ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ ဗုံးကြဲခံရဟု မန္တလေး PDF ထုတ်ပြန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တိုက်ခိုက်သိမ်းပိုက်ထား သော ဆည်တော်ကြီးရေလှောင်တမံ ဓာတ်အားပေးစက်ရုံကို စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို UAV ခေါ် ဆူဆိုက်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း MDY-PDF က ယမန်နေ့၌ ထုတ်ပြန်သည်။

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံသည် ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များ လျှပ်စစ်မီးရရှိစေရန် အဓိကကျသော ဓာတ်အားပေးစက်ရုံတခုဖြစ်ပြီး Y-12 ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဆည်တော် ကြီးရေလှောင်တမံအနီးတဝိုက်နှင့် ဓာတ်အားပေးစက်ရုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထရန်စဖော်မာ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုထားသည်။

MDY PDF အနေဖြင့် မတ္တရာမြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်များရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်း၊ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်း အပါအဝင် စစ်စခန်း ၄၀ ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (ရှမ်း/မန်းစစ်ဆင်ရေး) အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

လက်ရှိ စစ်ကော်မရှင်က TNLA ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချိုမြို့ကို ပြန်လည်ရရှိပြီးနောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့အား ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေရာ လေကြောင်းဗုံးကြဲမှုအပြင် အဆင့်မြင့်ဒရုန်းများကိုပါ အလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း စစ်ရေးသတင်းရင်းမြင်းများက ဆိုသည်။

ထိုသို့ တိုက်ခိုက်လာခြင်းကြောင့် ဖယောင်းတောင် သတ္တုတွင်းစီမံကိန်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ကျောက်တံတား -လမိုင်းရွာ အပါအဝင် မတ္တရာအရှေ့ခြမ်းမှ စစ်စခန်းအချို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ပြန်လည်လက်လွှတ်ခဲ့ရသည်။

ဓာတ်ပုံ – MDY PDF

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *