Category: News

  • ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်း စစ်တပ်လက်အောက်ခံများရရှိထား

    ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်း စစ်တပ်လက်အောက်ခံများရရှိထား

    ရန်ကုန် – မန္တလေး အမြန်လမ်းသစ်နှင့် လမ်းဟောင်းကို အသုံးပြုပြီး ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်းကို အာဏာသိမ်းစစ်တပ်လက်အောက်ခံများ သတင်းရရှိထားသည့်အတွက် အမြန်လမ်းနှင့် ရန်ကုန်အဝင်ဂိတ်များကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်စစ်ဆေးနေကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာနှင့် မြောက်ဒဂုံတို့တွင် မစ်ရှင်ပြုလုပ်မည့် ရဲဘော် (၅) ခန့်လာနေသည်ကို စစ်တပ်လက်အောက်ခံများသိထားရပြီး BB (—-) Premieo၊ BB (—-) – Probox၊ EE (—-) Probox ကားများဖြင့် လာကြိုမည်အထိ သတင်းအတိအကျ ရထားခြင်းဖြစ်သည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောလမ်းမကြီးက စစ်တပ်လက်အောက်ခံ တစ်ဦးသည် ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်းကို Viber ဖြင့် အမြန်လမ်းနှင့် စစ်တပ်လက်အောက်ခံများကို သတင်းပေးထားခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၂၄ မှစတင်ပြီး ၂၅ – ၂၆ ရက်နေ့များအထိ လာကြိုမည့် ကားနံပါတ်များဖြင့် တိတိကျကျ သတင်းပေးပို့ထားသည်ကို ရရှိထားခြင်းဖြစ်သည်။

    ဓာတ်ပုံ – ပုံဟောင်းများကို အသုံးပြုထားသည်။

  • မိုးကုတ်-မိုးမိတ် ဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်

    မိုးကုတ်-မိုးမိတ် ဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်

    (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့ကာလအတွင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အကြမ်းဖက်စကမ စစ်တပ်ကြားတို့ တိုက်ပွဲကြီး (၆) ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် (၉) ကြိမ် ဖြစ်ပွားခဲ့သည်။

    (၂) အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စကမဘက်မှ စုစုပေါင်း (၁၈) ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့ပါသည်။

    (၃) အကြမ်းဖက်စကမ ခြေကုတ်ယူထားသော မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာ (၁) ရွာနှင့် စိုးမိုးကုန်း (၁) ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထပ်မံသိမ်းပိုက် ရရှိထားပြီးဖြစ်သည်။

    (၄) ရန်သူ၏ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား မိမိတို့ဘက်က အထူးစစ်ဆင်ရေးများဖော်ဆောင်၍ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်မှုများကြောင့် ရန်သူအနေဖြင့် ထိခိုက်ကျဆုံးမှုများလည်း ရှိနေပါသည်။

    (၅) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) အနေဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲလျက် မိုးကုတ်မြို့နယ် နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်အား ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပေးကြေညာအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • မြန်မာဘုရင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသော နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်းကို AA က ပြန်လည်ရှာဖွေ တူးဖော်ရရှိ

    မြန်မာဘုရင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသော နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်းကို AA က ပြန်လည်ရှာဖွေ တူးဖော်ရရှိ

    မြန်မာဘုရင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသော နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်းကို AA က ပြန်လည်ရှာဖွေ တူးဖော်ရရှိ

    (ယတြာခေါင်းလောင်းကြောင့် ပြည်ပရန်သူများမှာ ရခိုင်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရဟုဆို)

    ရခိုင့်သမိုင်းတွင် ပြည်ပရန်ကို ကာကွယ်ပေးသော “ယတြာခေါင်းလောင်း” ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှ ပြန်လည်ရှာတွေ့ တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

    ရှေးဟောင်း ယတြာခေါင်းလောင်းသည် ယခင် ရခိုင့်နိုင်ငံတော်အတွက် အလွန်အရေးပါသော ခေါင်းလောင်းဖြစ်ပြီး မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းလည်းဖြစ်သည်။

    ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်း အား မဟာမုနိဘုရားကုန်းတော်၌ မြှုပ်နှံထားခြင်းဖြစ်ပြီး မြှုပ်နှံထားသည့် နေရာကို သိသူမှာ မဟာမုနိဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်သည်။

    ရခိုင့်နိုင်ငံတော်ကို စောင့်ရှောက်ပေးသော ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်း ရှိသည်ဟု အလံနီပါတီခေတ်၊ ဖဆပလပါတီခေတ်၊ ၁၉၇၉ ခုနှစ် ပါတီကောင်စီခေတ်နှင့် စစ်တပ်ထောက်လှမ်းရီးခေတ်တို့တွင် မြန်မာအစိုးရ တာဝန်ရှိသူများက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

    ခေတ်အဆက်ဆက် မြန်မာခေါင်းဆောင်များက ဦးထွန်းအောင်အား အမျိုးမျိုးသော မက်လုံးများပေးကာ ခေါင်းလောင်း မြှုပ်နှံထားသည့် နေရာကို ပြောပြပေးရန် စည်းရုံးခဲ့သော်လည်း ဦးထွန်းအောင်မှာ ဖွင့်ဟမှုမရှိဘဲ နှုတ်ပိတ်နေခဲ့သည်။

    လက်ရှိ မဟာမုနိဘုန်းကြီးကျောင်း တိုးချဲ့ဆောက်လုပ်ရာတွင် လူတစ်စုက ခေါင်းလောင်း မြှုပ်နှံထားသည့် နေရာကို သိသွားခြင်းနှင့် ဦးထွန်းအောင်မှာ အသက်ကြီးလာသည့်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့အား ယုံကြည်စိတ်ချမှုကြောင့် အပ်နှံခဲ့ခြင်းဖြစ်သည်။

    ရှေးဟောင်း ယတြာခေါင်းလောင်းကို မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် ရခိုင့်နိုင်ငံတော်နှင့် စစ်ရေးကာကွယ်မှုများအတွက် သွန်းလုပ်ခဲ့ကြခြင်းဖြစ်သည်။

    ခေါင်းလောင်းမှာ အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် လုံးပတ် ၂၄ စင်တီမီတာရှိကြောင်း သိရသည်။

    ခေါင်းလောင်း၏ အပြင်ဘက် မျက်နှာပြင်တွင် ယတြာများကို ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးဖြင့် ရေးထိုးထားပြီး အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်သော ရခိုင့်ရှေးဟောင်း ယတြာခေါင်းလောင်း ဖြစ်သည်။

    ယတြာခေါင်းလောင်းအား တစ်ကြိမ်တီးခတ်လိုက်လျှင် အရှေ့ပြည် ၃ ခါ ပြိုလေ့ရှိသဖြင့် မြန်မာဘုရင်များ အဆက်ဆက် ဖိန့်ဖိန့်တုန်ကာ ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရသည့် ရှေးဟောင်း ခေါင်းလောင်းလည်း ဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ပြောဆိုထားကြသည်။

    ဦးထွန်းအောင် အသက် ၂၅ နှစ်အရွယ် အလံနီပါတီခေတ်အတွင်း ဖခင်ဖြစ်သူ ဦးချင်းအောင်၊ ဦးလေးတော်စပ်သူ ဦးမြအောင်၊ ယောက္ခမ ကျော်လှအောင်၊ အဖိုး ဦးလှထွန်းရီ တို့က ယတြာခေါင်းလောင်း လုံခြုံရေးအတွက် မဟာမုနိဘုရားကုန်းတော်၌ မြှုပ်နှံဝှက်ထားခဲ့ကြခြင်းဖြစ်သည်။

    မြှုပ်နှံဝှက်ထားခဲ့သူများမှ ဦးထွန်းအောင်အား ခေါင်းလောင်းကို ဆက်လက် ထိန်းသိမ်းရန် မှာကြားခဲ့၍ တစ်ပါးသူလက်ထဲသို့ မရောက်ရှိစေရေးအတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ နှုတ်ပိတ်နေခဲ့ပြီး မြန်မာအစိုးရများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပေ။

    အလံနီပါတီခေတ်နှင့် စစ်တပ်ထောက်လှမ်းရီးခေတ်တို့တွင် အာဏာပိုင်များမှ ခေါင်းလောင်းရှိသည့်နေရာကို ပြောပြပေးရန် ဦးထွန်းအောင်ကို ဖိအားပေးခဲ့သော်လည်း မပြောပြသဖြင့် ၎င်းအား မဟာမုနိဘုရားဂေါပကအဖွဲ့မှ ထုတ်ပယ်ခဲ့ကြသေးသည်။

    သို့သော်လည်း လက်ရှိတွင် ရခိုင်ပြည်သူတစ်ရပ်လုံးက ယုံကြည်အားထားရသည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့အား ယုံကြည်စိတ်ချမှုများဖြင့် ရခိုင်အတွက် အလွန်တန်ဖိုးရှိသော ယတြာခေါင်းလောင်းအား အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းအောင်က ပြောကြားထားသည်။

    ယတြာခေါင်းလောင်းအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ထံ အပ်နှံပေးရခြင်းအတွက်လည်း အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ဦးထွန်းအောင်က ပြောကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှလည်း ၎င်းအား ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ဦးထွန်းအောင်က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပေးသော ငွေကျပ် သိန်း ၅၀၀ ကို မဟာမုနိဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာတွင် လှူဒါန်းသွားမည်ဟု ဆိုသည်။

    ယခုတွေ့ရှိရသည့် ခေါင်းလောင်းမှာ ရခိုင့်သမိုင်းထဲက ပျောက်ဆုံးနေသော နာမည်ကြီး ယတြာခေါင်းလောင်းဖြစ်ကြောင်းကို ရခိုင်သုတေသနပညာရှင်များက အခိုင်အမာ အတည်ပြုထားကြသည်။

    အဆိုပါ ခေါင်းလောင်းမှာ မဟာမုနိကုန်းတော်၌ရှိခဲ့ကြောင်းကို “မဟာမုနိဘုရားနှင့် ယတြာခေါင်းလောင်း” ဟု အမည်တပ်ကာ ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့သူမှာ ဆွဇ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် Dr.Emmanuel Forchhammer (1851-1890) ပင် ဖြစ်သည်။

    အလားတူ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် Mr. R.B Smart ၏ Burma Gazetteer, Akyab District, Volume A တွင်လည်း မဟာမုနိဘုရားကုန်း၏ အရှေ့မြောက်ဘက်၌ ယတြာခေါင်းလောင်း ရှိကြောင်း ရေးသားထားသည်။

    ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ သပ္ပဒါနပကာရဏ ကျမ်းတွင် “အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြည်ရွာ မင်းတကာတို့ကို တထိန့်ထိန့် တလန့်လန့် ပြိုပျက်စေလိုမူကား၊ ကုလားတန်ဘက်ကို ဇာတီမုခ်လေးဝနှင့် တည်လေ။ ယတြာခေါင်းလောင်းကိုလည်း အရှေ့မုခ်ဝတွင် ဆွဲ၍တီး၊ အရှေ့ တိုင်းပြည်တို့သည် တထိန့်လန့်လန့် ပြိုပျက်လေ၏” ဟု ဖော်ပြထားသည်။

    ထို့ကြောင့် ကုလားတန်မြစ်နားဘက် တစ်နေရာရှိ ဥဿလင်းကုန်းတော်နှင့် ဥဿလင်းစေတီသည် ခေါင်းလောင်း၏ မူလတည်ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။

    ယခု တွေ့ရှိရသော ယတြာခေါင်းလောင်းတွင် အင်းကွက်ကြီး ၈ ကွက်ပါရှိပြီး ယင်းအင်းကွက်များမှာ မြေ – မြီ (ပထဝီ) အင်း၊ မီး (တေဇော) အင်း၊ ရေ – ရီ (အာပေါ) အင်း၊ လေ – လီ (ဝါယော) အင်း တို့ဖြစ်ပြီး အဆိုပါ ဓါတ်ကြီး ၄ ပါးကို အတိုက်တစ်ကွက်၊ အခံတစ်ကွက်ဖြင့် တစ်မျိုးလျှင် နှစ်ကွက်ကျစီ စီမံပြုလုပ်ထားသည်ဟု အင်းဆရာကြီး ကျွန်းဒေါင်းက ပြောကြားထားသည်။

    အင်းဆရာကြီး ကျွန်းဒေါင်း၏ မှတ်တမ်းတွင် ဤ ယတြာခေါင်းလောင်းသည် ငါတို့ တိုက်ခိုက်သိမ်းပိုက်လိုသော တိုင်းပြည် (ဝါ) တို့အားကျူးကျော်လာသည့် ရန်သူကို –

    (၁) ရေ – ရီအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) ရီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၂) မြေ – မြီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) မြီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၃) လေ – လီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) လီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၄) မီးအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) မီးအင်းဖြင့် ကာကွယ်စီနိုင်၏။ ဟု ဖော်ပြထားသည်။

    အဆိုပါအင်း၏ အောက်၌လည်း အင်းကွက်ငယ် ၃၀ ကို ပတ်လည်အပြည့် ရေးသွင်းကာ ယင်းအင်းကွက်ငယ် ၃၀ မှာ ငါတို့၏ အိမ်နီးပါးချင်း တိုင်းပြည်များ၊ ပြိုင်ဖက်နိုင်ငံများ အတွက်ဖြစ်ပြီး ၎င်းတို့မှာ – (၁) ယိုးဒယား၊ (၂) ဘရင်ဂျီ၊ (၃) မုတ္တမ၊ (၄) ပဲခူး၊ (၅) မွန်၊ (၆) သံလျင်၊ (၇) ပြည်၊ (၈) တောင်ငူ၊ (၉) ပုဂံ၊ (၁၀) အင်းဝ၊ (၁၁) အောက်သား၊ (၁၂) ဥဒရစ်၊ (၁၃) ပထန်၊ (၁၄) ရှမ်း၊ (၁၅) သက် အပါအဝင် အိမ်ပါးချင်းတိုင်းပြည်၊ နိုင်ငံပေါင်း ၃၀ ကို ဦးတည်ခဲ့ကြောင်း တွေ့ရှိရသည်။

    ဓါတ်ပုံ – APM ၊ Dr. Emmanuel Forchhammer

  • မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး

    မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး

    မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး

    ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ် ဆင်ရေးအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

    “တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်စီးသွားတာတော့ မှန်တယ်။ တိုက်ခိုက်ခဲ့တာမှန်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

    ယင်းအပြင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် နေရာအားလုံးတွင် ထိုးစစ်များကို KIA က ပြန်လည်စတင်လိုက်ကြောင်း သိရှိရသည်။

    “ဗန်းမော်မှာက နေ့တိုင်းတိုက်ပွဲဖြစ်နေတာ။ ဒါပေမယ့် ဒီနေ့ကတော့ ဗန်းမော်နေရာအား လုံးမှာ ထိုးစစ်ပြန်စတင်တာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုအခါ ၁ နှစ်ကြာ မြင့်လာပြီဖြစ်သည်။

    ဓာတ်ပုံ- ယခုနှစ် မေလအတွင်း ဗန်းမော်မြို့နယ်သို့ စစ်ကူလာသော ရဟတ်ယာဉ် ၂ စီးကို KIA က FPV ဒရုန်းများဖြင့် တိုက်ခိုက် ချေမှုန်းခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်

    ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်

    ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်စဉ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ်လွတ်ရုန်းထွက်ပြေးဟု စစ်သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်း ဝန်ခံထွက်ဆို

    စစ်သားအလောင်း ၉ လောင်းနှင့်အတူ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၇ ဦးကို ဥပဒေနှင့်အညီ ထိန်းသိမ်းထား

    စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂၀ စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြောင်း စစ် သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်းက ဝန်ခံထွက်ဆိုသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့နယ် အခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ အင် အား ၁၀၀ ဝန်းကျင်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဩဂကျေးရွာနှင့် အာမခံကျေးရွာ တို့ကို မီးရှို့ ပြီးနောက် ညောင် ပင်သာ ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း၊ ခမရ ၁၂၀ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က သေဆုံးဒဏ်ရာရ စစ် သားများနှင့်လူကွဲသွားသော စစ်သားများကို ထားရစ်ကာ ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြောင်း သိရှိရသည်။

    “ဝန်းသို ခမရ ၁၂၀ ကစစ်ကြောင်းက ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီမှာ စထွက်လာတာ။ အာမခံ‌ ကျေးရွာကို မီးရှို့တယ်။ ဩဂ ကျေးရွာအရောက်မှာလည်း အမျိုးသားပြည်သူတစ်ဦးကို ပစ်သတ်တယ်။ ညောင်ပင်သာကျေးရွာမှာလည်း ပြည်သူအမျိုး သား ၃ ဦးကို ထပ် မံသတ်ဖြတ်ပါတယ်။ အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်တာမှာ ၉ လောင်း ရတယ်။ စစ် သုံ့ပန်း ၇ ကောင် ဖမ်းဆီးရရှိတယ်။ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး ၊ တပ်သား စစ်မှုထမ်း ၁ ဦးနဲ့ တပ်သား ၄ ဦး ကို မိတယ်။ ဒဏ်ရာရတာက စစ် သား ၂၀ လောက်ရှိတယ်။ ခမရ ၁၂၀ တပ်ရင်းမှူး လွင်ကိုကိုထွန်း (ခ) အောင်ကိုကိုလွင်က ခွေးကျိုး ခွေးနာတွေသယ်ပြီး အခြားတပ်တွေကို တိုက်ပွဲဖြစ်ပွားရာနေရာမှာ ထားပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားတယ်လို့ စစ်သုံ့ပန်း တပ် ကြပ်ကြီး ဇော်လင်းက ထွက်ဆိုတယ်” ဟု အမှတ် ၁ စစ်ဒေသ၊ ကောလင်း ခရိုင် အမှတ် ၄ တပ်ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြ သည်။

    အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၁ ဦးထိခိုက်ကျဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ၊ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၇ ဦးကို ဥပဒေနှင့်အညီ ထိန်း သိမ်း ထားကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်း သိရှိရသည်။

    စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ရာတွင် အမှတ် ၁ စစ်ဒေသ လက်အောက်ခံတပ်များ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၏ ဒုတပ်ရင်းမှူး ငရဲက ဦးစီးပြီး တပ်ရင်းရဲဘော်များနှင့် ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်‌ရေးရဲဘော်များ၊ ဒရုန်းအဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။