Category: News

  • စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့  တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    AA ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    ရခိုင်ပြည်တွင် AA က ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ် ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေကြောင်း စစ်တပ်နှင့် ယာယီ အပစ်ရပ်ထားသည့် တအာင်း TNLA နှင့် ကိုးကန့် MNDAA က ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရက္ခိုင်ပြည်တစ်ဝန်းလုံးအား အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့် ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် TNLA နှင့် MNDAA တို့က စစ်တပ်၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လာခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့ကိုပါ မချန်လှပ်ထားနိုင်ဘဲ ရက္ခိုင်ပြည်အတွင်းရှိ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက် ခိုက်ခဲ့သောကြောင့် ပြည်သူ့ဆေးရုံကြီးတစ်ခုလုံးနီးပါး နှင့် ဆေးရုံအနီးပတ်ဝန်းကျင်ရှိ လူနေအိမ် အချို့ပါ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသော ကလေးသူငယ်၊ ကိုယ် ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း စစ်ကော်မရှင်က စစ်ရှောင်ပြည်သူများ နေထိုင်ရာ ကျောက် ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာကို ဗုံးကြဲခဲ့သဖြင့် စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် မင်းရပ်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုကဲ့သို့ ပြည်သူလူထုအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး စေသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များသည် မြန် မာပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း၊ MNDAA နှင့် TNLA တို့က ပြောဆိုထားသည်။

    စစ်ကော်မရှင်က စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ စုဝေးနေထိုင်ရာ နေရာများ ကို ဦးတည်ပစ်မှတ်ထားကာ ရက္ခိုင်ပြည်တစ်ဝန်းလုံးအပါအဝင် မြန်မာပြည်အနှံ့အပြားအား နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မြန်မာစစ်ကော်မ ရှင်၏ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့် ရေးအတွက် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတို့က ကူညီဆောင်ရွက်ပေးကြပါရန် TNLA နှင့် MNDAA တို့က မေတ္တာရပ်ခံထား သည်။

  • ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ် စိုးရိမ်ရ

    ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ် စိုးရိမ်ရ

    မန္တလေးမြို့မှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေး လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တယောက် ဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံထားရလို့ အသက်အန္တရာယ် အထူးစိုးရိမ်နေရတယ်လို့ သိရပါတယ်။

    အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)နဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့က ဒီဇင်ဘာ ၁၇ ရက် ညမှာ အရေးပေါ် ပူးတွဲသတင်း ထုတ်ပြန်လာတာပါ။

    GSCB အဖွဲ့ဝင် မအေးမြင့်အောင်အောင်က “ကျနော်တို့ နောက်ဆုံး သူနဲ့ အဆက်အသွယ်ရတာက ဒီဇင်ဘာ ၁၄ ရက်နေ့ပေါ့နော်။ ၁၄ ရက်နေ့ ညကတည်းက သူနဲ့ တောက်လျှောက် အဆက်အသွယ် ပြတ်တောက်သွားတယ်။ အဲဒီကတည်းက ကျနော်တို့ ကိုထက်မြတ်အောင် ဖမ်းခံရတယ်ဆိုတာကို နည်းမျိုးစုံနဲ့ လိုက်ပြီးတော့ အတည်ပြုတယ်။ ဖမ်းခံရပြီဆိုတာကို ကျနော်တို့ ကွန်ဖန်းဖြစ်ပြီဆိုမှပဲ သတင်းထုတ်တယ်။ စစ်ကောင်စီက သူ့ကို နည်းမျိုးစုံနဲ့ နှိပ်စက်မှာ၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော နှိပ်စက်မှာကို စိတ်ပူတယ်။ တဖက်မှာ လက်လွတ်စပယ် သတ်ဖြတ်တဲ့ကိစ္စတွေကို စိတ်ပူတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ နိုင်ငံတကာသံရုံးတွေ၊ သတင်းမီဒီယာတွေကိုလည်း ဆက်သွယ်တယ်”လို့ ပြောပါတယ်။

    အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်ဟာ ကျန်းမာရေး အထူးကောင်းမွန်ပြီး စစ်အုပ်စုက ဖမ်းဆီးတုန်းမှာ ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်ခံခဲ့ရတဲ့အပြင် အခုတော့ သူ့ရဲ့ အသက်အန္တရာယ်အတွက်ပါ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့ အခြေအနေဖြစ်နေတာကို သိရှိရတယ်လို့ ဆိုပါတယ်။

    သူဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။

    စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် သူ့ယုံကြည်ချက်နဲ့ သဘောထားဆန္ဒကို အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်း ရဲရဲရင့်ရင့် ထုတ်ဖော်ပြသခဲ့တဲ့ သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းတာ တစုံတရာဖြစ်‌ပေါ်ခဲ့ရင် စစ်အုပ်စုက လုံးဝ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သူဟာ ဒီဇင်ဘာ ၃ ရက်က မန္တလေးမှာ ဒေါက်တာတေဇာဆန်းတို့နဲ့အတူ စစ်ကောင်စီ လုပ်မယ့်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြပြီး သူတို့ ၁၀ ယောက်ကို စစ်ကောင်စီက အမှုဖွင့်ထားပါတယ်။

  • လူထုဆန္ဒကိုဆန့်ကျင်ပြီး မြစ်ဆုံစီမံကိန်းပြန်စမယ့် အာဏာသိမ်းစစ်ကောင်စီ

    လူထုဆန္ဒကိုဆန့်ကျင်ပြီး မြစ်ဆုံစီမံကိန်းပြန်စမယ့် အာဏာသိမ်းစစ်ကောင်စီ

    နိုင်ငံတဝှမ်းက လူထုရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ အာဏာသိမ်းစစ်ကောင်စီက မြန်မြန်ဆန်ဆန် ခြေလှမ်းပြင်နေပါပြီ။

    မြစ်ဆုံစီမံကိန်းစတင်ဖို့ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်ကောင်စီခေါင်းဆောင်က စတင်လေသံပစ်ခဲ့တာပါ။

    ပြီးခဲ့တဲ့ သြဂုတ်လ တရုတ်ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့ တရုတ်သမ္မတ တို့ တွေ့ဆုံပုံ

    မြို့ကြီးတွေမှာ ဆိုးဆိုးရွားရွားမီးပျက်နေတဲ့ကာလ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လအတွင်းအခုလိုတိုင်းပြည်မှာမီးမမှန်တာကမြစ်ဆုံစီမံကိန်းကို အကောင် အထည်မဖော်ခဲ့ ကြောင့် အာဏာသိမ်းခေါင်းဆောင်ကအပြစ် တင်ခဲ့ပါတယ်။

    အဲဒီနောက်ရှစ်လနီးပါးအကြာမှာမြစ်ဆုံစီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက်တရုတ်ကုမ္ပဏီ SPIC Yunnan International power investment Co.,LTD (SPYCIN) နဲ့ စီမံကိန်းကို သုတေသန လုပ်ဖို့နဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေ လုပ်ကိုင်ဖို့ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

    အခုနှစ် သြဂုတ်လအတွင်း တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာလည်း စစ်ကောင်စီခေါင်းဆောင်က တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အသိပေးရာမှာ မြစ်ဆုံစီမံကိန်းလည်းပါဝင်တယ်လို့ တရားဝင်ထုတ်ပြောခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ တရုတ်ခရီးစဉ်

    မြစ်ဆုံစီမံကိန်းအကောင်ထည်ပြန်ဖော်ဖို့ စစ်ကောင်စီခေါင်းဆောင်က ကနဦးကထုတ်ပြောချက်တွေမှာ စီမံကိန်း နဲ့ပတ်သက်ပြီး အချက်အလက် တွေမပါဝင်ခဲ့ပေမယ့် စစ်ကောင်စီ ဒုခေါင်းဆောင်ကတော့ တရုတ်နဲ့ ညှိနှိုင်းပြီးနောက် တည်ဆောက်မယ့်တမံ ဒီဇိုင်းကို ဒီဇင်ဘာလ ၁၆ ရက်က သူရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းလူသိရှင်ကြားအသိပေးလာပါတယ်။

    ရေအားလျှပ်စစ်ထုတ်လုပ်မယ့် မေခနဲ့ မလိခ မြစ်ဆုံရာ အရပ်မှာ တမံကို နှစ်နိုင်ငံစီးပွားရေးအရအကျိုးရှိမယ့် ကွန်ကရစ်ကျောက်ဖြည့် တမံ တည်ဆောက်မယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်ကဆိုပါတယ်။

    အခုလို တမံ ဒီဇိုင်းပြောင်းတာက တရုတ်နဲ့ သဘောတူချက်ရထားပြီး ဖြစ်သလို ငလျင်ဒဏ်ခံနိုင်ဖို့ဖြစ်တယ်လို့ မြစ်ကြီးနားခရီးစဉ်မှာ အသိပေးခဲ့ပါတယ်။

    ငလျင်ပြင်းအားရစ်ချ်စကေး ၇.၇ ထက်ပိုတဲ့ငလျင်ဒဏ်ခံနိုင်အောင်ဒီဇိုင်းရေးဆွဲ တွက်ချက်တည်ဆောက်မှာလို့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ကပြောပါတယ်။

    စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ ပြင်ဆင်နေပေမယ့် မြေပြင်မှာ လုပ်ငန်းဆောင်ရွက်ဖို့ လှုပ်ရှားမှုတွေ မတွေ့ရသလို ပြည်သူလက်မခံတာကြောင့် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ ကချင်ပြည်နယ် မြစ်ဆုံဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

    မြစ်ကြီးနားမြို့ ရောက် စစ်ကောင်စီဒုခေါင်းဆောင်

    မြေပြင်မှာ တရုတ်ကုမ္ပဏီ ဝန်ထမ်းတွေအမြဲတမ်း ရှိပေမယ့် လှုပ်ရှားမှု လုပ်ဆောင်တာ မတွေ့ရဘူးလို့ သတင်းရင်းမြစ်ကအသိပေးပါတယ်။

    “ဒါက တဦးတယောက်တည်းပိုင်တဲ့ဟာမဟုတ်ဘူး၊ အဖွဲ့အစည်းတခုတည်းပိုင်တဲ့ဟာလည်းမဟုတ်ဘူး၊ အစိုးရ တစ်ခုတည်းလည်းပိုင်တဲ့ဟာမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ မြစ်ဆုံဟုတ်တယ်၊ မြစ်ဆုံကို ပိုင်တာကတော့ ပြည်သူတွေပဲ အဲဒါပဲပြောချင်တယ်၊ ပြည်သူတွေ လက်မခံဘူးဆိုရင် မြစ်ဆုံစီမံကိန်းက ဘယ်နှစ်ဖွဲ့ပဲ ဖွဲ့ဖွဲ့ ၊ဘယ်အချိန်ကာလပဲ ရောက်လာရောက်လာ ဖြစ်လာမယ်မဟုတ်ဘူး” လို့ အဲဒီ သတင်းရင်းမြစ်ကဆိုပါတယ်။

    စီမံကိန်းနေရာတဝိုက်မှာ စစ်ကောင်စီတပ်တွေရှိပေမယ့် မြစ်ဆုံနဲ့ ဆက်စပ်ဒေသ တွေမှာ လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) လှုပ်ရှားမှု အားကောင်းတဲ့ဒေသ ဖြစ်တယ်လို့ လည်း သတင်းရင်းမြစ်ထံကသိရပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဟာ မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

    ဒါကြောင့် ကချင်ပြည်နယ်အတွင်း KIA ရဲ့ ထိုးစစ်ကို ရင်ဆိုင်လာရချိိန်မှာ စစ်ကောင်စီဟာ မြစ်ဆုံကိုအကြောင်းပြ ပြီး KIO/KIA အပေါ် နိုင်ငံရေးအရ ဖိအားပေးချင်တာဖြစ်တယ်လို့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

    ဧရာဝတီမြစ်ဆုံအရပ်ကို Google Earth ကတွေ့ရပုံ

    ဧရာဝတီမြစ် မြစ်ဖျားခံရာ မေခနဲ့မလိခ မြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံ ဒေသမှာ တမံဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်မှာအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ တရုတ်ကုမ္ပဏီ CPI တို့ လက်မှတ်ထိုးခဲ့တာပါ။

    စီမံကိန်းမှာပါဝင်တဲ့ တမံ ခုနှစ် အနက် မြစ်ဆုံ တမံက အကြီးဆုံးဖြစ်ပြီး မြစ်ကြီးနားမြို့အထက် ၂၅ မိုင်ခန့်အကွာ ၊ တန်ဖဲကျေးရွာအောက် သုံးမိုင်ခန့် အကွာမှာ တည်ဆောက်မှာပါ။

    မြစ်ဆုံ စီမံကိန်းကြောင့် ဒေသခံတွေအပေါ်သက်ရောက်မှု ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ၊ဧရာဝတီမြစ်ကြောင်းပြောင်းလဲမှုဖြစ်လာနိုင်ပြီး မြစ်ကိုမှီခိုနေရတဲ့ ပြည်သူတွေရဲ့ လူမှုဘဝတွေအပေါ် ဆိုးကျိုးများနိုင်တာကြောင့် စီမံကိန်းကို နိုင်ငံတဝှမ်းအပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။

    ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရက စီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီး အရပ်သားရွေးကောက်ခံအစိုးရ NLD လက်ထက်မှာလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့တာမရှိပါဘူး။

  • ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲ

    ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲ

    နေမကောင်းတဲ့ မြန်မာဦးလေးတစ်ဦး ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲလိုက်တာ။

    စမွတ်ပက်ကန်၊ ဘန်ဖီ မှာ ဦးလေးက (၅၉ နှစ်) ဦးလေးမှာ အစာအိမ်ရောဂါ ရှိပါတယ်။

    အလုပ်မရှိတော့ ဆေးရုံသွားဖို့ ဦးလေးမှာ ပိုက်ဆံမရှိဘူးရှင့်။

    ငွေမရှိတော့ ဆေးမကုနိုင်ဘူး။

    ဗိုက်အောင့်လဲ သည်းခံနေလာခဲ့ရတယ်။

    ဖြစ်ချင်တော့ ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက် မှာ မနက်ကတည်းက ဦးလေး အစာအိမ် ပြန်ရောင်ပီး ဗိုက်အောင့်လာပါတယ်။

    နေ့လည် ၂ နာရီလောက်ရောက်တော့ ဦးလေး ဘိုက်အောင့်တာကို မခံစားနိုင်တော့ဘူး။

    မီးဖိုချောင်ထဲက ဓားသွားယူ လာပီး ဗိုက်ကို ခွဲချလိုက်တယ်။

    နောက်ကုတင်ပေါ်မှာ စောင်လေးခြုံပြီး သူ့မိန်းမနဲ့ ခလေးတွေ ပြန်လာချိန် သင်္ဂြိုလ်ပေးမှာကို စောင့်နေခဲ့ပါတယ်။

    မိန်းမနဲ့ခလေးတွေ အလုပ်က ပြန်လာတော့ စောင်ခြုံပီး အသံတိတ်နေလို့ ဘာဖြစ်လဲဆိုပီး စောင်ဖွင့်လိုက်တော့ ဗိုက်ထဲက အူတွေ အခွေလိုက် ထွက်ကျနေတယ်။

    အဲ့ဒီအချိန်မှာ ဦးလေးက မဆုံးသေးဘဲ ငါ နာကျင်တာကို မခံစားနိုင်တော့ဘူး။

    နေမကောင်းတဲ့ ဒီဒုက္ခတွေကို အဆုံးသတ်ဖို့ လုပ်ခဲ့တာလို့ ပြောပြတယ်။

    အခု ဦးလေးကို ကယ်ဆယ်ရေးတွေက ဆေးရုံခေါ်သွားပါပြီ။

    သနားပါတယ်။ အမြန်ကျန်းမာလာပါစေ။

  • ကန်အစိုးရက ကမ္ဘာ့နိုင်ငံ ၃၉ ခုမှ ပြည်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်

    ကန်အစိုးရက ကမ္ဘာ့နိုင်ငံ ၃၉ ခုမှ ပြည်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်

    အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကန့်သတ်ထားတဲ့ တိုင်း ပြည်အရေအတွက်ကို လက်ရှိ ၁၉ နိုင်ငံမှ ၃၉ နိုင်ငံအထိ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက တိုးချဲ့လိုက်ပါတယ်။

    အမေရိကန်အစိုးရဟာ ဇွန်လအတွင်း အာဖဂန်နစ္စတန်နဲ့ အီရန် အပါအဝင် ၁၂ နိုင်ငံမှ ပြည်သူတွေ ကို ပြည်ဝင်ခွင့် ပိတ်ပင်ကာ ၇ နိုင်ငံမှ ပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့် ကန့်သတ်ခဲ့ပါတယ်။

    ပြည်ပအကြမ်းဖက်သမားတွေနဲ့ အခြား အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေရန်မှ ကာကွယ်ဖို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    နောက်လမှာ အာဏာတည်မယ့် ကြေညာချက်မှာ အမေရိကန်အစိုးရဟာ ဘာကီနာဖာဆိုနဲ့ ဆီးရီး ယားကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

    အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ လာအိုနဲ့ ဆီယာရာလီယွန်ကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းသို့ ရွှေ့ပြောင်းလိုက်ပါတယ်။

    နိုင်ဂျီးရီးယား အပါအဝင် နောက်ထပ် ၁၅ နိုင်ငံကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ ကန့် သတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထုတ်ပေးတဲ့ ခရီးသွား အထောက်အထားစာရွက်ရှိသူတွေကို လည်း အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လအတွင်း အာဖဂန်အမျိုးသားတစ်ဉီးက ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ပြီးနောက် အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ် လိုက်တာပါ။

    အဆိုပါဖြစ်စဉ်ကြောင့် တတိယတိုင်းပြည်များမှ ရွှေ့ပြောင်းအခြေချမှုကို အမြဲ ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

    ကိုးကား – NHK

    Ref; Trump expands US entry ban, partial restrictions to 39 countries