မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ် ဆင်ရေးအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်စီးသွားတာတော့ မှန်တယ်။ တိုက်ခိုက်ခဲ့တာမှန်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် နေရာအားလုံးတွင် ထိုးစစ်များကို KIA က ပြန်လည်စတင်လိုက်ကြောင်း သိရှိရသည်။
“ဗန်းမော်မှာက နေ့တိုင်းတိုက်ပွဲဖြစ်နေတာ။ ဒါပေမယ့် ဒီနေ့ကတော့ ဗန်းမော်နေရာအား လုံးမှာ ထိုးစစ်ပြန်စတင်တာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုအခါ ၁ နှစ်ကြာ မြင့်လာပြီဖြစ်သည်။
ဓာတ်ပုံ- ယခုနှစ် မေလအတွင်း ဗန်းမော်မြို့နယ်သို့ စစ်ကူလာသော ရဟတ်ယာဉ် ၂ စီးကို KIA က FPV ဒရုန်းများဖြင့် တိုက်ခိုက် ချေမှုန်းခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)


Leave a Reply