Category: News

  • ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်

    ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်

    ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများချပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ယာယီဖြတ်တောက်

    ရန်ကုန်မြို့တွင် ယမန်နေ့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက်တက်ချိန် မင်္ဂလာဒုံ နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စစ် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းဆင်းပွဲသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာတက်ခဲ့ကြောင်း၊ ထိုသို့ စစ်သင်တန်းဆင်းပွဲကျင်းပချိန် မင်္ဂလာဒုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းအထိပါ စစ်တပ်က Anti-Drone Guard နှင့် Jammer စက်ကြီးများ တင်ဆောင်ထားသော စစ်ကားများကို လာရောက်ချထားပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ဆေးသူနာပြု သင်တန်းဆင်းပွဲ လုပ်တဲ့ မနက်ပိုင်းမှာ မင်္ဂလာဒုံရော မြောက်ဥက္ကလာပမှာရှိတဲ့ ရပ်ကွက်တချို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားတယ်။ မနေ့ မနက် ၆ နာရီလောက်ကနေ မနက် ၁၀ နာရီတစ်ကြိမ်ပြတ်သွားတယ်။ နောက်ပြီး မနေ့ ညနေ ၅ နာရီကနေ ည ၈ နာရီအထိ တစ်ကြိမ် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော အားလုံးပြတ်သွားတယ်။ ထူးခြားတာက Jammer စက်ကြီးတွေ တွေတင်ထားတဲ့ စစ်ကားကြီးတွေ ရပ်ကွက်ထိပ် လမ်းပေါ်တွေမှာ ရပ်ပြီး စစ် သားတွေလည်း တော်တော်များတယ် လုံခြုံရေး ချထားတာ” ဟု ယမန်နေ့ ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းများ ပြတ်တောက်မှု ကြုံခဲ့ရသော မင်္ဂလာဒုံမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    ရန်ကုန်အခြေစိုက် တပ်အသိုင်းအ၀ိုင်းကမူ ယခင်က စစ်သင်တန်းပွဲများ ကျင်းပချိန် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မူလ Operator ကို ညွှန်ကြားချက်ထုတ်ပြန်ချက်၍ အခမ်းအနား ကျင်းပမည့် သက်ဆိုင်ရာမြို့နယ်အတွင်း ဖြတ်တောက်ခြင်းသာ လုပ်ဆောင်ခဲသော်လည်း ယခုနောက်ပိုင်း တစ်ဖက် အဖွဲ့အစည်းများက အသုံးပြုသည့် ဒရုန်းများမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မလိုတော့ဘဲ ရှိရင်းစွဲ Jammer များကို ဖြတ်ကျော်လာနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်အကြီးအကဲများ၏ ခရီးစဉ်များတွင် Anti- Drone Guard နှင့် Super-Jammer စွမ်းအားမြှင့် ဆက်သွယ်ရေး ဖြတ်တောက်စက်များကို တပ်ဆင်ထားသော စစ်ကားများကို အသုံးပြု၍ နည်းပညာမြင့်ဒရုန်းများ၏ အန္တရာယ်ကို ကာကွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “အခုက တပ်မတော်အကြီးအကဲတွေရဲ့ ယာဉ်တန်းတွေမှာ Anti-Drone Guard နဲ့ Super-Jammer စွမ်း အားမြှင့်စက်ပါတဲ့ ကားတွေပါ လိုက်ပါတယ်။ အဲဒီစက်တွေက ဒရုန်းအန္တရာယ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်” ဟု တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက မင်္ဂလာဒုံမြို့နယ်ရှိ စစ်သူနာပြုသင်တန်းဆင်းပွဲတက်ရောက်ခြင်း၊ မင်္ဂလာဒုံ ကုတင် ၅၀၀ အရိုးစစ်ဆေးရုံ၊ ကုတင် ၁၀၀၀ အထူးစစ်ဆေးရုံနှင့် လေးထောင့်ကန် စစ်မှု ထမ်းဟောင်းအိမ်ရာတို့သို့ သွားရောက်စစ်ခြေင်းနှင့် ညပိုင်းတွင် စစ်သူနာပြုသင် တန်းဆင်းပွဲ၏ ဂုဏ်ပြု ညစာစားပွဲ တက်ရောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • Sipsipan

    Sipsipan

    Sipsipan (2025)

    ဒီကားကတော့ ညိုကီတို့ ၁၈ ယောက်စုကြည့်ရမယ့်ကားလေးပါ။

    ကုန်တင်ကားသမားတွေအတွက် ဓာတ်ဆီပြန်ရောင်းစားပြီး ပျော်ရွှင်မှုဝယ်လို့ရမယ့် ကားရပ်စခန်းလေးတစ်ခုအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။

    ဇာတ်လမ်းထဲမှာတော့ ပျော်စရာရောင်းတဲ့နေရာမှာ အပျော်ရှာရုံမဟုတ်ဘဲ နှလုံးသားကိုပါလိုချင်မိလို့ မိသားစုဘဝပျက်စီးသွားရတဲ့ အန်ဒွိုင်းဆိုတဲ့သူကို တွေ့မြင်ရမှာပါ။

    သေချာတာကတော့ ဒီကားကြည့်ပြီးတာနဲ့ ကုန်ကားမောင်းချင်သွားမယ့်ညိုကီတွေ တန်းစီနေတော့မှာပဲဗျာ။

  • Murderer Report

    Murderer Report

    Murderer (2025)

    IMDB 6.6/10 ရရှိထားတဲ့ ပဟေဠိဆန်တဲ့ စိတ်ရောဂါကုဆရာဝန်တစ်ဖြစ်လဲ ကွင်းဆက်လူသတ်သမား ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ must watch စာရင်းထဲ ပါတာမို့ မကြည့်လိုက်မိရင် နောင်တရသွားမယ်လို့တော့ ကြိုတင် အသိပေးလိုက်ချင်ပါတယ်နော်။

    ဘဲ့ဆွန်းဂျူက သတင်းဦးတွေကို ရူးသွပ်တဲ့၊ အလုပ်ကြိုးစားပြီး စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ သတင်းထောက်တစ်ယောက်ပါ။ သမီးလေးနဲ့ ယောက်ျားဖြစ်သူနဲ့အတူ ဘဝကို ရုန်းကန်ကြိုးစားနေဆဲမှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဖုန်းကောလ်တစ်ကောလ်ကို လက်ခံရရှိခဲ့ပါတယ်။

    အဲဒါကတော့ လူတစ်ယောက်က သူ့ကိုယ်သူ လူ ၁၁ ယောက် သတ်ထားတဲ့ ကွင်းဆက်လူသတ်သမားပါဆိုပြီး ဝန်ခံထွက်ဆိုလာတာပါပဲ။

    အဲဒီလူ ဘယ်သူလဲ၊ ဘယ်ကလဲ မသိနိုင်ပေမဲ့ ပဟေဠိဆန်တဲ့ ဖုန်းတစ်ကောလ်နဲ့ ဘာမှန်းမသိ ဆွဲငင်နေတဲ့ အသံပိုင်ရှင်ကြောင့် ဆွန်းဂျူက ဖုန်းထဲကလူ တောင်းဆိုတဲ့ နှစ်ယောက်တည်း အင်တာဗျူးဖို့ကို အရဲစွန့် လုပ်ဆောင်ဖို့ ဆုံးဖြတ်ရင်း အဲဒီလူချိန်းဆိုတဲ့နေရာကို ရောက်ရှိသွားပါတော့တယ်။

    ဖုန်းထဲက လူက ဘယ်သူလဲ၊ တကယ်ပဲ ကွင်းဆက်လူသတ်သမားလား၊ နောက်ပြောင် သတင်းပေးတာလား၊ လျှို့ဝှက်ပြီး ပဟေဠိဆန်တဲ့ အဲဒီလူရဲ့ နောက်ကွယ်မှာ ဆွန်းဂျူအတွက် ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲဆိုတာကိုတော့ တစ်နာရီခွဲစာ အချိန်လေးက ဘယ်လိုကုန်သွားမလဲမသိအောင် ဆွဲခေါ်သွားမဲ့ ဒီဇာတ်ကားလေးထဲ သည်းထိတ်ရင်ဖို အသည်းတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။

  • မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော

    မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော

    စစ်တပ်အာဏာသိမ်းမှုက နိုင်ငံကိုပျက်စီး​စေခဲ့​ပြီး မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော

    မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာ အားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ဂျိုရှူအာဗန်က​ပြောပါတယ် ။

    စင်ကာပူအ​ခြေစိုက် Straits Times သတင်းဌာနနဲ့ ၂၀၂၅ ဇွန်လဆန်း အင်တာဗျူးမှာ ဗန်က​ပြောကြားခဲ့တာဖြစ်ပါတယ်။

    “အဲ့ဒါက(စစ်အာဏာသိမ်းတာက) ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်နေဆဲပဲ… ပြီးတော့ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်”လို့ ဗန်က​ပြောခဲ့ပါတယ် ။

    မြန်မာပြည်သူ​တွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာသူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကပြောခဲ့ပါတယ်။

    စင်ကာပူအခြေစိုက် Straits Times သတင်းစာက ဟူစတန်မှာ ရှိနေတဲ့ ဗန်ကို ဆက်သွယ်ပြီး အင်တာဗျူးခဲ့တဲ့အခါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ဘာတွေ သိမြင်စေချင်သလဲဆိုပြီး မေးတဲ့အခါ သူကပြန်​ဖြေခဲ့တာဖြစ်ပါတယ်။

    ဗန်ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းထွက်ခွာခဲ့ပါတယ်။ နောက်ထပ်၂ နှစ်အကြာမှာသူဟာအမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက ဟူစတန်မြို့ဆီ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။

    ဗန်ဟာသူ့ဘဝ အသက်မွေး လမ်းကြောင်းအဖြစ် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA)ကို ရွေးချယ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ အပျော်တမ်းအဆင့် ပြိုင်ပွဲတွေ စပြီးယှဉ်ပြိုင်ခဲ့ပါတယ်။

    ဒီအင်တာဗျူး​ဖြေပြီး ​ခြောက်လခန့်အကြာမှာ​တော့ ဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာပန်တိုဂျာကို မြန်မာအချိန် ဒီဇင်ဘာ ၇ ရက်မှာ စိန်​ခေါ်ထိုးသတ်တာမှာ ပထမအချီ၂၆ စက္ကန့် မှာပဲ ပန်တိုဂျာလက်မှာဒဏ်ရာအပြင်းအထန်ရပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီး ဗန်က ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။

    UFC မှာချန်ပီယံခါးပါတ်ရပထမဆုံးအ​ရှေ့​တောင်အာရှဖွားဖိုက်တာဖြစ်သလိုအသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပါတ်ရခဲ့တာ​ကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယ အသက်အငယ်ဆုံးချန်ပီယံ ဖြစ်လာပါတယ်။

    သူ့ရဲ မွေးဇာတိဖြစ်တဲ့ မြန်မာနိုင်ငံ အကြောင်းကို မေးတဲ့ အင်တာဗျူး တစ်ခုမှာ UFC အကျော်အမော် ဂျိုရှူအာဗန်က သူဟာ ပြည်တွင်းမှာ ကျန်နေတဲ့ ဆွေမျိုးသားချင်းတွေကနေတဆင့် မွေးရပ်မြေရဲ့ သတင်းတွေကို အမြဲတမ်း နားစွင့်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။

    ဒါဟာ သိုင်း​ပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာ​ပေါ်မှာ နာမည်အ​ကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအ​နေနဲ့ပထမဆုံးချန်ပီယံဖြစ်လာတာပါ။

    ဂျိုရှုအာဗန်က UFC ပြိုင်ပွဲမှာ ၁၀ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၉ ပွဲအထိ အနိုင်ရခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။

    အောင်နိုင်မှုဟာ သူ့ကို မိုးပေါ်ရောက်နေသလို ခံစားရစေမှာဖြစ်ပြီး မြန်မာနိင်ငံအကြောင်း လူတိုင်းသိအောင် စွမ်းဆောင်ပြခွင့် ရမယ်ဆိုရင် သူ့အတွက် အရမ်းထူးကဲမှာဖြစ်ကြောင်းလည်း ဗန်က ဖွင့်ဟခဲ့ပါတယ်။

    ကိုးကား-Straits Times -UFC fighter Joshua Van hopes his success will put spotlight on Myanmar crisis

  • လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင်

    လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင်

    လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင် ဘာလို့ Social Punishment အဆင့်အထိရောက်သွားလဲဆိုတာကို အရင်လေ့လာပါ။

    နားလည်ပေးပါလို့ ပြောကြေးဆိုရင် ‌မင်းအောင်လှိုင်က ငါတောင်းပန်ပါတယ်လို့ပြောရင်ရော နားလည်ပေးကြမှာလား?

    အမေကိုဖမ်းမမိရင်သားကိုဖမ်းတယ်။

    သားကို ဖမ်းမရရင် အဘိုး၊အဘွားကို ဖမ်းတယ်။

    အဘိုး၊အဘွားကို ဖမ်းမရရင် အိမ်မှာရှိတဲ့သူတွေကို မတရားဖမ်းဆီးထောင်ချပစ်ပါတယ်။

    စစ်အုပ်စုဟာ ဘက်ပေါင်းစုံကနေ စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်နေပါတယ်။

    အခု ဗရော်နီကာလို လူမျိုးတောင် စစ်အုပ်စု ကိုယ်စားပြု ကစား‌သမားတွေနဲ့တွဲမြင်ရတာက လူတစ်‌ယောက်ရဲ့ ရပ်တည်ချက်ဘာလဲ ဆို‌တဲ့ မေးခွန်းထွက်လာပါတယ်။

    တစ်ဖက်ကလဲ ကျနော်တို့ Boycott & Social Punishment ကို ကျရှုံးအောင် ဘာစကားနဲ့ ဝါဒဖြန့်စစ်‌ဆင်ရေးလုပ်သလဲ ဆိုရင် “ငါနဲ့မတူ ငါ့ရန်သူ ” ဘလာ ဘလာ အစရှိတဲ့စကားလုံးတွေနဲ့ပါ။

    ငါနဲ့မတူ ငါ့ရန်သူ လုပ်တာသည် ဘယ်သူလဲ ?

    ရပ်တည်ချက်၊ယုံကြည်ချက်အတွက် ဆီးဂိမ်းပြိုင်ပွဲတင်မက ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းရဲ့ ခေါင်းစီးက စစ်အုပ်စု ရဲ့ အသုံးချခံဖြစ်မှာမို့လို့ မယှဉ်ပြိုင်တော့ပဲ ကစားသမားဘ၀ကို စွန့်လွှတ်ထားခဲ့တဲ့ သူတွေရဲ့ ရပ်တည်ချက်ကရော အတော်ဈေးပေါပါသလား?

    တရားမျှမျှတတမေးခွန်းထုတ်စေချင်ပါတယ်။

    ယုံကြည်ချက်နဲ့ရပ်တည်ချက်အတွက်နာကျင်နေရသူ၊ပေးဆပ်နေရသူ မိသားစု များစွာရှိတဲ့နိုင်ငံပါ။

    လူထုကြောင့် စင်ပေါ်ရောက်လာသူတွေက လူထုကို အရွဲ့တိုက်တာ စော်ကားတာလုပ်ကို လုပ်ခွင့်မရှိပါ။

    တော်လှန်ရေးကာလ ၅ နှစ်ရှိပါပြီ။

    ကိုယ်တိုင်စစ်ရှောင်ခဲ့ရပါတယ်ဆိုတဲ့သူတွေဆီမှာတောင် မှန်ကန်တဲ့ တော်လှန်ရေးရပ်တည်ချက်မရှိရင် တော်လှန်ရေးဆိုတာ ဘာမှတန်ဖိုးမရှိတဲ့ရပ်တည်ချက်ဖြစ်သွားမှာပါ။

    အမြဲတမ်းကိုယ်တွေဘက်ခြမ်းမှာပဲ ပွဲ ဖြစ်ပါတယ်။

    အဲလို ဖြစ်ရတာကလဲ ရှင်းပါတယ် ပြတ်သားရမဲ့နေရာတွေမှာလိုတစ်မျိုး၊မလိုတစ်မျိူး၊သူ့လူတစ်မျိုး၊ငါ့လူတစ်မျိုးလုပ်နေကြလို့ပါ။

    စိတ်‌ဓာတ်တွေပြင်ဆင်ကြပါ။ပြတ်သားကြပါ။