အလုပ်သွားရင် ကားဂိတ်ထိအမေကလိုက်ပို့ပေးနေကျပါ
ဒီနေ့တရက်လေးအမေလိုက်မပို့လို့ ကိုယ့်ဘာသာ ၁ ယောက်ထဲ ၅၆ ထိပ်ဂိတ်မှာကားစောင့်နေတာ😔
ကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ်
နေရာကလည်း အကျယ်ကြီးကို အသက်ကြီးပြီးအချိန်မစီးတဲ့အကောင်တကောင် အနားကပ်လာပြီး ကိုယ့်ပါးကိုလာနမ်းဖို့လုပ်လို့ ဆောင့်တွန်းပြီး တခြားလူတွေရှိတဲ့ဘက်မှာ သွားရပ်နေလိုက်တယ် ။
ကားပေါ်ရောက်တော့လည်း ကားကမထွက်သေးဘူး
ခဏရပ်ထားတုန်း ကားလည်းအရမ်းမကြပ်နေဘူး
ကားပေါ်ထိရောက်လာပြီး မသိရင်လူကြပ်သလိုလိုနဲ့ ကိုယ့်အနားပဲ အတင်းလာတိုးပြီး ကိုယ့်ပါးကိုလာနမ်းမလိုလုပ်တော့ ကိုယ်ကလည်းအစထဲက အငြိမ်မခံဘဲ အရှက်အကြောက်မရှိ လူကြားထဲ ထအော်ရဲတဲ့သတ္တိရှိတော့ အော်ပေးလိုက်တယ်

အကိုတစ်ယောက်က သူနဲ့နေရာချင်းလဲပြီး ကိုယ့်ကိုကာထားပေးလို့ ကျေးဇူးတင်ပါတယ်
ဖုန်းထုတ်ပြီးသူ့မျက်နှာကိုပုံရိုက်တော့မှ နင့်ကိုဘာလုပ်လို့လဲ ဆိုပြီး အရူးကွက်နင်းပြီး ဘုန်းကြီးကျောင်းကွေ့ရောက်တော့ဆင်းပြေးသွားပါတယ်
မိန်းကလေးတွေ အပြင်တယောက်ထဲသွားလာရင် သတ္တိထားကြပါနော် ❗️
ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်အောင် များများရှယ်ပေးသွားကြပါဦး။
ပုံက အဲ့လူပုံပါ


Leave a Reply