မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တိုက်တွန်းလိုက်သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်သော ၇၈ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏အရေးသည် အင်ဒို-ပစိဖတ် ဒေသတွင်းလုံခြုံရေးနှင့်လည်း ဆက်နွှယ်နေသည့်အတွက် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်လိုသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆိုသည်။

ယင်းအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အတားအဆီးမရှိ ရရှိနိုင်စေရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံရထားရသူများကို လွှတ်ပေးရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းပြီး ရေရှည်အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန်လိုသည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခအပေါ် အမေရိကန်က အထူးစိုးရိမ်သည်ဟုလည်း မာကို ရူဘီယိုက ပြောထားသည်။

မြန်မာပြည်သူများ၏ ငြိမ်းချမ်းတရားမျှပြီး ပြည့်စုံသည့်အနာဂတ်တည်ဆောက်ရေးသန္နိဋ္ဌာန်ကိုလည်း အမေရိကန်အနေဖြင့် ဆက်လက်ကတိကဝတ်ပြုသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ဓာတ်ပုံ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Photo – Reuters)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *