Category: News

  • မန္တလေး ငလျင်ဒဏ်ကြောင့် 6ဿဆုံးသူ ၆၄၉ ဦးရှိ

    မန္တလေး ငလျင်ဒဏ်ကြောင့် 6ဿဆုံးသူ ၆၄၉ ဦးရှိ

    မန္တလေးတိုင်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၄၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ဦးရှိကာ ပျောက်ဆုံးနေသူ ၆၈ ဦးရှိ၊ သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်မည်

    (more…)

  • ဦးလှသိန်းဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြသည့် သံဃာတော်  ၈၀ ပါးကျော် ပျံလွန်တော်မူ

    ဦးလှသိန်းဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြသည့် သံဃာတော် ၈၀ ပါးကျော် ပျံလွန်တော်မူ

    မန္တလေးတွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ဦးလှသိန်းဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြသည့် သံဃာတော် ၈၀ ပါးကျော် ပျံလွန်တော်မူဟုဆို

    (more…)

  • တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို သေဒဏ်ချမှတ်ခဲ့တဲ့ ဖျာပုံခရိုင်တရားသူကြီး လေဖြတ်

    တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို သေဒဏ်ချမှတ်ခဲ့တဲ့ ဖျာပုံခရိုင်တရားသူကြီး လေဖြတ်

    တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို သေဒဏ်ချမှတ်ခဲ့တဲ့ ဖျာပုံခရိုင်တရားသူကြီး လေဖြတ်သွားလို့ ဒေသခံတွေ ဝမ်းသာ

    ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် နဲ့ မအူပင်ခရိုင်မှာ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သေဒဏ်တွေချခဲ့တဲ့ ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေး လေဖြတ်သွားလို့ ဒေသခံတွေ ဝမ်းသာနေကြတယ်လို့ သိရပါတယ်။

    “ဖျာပုံကနေ အလုံမြို့နယ်ကို ပြောင်းသွားပြီး အလုံက အိမ်မှာ လေဖြတ်သွားတာ တလခွဲလောက်ရှိပြီ သတင်းတွေပြန့်မှာစိုးလို့ အုပ်ထားတာ ရှေ့နေတွေကိုတောင် ပေးမသိဘူး အခုက သူ့တပည့်တွေသွားကန်တော့လို့သိရတာ” လို့ ဖျာပုံ ဒေသခံတဦးက ပြောပါတယ်။

    ဒေါ်သူဇာအေးဟာ ဖျာပုံခရိုင်တရားသူကြီး တာဝန်ယူခဲ့စဥ်က ဖျာပုံခရိုင် နဲ့ မအူပင်ခရိုင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော် လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို သေဒဏ်ချမှတ်ခဲ့သူဖြစ်ပါတယ်။

    “ဝဋ်ဆိုတာ ဘဝမကူးဘူး အခုဆို PDF တွေတောင် လုပ်စရာမလိုတော့ဘူး သူ့ကိစ္စနဲ့သူပြီးသွားပြီ ဒေါ်သူဇာအေးက တချို့ကလေးတွေကိုဆိုရင် သေဒဏ် ၂ ကြိမ်တွေပါချခဲ့တာ” လို့ ဖျာပုံ နိုင်ငံရေးအကျဥ်းသား တဦးရဲ့ မိသား စုဝင်က ဆိုပါတယ်။

    ဒါ့ပြင် ဖျာပုံ နဲ့ မအူပင်ခရိုင်မှာ ဖမ်းဆီးခံရတဲ့ CDM တွေ ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စွပ်စွဲဖမ်းဆီးခံရသူ အားလုံးကို ပုဒ်မကြီးတွေတပ်ပြီး ဒေါ်သူဇာအေး က အမိန့်ချခဲ့တာဖြစ်လို့ အခုလို လေဖြတ်သွားတာကို ဖျာပုံ နဲ့ မအူပင်ခရိုင်က ဒေသခံတွေ ဝမ်းသာနေကြတာလို့ သတင်းရရှိပါတယ်။

  • နတ်တလင်းတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်

    နတ်တလင်းတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်

    နတ်တလင်းတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ညတွင်းချင်း စစ်တပ်က ဆုတ်ခွာထွက်ပြေး

    (more…)