာဖြစ်တယ်။

    အမေရိကန်က ဘယ်သူမှမကြံဆနိုင်တဲ့ နည်းပညာတွေကို ကိုယ်တိုင်တီထွင်ပြီး တိုးတက်၊ ချမ်းသာလာတာဖြစ်တယ်။

    ဒါကြောင့် အဆင့်မြင့်နည်းပညာအရာမှာ ၊ တီထွင်စွမ်းရည်မှာ အမေရိကားကို ဘယ်နိုင်ငံကမှခြေဖျားတောင်မမှီဘူးဆိုတာ သိရမယ်။

    နောက်ပြီး အမေရိကန်အထူးတပ်ဖွဲ့တွေဆိုတာ ကမ္ဘာမှာ ဘယ်သူမှလိုက်လို့မမှီနိုင်တဲ့ အထူးတပ်ဖွဲ့တွေဖြစ်တယ်။

    နောက်ပြီး,CIA ရဲ့ထောက်လှမ်းရေးစွမ်းအားဖြစ်တယ်။

    မာဒူရိုရဲ့သတင်းအတိအကျကို CIA က အသေးစိတ်ရရှိထားတယ်။

    မာရူဒိုရဲ့အတွင်းလူထဲမှာ CIA သစ္စာခံတွေရှိနေတယ်။

    မင်းအောင်လှိုင်ရဲ့အနားမှာလည်း,CIA ရဲ့သစ္စာခံတွေ မရှိနိုင်ဘူးလို့ ကျွန်တော်ကတော့ မပြောနိုင်ဘူး။

    CIA agent တွေဟာ သူတို့သေဆုံးသွားတဲ့အချိန်ထိ သူတို့ဟာ CIA agent ဆိုတာကို သူတို့မိသားစုကိုတောင်ပေးမသိကြရဘူး။

    သူတို့ရဲ့အလုပ်ကလည်း သတင်းပေးရတာဖြစ်တဲ့အတွက် ဘယ်သူမှရိပ်မိစရာလည်းမလိုဘူး။

    CIA က အဲ့ဒီသတင်းတွေကိုလိုအပ်ရင်သုံးတယ် ၊ မလိုအပ်ရင်မသုံးဘူး။

    CIA က အရမ်းလျှို့ဝှက်တော့ သူတို့ဘာတွေသိထားလဲ ၊ သူတို့ အေးဂျင့်တွေက ဘယ်သူတွေလဲ ဘယ်သူမှမသိရဘူး။

    ဆိုလိုချင်တာက မင်းအောင်လှိုင်ရဲ့ မနီးမဝေးတွေမှာ CIA agents တွေရှိနိုင်တယ်။

    မင်းအောင်လှိုင်လို ပူတင်ကို ပြေးလက်အုပ်ချီလိုက်၊ ရှီကျင်းဖျင်ဆီသွားအောက်ကျခံလိုက်လုပ်နေတဲ့ မင်းအောင်လှိုင်လို ကင်ဂျုံအန်လက်သစ်ဖြစ်ချင်နေတဲ့ကောင်ကို CIA က စိတ်မဝင်စားပဲနေမှာတော့မဟုတ်ဘူး။

    မင်းအောင်လှိုင်နဲ့ပက်သက်ပြီးသတင်းစုဆောင်းကိုင်တွယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ CIA မှာရှိမှာသေချာတယ်။

    မင်းအောင်လှိုင်ဘာလုပ်လုပ်၊ ဘယ်သွားသွား CIA က သိနေမှာသေချာတယ်။

    အကယ်၍သာ မင်းအောင်လှိုင်ကို မာဒူရိုလိုဝင်ဖမ်းချင်ရင် ဝင်ဖမ်းလို့ရတဲ့အခြေအနေ အစီအစဉ်တွေကို ကြိုတင်ရေးဆွဲထားကြမှာသေချာတယ်။

    အမေရိကန်တွေရဲ့သဘာဝကိုက ဘာမှဆို ၊ လိုလို /မလိုလို ကြိုတင်ပြင်ဆင်ထားလေ့ရှိတယ်။

    အမေရိကန်က ဝင်ဖမ်းတာ မဖမ်းတာအသာထား မင်းအောင်လှိုင်ကို သွေးပျက်အောင်လုပ်နိုင်တာနဲ့တင် ကျေနပ်တယ်။

    မာဒူရိုတို့လို၊ မင်းအောင်လှိုင် တို့လိုပြည်သူကို လက်နက်အားကိုးအနိုင်ကျင့်နေတဲ့ ဥပဒေမဲ့အရိုင်းအစိုင်း အကြမ်းဖက် လူံယုတ်မာတွေအတွက် ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်တာလုပ်တဲ့ ထရမ့်လိုလူစားမျိုးလိုအပ်တယ်။

    ဒီလိုမျိုးကောင်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထရမ့်ရဲ့လုပ်ရပ်ကိုထောက်ခံတယ်။။

    ဘာပဲဖြစ်ဖြစ် အခုလို မာဒူရိုကို ဝင်ဖမ်းပြတာနဲ့တင် ပြည်သူတွေခံစားခဲ့ရတဲ့ အကြောက်တရားကို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ နဖူးတွေဒူးတွေ့ခံစားရမှာသေချာတယ်။

    ညဖက်တွေမှာ ငါ့ကို ဘယ်သူလာဖမ်းမလဲလို့ ပြည်သူတွေကြောက်ရွံခဲ့ရသလို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ထိတ်လန့်ကြောက်ရွံကြမှာသေချာတယ်။

    ပြည်သူတွေရဲ့ဝဋ်လည်ပြီဖြစ်တယ်။ ဒီလောက်ဖြစ်လည်းကျေနပ်တယ်။

    ဒီကောင်တွေပြန်ခံရတာကို ဘယ်လောက်ဖြစ်ဖြစ်ကြိုက်တယ်။

    မာဒူရိုကို အခုလို ဝင်ဖမ်းတဲ့ ထရမ့်ရဲ့လုပ်ရပ်ကို ထပ်ခါ ထပ်ခါ ထောက်ခံတယ်။

    ထရမ့်သာ ဒီလိုမျိုးပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာရူးတွေကိုသာ ဖမ်းဆီး သေဒဏ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်ကို အမေရိကန်ပြည်ထောင်စုကနေ ဆယ်ခါပြန်နှင်ထုတ်လည်း ထရမ့်ကိုထောက်ခံတယ်။

    အဲ့လိုသာလုပ်ပေးရင် ကမ္ဘာ့အဖိနှိပ်ခံပြည်သူတွေအတွက် အမေရိကားက ဂရိတ်အဂိန်းဖြစ်မှာသေချာတယ်

    မျိုးရန်နောင်သိန်း

  • လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို

    လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို

    လွဲမှားတဲ့ အတွေးအခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို

    လွဲမှားတဲ့ အတွေး အခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်းမှာ လွတ်လပ်ရေး လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်ပါတယ်။

    ၂ဝ၂၆ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုမျိုး စစ်ခေါင်းဆောင်က ထုတ်ဖော်ပြဆိုသွားခဲ့တာဖြစ်ပါတယ်။

    “ ကာလကြာရှည် စွာ ကြိုးစားရယူခဲ့ရတဲ့ လွတ်လပ်ရေးဟာ လွဲမှားတဲ့ အတွေး အခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တာကို အခုအချိန်ကာလမျိုးမှာ သတိမူရမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ အကျိုးဆက်ကြောင့် နိုင်ငံအဝန်း ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာလည်း နယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်လို့ဆိုပြီး ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

    ဒါ့ပြင် ဗဟိုအစိုးရရဲ့ အဆက်ဆက်ရဲ့ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်း တင်မှုတို့ကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ အပေါ်မှာလည်း မိမိတို့ စစ်အုပ်စုရဲ့ အားနည်းချက်ကို တစ်စုံတစ်ရာမသုံးသပ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဘဲ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ကြောင့် ဖြစ်လာရတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

    စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ အရပ်သားကျေးရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်မှုအပါအဝင် လူနေကျေးရွာတွေကို ဝင်ရောက်မီးရှို့ သတ်ဖြတ်နေမှုတွေကိုလည်း ထိန်ချန်ထားပြီး တော်လှန်ရေး အဖွဲ့တွေကို အပြစ်ပုံချပြီး တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် နိုင်ငံပိုင်အခြေခံအဆောက်အအုံတွေနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ကြရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

    လက်နက် စွဲကိုင်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာတွေကို တောင်းဆိုနေတယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရည်ညွှန်းပြောဆိုသွားပါတယ်။

    မြန်မာနိုင်ငံ ဆင်းရဲတွင်းနက်နေတာဟာ မြန်မာနိုင်ငံရေးမှာ စစ်တပ်ပါဝင်ပတ်သက်နေသလို နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးကို စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေက ကြိုးကိုင် ချယ်လှယ် နေတာကြောင့် တိုင်းပြည် ဆင်းရဲတွင်းနက်နေတဲ့ အပေါ်မှာလည်း လက်နက် ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ရှေ့တန်းတင်ဦးစားပေး ဖန်တီးဆောင်ရွက်နေမှုတွေကြောင့် ဖြစ်နေတယ်ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တစ်ဖက်သတ် ပြစ်တင် ပြောဆိုပါတယ်။

    လက်နက်ကိုင်တော်လှန်ရေးဟာ မိမိတို့ရဲ့ ဒေသခံပြည်သူလူထုကို ဆင်းရဲတွင်းနက်စေရန် ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေဟာ ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးတို့ကို ထိခိုက်စေနိုင်တဲ့အတွက် သတိချပ်ကြရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ယနေ့မျက်မှောက်ကာလမှာ တိုင်းရင်းသားညီအစ်ကိုတွေ စည်းလုံးညီညွတ်ပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှာကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်အုပ်စုတွေက နည်းလမ်းပေါင်းစုံ အသုံးပြုပြီး နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်နေတယ်လို့ ပြောဆိုပါတယ်။

    တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုလည်း လွတ်လပ်ရေးကြီး အခွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေဖို့ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” တို့ကို အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေးတာဝန်အဖြစ် လေးနက် စွာခံယူပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ အစဉ်တစိုက်ထိန်းသိမ်း စောင့်ရှောက် သွားကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

    တစ်နိုင်ငံလုံးကိုလှည့်ပတ် ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့ နိုင်ငံရဲ့ ပကတိလိုအပ်ချက်က လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်တယ်လို့လည်း ပြောပါတယ်။

    ငြိမ်းချမ်းရေးဟာ ပဋိပက္ခများမရှိခြင်းဟူသော သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းတတ်ခြင်း၊ မတူကွဲပြားမှုကို လေးစားတတ်ခြင်းနဲ့ တစ်ဦးကို တစ်ဦး နားလည်သည်းခံခွင့်လွှတ်ခြင်းတို့အပေါ်မှာ အခြေခံတယ်လို့ ဆိုပြီး ငြိမ်းချမ်းရေးသမားအဖြစ် ပုံဖော်ပြောဆိုသွားတာကိုလည်းတွေ့ရပါတယ်။

    နိုင်ငံ့အကျိုးအတွက်ဆောင် ရွက်ရာမှာ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ လက်နက်ကိုင်ပြဿနာတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဟာ ဖွံ့ ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ သာ အများဆုံးဖြစ်ပေါ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

    လွတ်လပ်ရေး ရပြီး နှစ် ပေါင်း ၇၀ ကျော်အထိ ဘာစစ်ပွဲမှ မဖြစ်ဘဲ တည်ငြိမ်နေခဲ့ပေမယ့် ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်အဖြစ် ကျရောက်သွားခဲ့တဲ့ အပေါ်မှာလည်း မှန်မှန်ကန်ကန် မရှုမြင် မသုံးသပ်ဘဲ တည်ငြိမ်အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုး တိုးတက်မှုရှိမယ်လို့လည်း ပြောဆိုသွားပါတယ်။

    ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍစုံမှာသာမက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ဒေသစုံ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်နိုင် မယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အတွက် ကောင်းမွန်တဲ့ ရေခံ၊ မြေခံများ ရှိပြီးဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုရှိလာပါက ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေထဲက ကျေးလက်ဒေသတွေပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ပင်ဖြစ်တယ်လို့လည်း ဓာတ်ပြားဟောင်းကို ပြန်လည် ဖွင့်ပြသွားခဲ့ပါတယ်။

    တည်ငြိမ်အေးချမ်းမှုအားနည်းတဲ့ အတွက် ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ကာ သက်ဆိုင်သူအားလုံးက ထောက်ထားစာနာမှုနဲက ဝိုင်းဝန်းကြိုးပမ်း ပေးကြရန် လိုအပ်တယ်လို့လည်း ပြောဆိုပါတယ်။

    ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ပေါင် တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များ အတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

  • အကြမ်းဖက်မှုများရပ်တန့်ရန် မြန်မာစစ်တပ်ကို အမေရိကန်တိုက်တွန်း

    အကြမ်းဖက်မှုများရပ်တန့်ရန် မြန်မာစစ်တပ်ကို အမေရိကန်တိုက်တွန်း

    မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တိုက်တွန်းလိုက်သည်။

    ယနေ့ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်သော ၇၈ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

    မြန်မာနိုင်ငံ၏အရေးသည် အင်ဒို-ပစိဖတ် ဒေသတွင်းလုံခြုံရေးနှင့်လည်း ဆက်နွှယ်နေသည့်အတွက် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်လိုသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆိုသည်။

    ယင်းအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အတားအဆီးမရှိ ရရှိနိုင်စေရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံရထားရသူများကို လွှတ်ပေးရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းပြီး ရေရှည်အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန်လိုသည်ဟုလည်း ဆိုထားသည်။

    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခအပေါ် အမေရိကန်က အထူးစိုးရိမ်သည်ဟုလည်း မာကို ရူဘီယိုက ပြောထားသည်။

    မြန်မာပြည်သူများ၏ ငြိမ်းချမ်းတရားမျှပြီး ပြည့်စုံသည့်အနာဂတ်တည်ဆောက်ရေးသန္နိဋ္ဌာန်ကိုလည်း အမေရိကန်အနေဖြင့် ဆက်လက်ကတိကဝတ်ပြုသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    ဓာတ်ပုံ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Photo – Reuters)

  • ၎င်းတို့ကိုယ်တိုင် ထောင်ချခဲ့ဖူးသည့် အနုပညာရှင်များကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေး

    ၎င်းတို့ကိုယ်တိုင် ထောင်ချခဲ့ဖူးသည့် အနုပညာရှင်များကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေး

    နေတိုး၊ ဖွေးဖွေး‌နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး

    နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင်ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၄) ထုတ်ပြန်သည်။

    “နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်သည်”ဟု ဆိုထားသည်။

    ရုပ်ရှင် သရုပ်ဆောင်များအပြင် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း ဂုဏ်ထူးဆောင်ဘွဲ့ရသည်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သရုပ်ဆောင်များဖြစ်သည့် ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင်အောင်၊ ရန်အောင်၊ မေသန်းနု၊ နေတိုး၊ ပြေတီဦး၊ ဒါရိုက်တာများဖြစ်သည့် ဦးသုခ ၊ မောင်တင်ဦးတို့အပါအဝင် ၂၈ ဦးကို စစ်ခေါင်းဆောင်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ ပေးသည်။

    သရုပ်ဆောင်များဖြစ်သည့် ရွှေဘ၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ကျော်ဆွေ၊ ဒေစီကျော်ဝင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ မေသဉ္ဇာဦး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့ကိုလည်း အလင်္ကာကျော်စွာဘွဲ့ပေးသည်။

    အလင်္ကာကျော်စွာဘွဲ့ကို စုစုပေါင်း ၅၂ ဦးကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် စာရေးဆရာကြီး၊ သတင်းစာဆရာကြီး လူထုဦးလှ၊ လူထုဒေါ်အမာ၊ စာရေးဆရာ မြသန်းတင့်၊ စာရေးဆရာ၊ သတင်းစာဆရာများဖြစ်သည့် သာဂဒိုး၊ ဦးသိန်းဖေ (သိန်းဖေမြင့်)၊စာရေးဆရာ ဦးဌေးမြိုင် (ဒဂုန်တာရာ)၊ ဦးကြင်ဆွေ (သော်တာဆွေ)၊ ဦးတင် (ဒဂုန်ရွှေမျှား)၊ ဦးမိုးနှင်း (ပီမိုးနှင်း)၊ ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ စာရေးဆရာမ ဒေါ်ခင်မြ (ခင်မျိုးချစ်)၊ စာရေးဆရာမ၊ သတင်းစာဆရာမ ဒေါ်တင်လှိုင် (ဂျာနယ်ကျော်မမလေး)၊ စာရေးဆရာ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)တို့ကိုလည်း ထည့်သွင်းထားသည်။

    အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဖြစ်ခဲ့သည့် ဦးချစ်နိုင် (စိတ်ပညာ)လည်း ပါဝင်သည်။

    လက်ရှိတွင် စစ်ကော်မရှင်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များပေးအပ်ခဲ့သူ ၂၈၀ ကျော်ရှိသည်။ သဘင်ပညာရှင် ဦးချစ်မျိုးထိုက် (ဖိုးချစ်)လည်း အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) ပေးအပ်ခံရသည်။

    အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ပေးအပ်မှုကို အများအပြားပြုလုပ်ထားပြီး ထိုအထဲတွင် အနုပညာရှင်များ၊ ဒါရိုက်တာများ ပါဝင်လေ့ရှိကာ လက်ရှိ တွင်မူ ကွယ်လွန်ပြီးသူများနှင့် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထောင်ချခံရဖူးသည့် အနုပညာရှင်အချို့လည်း ပါဝင်လျက်ရှိသည်။

    စစ်တပ်ကို ဆန့်ကျင်၍ ၎င်းတို့ကိုယ်တိုင် ထောင်ချခဲ့ဖူးသည့် အနုပညာရှင်များကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေး

    ၂၀၂၁ အာဏာသိမ်းစဉ်က စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ဖမ်းဆီးထောင်ချခဲ့သော အနုပညာရှင်အချို့ကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဆုများ အသီးသီးပေးအပ်လာခဲ့သည်။

    ယနေ့ ဇန်နဝါရီ (၄) ရက်တွင် ထုတ်ပြန်သော ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိသူစာရင်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ပြေတီဦး၊ လူမင်း၊ အိန္ဒြာကျော်ဇင် စသည့်အနုပညာရှင်များ ပါဝင်လာခြင်း ဖြစ်သည်။

    ၎င်းတို့နှင့်အတူ အခြားလူထုလွှမ်းမိုးမှုများသော အနုပညာရှင်များလည်း ပါဝင်လာပြီး စစ်တပ်ကို ထောက်ခံအားပေးသည့် နာမည်ကြီး ပုဂ္ဂိုလ်များစွာလည်း ဂုဏ်ထူးဆောင်ဘွဲ့အသီးသီး ရရှိခဲ့ကြသည်။

    ပြည်ထောင်စုဘွဲ့ အဆင့် (၅) ဖြစ်သော စည်သူဘွဲ့အား သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ အနုပညာရှင်များဖြစ်သော ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ နေတိုး၊ ပြေတီဦး တို့ကို ပေးအပ်ခဲ့သည်။

    ထို့အပြင် အလင်္ကာကျော်စွာဘွဲ့ရှင်များအဖြစ် နာမည်ကြီး စာရေးဆရာများဖြစ်သော လူထုဦးလှ၊ လူထုဒေါ်အမာ၊ မြသန်းတင့်၊ သိန်းဖေမြင့်၊ ဒဂုန်တာယာ၊ သော်တာဆွေ၊ ပီမိုးနင်း၊ သိပ္ပံမောင်ဝ၊ ဂျာနယ်ကျော်မမလေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ချစ်နိုင် (စိတ်ပညာ) တို့ကို ပေးအပ်ခဲ့သည်။

    အနုပညာရှင်များဖြစ်သော နေအောင်၊ လွင်မိုး၊ မေသဉ္ဇာဦး၊ ထွန်းအိန္ဒြာဗိုလ်၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ‌ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့အပြင် ကွယ်လွန်ပြီးသော ကျော်ဆွေ၊ ရွှေဘ၊ အံ့ကျော်၊ ဇော်ဝမ်း၊ ခင်ယုမေ တို့ကိုလည်း မင်းအောင်လှိုင်က အလင်္ကာကျော်စွာဆု ချီးမြှင့်ခဲ့သည်။

    ထို့အပြင် လက်ရှိစစ်အုပ်စုတွင် ဝန်ကြီးများအဖြစ် တာဝန်ယူနေသော ပုဂ္ဂိုလ်များကိုလည်း မင်းအောင်လှိုင်က ဘွဲ့အသီးသီး ပေးအပ်ကာ ဂုဏ်ပြုထားသည်။