Category: News

  • အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ

    အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပူးပေါင်းဖို့ စစ်ကြောင်းထိုးလာတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ပိတ်မိပြီး လေကြောင်းနဲ့ မြေပြင်ပစ်ကူတွေ ရယူနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ ၂ ရက်က မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး ခလရ ၂၇၅ စစ်ကြောင်းဟာ အထိနာပြီး ပိတ်မိနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်က “သူက ၂၇၅ ကနေပြီးတော့ ခွဲထုတ်ပြီးတော့ စစ်ကြောင်းထွက်တာ။ ထွက်တဲ့အခါကျတော့ ထီးမူထနဲ့ ကွင်းကလေးဘက်ကို သွားဖို့။ အာရှလမ်းကို ဖြတ်တက်ဖို့ အထဲမှာ ပိတ်မိနေတာ။ ပိတ်မိတော့ ထွက်ဖို့မလွယ်တော့ဘူး။ လေကြောင်းပစ်ကူတွေ လာလာပစ်တယ်။ တခါတခါလည်း ဒရုန်းတွေ လာလာချသွားတယ်။ ဒီမနက်လည်း ၂၇၅ ကနေ လက်နက်ကြီး လှမ်းပစ်ထုတ်နေတယ်။ အထဲရောက်သွားရင်တော့ ပြန်ထွက်လို့မရတော့ဘူး။ အထဲရောက်သွားတဲ့ စစ်ကြောင်းက ပြန်လမ်းမရှိဘူး” လို့ ပြောပါတယ်။

    စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ ပိတ်မိနေတဲ့ စစ်ကြောင်းကို လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ရွာတွေ ကြေမွနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ကျနော်တို့ကြားတာ လက်နက်ကြီးသံတွေပဲ ကြားနေရတယ် နေ့တိုင်းပဲ။ ၃ ရက်ရှိပြီ။ ဒီမနက်လည်း ၂၇၅ က လှမ်းပစ်တာလည်း အဲဒီဘက်ကို။ တိုက်ပွဲကတော့ နေ့တိုင်းပါပဲ အခု တင်းမာမှုတွေကလည်း များနေတယ်။ လေကြောင်းကဆိုရင် မနေ့တုန်းက မြဝတီအထဲထိပါ အကုန်လုံးလိုက်ပတ်နေတယ်။ Y 12 ပစ်ကူပေးတယ်။ လက်နက်ကြီးပစ်တာ ရွာတွေလည်း ကြေမွနေပြီ။ နောက် ကွင်းကလေးရွာတွေလည်း အကုန်လုံး ပြာဖြစ်ကုန်ပြီ။ တော်တော်လေးကို ဆိုးတယ်။ ကျန်တဲ့အပိုင်းတွေက ကျနော် သိပ်မသိဘူး။ ကျနော်တို့လည်း ဒီမှာနေရတာ ရယ်ဒီအနေအထားပေါ့။ လက်နက်ကြီးနဲ့ လေယာဉ်ပဲ ကျနော်တို့က ကြောက်ရတယ်” လို့ ပြောပါတယ်။

    ဒါအပြင် ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ်လမ်း ဟောင်းဘက်နဲ့ အာရှလမ်းဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    စစ်တပ်က အာရှလမ်းပွင့်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အခုက တပ်မ ၄ မလောက်ကို ဒီဘက် ပို့ထားတယ်ဆိုတော့ အင်အားပို့ထားတယ်ဆိုတော့ အင်အားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ခြမ်းကို ပို့ပြီးတော့ သူက အာရှလမ်းပွင့်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရည်ရွယ်ပြီး တက်လာတယ်ဆိုတော့ သူက အင်အားအများအပြား လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် တောက်လျှောက်သုံးပြီးတော့ စစ်ကြောင်းထိုးနေတာ။ ထိတွေ့မှုတွေက ဒီ ၃ ရက်အတွင်းမှာ တောက်လျှောက်ဖြစ်နေတယ်။ အာရှလမ်းဘက်လည်းဖြစ်သလို ထီးမူထ ကွင်းကလေးဘက်ခြမ်းလည်း ဖြစ်တယ်။ ဒီဘက် ကျနော်တို့ လမ်းဟောင်းဘက်ခြမ်းလည်း ဖြစ်တယ်။”

    ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပိုင်း၊ တတန်ကူးကျေးရွားအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNU တပ်ပေါင်းစုတွေ က်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၇၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါးရှိခဲ့တဲ့အပြင် အထိနာပြီး အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ✍အောင်ခန့်

  • ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ  သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပတိုငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    စက်တင်ဘာလ ၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပတိုငံရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး အများပြား ဒဏ်ရာရရှိကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    “ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်လို့ ပြောလို့ရတာပေါ့၊ ဒီးမော့ဆို အောက် နားသဲတောင်နားလေးမှာ၊ ထိတွေ့မှုဖြစ်တာက ထိုလိပလံနဲ့ ပတိုငံဆိုတဲ့ရွာမှာဖြစ်တာ၊ ရန်သူ ဘက်က အသေအပျောက်ကတော့ ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်။ ပစ္စည်းတချို့လည်း သိမ်း ဆည်း ရရှိ တာ ရှိတယ်။ ဒါပေမယ့် တပ်ပေါင်း စုတွေက ထုတ်ပြန်ကြေညာချက်တွေ မထုတ်နိုင်သေးဘူး။ ပြီး တော့ ကျဆုံးရဲဘော် ၃ ဦးရှိတယ်။ ရန်သူကတော့ မနေ့က ပြန်ဆုတ်သွားတယ်။” ဟု Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း ဒေသ တပ်ရင်း ၁၁၀၉ မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ရဲဘော် ၁ ဦး နှင့် Kayan National Army -KNA တပ်ဖွဲ့မှရဲဘော် ၁ ဦး စုစုပေါင်း တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    အကြမ်းဖက်စစ်တပ်က ကရင်နီပြည်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးလျက်ရှိပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့ပေါ် ဧရိယာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ မြို့ပေါ်တွင် တပ်စွဲထားကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    စစ်တပ်က ကရင်နီပြည်တွင် မြေပြင်စစ်ကြောင်းထိုးမှုများသာမက လေ ကြောင်း တိုက်ခိုက်မှုများကို တစ်ဟုန်ထိုးလုပ်ဆောင်လျက်ရှိကြောင်း၊ ကရင်နီပြည်တွင် နေ့ရောညပါ ကင်းထောက်လေယာဉ်များ ပျံဝဲလျက်ရှိပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် မကြာခဏဆိုသလို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

    အခြားတစ်ဖက်တွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများစွာမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှ ထွက်ခွာနေကြရပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း၊ စစ်တပ်က ဒီးမော့ဆိုမြို့ပေါ် ဧရိယာကို အဓိက အခြေပြုထားပြီး တော်လှန်ရေးတပ်များကလည်း မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

    “စခတွေနဲ့ စစ်ဆိုင်ထားတာက အရမ်းကို နီးကပ်တယ်။ သူတို့က ဘယ်လောက်ပဲ မြို့ကို ထိန်းချုပ်တယ်လို့ ကြေညာထားပေမယ့် သူတို့လည်း ကတုတ်ကျင်းတွေထဲကနေ မထွက်ရဲဘူး။ တကယ်က ဒီးမော့ဆိုမြို့ဧရိယာဆိုတာက မြို့ပျက်ကြီးဖြစ်နေတာကြာပြီဆိုတော့ သူတို့လည်း သိမ်းသာသိမ်းထားတာ သူတို့ စစ်သားတွေကိုယ်တိုင် နေစရာမရှိဘူး။ ကျနော်တို့လည်း အချိန်မရွေး ဝင်ပစ်လို့ ရတဲ့အနေအထားပါ။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရင် စစ်ရေးအရ အဆုတ်အတက်လုပ်ရတာက တစ်သက်လုံး နယ်မြေဆုံးရှုံးသွားတာမ ဟုတ် ဘူး။ အခုလည်း သူတို့ အခုထက်ထိ ဒီးမော့ဆိုတစ်မြို့နယ်လုံးကို မသိမ်းနိုင်သေးပါဘူး” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

    ဓာတ်ပုံ- ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ။

  • နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး

    နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး

    နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး၊ လက်နက် ၈ လက် သိမ်းဆည်း ရရှိပြီး ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့

    မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်း ရရှိကာ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှ ပျူစောထီး ခေါင်ဆောင် ဘိုထွန်း နှင့် ပျူစောထီးများကို သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်း၏ မြေပြန့်ကျားတပ်ခွဲမှ ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ဦး သေဆုံးပြီး ပျိုင့် ၂၂ လက်လုပ် ပစ္စတို သေနတ် ၁ လက် ၊ M1 ကာဘိုင် သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ပြောင်းချောသေနတ် ၂ လတ် ၊ပြောင်းချောကျည် ၃၀ တောင့် ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်းကျပ်၊ စစ်ဝတ်တန်ဆာများ၊ ဖုန်း ၄ လုံးနှင့် စစ်မှုထမ်းစာအုပ်တစ်အုပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “နတ်မောက် တက်ဝန်ကျေးရွာက ပျူစောထီး ခေါင်ဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ကျနော်တို့ သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့တယ်။ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ကောင်သေပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်” ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမ​တပ်ရင်း၏ မြေပြန်ကျားတပ်ခွဲမှ ဦးဆောင်၍ ရေနံချောင်း ပကဖ ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရ၊ ချင်းမိုင်နှင့်ဖူးကတ်တွင်လည်း မြန်မာဆိုင်နှင့် မြန်မာအလုပ်သမား ၆ ဦး ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

    စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား ၇၁ ဦး တင်ဆောင်လာသော အလုံပိတ်ကား ၂ စီးကို ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

    ယင်းကား ၂ စီးတွင် မြန်မာနိုင်ငံသား ၇၁ ဦး လိုက်ပါလာပြီး ၎င်းတို့ထံတွင် မည်သည့်အထောက်အထားမှ မရှိကြောင်း၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ပြီး ယင်းကဲ့သို့ မကြာခဏဆိုသလို လူသယ်ယူမှုများ လုပ်ဆောင်ခဲ့ဖူးသည်ဟု ယာဉ်မောင်းများက ဝန်ခံခဲ့ကြကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် မြန်မာများ သယ်ယူရန် တစ်ကြိမ်လျှင် ယာဉ်မောင်း အနေဖြင့် ထိုင်းဘတ်ငွေ ၁၀၀၀၀ ရရှိကြောင်း ၊ လတ်တလော မြန်မာနိုင်ငံသား ၇၁ ဦးနှင့် ယာဉ်မောင်း ၂ ဦးကို တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ Warorot စျေးကို ထိုင်းလ၀က အဖွဲ့က သွားရောက်စစ်ဆေးရာ စျေးရောင်းခွင့်မရှိဘဲ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ထိုင်းနိုင်ငံ၊ဖူးကတ်မြို့တွင် ဆိုင်လုပ်ငန်းလိုင်စင်နှင့် လုပ်ခွင့်မရှိဘဲ မြန်မာစားသောက်ဆိုင်ဖွင့်လှစ်မှုကို ထိုင်းအာဏာပိုင်များ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

  • ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရ

    ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရ

    ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရဟု မန္တလေး PDF ထုတ်ပြန်

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တိုက်ခိုက်သိမ်းပိုက်ထား သော ဆည်တော်ကြီးရေလှောင်တမံ ဓာတ်အားပေးစက်ရုံကို စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို UAV ခေါ် ဆူဆိုက်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း MDY-PDF က ယမန်နေ့၌ ထုတ်ပြန်သည်။

    ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံသည် ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များ လျှပ်စစ်မီးရရှိစေရန် အဓိကကျသော ဓာတ်အားပေးစက်ရုံတခုဖြစ်ပြီး Y-12 ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဆည်တော် ကြီးရေလှောင်တမံအနီးတဝိုက်နှင့် ဓာတ်အားပေးစက်ရုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထရန်စဖော်မာ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုထားသည်။

    MDY PDF အနေဖြင့် မတ္တရာမြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်များရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်း၊ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်း အပါအဝင် စစ်စခန်း ၄၀ ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (ရှမ်း/မန်းစစ်ဆင်ရေး) အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    လက်ရှိ စစ်ကော်မရှင်က TNLA ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချိုမြို့ကို ပြန်လည်ရရှိပြီးနောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့အား ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေရာ လေကြောင်းဗုံးကြဲမှုအပြင် အဆင့်မြင့်ဒရုန်းများကိုပါ အလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း စစ်ရေးသတင်းရင်းမြင်းများက ဆိုသည်။

    ထိုသို့ တိုက်ခိုက်လာခြင်းကြောင့် ဖယောင်းတောင် သတ္တုတွင်းစီမံကိန်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ကျောက်တံတား -လမိုင်းရွာ အပါအဝင် မတ္တရာအရှေ့ခြမ်းမှ စစ်စခန်းအချို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ပြန်လည်လက်လွှတ်ခဲ့ရသည်။

    ဓာတ်ပုံ – MDY PDF