Category: News

  • ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံ ငွေရှင်းကောင်တာမှာ

    ပိုက်ဆံရှင်းတော့ မှန်းထားတာထက်

    ငွေအမောက်ပိုများနေလို့

    အိမ်ကနေ kpay လှမ်းတောင်းလိုက်ရပါတယ်

    ငွေရှင်းကောင်တာမှာ ကျမက ငွေသားတဝက်

    Kpay တဝက်ရှင်းမယ်နော်လို့ပြောတာကို

    ကောင်တာက အမည် သန္တာမိုးဆိုတဲ့တယောက်က

    မျက်နာ မကြည်မသာနဲ့ ရုပ်ပျက်နေပီး

    Kpay နဲ့ ရှင်းရင်လဲ အကုန်လုံး kpay နဲ့ရှင်း

    ငွေသားနဲ့ရှင်းချင်လဲ ငွေသားနဲ့ပဲ အကုန်ရှင်းဆိုပီး

    လူကြားထဲမှာအရှက်ရအောင်ပြောပါတယ်။ 😪

    ကျမတို့လဲ ချမ်းသာနေတာမဟုတ်ပါဘူး

    ရောဂါပျောက်ချင်လွန်းလို့

    ဝိတိုရိယဆေးရုံမှာထိုင်တဲ့

    ဆရာဝန်က တော်တယ် ပြောကြတာနဲ့

    သွားပြခဲ့တာပါ။ Kpay နဲ့ချည်းပဲရှင်းရအောင်လဲ

    အိမ်က အပြည့်မပေးနိုင်လို့ပါ

    ဘောင်ချာဖြတ်ရတာ အဆင်မပြေဘူး

    ဘာညာနဲ့ပြောနေတာပါ။

    ကျမရှက်လဲ တကယ်ရှက်ရပါတယ်

    ကျမက အက်လိုရှင်းဖို့မပါဘူး

    ငွေသားတဝက်

    Kpay တဝက်ပဲရှိတယ်လို့ထပ်ပြောမှ

    မျက်နာကြောတင်းပီး

    စိတ်ပျက်တဲ့ပုံစံနဲ့ ဘောင်ချာဖြတ်ပေးခဲ့တာပါ

    ကျမတို့မှာ ရှိတာနဲ့ ကျမတို့ငွေပေးတာ

    ဘာလို့အက်လိုဆက်ဆံရတာလဲ

    အဲ့ဆေးရုံကို တကယ်ပဲ

    Bad recommend ပေးပါတယ်။

  • ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    အလုပ်သွားရင် ကားဂိတ်ထိအမေကလိုက်ပို့ပေးနေကျပါ

    ဒီနေ့တရက်လေးအမေလိုက်မပို့လို့ ကိုယ့်ဘာသာ ၁ ယောက်ထဲ ၅၆ ထိပ်ဂိတ်မှာကားစောင့်နေတာ😔

    ကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ်

    နေရာကလည်း အကျယ်ကြီးကို အသက်ကြီးပြီးအချိန်မစီးတဲ့အကောင်တကောင် အနားကပ်လာပြီး ကိုယ့်ပါးကိုလာနမ်းဖို့လုပ်လို့ ဆောင့်တွန်းပြီး တခြားလူတွေရှိတဲ့ဘက်မှာ သွားရပ်နေလိုက်တယ် ။

    ကားပေါ်ရောက်တော့လည်း ကားကမထွက်သေးဘူး

    ခဏရပ်ထားတုန်း ကားလည်းအရမ်းမကြပ်နေဘူး

    ကားပေါ်ထိရောက်လာပြီး မသိရင်လူကြပ်သလိုလိုနဲ့ ကိုယ့်အနားပဲ အတင်းလာတိုးပြီး ကိုယ့်ပါးကိုလာနမ်းမလိုလုပ်တော့ ကိုယ်ကလည်းအစထဲက အငြိမ်မခံဘဲ အရှက်အကြောက်မရှိ လူကြားထဲ ထအော်ရဲတဲ့သတ္တိရှိတော့ အော်ပေးလိုက်တယ်

    အကိုတစ်ယောက်က သူနဲ့နေရာချင်းလဲပြီး ကိုယ့်ကိုကာထားပေးလို့ ကျေးဇူးတင်ပါတယ်

    ဖုန်းထုတ်ပြီးသူ့မျက်နှာကိုပုံရိုက်တော့မှ နင့်ကိုဘာလုပ်လို့လဲ ဆိုပြီး အရူးကွက်နင်းပြီး​ ဘုန်းကြီးကျောင်းကွေ့ရောက်တော့ဆင်း​ပြေးသွားပါတယ်

    မိန်းကလေးတွေ အပြင်တယောက်ထဲသွားလာရင် သတ္တိထားကြပါနော် ❗️

    ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်အောင် များများရှယ်ပေးသွားကြပါဦး။

    ပုံက အဲ့လူပုံပါ

  • BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။

    BBCရဲ့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်တဲ့ Panorama အစီအစဉ်မှာ ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်း အဓိပ္ပါယ်နဲ့ အရမ်းလွဲချော်အောင် တည်းဖြတ် ပြင်ဆင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ရှေ့နေတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ထဲ အင်အားသုံး စီးနင်းခဲ့တဲ့ ဖြစ်စဉ်မတိုင်ခင် ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို BBCက ပြုပြင် တည်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တည်းဖြတ်မှုရဲ့ ရလဒ်က ထရမ့်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေ ကျူးလွန်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းတောင်းဆိုသလို ဖြစ်သွားပါတယ်။

    တကယ်တော့ BBCက ထရမ့်ရဲ့ မိန့်ခွန်းထဲက မိနစ်တွေ တော်တော်များများ ခြားနေတဲ့ အပိုင်းနှစ်ခုကို ဆက်စပ်လိုက်တာကြောင့် အဲဒီလို မူရင်းအဆိုနဲ့ ကွဲလွဲတဲ့ အဓိပ္ပါယ်မျိုးဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ရှေ့နေတွေက ဒီကိစ္စအတွက် BBCကို ပြန်လည် ဖြေရှင်းတောင်းပန်ဖို့၊ ထရမ့်ကို နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ BBCက မှတ်တမ်းရုပ်ရှင်ကို ဖယ်ရှားပေးခဲ့ပြီး ထရမ့်ကိုလည်း တောင်းပန်ခဲ့ပေမယ့် နစ်နာကြေး ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအရှုပ်အထွေးကို အကြောင်းပြုပြီး BBCရဲ့ ထိပ်တန်း ဦးဆောင် အရာရှိ တချို့လည်း ရာထူးကနေ တာဝန်ယူ နုတ်ထွက်ခဲ့ပါတယ်။

    BBCက အမှားအတွက် တောင်းပန်ပေမယ့် ထရမ့်ရဲ့ ရှေ့နေတွေ ပြောသလိုမျိုး ရည်ရွယ်ချက်ရှိရှိ အသရေဖျက်တယ်ဆိုတဲ့ သဘောတရားမျိုး လုံးဝ မပါတာကြောင့် နစ်နာကြေးပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ ထရမ့်ရဲ့ ရှေ့နေတွေက BBCဟာ အမေရိကန် သမ္မတအပေါ် ရည်ရွယ်ချက်ရှိရှိ၊ ကောက်ကျစ်တဲ့ အတွေးမျိုးနဲ့ လှည့်စားပြီး နာမည်ဖျက်ဖို့ မိန့်ခွန်းကို တည်းဖြတ်ခဲ့ပါတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ BBC မီဒီယာ လုပ်ငန်းစုကြီးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

    ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ဗြိတိန်မှာ ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ကိစ္စနဲ့ ပတ်သက်ပြီး BBCကို တရားစွဲဖို့ သူက စီစဉ်နေကြောင်း ပြီးခဲ့တဲ့လမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို သူ့အနေနဲ့ မဖြစ်မနေ လုပ်ရမယ်လို့ ယူဆကြောင်း ထရမ့်က သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။ BBCဟာ လိမ်ညာခဲ့ကြောင်း၊ သူ့ပါးစပ် ထွက်တဲ့ စကားလုံးတွေကို လိုသလို ခြယ်လှယ် ပြောင်းလဲခဲ့ကြောင်း ထရမ့်က စွပ်စွဲသွားပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – Getty Images

  • ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်

    ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်

    ဓားမိုး၊ သေနတ်ထောက်ပြုလုပ်မယ့်ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်လို့ ခန္တီး PDF ထုတ်ပြန်

    စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။

    ပြည်သူတွေသတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေကနေ ရှောင်လွှဲနိုင်အောင် ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲကို ခန္တီးမြို့နယ်မှာ ဓါးမိုး၊ သေနတ်ထောက်ပြီး ပြုလုပ်ဖို့ကြိုးပမ်းနေပြီး ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ဒီဇင်ဘာ ၁၄ရက် ရက်စွဲနဲ့ ထုတ်ပြန်သတိပေးတာဖြစ်ပါတယ်။

    ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေး ခိုင်းသူ‌ တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေကို အထူးရွံ့ရှာစက်ယုတ် ရှုံ့ချတဲ့ အပြင် စစ်အုပ်စုနဲ့ အလိုတူအလိုပါ အားပေးအား မြောက်ပြု လုပ်သူ တွေအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ခန္တီး-PDF က ထုတ်ပြန်ထားပါတယ်။

    စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲအပြီးရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရ၊ပါတီကိုယ်စားလှယ် တွေကလည်း တိုင်းပြည်နဲ့ပြည်သူတွေအပေါ် အမျိုးမျိုး ဂုတ်သွေးစုပ်၊ အမြတ်ထုတ်ပြီး စစ်အုပ်စုစီးပွားရေး ၊ ကိုယ်ကျိုးစီးပွားရေးအတွက်သာ အလုပ်လုပ်မယ့်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ မိသားစုလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ခန္တီး-PDFနဲ့ မဟာမိတ် တော်လှန်ရေးတပ်ပေါင်း အင်အားစုတွေက အရေးယူမှုစတင်တော့မယ်လို့ သတိပေးထားပါတယ်။

    ခန္တီးမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ခရီးသွားလာရေးအဆင်မပြေမှု၊ ကုန်သွယ်စီးဆင်း ပြတ်တောက်မှု၊ အခြေခံစားသောက်ကုန်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှု‌တွေဟာ အာဏာသိမ်းစစ်အုပ်စုကြောင့်ဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကာလမှာ မဲမပေးခြင်းဖြင့် အကြမ်းမဖက်ဆန္ဒထုတ်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

    အကြမ်းမဖက် ခုခံခြင်းဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ စွမ်းဆောင်ရည်နဲ့ တရားဝင်ခြင်းကို အကောင်းဆုံးတွန်းလှန်ဖြိုလဲပစ်နိုင်တာမို့ မိဘပြည်သူ‌တွေရဲ့ မဲတစ်မဲနဲ့ တရားဝင်လူသတ်ခွင့် မပေးကြဖို့ ထပ်လောင်း တောင်းဆိုပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကိုင်းတိုင်း ခန္တီးခရိုင်မှာ မြို့ပေါ်တွေကိုစစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးရွာတွေကိုတော်လှန် ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလက တိုက်ပွဲတွေမှာ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအခြေပြု ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ထိန်းချုပ်ခဲ့တယ်။ အဲဒီရွာတွေက ပျူ စောထီး ၁၀၀ ကျော်လက်နက်ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဇင်ဘာ ၁၂ ရက်ကလည်း ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ လေးဦးသေဆုံး ခုနစ်ဦးဒဏ်ရာရပြီး ဆုတ်ခွာသွားတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၅ ရက်မှာထုတ်ပြန်ထားပါတယ်။

    (ခန္တီး PDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ခန္တီး PDF)

  • ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်

    ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်

    မူဆယ်မှာ လစာကောင်းရမယ်ဆိုပြီး ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လည်း ပါဝင်နေ

    တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ လစာကောင်းရမယ်ဆိုပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူဆယ်က ပွဲစားတွေက လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခဲ့တာလို့ လိမ်လည်ခံရသူ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

    “သမီးတို့ ၃ ယောက်ကို ပွဲစားက မူဆယ်စီးကရက်စက်ရုံမှာ လစာကောင်းတယ်ပြောပြီး ရွာကနေ ခေါ်လာတာ။ ဒီရောက်တော့ (ဘိ)မှာ အလုပ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ဘူးလို့ ငြင်းတော့ လမ်းစရိတ် စားစရိတ်နဲ့ ပွဲစားကြေး (၁၅) သိန်းကို ဆရာမ က တောင်းတယ်။ သမီးတို့မှာ ပေးစရာမှ မရှိတာ။ ဒီတော့ မလုပ်ချင်လည်း လုပ်နေရဦးမှာပဲ။ ကယ်မဲ့သူမှ မရှိတာ”

    အဲဒီအမျိုးသမီးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းလောက်မှာ မူဆယ်မြို့ သိန်းသန်းချီကားကြီးဝန်း ပထမအဝင် လမ်းမကြီးပေါ်ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းရှေ့မှာ (1256) နာမည်နဲ့ မူဆယ်မြို့ စခန်းမှူး ဒုရဲမှူး နေယုဆန်းဦးဆောင်တဲ့ ရဲအရာရှိတွေ ဖွင့်လှစ်ထားတဲ့ ပြည်တန်ဆာရုံသို့ ပို့ဆောင်ခံရတာဖြစ်ပါတယ်။

    ထွက်ပြေးလို့မရအောင် အဆိုပါ အမျိုးသမီးငယ် ၃ ဦးရဲ့ မှတ်ပုံတင်တွေလည်း ရုံက သိမ်းဆည်းထားပြီး တခြားနေရာသို့ အကူအညီယူ မတိုင်တန်းနိုင်အောင်လည်း သူတို့ကို ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။‎

    ကားလေးဝန်းအနီး ရွှေဆင်မင်းရှေ့လမ်းရှိ တာမိုးညဲပြည်သူ့စစ်တာဝန်ခံ ကိုမျိုးပိုင်တဲ့ ပြည်တန်ဆာရုံမှာလည်း ရိုက်နှက်ပြီး အဓမ္မစေခိုင်းတာတွေ ရှိနေတာကြောင့် ဒေသခံတွေက ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နဲ့ (၂၁) ရက်၊ နိုဝင်ဘာ (၁၈) ရက်နေ့တွေမှာ မြို့မရဲစခန်းမှူးထံ လိပ်မူတပ် စာရေးတိုင်ကြားခဲ့ပေမယ့် တစုံတရာ အရေးယူတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

    အဆိုပါအခြေအနေတွေနဲ့ပတ်သက်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးက “အခုရုံတွေက အရင်လို မဟုတ်တော့ဘူး။ ဆေးပြားပါ တွဲရောင်းနေကြတာ။ ဒီတော့ လိုင်းကြေးက အရင်ထက် ပိုများလာတာပေါ့။ စခန်းမှူးက ပြည်နယ်ရဲတပ်ဖွဲ့မှူးကို လစဥ် သိန်း (၁၀၀) ပေးတယ်လို့ ကြားတာပဲ။ ဒီတော့ ပြည်နယ်မှူးက တိုင်တဲ့သူရှိရင်လည်း အရေးမယူတော့ဘူး။ မသိသလို နေလိုက်တယ်” လို့ ပြောပါတယ်။

    မူဆယ်မှာ နယ်ထိန်းတွေရဲ့ စာရင်းတွေအရ ဆင်ဖြူဈေးအတွင်းမှာ ပြည်တန်ဆာရုံ (၁၈) ရုံ၊ စွမ်စော် (၁၆) ရုံ၊ ကားလေးဝန်း (၁၃) ရုံ၊ ကားကြီးဝန်းအတွင်းနဲ့ အနောက်ခြမ်းမှာ နမ့်ခမ်းမြို့မပြည်သူ့စစ်က တာဝန်ခံပြီး ဖွင့်ထားတဲ့ ရုံ (၁၇) ရုံ၊ ကောင်းမှုတုန် (၅) ရုံ၊ တောင်ရပ်ကွက် (၁) ရုံ၊ ဟိုမွန် (၃၁) ရုံ၊ ခရစ္စယာန်ရပ်ကွက်တွင် (၄) ရုံ၊ မင်္ဂလာမူဆယ်မှာ (၃) ရုံ ရှိပါတယ်။

    အခုလို မူဆယ်မြို့တွင်းမှာ ပြည်တန်ဆာရုံတွေ မြောက်များစွာရှိနေပေမယ့် ရဲစခန်းမှူးနဲ့ အဖွဲ့က အရေးယူ ဖမ်းဆီခြင်းမရှိဘဲ ရုံအသေးကို (၂၅)သိန်း၊ ရုံကြီးကို (၄၅) သိန်း လိုင်းကြေးကောက်ခံပြီး ခွင့်ပြုပေးနေတာလို့ စုံစမ်းသိရှိရပါတယ်။