Category: News

  • စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ

    စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ

    ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်ကောင်စီလက်​ရွေးစဥ်အားကစားသမားတွေနဲ့ ဓါတ်ပုံတင်ခဲ့တဲ့လက်ဝှေ့မယ် ဘရော်နီကာဟာ ​တော်လှန်ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်မှုခံနေရပြီဖြစ်ပါတယ်။

    ဘရော်နီကာက ဒီဇင်ဘာ ၁၅ ရက်က ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်​ကောင်စီ လက်​ရွေးစဥ်အားကစားသမား ၂ ဦးနဲ့ သူငယ်ချင်းတွေဆိုပြီး ဓါတ်ပုံတွဲရိုက်ပြီး “ဒီရက် အား​ပေးရကျိုးနပ်” လို့​ရေးပြီးဓါတ်ပုံနဲ့တင်ခဲ့‌တာကြောင့် ​တော်လှန်ပြည်သူ​တွေ၊​တော်လှန်​ရေးလုပ်​နေသူ​တွေက ပြင်းထန်စွာ ဝေဖန်​နေပြီး လူမှု​ရေးပြစ်ဒဏ်ခတ်ကြဖို့ ​တိုက်တွန်း​နေကြပါတယ်။

    အားကစားသမားချင်းရင်းနှီးလို့အား​ပေးချင်ရင်​တောင် ကိုယ့်ဘာသာအား​ပေးပြီး ဓါတ်ပုံမတင် ၊ပိုစ်မ​ရေးရင် ပရိတ်သတ်​တွေအ​နေနဲ့ နားလည်ခွင့်လွတ်​ပေးနိုင်​ပေမယ့် အခုလို ပို့စ်တင်တဲ့အတွက် လူမှု​ရေးပြစ်ဒဏ်ခတ်ကြတာလို့​​ရေးသား​နေကြပါတယ်။

    အာဏာသိမ်းစစ်တပ် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့သလို ယ​နေ့အထိလည်း အကြမ်းဖက်သတ်ဖြတ်​နေဆဲဖြစ်ပါတယ်။

    တဖက်မှာ စစ်အုပ်စုက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု နဲ့ တရားဝင်မှုရ​အောင် နိုင်ငံဟာ တည်ငြိမ်​နေသ​ရောင်၊ပုံမှန်လည်ပါတ်​နေသ​ယောင် ​ဖျော်​ဖြေ​ရေးပွဲ​တွေ ၊အားကစားပွဲ​​တွေ နဲ့ ဝါဒဖြန့်​လေ့ရှိပါတယ်။

    အားကစားက နိုင်ငံ​ရေးနဲ့မဆိုင်ဘူးလို့တချို့ကဆိုကြ​ပေမယ့် စစ်တပ်အာဏာသိမ်းစကတည်းကစစ်အုပ်စုကိုဖီဆန်ပြီး CDM လုပ်ခဲ့တဲ့ အားကစားသမား​တွေများစွာရှိခဲ့ပါတယ်။

    တဖက်မှာ စစ်​ကောင်စီကိုယ်စားပြုယှဥ်ပြိုင်ကြတဲ့ကစားသမား​တွေကို လူမှု​ရေးပြစ်ဒဏ်ခတ်မှုရှိ​နေချိန်မှာ ဘ​ရော်နီကာက အခုလို့ပိုစ်တင်တာ​ကြောင့်လူမှု​ရေးပြစ်ဒဏ်ခတ်တာလို့​ရေးသား​နေကြပါတယ်။

    ဘရော်နီကာက စစ်ကောင်စီလက်အောက်ခံ အားကစားသမားတွေနဲ့ ပုံတွေကို လူမှုကွန်ရက်မှာတင်ပြီး အောင်ပွဲခံတာကြောင့် စစ်ကောင်စီကို တစ်ဖက်လှည့်နဲ့ အားပေးသလို ဖြစ်တဲ့အပေါ် ပြည်သူတွေက ဝေဖန်တာဖြစ်ပေမယ့် ပြန်လည်ဖြေရှင်းချက်မှာတော့ အဲဒီ့ကိစ္စကို ပွင့်ပွင့်လင်းလင်းမရေးသားခဲ့ပါဘူး။

    ဒါကြောင့် Boycott ကိစ္စတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်တဲ့ Fncc Burma Fact Check Community ပေ့ခ်ျကနေ ဘရော်နီကာကို လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဘရော်နီကာရဲ့ ပို့စ်အောက်မှာလည်း တော်လှန်ရေးမှာပါဝင်​နေသူတွေက သူမရဲ့ လုပ်ရပ်အပေါ် ဝေဖန်ထားတာတွေတွေ့ရပါတယ်။

    “အစ်မအနေနဲ့ အစ်မခံယူချက်ကိုဘအသ်ိဆုံးဆိုရင် အဲ့ခံယူချက်အတိုင်းပြတ်ပြတ်သားသားနေသင့်ပါတယ်။ ဒီချိန်မှာ စခ နဲ့ ဆက်နွှယ်နေရဲ့အရာမှန်သမျှ Social Punishment လုပ်ရမှာပါပဲ။ အစ်မကိုအားပေးတဲ့ထဲမှာ တော်လှန်ပြည်သူဖက်က လေးပုံသုံးပုံလောက်ရှိတယ်ဆိုတာမမေ့ပါနဲ့” လို့ ပြည်သူတစ်ဦးက ဘရော်နီကာရဲ့ ပို့စ်မှာ မှတ်ချက်ပေးထားပါတယ်။

    ဘရော်နီကာကတော့ ဝေဖန်သူတွေကို ဂရုမစိုက်တဲ့ ပုံစံနဲ့ ပေ့ခ်ျမှာရော အကောင့်မှာပါ ရုပ်ပြောင်ပုံတွေ ထပ်တင်ခဲ့ပါတယ်။

    “Ok ။Thank you ။ အဆိပ်နဲ့ ရောထားတဲ့ အစာဟာဆေးမဟုတ်ဘူး ။ အာဟာရ မဖြစ်ဘူး။ ချီးကို ကိုယ်စားပြုတာ လောက်ပါပဲ။ Boycott ပါပဲဗျာ ။ စိုးရိမ်နေခဲ့တာ လူလို နားမလည်ထဲ့ မင်းမပါဖို့ ။” လို့ Justice Soldier PDF က ကိုဇွဲက ဘရော်နီကာရဲ့ ပုံကိုရှဲပြီးမျှဝေထားပါတယ်။

    ဘရော်နီကာက သူမကိုဝေဖန်ထားတဲ့ KNDF ရဲ့ ထောက်ပို့တပ်သားတစ်ဦးဖြစ်တဲ့ မိထော်ရဲ့ ပို့စ်ကိုလည်း “မိထော်ရဲ့ မန့်ကိုလည်း ဝင်အားပေးအုံး။ မိထော်က ဘာမိထော်လည်း‌ဆိုတာ မန့်မှာတွေ့ရမှာပါ။ ငါတော့သူ့ကိုမသိဘူးနော်” လို့ ရိတိတိထပ်မံရေးသားကာမျှဝေခဲ့ပါတယ်။

    မိထော်ဆိုတာက KNDF ရဲ့ ရန်ပုံငွေရှာဖွေရေး တာဝန်ခံတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ရင်သွေးလေးမွေးဖွား‌ထားပေမယ့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေသူပါ။

    အဲဒီ့လိုလူအပေါ် ဘရော်နီကာရဲ့ ရေးသားမှုကို တော်လှန်ရေးဘက်တော်သားတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဘရော်နီကာဘက်က ပြန်လည်တောင်းပန်တာမျိုးမရှိပေမယ့် အဲဒီ့ပို့စ်ကိုတော့ ဒီနေ့ညပိုင်းရှာမတွေ့တော့ပါဘူး ။

    ဝေဖန်မှုတွေအပေါ် ဘရော်နီကာ က တိုက်ခိုက်ရေးသမားတွေက အမြင့်ဆုံးအဆင့်ကိုရောက်ဖို့ ပံ့ပိုးမှုလိုအပ်ကြောင်း နဲ့ အဲဒီ့ပံ့ပိုးမှုကိုရရှိဖို့ မြန်မာကိုယ်စားပြုကနေ ကမ္ဘာ့ချန်ပီယံဖြစ်လာအောင် လုပ်ဆောင်နိုင်မယ်လို့ ဒီနေ့(ဒီဇင်ဘာ ၁၆)မှာ ထပ်​မံသားထားပါတယ်။

    “ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်ခံယူချက် ကျွန်တော်အသိဆုံးပါ။ ကျွန်တော်ဟာအားလုံးအတွက် တိုက်ပွဲဝင်နေတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ အားပေးတဲ့တစ်ယောက်စီတိုင်း ကျေးဇူးတင်ပါတယ်”လို့ ပြန်လည်ဖြေ‌ရှင်းခဲ့ပါတယ်။

    ပြည်သူအများစုကတော့ ဘရော်််နီကာရဲ့ ပေ့ခ်ျနဲ့ အကောင့်တွေကို Unfollow လုပ်နေကြပြီး Follower အရေအတွက် ဆက်တိုက်ကျနေတာ‌ကိုတွေ့ရပါတယ်။

    ဘရော်နီကာက ကယန်းလက်ဝှေ့မယ်အနေနဲ့ ပြည်သူတွေ ရဲ့ ထောက်ခံအားပေးမှုရခဲ့တာဖြစ်ပြီး တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေ မျှဝေတာ မရှိပေမယ့်လည်း ပြစ်တင်တာမျိုးမရှိခဲ့ပါဘူး။

    လက်ရှိပုံတင်ခဲ့တဲ့ နော်ဥမ္မာစိုး နဲ့ အရင်ကတည်း ပုံတင်တာတွေရှိပေမယ့် ဒီတစ်ကြိမ်က စစ်တပ် လက်အောက်ခံ နိုင်ငံကိုယ်စားပြုဖြစ်နေတာကြောင့် ဝေဖန်ခဲ့ကြတာပါ။

    “အဖိနှိပ်ခံ ရက်ရက်စက်စက်လုပ်ခံထိနေတဲ့ ပြည်သူတွေကိုမှ ကိုယ်ချင်းမစာနာ စစ်အုပ်စု/စကမကစေလွှတ်တဲ့ စကမ ကိုယ်စားပြုတဲ့သူတွေကို အားပေးမှတော့ စကမ အားပေးဆိုတာ ကလေးတောင်သိတယ်။ ကိုယ့်ဘက်က ဓမ္မ ဘက်တော်သားတွေ အားပေးနေကြလို့ တဖြည်းဖြည်းသဘောကျလာတာ။ Follow တောင်လုပ်တော့မလို့ ။ တာတ့ာပဲငါတို့က အမှတ်ရှိတယ်ဟေ့။ အမှတ်မရှိတဲ့သူတွေကတော့ ပလူးကြပေါ့” လို့ မြေပြင်မှာ ဆေးကုသမှုတွေပြုလုပ်ပေးနေတဲ့ ခွဲစိတ်အထူးကုဒေါက်တာ မျိုးခန့်ကိုကိုကလည်း ရေးသားထားပါတယ်။

    အမှန်က ပရိတ်သတ်ကို အထင်သေးတာပါ။

    နာမည်ကြီးလာပြီဆိုရင် ဒီပရိတ်သတ်ကြောင့် နာမည်ကြီးလာတာကို မေ့သွားကြတယ်။

    ပြီးတော့ ပရိတ်သတ်ကလဲ အရူးကွက်လေးနင်း နည်းနည်းချော့၊ လှူပြလိုက်ရင် ပါသွားတာကိုး အခုထိလဲ အကြိမ်တော်တော်များများ အဲပုံစံနဲ့ခံနေရတာပဲ။

    ပရိတ်သတ်ကလဲ ရပ်တည်ချက်ကို ကြည့်ပြီး အားပေးပါ။ပြတ်သားပါ။

    အပေါစားပရိတ်သတ်မလုပ်ပဲ စစ်မှန်တဲ့ ပရိတ်သတ်လုပ်နိုင်ကြရင် ဘယ်သူကမှ ပရိတ်သတ်ပြည်သူကို မခန့်လေးစားမလုပ်ရဲပါဘူး။

  • နွေဦးတော်လှန်ရေးမဟာမိတ်တပ်​ပေါင်းစု-SRA ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ စတင်ဖွဲ့စည်း

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်​ပေါင်းစု-SRA ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ စတင်ဖွဲ့စည်း

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းကြောင်း အဆိုပါ SRAက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)​၊ ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ယောတပ်တော်(YA)၊ ယောကာကွယ်ရေးတပ်(YDF)၊ 96 Soldiers PDF၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော် (BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့​ဖော်ပြထားပါတယ်။

    ဒါ​ကြောင့် SRA မှာ အာဏာသိမ်းစစ်တပ်ကို ​တော်လှန်တိုက်ခိုက်​နေတဲ့ အဖွဲ့​တွေ များစွာပါဝင်​နေတာဖြစ်ပါတယ် ။

    နွေဦးတော်လှန်ရေးမဟာမိတ် – SRAကို ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့ဟာ ၂ဝ၂၅ မေလမှာ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာ ပထမအပတ်မှာ တပ်ဖွဲ့ (၁၄) ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့တယ်လို့ ​ဖော်ပြပါတယ်။

    အဲဒီကတဆင့် ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီးတပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာနိုဝင်ဘာ ၂၁ ရက်ကစတင်ပြီး (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

    အဲဒီညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA)ကို အဖွဲ့ဝင်တပ်ဖွဲ့ (၁၉) ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ညီလာခံအတွင်း တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့ တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးတဲ့ အခြားသော နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်မံဖိတ်ခေါ်သွားမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာစေဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

    အခုပေါင်းစည်းလိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

    လက်ရှိကာလမှာ လူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံနဲ့ စစ်ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နဲ့ အမျှကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေလူမှုစီးပွားအကြပ်အတည်းများ ရင်ဆိုင် နေရပြီး အဲဒီအကြပ်အတည်းမှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက်ဖို့ တပ်ပေါင်းစုအားနဲ့တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

    နွေဦးတော်လှန်ရေးရဲ့ လွှမ်းခြုံကွပ်ကဲမှုနဲ့ ချိတ်ဆက်မှုအားနည်းချက်တွေကို ပြင်ဆင်ပြီး အဖွဲ့အစည်းတွေဟာ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစု အသွင်နဲ့ ရပ်တည်သွားရန်နဲ့ ရှင်းလင်းပြီး ထိရောက် အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။

    ဒါ့အပြင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ကတိပြုထားပါတယ်။

  • ဗီရိုနီကာ သင်ခန်းစာ

    ဗီရိုနီကာ သင်ခန်းစာ

    မြန်မာ့နွေဦးတော်လှန်ရေး ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု၏ သဘောထားမှာ အလွန်ရှင်းလင်းပြတ်သားပါသည်။ ထိုပြတ်သားမှုမှာ “အာဏာရှင်နှင့် ပတ်သက်လျှင် ကြားနေမရှိ၊ ခွင့်လွှတ်ခြင်းမရှိ” ဟူသော အချက်ပင်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေပန်းစားနေသည့် နာမည်ကျော် ဖိုက်တာ ဗီရိုနီကာ ၏ ဖြစ်စဉ်က ထိုအချက်ကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်။

    ဗီရိုနီကာသည် One Championship ကြိုးဝိုင်းအတွင်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့မှုကြောင့် ပြည်သူများ၏ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိခဲ့သူဖြစ်သည်။ သို့သော် စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအောက်တွင် စေလွှတ်မည့် ဆီးဂိမ်း အားကစားသမားများကို သွားရောက်အားပေးခဲ့သည့် လုပ်ရပ်တစ်ခုတည်းက သူမအား “ပြည်သူ့ချစ်တော်” ဘဝမှ “ဝေဖန်ရှုတ်ချခံရသူ” ဘဝသို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

    ဤအပြောင်းအလဲသည် ပြည်သူလူထုအနေဖြင့် ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အောင်မြင်မှုစွဲတို့ထက် “မူဝါဒနှင့် တရားမျှတမှု” ကိုသာ ဦးထိပ်ထားကြောင်း မီးမောင်းထိုးပြနေသည်။

    “အားကစားနှင့် နိုင်ငံရေး မသက်ဆိုင်” ဟူသော ခေါင်းစဉ်သည် ပုံမှန်အခြေအနေတွင် မှန်ကန်နိုင်သော်လည်း၊ လူမျိုးတုံး သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက် စစ်အုပ်စု လက်အောက်တွင်မူ ထိုစကားရပ်သည် အသက်မဝင်တော့ပေ။

    စစ်ကော်မရှင်သည် နိုင်ငံတကာ အသိအမှတ်ပြုမှု (Legitimacy) ရရှိရေးအတွက် အားကစားကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချနေခြင်းကို ပြည်သူများက ကောင်းစွာ သဘောပေါက်ထားကြသည်။ ထို့ကြောင့် စစ်ကော်မရှင်အလံအောက်မှ ဝင်ပြိုင်ခြင်းသည် နိုင်ငံကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ၊ အာဏာရှင်သက်ဆိုးရှည်ရေးအတွက် ထောက်တိုင်တစ်ခု ဖြစ်လာသည်ဟု ပြည်သူများက ခံယူထားကြသည်။

    အထူးသဖြင့် ကယန်းတိုင်းရင်းသူ ဗီရိုနီကာအနေဖြင့် ၎င်း၏ မျိုးနွယ်စုများနေထိုင်ရာ ဒေသအပါအဝင် နိုင်ငံတစ်ဝှမ်း မီးရှို့သတ်ဖြတ်ခံနေရမှုများကို လျစ်လျူရှုကာ၊ ထိုဒုက္ခများကို ဖန်တီးနေသူများ၏ ကိုယ်စားလှယ်များကို အားပေးခြင်းမှာ “ရှေ့နောက်မညီသော သွေးအေးမှု” ဟု ပရိသတ်များက ရှုမြင်ကြသည်။

    “လူသတ်ကြံရာပါတွေကို လက်ခုတ်တီးတဲ့လက်နဲ့ စစ်ရှောင်တွေကို မုန့်မကျွေးမိပါစေနဲ့” ဟူသော ဝေဖန်သံများက ပြည်သူတို့၏ နာကျည်းမှုကို ပေါ်လွင်စေသည်။ စစ်ရှောင်များကို ကူညီခြင်းသည် လူသားချင်းစာနာမှု ဖြစ်သော်လည်း၊ စစ်ရှောင်ဘဝရောက်အောင် လုပ်ဆောင်နေသော စစ်ယန္တရားကို အားပေးခြင်းမှာမူ ခွင့်လွှတ်နိုင်စရာ မဟုတ်ပေ။

    ပြည်သူတို့၏ နှလုံးသားတွင် နေရာယူထားသူများမှာ ဖိုးသော်ကဲ့သို့ အကျဉ်းကျ အားကစားသမားများ၊ တူးတူးကဲ့သို့ အသက်ပေးသွားသူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သော လက်ရွေးစင်များသာ ဖြစ်သည်။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားနှင့် နာမည်ကျော်ကြားမှုကို စွန့်လွှတ်ကာ အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။

    ချုပ်၍ဆိုရလျှင် ဗီရိုနီကာ၏ ဖြစ်စဉ်သည် အနုပညာရှင်များ၊ အားကစားသမားများနှင့် နာမည်ကျော်ကြားသူများအတွက် ကြီးမားသော သင်ခန်းစာတစ်ခု ဖြစ်သည်။ စစ်အာဏာရှင်ကို ပြည်သူလူထု မုန်းတီးမှုသည် မည်မျှနက်ရှိုင်းသနည်းဟူမူ မည်မျှပင် အောင်မြင်ကျော်ကြားသူ ဖြစ်ပါစေ၊ အာဏာရှင်နှင့် ပူးပေါင်းမိသည်နှင့် တစ်ပြိုင်နက် ပြည်သူ့ရင်ခွင်မှ ကန်ထုတ်ခံရမည်သာ ဖြစ်သည်။

    သမိုင်းအလှည့်အပြောင်း ကာလတွင် “ကြားနေ” ဟူသည် မရှိဘဲ၊ ပြည်သူ့ဘက်မှ ရပ်တည်မလား၊ လူသတ်ဝါဒီများဘက်မှ ရပ်တည်မလား ဟူသော ရွေးချယ်မှုသာ ရှိကြောင်း ဤဖြစ်စဉ်က သက်သေထူနေပါသည်။

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ (ထင်တောင် မထင်ထားဘူး)

    ဗရော်နီကာရေ လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည် စကားကို မင်းမေ့သွားပြီလား၊ မင်းဟာ ကြိုးဝိုင်းထဲမှာ တိုက်ခိုက်တာ လိမ္မာ ပါးနပ်သလောက် အပြင်လောကမှာ မပါးနပ်ဘူးဆိုတာ အခု မင်းပြောတဲ့စကားက သက်သေပါပဲ။

    ထူးချွန်တဲ့သူကို မြန်မာ ပရိသတ်က ရင်ထဲ အသည်းထဲက ပုံအော အားပေးလေ့ ရှိပါတယ်။

    ကိုယ်ချင်းစာစိတ်လေးတော့ ရှိပါ ဗရော်နီကာရေ။ ပရိသတ်ရဲ့ သစ္စာ မဆူးပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

    နိူင်ငံရေးကို စိတ်ဝင်စားလား မဝင်စားလာဆိုတာ အဖြေပေးလိုက်တာက ဗရော်နီကာ

    မိထော်ကို မသိဘူးတဲ့ နိူင်ငံနဲ့ ပြည်သူ ကို စိတ်ဝင်စားလား မဝင်စားဘူးလာဆိုတာ
    ဒီမှာ အဖြေဘဲ ဒါဆို ဗရော်က သူကောင်းစားဖို့အတွက်သာ ကြည့်တဲ့သူပဲ သူရဲ့ပရိတ်သပ်ဘက်ကိုမရပ်တည်ဘူး နိူင်ငံနဲ့ပြည်သူအတွက် ဘာတန်ဘိုးမှမရှိဘူးဆိုတာ အဖြေပေါ်ပြီး နောက်ဆုံး ပြည်သူကို ဂျင်းထည့်သွားတာ ြပည်သူရင်ဝကို စောက်ကန်သွားတာ။

    2025 မှာ အများဆုံးတွေ့ရတာတော့
    အမှတ်မရှိတဲ့ လူတန်းစားတွေပါ။

    အမှတ်မရှိ ဆက်အားပေးနေတဲ့သူတွေလည်း
    ထိုလူတန်းစားထဲ အပါအဝင်ပါဘဲ✌️

    ဘေ ာမမယ်ဆိုလည်း မပါ
    နှစ်ဘက်ခွထိုင်ပြီးတော့
    ငါတို့မေတ္တာတွေကိုတော့ လှည့်စားမယူပါနဲ့

    ခံယူချက်ဆိုတာ ရင်ထဲမှာရှိပြီး ရပ်တည်ချက်ဆိုတာ အပြင်ထုတ်ပြရတာပါ အပြင်ထုတ်ပြဖို့အဆင်မပြေဘူးဆိုရင်လည်း ကင်းကင်းနေခြင်းဖြင့်ဖော်ပြနိုင်ပါတယ်

    စခနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ
    နည်းနည်းမှ သည်းခံပေးလို့မရပါ✌️

    မိထော်

    ချစ်သော “ဗရော်နီကာ ”

    တိုက်ခိုက်ရေး ကစားသမားတစ်ဦးဆိုတာ
    ခံယူချက်ပြင်းထန်ရပါတယ်
    သစ္စာစောင့်သိမှုနဲ့ လေးစားမှုရှိရပါတယ် ။

    ခင်ဗျားကျွန်တော့ကိုသိမှာပါ ခင်ဗျား နောင်ယား
    အားကစားရုံလေးထဲကနေ စလို့
    2013 seagmes Camp အထိ ကျွန်တော်တို့
    မကြာမကြာဆိုသလို ဆုံဖူးပါတယ် ။

    ဒီနေရာမှာ ( TT ) ကိုမေ့လို့မရပါ ။
    သို့သော် ( TT ) ကိုလည်းထည့်မရေးတော့ပါ ။

    ချစ်သော ဗရော်နီကာ တိုက်ခိုက်ရေးအားကစားသမား
    တစ်ဦးဟာ ငွေနောက်လိုက်မိရင်
    ကိုယ့်ရဲ့ဖြစ်တည်မှုအစ ကိုမေ့သွားတတ်ပါတယ်။
    ကျွန်တော်ဟာ ကျွန်တော့ အားကစားနည်းမှာ
    အောင်မြင်ကျော်ကြားတဲ့ ခုနှစ်တွေရှိခဲ့ဖူးပါတယ်
    ကျွန်တော်အောက်ခြေလွတ်ဖူးပါတယ် ။
    နည်းပြတွေရဲ့စကားကို ဆန့်ကျင်ဖူးပါတယ်
    ကျွန်တော့ လေ့ကျင့်ဖော်တွေကို
    အရိုအသေမဲ့ စွာ ဆက်ဆံဖူးပါတယ် ။

    အဲ့ဒီနှစ်အပိုင်းအခြားမှာ ကျွန်တော်စကျရှုံးပါတယ်
    ဒါဟာလူနည်းစုလေး အပေါ်ကိုပဲမာန်တက်ပြီး
    ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ပြဿနာပါ ။

    ခင်ဗျား ဆုပ်လိုက်တဲ့ လက်သီးတွေတိုင်းမှာ
    ပြည်သူတွေရဲ့ နှလုံးသားတွေပါတယ်
    ခင်ဗျား လေ့ကျင့်လို့ ထွက်လာတဲ့ချွေးမှာ
    ပြည်သူတွေရဲ့မေတ္တာပါတယ်
    ခင်ဗျားရတဲ့ ဒဏ်ရာကလည်းပြည်သူတွေရဲ့နှလုံးသား
    အနာရတဖွယ်ပါပဲ ..

    ခင်ဗျားအောင်မြင်မှ ရောက်လာတယ်ဆိုတဲ့စကားထက်
    ခင်ဗျား ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့
    ရောက်လာကြတဲ့ ပြည်သူတွေပါ ။

    အဲ့ဒီပြည်သူတွေထဲမှာ ခင်ဗျားကို လေယာဉ်ဗုံးဒဏ်တွေ
    ထဲကနေ အားပေးနေကြတဲ့ ပြည်သူတွေရှိသလို
    ခင်ဗျားပွဲတွေကို ကြည့်ဖို့ဖုန်းအားမရှိတဲ့ကြားက solar နဲ့
    စတားလင့်လေးကို ပိုက်ဆံပေးသုံးတဲ့ ပြည်သူတွေပါပါတယ် ။

    ဒါတင်မကပါဘူး ခင်ဗျားကို တိုက်ပွဲအပြန်မှာ
    ဒီည ဘယ်ရောနီကာ ပွဲရှိတယ်ဆိုပြီး
    ယူနီဖောင်းမချွတ်ဘဲ ထိုင်စောင့်အားပေးတဲ့
    ရဲဘော်တွေအများကြီးရှိပါတယ် ။

    မြို့ပေါ်မှာနေလည်း ပေါ်တာဆွဲမယ်မှန်းသိလျက်နဲ့
    လက်ဖက်ရည်ဆိုင်က ပြတဲ့ TV ဖန်သားပြင်ပေါ်က
    ခင်ဗျားပွဲကို အိမ်ပြန်နောက်ကျတဲ့အထိ
    အားပေးခဲ့ကြတဲ့ ပြည်သူတွေလည်းရှိပါတယ် ။

    ဆိုတော့ ဒီပြည်သူတွေဟာ ခက်ခဲပင်ပန်း
    ဆင်းရဲကြပ်တည်းမှုတွေကြားက ခင်ဗျားကို
    သည်းသည်းလှုပ် အားပေးခဲ့ကြသူတွေပါ ။

    တိုက်ခိုက်ရေးသမားဆိုတာ ကိုယ့်အသားကို
    အကြိမ်ရေ အများကြီးအနာခံပြီး
    ထိုးကြိတ်ပြီးမှ ထမင်းစားသောက်ရတာပါ
    ဒါကြောင့် သူများတွေကို အသားမနာစေချင်တဲ့
    ဆန္ဒတွေပိုများပါတယ် ။ ဒါကို ကိုယ်ချင်းစာတရား
    လို့ခေါ်ပါတယ် ။

    ဒီလိုဆို အများပြည်သူကို နှလုံးသားနာစေတဲ့
    ပြောဆိုမှုတွေ အလေးမထားမှုတွေကို
    စိတ်လိုက်မာန်ပါ မလုပ်ဖို့ တိုက်တွန်းပါတယ် ။

    ဒါနောက်ဆုံးပါပဲ ..

    ” တိုက်ခိုက်ရေးသမားဆိုတာ ပိုယဉ်ကျေးရတယ်
    ပိုသိမ်မွေ့ရတယ် ပိုပြီး စောင့်ထိန်းရတယ်”

    ပြည်သူတွေနဲ့တစ်သားတည်း ဖြစ်ကြောင်း
    မထုတ်ပြနိုင်ရင်တောင်မှ အဓမ္မ တရားကို
    ပိုခွဲခြားနိုင်တဲ့ နေရာက ပေါက်ဖွားလာတာ
    ခင်ဗျားကိုယ်စောင့်နတ်သိပါတယ် ။

    ဘုရားသခင်သိပါတယ် ။

    ချစ်ခင်လေးစားသောအားဖြင့်
    ကိုယ့် ဘဝကိုမမေ့ပါနဲ့ ပြည်သူတွေကိုမမေ့ပါနဲ့လို့
    မှာချင်ပါတယ် ။

    ဒါနောက်ဆုံးပါပဲ ။
    ချစ်တဲ့စိတ်တွေကျန်နေလို့ သတိပေးတဲ့
    သဘောပါ ခင်ဗျားကို ချစ်ခင်ကြလို့
    အဖတ်လုပ်နေကြတဲ့လူတွေဆိုတာ
    မမေ့ပါိနဲ့ …

    “ခင်ဗျားသိက္ခာကို အသပြာဖြင့်မလဲပါနဲ့
    ပြည်သူတွေရဲ့နှလုံးသားကို နာကျင်မှုမမြောက်စေနဲ့”

    Aung Sitt

  • ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ (ထင်တောင် မထင်ထားဘူး)

    ဗရော်နီကာရေ လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားကို မင်းမေ့သွားပြီလား

    မင်းဟာ ကြိုးဝိုင်းထဲမှာ တိုက်ခိုက်တာ လိမ္မာ ပါးနပ်သလောက် အပြင်လောကမှာ မပါးနပ်ဘူးဆိုတာ အခု မင်းပြောတဲ့စကားက သက်သေပါပဲ။

    ထူးချွန်တဲ့သူကို မြန်မာ ပရိသတ်က ရင်ထဲ အသည်းထဲက ပုံအော အားပေးလေ့ ရှိပါတယ်။

    ကိုယ်ချင်းစာစိတ်လေးတော့ ရှိပါ ဗရော်နီကာရေ။ ပရိသတ်ရဲ့ သစ္စာ မဆူးပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

    နိူင်ငံရေးကို စိတ်ဝင်စားလား မဝင်စားလားဆိုတာ အဖြေပေးလိုက်တာက ဗရော်နီကာ

    မိထော်ကို မသိဘူးတဲ့ နိူင်ငံနဲ့ ပြည်သူ ကို စိတ်ဝင်စားလား မဝင်စားဘူးလာဆိုတာ ဒီမှာ အဖြေပဲ။

    ဒါဆို ဗရော်နီကာက သူကောင်းစားဖို့အတွက်သာ ကြည့်တဲ့သူပဲ

    သူရဲ့ပရိသတ်ဘက်ကိုမရပ်တည်ဘူး

    နိူင်ငံနဲ့ပြည်သူအတွက် ဘာတန်ဘိုးမှမရှိဘူးဆိုတာ အဖြေပေါ်ပြီး နောက်ဆုံး ပြည်သူကို ဂျင်းထည့်သွားတာ ပြည်သူ့ရင်ဝကို ဆောင့်ကန်သွားတာ။

    2025 မှာ အများဆုံးတွေ့ရတာတော့

    အမှတ်မရှိတဲ့ လူတန်းစားတွေပါ။

    အမှတ်မရှိ ဆက်အားပေးနေတဲ့သူတွေလည်း
    ထိုလူတန်းစားထဲ အပါအဝင်ပါဘဲ✌️

    ဘေ ာမမယ်ဆိုလည်း မပါ
    နှစ်ဘက်ခွထိုင်ပြီးတော့
    ငါတို့မေတ္တာတွေကိုတော့ လှည့်စားမယူပါနဲ့

    ခံယူချက်ဆိုတာ ရင်ထဲမှာရှိပြီး ရပ်တည်ချက်ဆိုတာ အပြင်ထုတ်ပြရတာပါ အပြင်ထုတ်ပြဖို့အဆင်မပြေဘူးဆိုရင်လည်း ကင်းကင်းနေခြင်းဖြင့်ဖော်ပြနိုင်ပါတယ်

    စခနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ
    နည်းနည်းမှ သည်းခံပေးလို့မရပါ✌️

    မိထော်

    ချစ်သော “ဗရော်နီကာ”

    တိုက်ခိုက်ရေး ကစားသမားတစ်ဦးဆိုတာ
    ခံယူချက်ပြင်းထန်ရပါတယ်
    သစ္စာစောင့်သိမှုနဲ့ လေးစားမှုရှိရပါတယ် ။

    ခင်ဗျားကျွန်တော့ကိုသိမှာပါ ခင်ဗျား နောင်ယား
    အားကစားရုံလေးထဲကနေ စလို့
    2013 seagmes Camp အထိ ကျွန်တော်တို့
    မကြာမကြာဆိုသလို ဆုံဖူးပါတယ် ။

    ဒီနေရာမှာ ( TT ) ကိုမေ့လို့မရပါ ။
    သို့သော် ( TT ) ကိုလည်းထည့်မရေးတော့ပါ ။

    ချစ်သော ဗရော်နီကာ တိုက်ခိုက်ရေးအားကစားသမား
    တစ်ဦးဟာ ငွေနောက်လိုက်မိရင်
    ကိုယ့်ရဲ့ဖြစ်တည်မှုအစ ကိုမေ့သွားတတ်ပါတယ်။
    ကျွန်တော်ဟာ ကျွန်တော့ အားကစားနည်းမှာ
    အောင်မြင်ကျော်ကြားတဲ့ ခုနှစ်တွေရှိခဲ့ဖူးပါတယ်
    ကျွန်တော်အောက်ခြေလွတ်ဖူးပါတယ် ။
    နည်းပြတွေရဲ့စကားကို ဆန့်ကျင်ဖူးပါတယ်
    ကျွန်တော့ လေ့ကျင့်ဖော်တွေကို
    အရိုအသေမဲ့ စွာ ဆက်ဆံဖူးပါတယ် ။

    အဲ့ဒီနှစ်အပိုင်းအခြားမှာ ကျွန်တော်စကျရှုံးပါတယ်
    ဒါဟာလူနည်းစုလေး အပေါ်ကိုပဲမာန်တက်ပြီး
    ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ပြဿနာပါ ။

    ခင်ဗျား ဆုပ်လိုက်တဲ့ လက်သီးတွေတိုင်းမှာ
    ပြည်သူတွေရဲ့ နှလုံးသားတွေပါတယ်
    ခင်ဗျား လေ့ကျင့်လို့ ထွက်လာတဲ့ချွေးမှာ
    ပြည်သူတွေရဲ့မေတ္တာပါတယ်
    ခင်ဗျားရတဲ့ ဒဏ်ရာကလည်းပြည်သူတွေရဲ့နှလုံးသား
    အနာရတဖွယ်ပါပဲ ..

    ခင်ဗျားအောင်မြင်မှ ရောက်လာတယ်ဆိုတဲ့စကားထက်
    ခင်ဗျား ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့
    ရောက်လာကြတဲ့ ပြည်သူတွေပါ ။

    အဲ့ဒီပြည်သူတွေထဲမှာ ခင်ဗျားကို လေယာဉ်ဗုံးဒဏ်တွေ
    ထဲကနေ အားပေးနေကြတဲ့ ပြည်သူတွေရှိသလို
    ခင်ဗျားပွဲတွေကို ကြည့်ဖို့ဖုန်းအားမရှိတဲ့ကြားက solar နဲ့
    စတားလင့်လေးကို ပိုက်ဆံပေးသုံးတဲ့ ပြည်သူတွေပါပါတယ် ။

    ဒါတင်မကပါဘူး ခင်ဗျားကို တိုက်ပွဲအပြန်မှာ
    ဒီည ဘယ်ရောနီကာ ပွဲရှိတယ်ဆိုပြီး
    ယူနီဖောင်းမချွတ်ဘဲ ထိုင်စောင့်အားပေးတဲ့
    ရဲဘော်တွေအများကြီးရှိပါတယ် ။

    မြို့ပေါ်မှာနေလည်း ပေါ်တာဆွဲမယ်မှန်းသိလျက်နဲ့
    လက်ဖက်ရည်ဆိုင်က ပြတဲ့ TV ဖန်သားပြင်ပေါ်က
    ခင်ဗျားပွဲကို အိမ်ပြန်နောက်ကျတဲ့အထိ
    အားပေးခဲ့ကြတဲ့ ပြည်သူတွေလည်းရှိပါတယ် ။

    ဆိုတော့ ဒီပြည်သူတွေဟာ ခက်ခဲပင်ပန်း
    ဆင်းရဲကြပ်တည်းမှုတွေကြားက ခင်ဗျားကို
    သည်းသည်းလှုပ် အားပေးခဲ့ကြသူတွေပါ ။

    တိုက်ခိုက်ရေးသမားဆိုတာ ကိုယ့်အသားကို
    အကြိမ်ရေ အများကြီးအနာခံပြီး
    ထိုးကြိတ်ပြီးမှ ထမင်းစားသောက်ရတာပါ
    ဒါကြောင့် သူများတွေကို အသားမနာစေချင်တဲ့
    ဆန္ဒတွေပိုများပါတယ် ။ ဒါကို ကိုယ်ချင်းစာတရား
    လို့ခေါ်ပါတယ် ။

    ဒီလိုဆို အများပြည်သူကို နှလုံးသားနာစေတဲ့
    ပြောဆိုမှုတွေ အလေးမထားမှုတွေကို
    စိတ်လိုက်မာန်ပါ မလုပ်ဖို့ တိုက်တွန်းပါတယ် ။

    ဒါနောက်ဆုံးပါပဲ ..

    ” တိုက်ခိုက်ရေးသမားဆိုတာ ပိုယဉ်ကျေးရတယ်
    ပိုသိမ်မွေ့ရတယ် ပိုပြီး စောင့်ထိန်းရတယ်”

    ပြည်သူတွေနဲ့တစ်သားတည်း ဖြစ်ကြောင်း
    မထုတ်ပြနိုင်ရင်တောင်မှ အဓမ္မ တရားကို
    ပိုခွဲခြားနိုင်တဲ့ နေရာက ပေါက်ဖွားလာတာ
    ခင်ဗျားကိုယ်စောင့်နတ်သိပါတယ် ။

    ဘုရားသခင်သိပါတယ် ။

    ချစ်ခင်လေးစားသောအားဖြင့်
    ကိုယ့် ဘဝကိုမမေ့ပါနဲ့ ပြည်သူတွေကိုမမေ့ပါနဲ့လို့
    မှာချင်ပါတယ် ။

    ဒါနောက်ဆုံးပါပဲ ။
    ချစ်တဲ့စိတ်တွေကျန်နေလို့ သတိပေးတဲ့
    သဘောပါ ခင်ဗျားကို ချစ်ခင်ကြလို့
    အဖတ်လုပ်နေကြတဲ့လူတွေဆိုတာ
    မမေ့ပါိနဲ့ …

    “ခင်ဗျားသိက္ခာကို အသပြာဖြင့်မလဲပါနဲ့
    ပြည်သူတွေရဲ့နှလုံးသားကို နာကျင်မှုမမြောက်စေနဲ့”

    Aung Sitt

  • ရန်ကုန်တွင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များဖမ်းဆီးမှုကို အရှိန်မြှင့်နေ

    ရန်ကုန်တွင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များဖမ်းဆီးမှုကို အရှိန်မြှင့်နေ

    ရန်ကုန်မြို့တွင် တရားမဝင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များ ဖမ်းဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

    ယခင်က ရပ်ကွက်များအတွင်း ညဘက် ကင်းလှည့်ခြင်းကို ရဲတပ်ဖွဲ့က ပုံမှန် လုပ်ဆောင်လေ့မရှိ သော်လည်း ယခုအခါ ညစဉ် ကင်းလှည့်ကာ လမ်းမပေါ်နှင့် လမ်းမနံဘေးရှိ လူငယ်များအား ဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

    “ဘယ်လောက်ထိ ဖမ်းမိသလဲဆိုတဲ့ စာရင်းကတော့ မရှိဘူး။ဘာလို့လဲဆိုတော့ အားလုံးက စာ ရင်းပျောက်ချည်းပဲ။ ဖမ်းမိရင် ငွေညှစ်တယ်။ငွေမပေးနိုင်ရင် စစ်မှုထမ်းထဲ ရောင်းစားတယ်ဆိုတော့ ဘာစာရင်းမှ မရှိဘူး”ဟု ၎င်းက ပြောသည်။

    ဖမ်းဆီးမိသော လူငယ်များကို စစ်မှုထမ်းထဲသို့ ရောင်းစားပါက ၁၀သိန်းမှ ၁၅သိန်းအထိ ရရှိနေသော ကြောင့် ရန်ကုန်တွင် စစ်တပ်၊ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့်ချိတ်ဆက်လုပ်စားနေသော ပျူစောထီးနှင့် လူရောင်းစားဂိုဏ်းတို့က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လိုက်ဖမ်းနေကြကြောင်း သိရသည်။

    “ညဘက် ကိုယ့်ရပ်ကွက်ထဲက လမ်းဘေးမှာထိုင်ပြီး သောက်နေတယ်။ဂစ်တာတီးနေတယ်။ အိမ်အ ပြန်နောက်ကျတယ်။ ဖမ်းတဲ့ကောင်တွေနဲ့ တည့်တည့်တိုးရင် ပါတာပဲ။ မကြာသေးဘူး၊ အလုံမှာ လက်ဖက်ရည်ဆိုင်ကကောင်လေး ဆိုင်ပိတ်တဲ့အချိန် ဆိုင်ရှေ့မှာ ခဏထိုင်နေတာ ဆွဲစေ့ခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

    ရန်ကုန်မြို့တွင် ဒီဇင်ဘာ၈ရက်မှ ၁၄ ရက်အတွင်း လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ၁၁ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၆ ဦး၊ ရှာဖွေဖမ်းဆီးခံရသူ ၂ ဦးနှင့် ဖမ်းဆီးသည့်ပုံစံမသိရသူ ၆ ဦး စုစုပေါင်း ၂၅ ဦးရှိကြောင်း Rangoon Scout Network က ယနေ့(ဒီဇင်ဘာ ၁၅ ရက်)သတင်းထုတ်ပြန် သည်။

    ဒီဇင်ဘာပထမပတ်အတွင်းကလည်း ရန်ကုန်တွင် လမ်းဘေး၌ အရက်သောက်နေသည်ဟုဆိုကာ ရဲနှင့် အရပ်ဝတ်တို့၏ ဖမ်းဆီးခြင်းခံရသူ အယောက် ၄၀ ရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။