မန္တလေး ငလျင်ဒဏ်ကြောင့် 6ဿဆုံးသူ ၆၄၉ ဦးရှိ

မန္တလေးတိုင်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၄၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ဦးရှိကာ ပျောက်ဆုံးနေသူ ၆၈ ဦးရှိ၊ သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်မည်

မန္တလေးတိုင်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၄၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ဦးရှိကာ ပျောက်ဆုံးနေသူ ၆၈ ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ ထုတ်ပြန်သော ပမာဏမှာ မြေပြင်အခြေအနေနှင့်များစွာ ကွာဟနေပြီး ပရဟိတအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ အဆိုအရ လတ်တလော ပျောက်ဆုံးစာရင်းပေးထားသူ ၁၀၀၀ ဝန်းကျင်ရှိနေကြောင်း ပြောဆိုကြသည်။

လတ်တလော မန္တလေးတွင် ပိတ်မိသေဆုံးနေသူများ အဆောက်အအုံများအောက်တွင် ဆက်လက် ကျန်ရှိနေပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောဆိုကြသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *