Category: News

  • Every You Every Me

    Every You Every Me

    Every You Every Me (2024)

    သမီးနှစ်ယောက်ရဲ့ အမေ၊ တစ်ခုလပ်ဖြစ်သူ နာဒီးဟာ စိတ်ဓာတ်သန်မာတဲ့အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ ကျောက်မီးသွေးတူးဖော်တဲ့ မိုင်းတွင်းက ယာဉ်တွေကို ပြင်ပေးရတယ့် ကုမ္ပဏီတစ်ခု အလုပ်လုပ်ကိုင်နေသူပါ။ ဒါပေမယ့် ကျောက်မီးသွေးသုံးစွဲမှုကို တစ်ဆင့်ချင်း ရပ်တန့်တော့မယ့် စီမံချက်ကြောင့် သူတို့အလုပ်သမားတစ်စု အခက်တွေ့လာရပါတော့တယ်။

    ကုမ္ပဏီရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်ပြင်တော့မယ့် သူတို့သူဌေးရဲ့အစီအစဉ်ကြောင့် သူတို့တစ်တွေဟာ လစာဖြတ်တောက်ခံရခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခံရခြင်းတို့ကို ရင်ဆိုင်ရပါတော့မယ်။ အလုပ်သမားခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် နာဒီးအနေနဲ့ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်များကြား ညှိနှိုင်းရင်း ခေါင်းရှုပ်ရပါတော့တယ်။ လက်မထပ်ရသေးတဲ့ သူမရဲ့အတူနေချစ်သူ ပေါလ်ဟာလည်း သူမရဲ့သမီးတွေအပေါ် ဖခင်အရင်းသဖွယ် သူမထက်ပို၍ အကြင်နာထား စောင့်ရှောက်တတ်သူပါ။

    သိုပေမယ့် အလုပ်ထုတ်ခံထားရသည့် ပေါလ်ဟာ အလုပ်အသစ်တွေ ဘယ်လောက်လျှောက်လျှောက် အင်တာဗျူးဖြေချိန်ရောက်ရင် ပြဿနာဖြစ်တတ်သူပါ။ ထိုပြဿနာတွေကလည်း နာဒီးကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမှ ပြေလည်မယ့်အရာတွေချည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုနဲ့ အလုပ်အကြား တစ်ယောက်တည်း ဦးဆောင်ရုန်းကန်နေရသည့် နာဒီးတစ်ယောက် စက်ရုပ်တစ်ခုလို ခံစားချက်တွေကင်းမဲ့လာပါတော့တယ်။သမီးဖြစ်သူတွေအပေါ် မေတ္တာမပေးနိုင်၊ ချစ်သူဖြစ်သူအပေါ် အချစ်စိတ်တွေကုန်ခမ်းလာပါတော့တယ်။

    ဖိအားတွေကြောင့် သူမရဲ့ စိတ်အလိုမကျဖြစ်နေပုံကို ဇာတ်ကားထဲမှာတော့ ပေါလ်အပေါ် သူမကြည့်လိုက်တဲ့အခါတိုင်း မတူညီတဲ့ လူပုဂ္ဂိုလ်တွေအဖြစ် မြင်နေရပုံနှင့် ပမာပြုရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးဟာ လုပ်ငန်းခွင်မှာ ကြိုးစားသလောက် မိသားစုနဲ့ အချစ်ဘဝကျရှုံးနေတဲ့ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ နာဒီးတစ်ယောက် ဒီဝဲဂရက်ထဲက လွတ်နိုင်ပါ့မလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။

  • ကျားဖြန့်သက်သေဖျောက်ဖျက်နေကြောင်း ပြောဆိုခံရမှု မီဒီယာများကို “အတွေးအခေါ် မရှိ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်

    ကျားဖြန့်သက်သေဖျောက်ဖျက်နေကြောင်း ပြောဆိုခံရမှု မီဒီယာများကို “အတွေးအခေါ် မရှိ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်

    ကျားဖြန့်သက်သေများ ဖျောက်ဖျက်နေကြောင်း ပြောဆိုခံရမှုအပေါ် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့(မီဒီယာ)ဟာ သာမာန်ပြည်သူတွေ တွေးသလောက် အတွေးအခေါ်တောင်မှ မရှိတဲ့ အဖွဲ့အစည်းလို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု တုံ့ပြန်သည်။

    ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်တွင် ပြုလုပ်သည့် ကျားဖြန့်ကိစ္စသတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတခု၏ မေးမြန်းမှုကိုအထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ မီဒီယာများကို “ပြည်ဖျက်မီဒီယာ”များဟု မေးခွန်းမေးမြန်းသည့် Myanmar Hard Talkမှ သတင်းအယ်ဒီတာဆိုသူနှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က သုံးနှုန်းခဲ့သည်။

    “ဒါတွေက သာမာန်နိုင်ငံသူ ၊ နိုင်ငံသားတယောက် တွေးခေါ်တာနဲ့တင် သိနိုင်ပါတယ်။ ဥပမာ လူမသိအောင်လုပ်လိုက်တဲ့ တဦးချင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေတောင်မှ ဥပမာလူသတ်မှု လိုဟာမျိုး။ တဦးချင်းကျူးလွန်ခဲ့တဲ့ပြစ်မှု၊ မျက်မြင်သက်သေမရှိတာမျိုးတောင် အချိန်တန် သက်သေခံပစ္စည်းဆိုတာ ပေါ်တာပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    “ခုနက ပြောသလို ဒီပြည်ဖျက်မီဒီယာတွေနဲ့ စွပ်စွဲပြောဆိုတာကို ကျွန်တော်ပထမဦးဆုံး တုံ့ပြန်ပြောချင်တာကတော့ အဓိပ္ပာယ်မရှိဘူးလို့ပြောချင်တယ်။ နံပါတ် ( ၂ ) ကတော့ သူတို့ဟာ သာမာန်ပြည်သူတွေတွေးသလောက် အတွေးအခေါ်တောင်မှ မရှိတဲ့ အဖွဲ့အစည်းလို့ပဲ မှတ်ချက်ပြုချင်တယ်”ဟုလည်း ဆက်ပြောသည်။

    စစ်ကော်မရှင်အနေဖြင့် ကျားဖြန့်အဆောက်အဦများကို ဖျက်ဆီးခြင်းသည် နောင်မဖြစ်အောင်ဖျက်ဆီးခြင်း၊ စံနမူနာပြခြင်းဟုလည်း ၎င်းက ခုခံပြောသည်။

    ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် နယ်စပ်ဒေသတလျှောက်တွင်ရှိပြီး နယ်စပ်တွင်လုပ်နေသည့် အွန်လိုင်းလောင်းကစားမှုများသည် KNU ကို ပိုက်ဆံမပေးဘဲ လုပ်မရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲသည်။

    “သူတို့ရဲ့လွှမ်းမိုးနေတဲ့ နယ်မြေထဲမှာ ဒီအွန်လိုင်းလောင်းကစားမှုလုပ်နေတဲ့သူတွေမပြောနဲ့ သူတို့ပြည်သူအချင်းချင်း၊ ကရင်ပြည်သူအချင်းချင်းတောင်မှပဲသူတို့ကို ဆက်ကြေးပေးပြီးမှ ရပ်တည်ရပါတယ်” ဟု ဆိုသည်။

    စစ်ကော်မရှင်၏ ကျားဖြန့်ကိစ္စ စွပ်စွဲချက်များအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU)က ပယ်ချထားပြီး စစ်ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ အကျိုးအမြတ်ရရှိနေမှုကို ဖုံးကွယ်လိုသည့်အတွက် KNU ကို ကျားဖြန့်ကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲပြီး မဟုတ်မမှန်သော သတင်းအမှားဖြန့်ချိနေခြင်းဟု ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်အနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေသည့် KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေများရှိ အဆောက်အအုံများကို ဝင်ရောက်စီးနင်းပြခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေပြီး ယင်းမှာ ရာဇဝတ်မှု သက်သေများကို ဖျောက်ဖျက်နေခြင်းဟု ပြောဆိုခံနေရခြင်းဖြစ်သည်။

    ရွှေကုက္ကိုလ်စီမံကိန်းသည် စစ်ကော်မရှင်တပ်လက်အောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တရုတ်စီးပွားရေးသမား ကျားဖြန့်ခေါင်းဆောင် ရှဲကျိကျန်း၏ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စုတို့ ပူးပေါင်းလုပ်ကိုင်သည့် လုပ်ငန်းဖြစ်သည်။

    KK Park မှာလည်း BGF နှင့် ပတ်သက်ဆက်နွှယ်ကြောင်း Justice for Myanmar(JFM)က ပြောထားသည်။

  • မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်

    မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်

    မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြားသေ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို အဲ့ဒီနေ့ ညနေပိုင်း အုန်းသဇင်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    အကြမ်းဖက်စစ်ကြောင်းဟာ ချောင်းမကြီးကျေးရွာ မြောက်ဘက်တနေရာက တော်လှန်ရေးတပ်တွေရဲ့ သတ်ကွင်းထဲရောက်လာချိန်မှာ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့လည်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ People Servant Force တပ်ဖွဲ့ကပြောပါတယ်။

    အဆိုပါ စစ်တပ်စစ်ကြောင်းကို People Servant Force ၊ မင်းကွန်းတိုက်နယ် ပ.က.ဖ ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ ရတနာပုံတပ်ဦး ၊ No More Dictatorship – NMD နဲ့ ချမ်းစည်ရိုင်ဖယ်တပ်ဖွဲ့တို့က စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

    အဲ့ဒီနောက်အကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းဘက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာတော့ ၇.၆၂ အမျိုးအစား G3 ကျည် ၈၅၅ တောင့် ၊ ၅.၅၆ ကျည် ၇၉၆ တောင့် ၊ ၆၀ မမ ဗုံးသီး ၅ လုံး ၊ RPG အသီး ၃ လုံး ၊ ပို့ကျည် ၃ တောင့်၊ အီနာဂါ M9 ၁ လုံး ၊ ငါးကြင်းမှီးပြောင်း ၁ ပြောင်း ၊ MAကျည်ဘောက် ၃ ဘောက် ၊ MA2 ဘောက်အဝိုင်း ၁ ခု နဲ့ စစ်အသုံးအဆောင်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

    “တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းလင်းတော့ ကျနော်တို့ စစ်တပ်ယူနီဖောင်းတွေရတယ်။ အဲ့မှာ ၃ပွင့်ယူနီဖောင်းပါတယ်။ နောက်သတင်းထပ်ကြားရတာက သေတဲ့အထဲ ၃ပွင့်ဗိုလ်ရယ် ၂ပွင့်ရဲသေတယ်လို့ သိရပါတယ်ပေါ့။ မျက်မြင်ကတော့ သူတို့ဖွဲ့စည်းပုံပျက်ပြီး အထိနာတဲ့ကောင်တွေကို နောက်ကိုပြန်ဆွဲသွားရတယ်။” လို့ No More Dictatorship -NMD တာဝန်ရှိသူက ပြောပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာလ ၁၃နဲ့ ၁၄ရက်နေ့ (ဒီနေ့) မှာလည်း စစ်တပ် စစ်ကြောင်းထွက်လာတာမျိုးတွေရှိနေပြီး ထိတွေ့မှုတော့မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

    လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းအန္တရာယ်ကြောင့် အုန်းသဇင်၊ ထုံးဘို၊ ရွှေခဲပြန်၊ ကသဲသာ၊ အိုင်ဒိုင်၊ မဲဇလီချောင်း၊ ချောင်းဦး၊ အုတ်ဖို၊ တလိုင်း၊တောင်ရင်း၊ စဥ့်ကိုင် စတဲ့ ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

    ပုံစာ – အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများနှင့် တော်လှန်ရေးတပ်များ

  • ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလား မေးလို့ စိတ်ဆိုးသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း

    ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလား မေးလို့ စိတ်ဆိုးသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း

    ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလား မေးလို့ စိတ်ဆိုးသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း “ပေမမီ၊ ဒေါက်မမီ၊ ကျပ်မပြည့်အဖွဲ့တွေလို့ ထင်နေသလား” လို့ တန်ပြန်မေးခွန်းထုတ်

    ရွေးကောက်ပွဲကို နိုင်ငံတကာက မကျေနပ်လည်း အရေးမစိုက်ဘူးလို့ ပြော

    စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလားလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတစ်ခုက မေးမြန်းခဲ့တဲ့အတွက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က တန်ပြန်မေးခွန်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

    အွန်လိုင်းငွေလိမ်လုပ်ပန်း ကျားဖြန့်နဲ့ပတ်သက်ပြီး ဒီကနေ့မနက် စစ်ကော်မရှင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနက “နိုင်ငံတကာလူ့အဖွဲ့အစည်းက ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ အတင်းအကြပ်လုပ်နေတယ်လို့ ဝေဖန်နေတဲ့အပေါ် ဘာများပြောချင်ပါသလဲ” ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မေးခွန်းအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “တော်တော်မြင့်တဲ့ စကားလုံးလို့ပဲပြောရမယ်။ ကျနော်ပြောချင်တာက နိုင်ငံတကာလူ့အဖွဲ့အစည်း စံနှုန်းဆိုတာ ဘာလဲ။ NHK သတင်းဌာနက သတ်မှတ်ထားတဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းဆိုတဲ့ စံနှုန်းကဘာလဲ။ ကျနော်က ပြန်မေးခွန်းထုတ်ချင်တာ။ ကျနော်တို့ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေက ပေမမီ ဒေါက်မမီဘူးလို့ NHK က ယူဆနေတာလား။ ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေသည် ပေမမီ ဒေါက်မမီ ကျပ်မပြည့်ဘူးလို့ ယူဆနေတာလား” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။

    ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက်လုပ်တာဖြစ်တဲ့အတွက် နိုင်ငံတကာက ကျေနပ်မှုရှိတာ၊ မရှိတာတွေကလည်း အရေးမဟုတ်ဘူးလို့ သူက ထပ်လောင်းဆိုပါတယ်။

    “အင်တာနေရှင်နယ်(နိုင်ငံတကာ)က ကျေနပ်တာတွေ၊ မကျေနပ်တာတွေ ကျနော်တို့ အရေးမဟုတ်ဘူး။ ရွေးကောက်ပွဲကို ကျနော်တို့နဲ့ မိတ်ဖက်နိုင်ငံတွေက ကူညီပေးနေတာ ထောက်ခံပေးနေတာတွေ ရှိတယ်။ အပြစ်တင်ချင်တဲ့သူတွေက အပြစ်တင်နိုင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

    စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို ကျင်းပဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲအပေါ် ဝေဖန်မိရင်တောင် ထောက်ချအရေးယူတဲ့အထိ လူထုအပေါ်မှာ ဖိနှိပ်ထားပါတယ်။

    ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆန့်ကျင်ကန့်ကွက်ကြောင်း အသီးသီး သဘောထား ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။

    ပုံစာ – သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း (စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်)

  • ဗိုက်ထဲက သန်ကောင်မှန်သမျှ အပြောင်ရှင်းထုတ်နိုင်တဲ့ “ဘိစပ်ရွက်အစွမ်း”

    ဗိုက်ထဲက သန်ကောင်မှန်သမျှ အပြောင်ရှင်းထုတ်နိုင်တဲ့ “ဘိစပ်ရွက်အစွမ်း”

    ဗိုက်ထဲက သန်ကောင်မှန်သမျှ အပြောင်ရှင်းထုတ်နိုင်တဲ့ “ဘိစပ်ရွက်အစွမ်း” အံမခန်း!’

    ဒီလိုသာသိခဲ့ရင် အရင်ကတည်းက လုပ်ခဲ့တာပေါ့လို့ ပြောရလောက်အောင် အစွမ်းထက်တဲ့ “ဘိစပ်ပင်” ရဲ့ အစွမ်းကို မျှဝေပေးလိုက်ပါတယ်။

    ဘိစပ်ပင်ဟာ ခန္ဓာကိုယ်ထဲက သန်ကောင်၊ ပိုးကောင် အမျိုးမျိုးကို အူလမ်းကြောင်းထဲကနေ လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်ပါတယ်။

    🌟 ပြုလုပ်နည်း

    ဒီလောက်ကောင်းမှန်းသိရင် ခဏခဏလုပ်ဖြစ်နေလောက်ပြီ!

    1. ဘိစပ်ပင် အရွက် ၇-၁၀ ရွက်ခန့် ကို ယူပါ။

    2. ရေ ၆၀၀ ml (မီလီလီတာ) နဲ့ ရောပြီး ၁၀ မိနစ်ခန့် ကြအောင် ပြုတ်ပါ။

    3. ရရှိလာတဲ့ အရည်ကို မနက်တစ်ခွက်၊ ညအိပ်ရာဝင်တစ်ခွက်နှုန်းနဲ့ ၃ ရက် ဆက်တိုက် သောက်သုံးပေးပါ။

    သောက်သုံးပြီးနောက် သန်ကောင်၊ ပိုးကောင်တွေဟာ ဝမ်းနဲ့အတူ ပါသွားတာကို သင်ကိုယ်တိုင် တွေ့မြင်ရပါလိမ့်မည်။

    🍃 နောက်ထပ် ထူးခြားတဲ့ အကျိုးကျေးဇူးများ

    ဘိစပ်ပင်ရည်ဟာ သန်ကောင်ချေဖျက်ရုံသာမကဘဲ အောက်ပါကျန်းမာရေး ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

    • လိပ်ခေါင်းနာကျင်ခြင်း ကို သက်သာစေခြင်း။✅

    • အစာအိမ်အနာများကို ကုသရာတွင် အထောက်အကူပြုခြင်း။✅

    • ဗိုက်နာခြင်း၊ လေပွခြင်း များကို ပြေပျောက်စေခြင်း။✅

    • ကိုယ်ခန္ဓာ ဖောရောင်ခြင်း ကို လျှော့ချပေးခြင်း။✅

    • မျက်စိမှုန်ခြင်း၊ မျက်စိရောင်ခြင်း များကို သက်သာစေခြင်း။✅

    သဘာဝဆေးဖက်ဝင် အပင်ကို အသုံးပြုပြီး ဝမ်းဗိုက်ထဲက ပိုးတွေကို ရှင်းထုတ်ကာ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်လိုက်ပါနော်!

    ဘီးစပ်ပင် ဆိုတဲ့ အပင်နာမည်ကို မရင်းနှီးတဲ့သူတွေ ရှိနိုင်ပေမယ့် အတော်များများကတော့ ရင်းနှီးနေပြီးသားတောင် ဖြစ်နိုင်ပါတယ်။ အရင်က မရင်းနှီးခဲ့ရင်တောင် အခုတလောတော့ ဘီးစပ်ရွက် က ကိုဗစ်ကို သက်သာစေတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် ကြားဖူးနားဝတော့ ရှိနေနိုင်ပါတယ်။

    ဘီးစပ်ရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုဗစ်ကိုတော့ မသက်သာစေနိုင်သလို ကာလည်း မကာကွယ်နိုင်ပါဘူး။ ဘီးစပ်ရွက်က ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဘီးစပ်ရွက် ဆိုတာ

    ဘီးစပ်ရွက်ဆိုတာက အပင်ငယ် တစ်မျိုးပါ။ မြင်နေကျ အခြားအပင်တွေနဲ့ မတူပါဘူး။ အရွက်လေးက ဘဲဥပုံလေး ရှိပြီး အရွက်လေးတွေမှာ မွှေးညှင်းပါးပါးလေးတွေ ပါပါတယ်။ အနားဘေးဘက်လေးတွေမှာ အချွန်းလေးတွေပါနေတတ်ပါတယ်။ နှစ်စဉ် နွေရာသီမှာ အပွင့်လေးတွေ ပွင့်တတ်ပါတယ်။

    ပင်လယ်ရေ မျက်နှာပြင် အထက် ၁၀၀၀ ကနေ ၂၈၀၀ လောက်မှာ ပေါက်ရောက်တတ်ပါတယ်။ နေရောင် ရရင် ကြီးထွားတာ မြန်ပါတယ်။

    ဘီးစပ်ရွက်မှာ ဘာတွေပါ။

    ဘီးစပ်ရွက်မှာ

    Pheno

    Alkaloids

    Triterpenoid

    Tannin

    Flavonoid

    Limonenတို့ပါဝင်ပါတယ်။

    ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်။

    ဘီးစပ်ရွက်မှာ အခုလို ဆေးဖက်ဝင်ပါတယ်။ ဘာတွေများ ဖြစ်မလဲ။

    အဖုအကျိတ်တွေ သက်သာစေနိုင်တယ်

    ဘီးစပ်ရွက်က အဖုအကျိတ်တွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဖုအကျိတ်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အဆီကျိတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ကိုက်ခဲမှု သက်သာစေတယ်

    ဘီးစပ်ရွက်ကို ရေစင်အောင်ဆေး နေရောင်အောက်မှာ အခြောက်ခံပြီး ရေနွေးလို သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

    သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ပေးတယ်

    သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေကို အများဆုံး ထိခိုက်စေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်ပါတယ်

    အမျိုးသမီးတွေအနေနဲ့ မျိုးပွားအင်္ဂါ ကျန်းမာစေဖို့ ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေနွေးကြမ်းလို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

    ဆီးချို ကာကွယ်ပေးနိုင်တယ်

    ဘီးစပ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက ဆီးချို ကာကွယ်ပေးတာပါ။ ကာကွယ်ဖို့အတွက် ကြိုတင် အသုံးပြုပေးလို့ ရပါတယ်။

    ပါးစပ်ထဲက အနာ သက်သာစေနိုင်တယ်

    ပါးစပ်ထဲမှာ အနာဖြူဖြူလေးတွေ ဖြစ်ပြီး စားရသောက်ရခက်နေမယ်ဆိုရင် သက်သာစေဖို့ ဘီးစပ်ရွက်ကို ကျိုပြီး အာလုတ်ကျင်းပေးလို့ ရပါတယ်။ ပုံမှန်လုပ်ပေးသွားရင် သက်သာသွားမှာပါ။

    နှလုံး ကျန်းမာစေနိုင်တယ်

    ကျန်းမာနေစေဖို့အတွက် နှလုံး ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နေ့စဉ် ဘဝမှာ ကျန်းမာနေစေဖို့လည်း ဘီးစပ်ရွက်က အသုံးတည့်ပါတယ်။

    သွေးတွင်း ကိုလက်စထရော ကျစေတယ်

    ကိုယ်တွင်းက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ဆိုရင်လည်း ဘီးစပ်ရွက် ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါတယ်။

    ယူရစ်အက်ဆစ် ထိန်းပေးတယ်

    ဘီးစပ်ရွက်ရဲ့ နောက်ထပ် အသုံးဝင်မှုတစ်ရပ်က ယူရစ်အင်ဆစ် ပမာဏကို ထိန်းပေးတာပါ။

    သွေးတိုးကျစေနိုင်တယ်

    သွေးတိုးတတ်တဲ့သူတွေ အနေနဲ့လည်း သွေးပေါင်ချိန်ကို ထိန်းညှိဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    ဘီးစပ်ရွက်မှာ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များပါတယ်။ ဒါပေမယ့် သတိပေးချင်တာ တစ်ခုက ဘီးစပ်ရွက်က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပေမယ့် ကိုဗစ်ကိုတော့ မကာကွယ်နိုင်သလို သက်လည်း မသက်သာစေနိုင်ပါဘူး။

    (ဘီးစပ်ရွက်/ ဇာမဏီရွက် / တောရှုပ်ရွက် / နတ်ဆေးရွက်)

    🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

    ပိစပ်ရွက် ရဲ့ အစွမ်းသတ္တိ ….

    ပိစပ်ရွက်ကို ပြုတ်ပြီး တို့စားစရာ ဟင်းအဖြစ် လည်းကောင်း၊ သားငါးများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ စားသုံးပါက ၀မ်းမီးကို တောက်စေ၍ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ခြင်းကို ပျောက်ကင်း စေပါသည်။ နာတာရှည် ၀မ်းပျက်ခြင်း အတွက် အထူး သင့်လျော်သော ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါသည်။ ပိစပ်ရွက်ကို သင့်တော်သော အတိုင်းအတာ အထိ သုံးပါက ဆီးရွှင်စေပြီး၊ ချွေးထွက် စေပါသည်။

    ပိစပ်ကို အလွန်အကဲ ဆေး၌ အသုံးပြုပါက အန်တက်သည်။ ပိစပ်သည် ကိုယ်ရေဝါ ရောဂါ၊ သွေးအန် သွေးကျ ရောဂါ၊ အနာပျက် ရောဂါ၊ ရောင်တင်းခြင်း တို့၌ အသုံးပြု နိုင်သည်။ ပိစပ်ရွက်သည် သွေးကို ကြွစေ၊ သက်စေ တက်သဖြင့် မီးယပ် သွေးငုပ်သူများနှင့် သင့်တော် ပါသည်။ ပိစပ်ရွက် သတ္တုရည်ကို အောင်စ၀က်ခန့် တိုက်ကျွေးပေးခြင်းဖြင့် ငှက်ဖျား ရောဂါနှင့် အဆိပ်ရှိ သတ္တဝါများ ကိုက်ခဲခြင်းကို ပျောက်စေနိုင်သည်။ အအေးမိ ရောဂါနှင့် တုပ်ကွေး ရောဂါ များတွင် ပိစပ်ရွက် ပဉ္စငါးပါးကို ကွမ်းရွက်နှင့် ပြုတ်၍ အောင်စ ၀က်ခန့် တိုက်ကျွေးပါက သက်သာ စေသည်။ ပိစပ်ရွက်သည် တုတ်နှင့် သန်ကို ကျစေ နိုင်သော အစွမ်းရှိသည်။

    ပိစပ်ရွက် သတ္တုရည် အောင်စ၀က် ခန့်ကို သိန္ဒောဆားနှင့် တိုက်ပေးပါက သလိပ်ကို ကြေစေပြီး၊ သလိပ်ကို ရွှင်စေသည်။ ပိစပ်ကို ရိုးကိုက်ဖျားခေါ် ကြွက်သား ရိုးဆက်များ ပြင်းထန်စွာ ကိုက်ခဲ၍ ဖျားနာခြင်းကို ကုသရာတွင် သုံးသည်။ ပိစပ် သတ္တုရည်ကို အစာ မကြေသော ရောဂါများတွင် သုံးသည်။ ပိစပ် (တော) ၅၀ကျပ်သားကို ရေစင်အောင် ဆေး၍ ထောင်းထုပြီး အရွက်ဦးရည် (သို့) အရက်ပျံ ၁၀၀၀ စီစီတွင် သုံးရက်ကြာ စိမ်ထားပါ။ ၎င်း ဆေးရည်ကို ထိခိုက်ရှနာ ၊ ဒဏ်ရာ၊ အဆစ် အမြစ် ကိုက်ခဲနာ၊ အဖော အရောင်နှင့် အနာပေါက် ရောဂါ များတွင် ထည့်ပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပါက အဆိုပါ အနာ ရောဂါများ လျင်မြန်စွာ သက်သာ ပျောက်ကင်း နိုင်သည်။

    ပိစပ်ရွက် သတ္တုရည် (သို့) အဆိုပါ အရည်သည် အထူး အားဖြင့် ထိခိုက် ရှနာနှင့် ဒဏ်ရာများ အတွက် အထူး အစွမ်း ထက်သော ဆေးဖြစ်သည်။ ပိစပ် (တော) ပဉ္စငါးပါး ပြုတ်ရည်ကို အနှစ် ရအောင် ကျိုပြီး ပျားရည်နှင့် ရောစပ် သောက်သုံးပါက အာယု၀ဎုန ဆေးအဖြစ် အသက်ကို ရှည်စေသည်။

    အဆုတ်မှာအနာပေါက်ပြီးပြည်တည်သော ရောဂါ

    ရောဂါလက္ခဏာမှာ

    ချောင်းဆိုးလိုက်ပါက..လည်ချောင်းအတွင်းမှ

    အဆုတ်အပိုင်းအစများ..ပြည်များ..

    ထွက်ကျလာတတ်ပါတယ်..

    အချိန်ကြာကြာ ရေချိုးရာမှ…အဆုတ်အအေးပတ်ပြီး ဖြစ်သော ရောဂါ ဖြစ်ပါတယ်…

    “ဆေးနည်းကတော့လွယ်ပါတယ်”

    လွယ်တယ်ဆိုပြီး အထင်မသေးစေချင်ပါဘူး

    လက်တွေ့ ပျောက်သွားတဲ့သူတွေရဲ့ ဆေးနည်းဖြစ်ပါတယ်…

    ဘိစပ်ရွက် ကြိတ်ရည် အကြမ်းပုဂံ ၁ လုံးခန့်

    မနက်အိပ်ရာထ ၁ ကြိမ်..

    ညအိပ်ရာဝင် ၁ ကြိမ်…

    အစားနဲ့ဝေးဝေး သောက်ပေးပါ..

    နေ့စဉ် ပုံမှန် သောက်ပေးပါ..

    သောက်နေရင်းနဲ့ ထူးခြားလာပါလိမ့်မယ်..

    သက်သာတဲ့အထိ သောက်ပေးပါ..

    … … … … … … … … … … … … … … …

    နတ်ဆေးရွက်ခေါ် ပိစပ်ရွက်သည်အင်မတန်အစွမ်းထက်ပါသည်

    ထိခိုက်ရှနာများ ဘယ်လောက်ကြီးကြီး အရိုးမထိ အကြောမပြတ်ရင် ၎င်းပိစပ်ရွက်ကိုချေပြီး အရည် ညှစ်၍အနာကိုထဲ့ပါ

    ချေထားသောအရွက်ကိုအနာပေါ်အုပ်ပြီး အဝတ်သန့်သန့်ဖြင့်စည်းထားပါ

    အနာအနေအထားပေါ်ကြည့်ပြီးနောက်နေ့တွေလည်းဆက်ပြီးထည့်ပေးပါ

    အနာလုံးဝယင်းခြင်း ယောင်ခြင်း ကိုက်ခဲခြင်း မရှိပါ

    အနာသေးလျှင်တစ်ရက် နှစ်ရက်နှင့်ပြောက်ပါသည်

    အနာကြီးလျှင်စိတ်ရှည်စွာဖြင့်ဆက်ထဲ့ပါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်

    ၎င်းဆေးပင်သည်နေရာတိုင်း ဒေသတိုင်းမှာပေါက်ပါသည်။

    ပိစပ်ပင်အရွက်ဟာအပြင်ပိုင်းထိခိုက်ရှနာဖြစ်လည်းပဲအရွက်ကိုကြိတ်ပြီးအရည်ကိုအနာပေါ်ညှစ်အုံပါ။

    ပွေး ဝဲ နှင်း အကုန်ပျောက်ပါတယ်။

    အုံတာကနာရီ၀က်ခန့်အုံပါ။

    ( ပိစပ်ပင်အရွက် ဆေးဖက်ဝင်ပုံ)

    ပျောက်ကင်းသောရောဂါများအတွက်

    ( ၁ ) ချောင်းဆိုးရင်ပိစပ်ပင်အရွက်ညှစ်ပြီးသောက်ပါ။

    ( ၂ ) အနာစိမ်းပေါက်ရင် ပိစပ်ပင်အရွက်ကိုလက်ဝါနှစ်ဖက်ပွက်ပြီး ရင်အနားစိမ်ကိုအုံလိုက်ပါ။

    ( ၃ ) သွေးဆုံမီးယပ်အမျိုးသမီးများအတွက်

    ပိစပ်ပင်အရွက်ကိုအညာထန်းလျက်နဲ့ သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါ။

    ( ၄ )ချောင်ဆိုး/ အဆုတ်ပြွန်ယောင် / လည်ချောင်နား ကိုယ်ပူ ကျစေမယ့်ဆေးနည်း

    ပိစပ်ပင်အရွက်ကိုထောင်းပြီးအရည်ညှစ်ယူပြီး ဆားနဲ့ရောပြီး မနက်တစ်ကြိမ် / နေ့လည်တစ်ကြိမ်/ ညနေတစ်ကြိမ် သောက်ပေးပါ။

    သုံးရက်ဆက်တိုက်သောက်ပါ ။ ချက်ခြင်းရောဂါပျောက်ကင်းပါသည်။

    (၅) လိပ်ခေါင်းရောဂါ

    [ အရွက်ကိုကြိုချက်ပါ။

    ရေကိုပွတ်အောင်ကြိုချက်ပါ အရွက်များလျှင်ရေကိုပိုထည့်ပါ။

    ရေသန့်ဗူးနှစ်ဗူးတွက်လောက်ခန့်မှန်းကြိုပါ။

    အရွက်ကိုလည်းရေသန့်ဗူးနှစ်ဗူးနဲ့ညီမျှအောင်အာနိသင်ရှိအောင်ခန့်မှန်းပြီးထည့်ပါ။

    ကြိုချက်ပြီးပါက အအေးခံပြီးရေစစ်ဖြင့်စစ်ပါ။

    အေးပြီးဆိုလျှင်ရေသန့်ဗူးထဲထည့်ထားပါ မနက် နေ့လည် ည သုံးကြိမ်သောက်ပါ။

    (သောက်ရန်ခွက် တစ်ကြိမ်လျှင်လက်ဖက်ရည်ခွက်တစ်ခွက်ပါ)

    အစပိုင်းသောက်တဲ့ချိန်မှာ ခါးသက်သက်ရှိမှာပါ။

    အနံကလည်းရှိတာမို့ သောက်ရတာအဆင်မပြေတာတွေရှိမယ်။

    ခါးသက်သက်ဖြစ်လို့သောက်ရခက်နေရင် သကြားအနည်းငယ်ထည့်ပြီးသောက်သုံးနိုင်ပါတယ်။

    ဆေးသောက်ပြီးလို့နှစ်ရက်လောက်ဆိုရင် သက်သာလာပါလိမ့်မယ်။

    တစ်ခါတစ်လေကျင်ကြီးသွားတဲ့ချိန်တွေမှာသွေးပါတာတွေလဲသက်သာလာပါလိမ့်မယ်။

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻