Category: News

  • စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တဲ့ အားနည်းချက်ပြင်ပြီး စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၂၁ရက်မှာပြုလုပ်တဲ့ KNDFကို တော်လှန်ပြည်သူတွေ ဝန်းရံကြဖို့ရည်ရွယ် လုပ်ဆောင်တဲ့ ရတနာအားမာန် စကားဝိုင်း အစီအစဉ်မှာ ဥက္ကဋ္ဌ ခွန်းဘီထူးက အခုလို ရှင်းပြတာပါ။

    “ဒီကာလမှာကျနော်တို့ ပြည်သူတွေအားရလောက်အောင် တချို့ စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တာက ကျနော်တို့ရဲ့အားနည်းချက်ဖြစ်ပါတယ်။ ဒီအားနည်းချက်ကို ပြင်ပြီးမှ ပြည်သူတွေလိုလားတဲ့ မြင်လိုတဲ့ စစ်ကောင်စီကို ပြုတ်အောင် ဆက်ပြီးမှ တိုက်ပါ့မယ်”လို့ ခွန်းဘီထူးက ကတိပေးပါတယ်။

    ဒါ့အပြင် KNDF တပ်ဖွဲ့စည်းခဲ့တာဟာ စီးပွားရေးလုပ်ဖို့မဟုတ်ကြောင်းလည်း ပြောပါတယ်။

    KNDFက တပ်ဖွဲ့ အသေးလေးနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ကျယ်ပြန့်စွာတပ်တွေ တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်း၃၀ကျော်ရှိတယ်လို့ ပြောပါတယ်။

    နောက်ပိုင်းမှာ ပြန်ပေါင်းစပ်တာ၊ အထူးတပ်တွေကို ပြန်အားဖြည့်တာ လုပ်ဖို့ရှိမယ်လို့လည်း အသိပေးပါတယ်။

    ဒီလိုတည်ဆောက်ရင်းနဲ့လည်း ကရင်နီပြည်တခုလုံးမှာရှိနေတဲ့ တပ်တွေကို ပြည်နယ်ရဲ့တပ်ဖြစ်အောင် ခြေလှမ်းလှမ်းနေတယ်လို့ ပြောပါတယ်။

    “ဒါကလည်း ကျနော်တို့ရဲ့ ကိုယ်ကျိုးအတွက် ကျနော်တို့ရဲ့ ကျော်ကြားမှုအတွက်ကျနော်တို့ တပ်လွှမ်းခြုံနိုင်ပြီးမှ စီးပွားရေးတွေလုပ်ဖို့ အတွက်မဟုတ်ဘဲနဲ့ ကျနော်တို့တပ်တွေသည် အာဏာရှင် ကို တိုက်ရင်းနဲ့ ကျနော်တို့ကိုယ်ကျနော်တို့ ပြည်သူ လူထုကို ကာကွယ်တဲ့၊ တရားဝင်အစိုးရရဲ့ တပ်ပေါ့နော်။ သူပုန်မဖြစ်ဘဲနဲ့ တရားဝင်အစိုးရတပ်ဖြစ်အောင် ဆက်ပြီးမှ ကူးပြောင်းနေပါတယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

    ကရင်နီပြည်မှာ တပ်ပေါင်းစုတွေရှိ ညီညွတ်မှုတွေရှိလာတယ် ပြည်နယ်အစိုးရ တပ်တွေဆီကို ဆက်လက်ခြေလှမ်းလှမ်းနေတယ်လို့လည်း ပြောပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ခူးဒယ်နီရယ်လည်း ပါဝင်ဆွေးနွေးခဲ့ရာ အာဏာရှင် အဆက်ဆက်ရှိခဲ့ရာ မင်းအောင်လှိုင်စစ်တပ်ဟာ ရက်စက်အကြမ်းတမ်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

    တော်လှန်ရေးလုပ်တဲ့သူတွေအနေနဲ့လည်း ဒီတပွဲမှာ မနိုင်နိုင်တဲ့နည်းနဲ့ စုဖွဲ့မှုတွေညီညွတ်မှုတွေ ချိတ်ဆက်မှုတွေကောင်းရမယ်လို့ ပြောပါ။

    ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ အားလုံးခံယူထားပြီးဖြစ်ကြောင်းအသိပေးပြီး စစ်မနိုင်သေးခင် နိုင်ငံရေးကို အလွန်အကျွံဆွေးနွေးပါက မင်းအောင်လှိုင်အကွက်ထဲ ဝင်သွားနိုင်တယ်လို့လည်း သတိပေးပါတယ်။

    “သူ့ကိုမနိုင်ရင် ကျနော်တို့ ဖက်ဒရယ်ကိုလည်း သွားလို့မရဘူး။ အဲဒီလိုမျိုးဟာကိုတော့ ရှင်းရှင်းလင်းလင်း မြင်စေချင်တယ်။”လို့လည်း ခူးဒယ်နီရယ်က ပြောပါတယ်။

    လက်ရှိမှာ ချိတ်ဆက်မှုတွေ တဖြည်းဖြည်းရလာပြီဖြစ်ကြောင်း ပြောပြသလို လက်ရှိတော်လှန်ရေးမှာလူထုက သဘောပေါက်ပြီး လက်နက်ကိုင်ပါဝင်လာကြကြောင်းလည်း လူငယ်မျိုးဆက်သစ်တွေ စစ်ကောင်စီကို တော်လှန်ဖို့ တိုက်ပွဲဝင်နေကြတဲ့ အခြေအနေကို ပြောပြပါတယ်။

    ” ဒီပွဲက ပြီးကိုပြီးမှရမယ် အောင်ကိုအောင်မှ ရမယ်”လို့လည်း ခူးဒယ်နီရယ်က တော်လှန်ရေး အောင်မြင်ဖို့ လိုအပ်မှုကို ပြောပါတယ်။

    လူထုက တာဝန်ကျေနေပြီဖြစ်လို့ လက်နက်ကိုင် တဲ့သူတွေ တာဝန်ထပ်ကျေဖို့သာလိုတော့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး။ဓာတ်ပုံ – KNDF)

  • တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ စစ်တပ်က အပြီးတိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလမှစတင်၍ အညာဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်ကို ထိုးစစ်ဆင်များဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးနှင့် ခြေမြန်တပ်များကို အညာဒေသ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်တွင် ခေါ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

    “အညာဒေသ စစ်ဆင်ရေး စီမံချက်က လာမယ့်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဆုံး ရှုံးထားတဲ့ အညာမြို့နယ်တွေမှာ ရွေးကောက်ပွဲ အပြည့်အ၀ ပြန်လည် ကျင်းပနိုင်ဖို့နဲ့ မြို့ နယ် တွေအားလုံးကို နယ်မြေစိုးမိုးမှု ပြန်ရဖို့ လုပ်နေတာရှိတယ်။ ကြားဖြတ်ရွေး ကောက် ပွဲကို ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းလောက်လုပ်မယ်လို့ အကြမ်းဖျဉ်း သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ စစ်တပ်က စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၀ ခု၊ မကွေးတိုင်းတွင် မြို့နယ် ၅ ခုနှင့် မန္တလေးတိုင်းတွင် မြို့နယ် ၃ ခုကို ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များအဖြစ် ကြေညာထားသည်။

    စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော စစ်ကိုင်းတိုင်း ၁၀ မြို့နယ်တွင် ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးနှင့်ဝက်လက်မြို့နယ်တို့ပါဝင်သည်။

    မကွေးတိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော ၅ မြို့နယ်မှာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်နှင့် ရေစကြိုမြို့နယ်တို့ဖြစ်သည်။

    မန္တလေးတိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော မြို့နယ် ၃ ခုမှာ နွားထိုးကြီး၊ စဉ့်ကူးနှင့် မိုးကုတ်မြို့နယ်တို့ဖြစ်ပြီး စဉ့်ကူးနှင့်မိုးကုတ်မြို့နယ်တို့မှာ စစ်တပ်လက်အောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

  • ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

    ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

    ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

    ငွေအဆမတန်တောင်းနေပြီး ဆေးပစ္စည်းတင်ရင် သိမ်းယူတာတွေ ရှိနေ

    စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    မိုးကုတ်- ကျောက်မဲလမ်း မြို့အဝင် မိုင်းတင်းရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပြီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာ ရှိသလို ငွေသိန်းနဲ့ချီတောင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်လို့ ကျောက်မဲမြို့နယ်ထဲ နေထိုင်တဲ့ တအာင်းလူမျိုးတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း ကျောက်မဲမြို့ကနေ ဆေးဝါး တင်လာတဲ့ကားတစ်စီးကိုး မိုင်းတင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ငွေသိန်း ၃၀ တောင်းခံခဲ့တဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    “ဆေးကုသွားရင်တောင်တောင်ပေါ်ဒေသကဆင်းလာတဲ့လူဆို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာရှိသလို ကံကောင်းလို့ ဖြတ်ရတဲ့အချိန်လည်း ရှိပါတယ်။ ကားဆိုရင် သိန်းချီ​ပေးရတယ်။ ဆိုင်ကယ် ၁ သောင်းဝန်းကျင်ပေးရတယ်။ ကားသမားအသိတစ်ယောက်ဆိုရင် ဆေးပစ္စည်းတွေ၊ ဖုန်းပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေတင်လာတော့ သိန်း ၃၀ ပေးရတယ်။ ဆေးတွေလည်း သိမ်းသွားတယ်” လို့ ဆိုပါတယ်။

    နောက်ထပ်ကျောက်မဲ​​ဒေသခံအမျိုးသားတစ်ဦးကလည်း” ​မိုင်းတင်မရောက်ခင် ဗြုန်းတောင်မှာ စကစတွေနေတာ။ မှတ်ပုံတင်စစ်တာ။ ပလောင်ဆိုတာနဲ့ အစစ်ကြမ်းတာ။ ဆေးဖာပါရင် သိမ်းပစ်တာတွေ လုပ််တယ်” လို့ ပြောပါတယ်။

    ကျောက်မဲမြို့တွင်းမှာ မြို့ခံတွေအများစု ပြန်လာကြပေမယ့် တအာင်းလူမျိုးတွေကတော့ စစ်ကောင်စီတပ်ရဲ့ အဖမ်းအဆီးတွေကြောင့် တချို့သာနေရပ်ပြန်လာနိုင်တာလို့ သိရပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့တွင်းက တအာင်းတပ်မတော်- TNLA နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး မြို့ခံတွေကို ဖမ်းဆီးတာ၊နေအိမ် ချိတ်ပိတ်တာတွေ ပြုလုပ်နေပါတယ်။

    တအာင်းတပ်ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

  • အလုပ်ရမယ်ဆိုကာ အွန်လိုင်းကခေါ်ခံရတဲ့ အထက်တန်းကျောင်းသား ၂ ဦး စစ်မှုထမ်းစုဆောင်းခံထားရ

    အလုပ်ရမယ်ဆိုကာ အွန်လိုင်းကခေါ်ခံရတဲ့ အထက်တန်းကျောင်းသား ၂ ဦး စစ်မှုထမ်းစုဆောင်းခံထားရ

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအထက်တန်းကျောင်းမှာ Grade – 9 တက်နေတဲ့ ကျောင်းသား ၂ ဦး အွန်လိုင်းကနေအလုပ်ရမယ်ဆိုကာ လိမ်ညာခေါ်ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    စစ်မှုထမ်းစုဆောင်းခံရသူတွေဟာ ဒန်းတောင်ရွာနဲ့ ကန်သာယာကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်တင်မျိုးအောင်းနဲ့ မောင်သော်ဇင်ဖြိုးတို့ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာကျောင်းသွားမယ်ဆိုပြီး နေအိမ်ကနေထွက်သွားရာက ပျောက်ဆုံးသွားကြတာလို့ ဆိုပါတယ်။

    “သူတို့(စစ်မှုထမ်းစုဆောင်းခံရသူ)တွေက သူငယ်ချင်းတွေဆီကို ဆက်သွယ်ပြီး အလုပ်ရမယ်ဆိုပြီး လိုက်သွားတာ စစ်သားစုဆောင်းရေးထဲရောက်နေတယ်ဆိုပြီးပြောတယ်။ သူတို့လည်း ဟိုကနေတဲ့သူတွေနဲ့ အဆင်ပြေအောင်နေရတော့ ဖုန်းသုံးရတယ်ပေါ့နော်။ သူတို့တပ်ထဲရောက်နေတဲ့ အကြောင်းကို သူငယ်ချင်းတွေဆီပြောပြတာ။ “လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

    ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့ ၂ ဦးဟာ ကပစ ၆ လို့ ယူဆရတဲ့တပ်မှာ စစ်သားစုဆောင်းခံထားရကြောင်းကို သူငယ်ချင်းတွေကိုပြောပြခဲ့တာကြောင့် အဲ့ဒီကတဆင့် မိသားစုတွေကပြန်လည်သိရှိခဲ့ကြတာလို့ ဆိုပါတယ်။

    အဲ့ဒီနောက် ဒီဇင်ဘာ ၂၀ ရက်မှာ မိသားစုဝင်တွေက ပြည်မြို့ လလစ ၉၅၉ တပ်နဲ့ ပန်းတောင်းရှိ ကပစ ၆ တပ်တွေမှာ သွားရောက်စုံစမ်းရာမှာ စစ်ကော်မရှင်တပ်ရင်းတွေက သက်ဆိုင်ရာတပ်တွေမှာ စုဆောင်းထားတာမရှိကြောင်းငြင်းဆိုခဲ့တာကြောင့် လက်ရှိမှာစုံစမ်းရှာဖွေဖို့အခက်တွေ့နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

    အဆိုပါ ကျောင်းသား ၂ ဦးဟာ သူငယ်ချင်းတွေနဲ့အဆက်အသွယ်လုပ်ပြီးနောက်ပိုင်း ဒီဇင်ဘာ ၂၁ ရက်အထိ အဆက်အသွယ်ထပ်မရတော့ဘဲ ဖုန်းတွေကို ပြန်လည်ဆက်သွယ်ရာမှာလည်း ဖုန်းစက်ပိတ်ထားတယ်လို့ ဆိုပါတယ်။

  • ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ်

    ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ်

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲကို ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) ညနေ ၄ နာရီမှ ည ၈ နာရီအထိ Cockburn Youth Centre (Main Hall) ခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

    တွေ့ဆုံပွဲ၌ NUG ဝန်ကြီးက ပြီးခဲ့သည့် ငါးနှစ်အတွင်း အာဏာသိမ်း မြန်မာစစ်တပ်သည် နိုင်ငံရေးအရ တရားဝင်မှုမရခဲ့ကြောင်း၊ မကြာခင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့် တရားဝင်ရေး ကြိုးပမ်းခြင်းကို ထွက်ပေါက်မပေးသင့်ကြောင်း ပြောဆိုခဲ့သည်။

    ထို့အပြင် ပ သုံးလုံးနှင့် NUG ဝန်ကြီးဌာနများ ပေါ်ပေါက်လာပုံနှင့် လတ်တလော NUG ပြုပြင်ပြောင်းလဲရေးများကို ပြောကြားခဲ့သည်။

    တက်ရောက်လာသူများက NUG ၏ Federal Supreme council စုဖွဲ့ဆောင်ရွက်မည့် အစီအစဥ်၊ လူထုဆက်ဆံရေး အခြေအနေများ၊ စစ်ကော်မရှင် ၏ သတင်းအတုအယောင်များနှင့် ဆိုက်ဝါးများကို ပြန်လည်တုံ့ပြန်ရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ၊ CDM များအရေး ဆောင်ရွက်ချက်များ၊ တရုတ်နှင့် အမေရိကန် အစိုးရများနှင့် ဆက်ဆံရေး၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှုများအကြောင်း မေးမြန်းကြရာ ဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့က ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို တွေ့ဆုံပွဲ စီစဥ်သည့် CRPH/NUG Support group (Western Australia) က လေလံပစ်ရာ သြစတြေးလျဒေါ်လာ ၃,၀၀၀ ဖြင့် လေလံအောင်ခဲ့ကြောင်း သိရသည်။ မြန်မာအစားအစာများ ရောင်းချခြင်းနှင့် တဦးချင်းအလိုက် ထည့်ဝင်သည့် အလှူငွေများကို ဝန်ကြီးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။