Category: News

  • အောင်မင်္ဂလာအဝေးပြေး နောက်ဆက်တွဲ

    အောင်မင်္ဂလာအဝေးပြေး နောက်ဆက်တွဲ

    နာမည်ကြီး အောင်မင်္ဂလာအဝေးပြေး အရေးယူလိုက်တယ်လို့ ကြားသိရပေမယ့် အရေးကြီးနောက်ဆက်တွဲသတင်းတခုကို တင်ပြလိုပါတယ်။

    အဓိက တာဝန်ရှိအဖွဲ့စည်းတွေ ..ငွေနောက်လိုက်ကြတဲ့ဖြစ်စဥ်မှာ အဓိက တရားခံတွေဟာ….နှစ်ပေါင်းများစွာ ဝန်းထဲမှာ လည်ပတ် ဖျံကျ လုပ်ကိုင်စားသောက်နေကြပြီး ပါးရည် ဝနေက​ြတဲ့… ထောင်ထွက်လူမိုက်ခေါင်းဆောင်ဇိုး တွေဖြစ်ကြတဲ့

    ဂျပန်ကြီး၊ တာတီးနဲ့ ချစ်သား တို့လိုလူမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။

    သူတို့ဟာ… တပည့်..တက္ကစီခေါ်ပွဲစားများစွာ နဲ့ သူတို့ပိုင်ရာ နိုင်စားလို့ရတဲ့ တက္ကစီ အုပ်စုတွေနဲ့ အုပ်စုလိုက်…လူခေါ်ကြပါတယ်။

    ဒီအတွက် ဝန်းထဲက စည်ပင်ရဲ စခန်းရဲကစလို့ အုပ်ချုပ်မှုဆိုင်ရာပေါင်းစုံကို ဘီယာ အရက် ကစ ဂေါ်ကြေးငွေ များကို ပေးကြပါတယ်။

    ဂျပန်ကြီး၊ချစ်သား နဲ့တာတီးတို့ဟာ သူတို့တပြည့်ပွဲစားအုပ်စုတွေနဲ့ ဝန်းထဲကို မနက်မိုးမလင်းမီကရောက်ကြပြီး ကျသမျှ အဝေးပြေးကားတိုင်း သူ့အပိုင်နေရာနဲ့သူ လူခေါ်ကြပါတယ်။

    သူတို့အဖွဲ့ကလွဲပြီး ဘယ်သူမှဝင်ခေါ်လို့မရပါဘူး။

    ဒီအချိန်ခေါင်းဆောင်ဖြစ်ကြတဲ့ ဂျပန်ကြီးဟာ ဆိုက်ရောက်ဂိတ် ရိုင်ဘယ်က ထမင်းဆိုင်မှာ..တာတီးနဲ့ ချစ်သားတို့က မြင်းခြံလမ်းထိပ်က လောပန်း စားသောက်ဆိုင်မှာ..အခြေချ ဘီယာထိုင်သောက်ကြပါတယ်။

    လွှတ်ထားတဲ့ တပည့်ပွဲစားများစွာဟာ မနက် လေးနာရီလောက်ကနေ ကျသမျှကားတွေ လူခေါ် ၊ကားတင် လုပ်ကြရပါတယ်။

    မနက် ၈ နာရီ ခွဲ ၉ နာရီ ကားကုန်သွားတဲ့အခါ ရသမျှငွေ အားလုံးကို သူတို့ဆရာတွေဆီအပ်ကြရပါတယ်။

    တာတီး အုပ်စုက တာတီးဆီ…

    ချစ်သားအုပ်စုက ချစ်သားဆီ..

    ဆိုက်ရောက်ဂိတ်အုပ်စုက ဂျပန်ကြီးဆီပါ။

    ပြီးမှ သူတို့က သူတို့သောက်သမျှ ဘီယာဘိုးအရက်ဘိုး အပါအဝင် ဆရာကြေး ခေါင်းပုံဖြတ်ပြီးမှ ဘုံငွေကို တယောက်ချင်းစီ ခွဲပေးပါတယ်။

    ဒီနေရာမှာ အခြား…

    ခိုင်မင်း

    မျိုးအောင်တို့ လို မမိုက်တမိုက် လူမိုက် အုပ်စုလေးတွေနဲ့ ချစ်သားတပည့်

    စိုးသူ

    ကြက်ရိုး

    ဂန်ဂျား

    မည်းကြီး

    တို့လို တကိုယ်တော်ပွဲစားများစွာလည်းရှိပါသေးတယ်။

    ဆိုက်ရောက်ဂိတ်၊ ပစောက်ဝန်း၊ အီလိုက်ဝန်း၊ ပုဂံလမ်း၊ မြင်းခြံလမ်း၊ မကွေးလမ်း၊ မုံရွာလမ်း၊ တောင်ကြီးလမ်း အားလုံးပေါင်း ဝန်းတဝန်းလုံးမှာ အပေအတေ၊ သူခိုးဂျပိုး ပွဲစားပေါင်း ရာချီ ရှိနေကြပါတယ်။

    ဒါတွေကိုမရှင်းနိုင်သမျှ ခရီးသည်တွေ ဒုက္ခရောက်နေဦးမှာပါပဲ။

    ဒါမနက်ပိုင်းကားကွက်ပါ။

    နောက် နေ့ခင်းပိုင်းနဲ့ ညနေပိုင်း ညပိုင်းကားကွက်တွေလည်း ဒီလိုပါပဲ။

    ဒီပွဲစားအများစုဟာ စိုက်ပျိူးရေးရပ်ကွက်နဲ့ ဓမ္မရုံမှတ်တိုင် ပိတောက်လမ်း ထဲက အပေအတေ တွေ အများဆုံးဖြစ်ပါတယ်။

    ဒီကောင်တွေဟာ ခရီးသည်တွေကို ရတဲ့နည်းနဲ့ ရိုက်စားလုပ်တယ်။ ဘတ်တယ်။ သူတို့ဆရာကြီးတွေမသိအောင် အပြင်ကားတွေနဲ့လည်း ရွှေ့တတ်ကြပါတယ်။

    ပြောရရင် ဒီဇိုးသုံးကောင်ဟာ တပည့်ပွဲစားတွေမွေးပြီး ဝန်းထဲမှာ နှစ်ပေါင်းများစွာလုပ်စားနေကြတာပါ။

    ဒီ့အတွက်လည်း..ဝန်းထဲမှာ ဘယ်သူကို ဘယ်လို ဂါရမယ် ဆိုတာသိထားကြပါတယ်။

    ဝန်းထဲမှာ စည်ပင် ရဲအဖွဲ့ဟာ တလခွဲတခါ ချိန်းပါတယ်။လှိုင်သာယာအဝေးပြေးနဲ့ပါ။

    နောက် RTO ၊ စစ်ကြောင်းရုံး၊ စရဖရုံးတွေ။

    ဒီမှာ ရှိသမျှ အုပ်ချုပ်သူအားလုံး အသစ်ရောက်လာတဲ့ အုပ်ချုပ်သူ ဘယ်သူဖြစ်ဖြစ် ဂျပန်ကြီး တာတီးနဲ့ ချစ်သားတို့အဖွဲ့ဟာ ဘီယာဆိုင်ခေါ်ပြီး ဂါ ပါတယ်။

    ဒီအထဲမှာ လက်မခံဖူး သူဆိုလို့ မကြာသေးခင်ကမှ ရောက်လာတဲ့ စခန်းရဲ့အဖွဲက ဗိုလ်လေး တယောက်ပဲရှိခဲ့ဖူးပါတယ်။

    ဒီဗိုလ်လေးက ချစ်သားတို့အုပ်စု ညှိတာကိုလက်မခံဘဲ သူတို့တက္ကစီတွေထိုးထားတဲ့ ရခိုင်လမ်းကိုပိတ်ပစ်တယ်။လူခေါ်တဲ့ကောင်တွေကို ဖမ်းတယ်။

    ဟိုးယခင်က အဝေးပြေးထဲမှာ လူခေါ်ပွဲစားတွေကိုဖမ်းပါတယ်။

    အခုတော့ ဒီ လူမိုက်ဇိုးကောင်တွေရောက်လာပြီးနောက်ပိုင်းမဖမ်းတော့တာပါ။

    ဒါဟာ အခုပြောတဲ့ ဂျပန်ကြီး၊ တာတီးနဲ့ ချစ်သားတို့ရဲ့ ဂါ ပရောဂကြောင့်ပါ။

    အခု အောင်မင်္ဂလာအဝေးပြေးမှာ အရေးယူမှုတွေလုပ်ပြီး အုပ်ချုပ်သူ တာဝန်ရှိသူတွေကို ချိန်းဒေါင်းလုပ်ပစ်တယ်ကြားရပါတယ်။

    ဒါပေသိ နောက်ဆက်တွဲ အရေးကြီး အကြံပြုချင်တာ…ဘယ်လို တွေ အရေးယူယူ ဘယ်လောက်ချိန်းချိန်း ပင်မ အရင်းအမြစ်တွေဖြစ်ကြတဲ့….

    ဂျပန်ကြီး

    တာတီး

    ချစ်သား ဆိုတဲ့ ဒီထောင်ထွက်လူမိုက်ဇိုးခေါင်းဆောင်သုံးကောင်နဲ့ သူတို့အဖွဲအုပ်စု၊လူခေါ်ပွဲစား၊တက္ကစီသမား အုပ်စုကို မရှင်းနိုင်သမျှ…

    နောင်မကြာခင် ယခုချိန်းထားတဲ့ အုပ်ချုပ်သူ တာဝန်ရှိသူတွေ ဒုံရင်း ပြန်ရောက်ကြမှာပဲဖြစ်ပါတယ်။

    ဒါကြောင့် အောင်မင်္ဂလာကားဝန်းထဲက လူမိုက်ဇိုးအုပ်စုလူခေါ်ပွဲစားအားလုံးကို
    အမြစ်ပြတ်ရှင်းလင်းပေးပါရန်တောင်းဆိုပါတယ်။

    အရင်လိုလူခေါ်ပွဲစားများကိုဖမ်းဆီးအရေးယူပေးပါ။

    တာဝန်ရှိသူလူကြီးများအားလုံးကို နောက်ဆက်တွဲအနေနဲ့ သတင်းပေးတောင်းဆိုပါတယ်။

    ဒီပို့စ်ကို ဝိုင်းဝန်းရှယ်ပေးခြင်းအားဖြင့်ကူညီကြပါ။

    ယခု ကျွန်တော်ကိုယ်တိုင် ဝန်းထဲမသွားရဲသေးပါဘူး။

    ဒီလူမိုက်အုပ်စုနဲ့ RTO၊ စစ်ကြောင်းရုံးကလူတွေ မကျေမနပ်ဖြစ်ပြီး ကျွန်တော့်ကို လိုက်စုံစမ်းနေကြလို့ပါ

    အခုနောက်ပိုင်း ဂျပန်ကြီး၊တာတီးနဲ့ချစ်သားတို့သုံးယောက်စလုံး ဝန်းထဲမလာကြပေမယ့် သူတို့တပြည့်ပွဲစားတွေကိုတော့ အခြေအနေမပြတ် အလုပ်ဆက်လုပ်ခိုင်းထားကြောင်း သတင်းရရှိပါတယ်။

    ညပိုင်းမှ ဘီယာဆိုင်ကို လာတတ်ကြကြောင်းလည်းသိရပါတယ်။

    နောက်ဆုံး သတင်းပေးအကြံပြုချင်တာကတော့ ဒီကောင်တွေအဖွဲ့မှာ လူတိုင်း ဓားမြှောင်ကိုယ်စီ အမြဲတမ်းပါတတ်ကြပါတယ်။

    နောက်ဆုံး လက်နက်ကိုင်ဆောင်မှု ၁၉/င နဲ့ အရေးယူ ဆွဲရင်တောင် ရတယ်ဆိုတဲ့အကြောင်းပါ။

    လက်ရှိအချိန်ထိတော့ ဘယ်သူမှ အရေးမယူကြပါ။

    ဆက်စပ်သတင်း

    အောင်မင်္ဂလာအဝေးပြေးတွင် ငွေရှာကြမ်းသည့် စစ်တပ်၊ ရဲနှင့် ပါဝင်ပတ်သက်သူများ အရေးယူခံရ

  • မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ

    မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ

    မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။

    ကမ္ဘာတစ်ဝန်းနိုင်ငံ​ပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိ​နေတာပါ။

    ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။

    ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။

    အဲဒီအချက်အလက်တွေအပြင်အခြေခံအ ကြောင်းအရာ ၁၇ ချက်ကို စစ်တမ်းမှာ ထည့်သွင်းစိစစ်ဖော်ပြထားတာ တွေ့ရပါတယ်။

    အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေ အန္တရာယ်တွေ ရဲ့ အကျိုးဆက် အဖြစ် လွတ်လပ်မှုမရှိတဲ့ တရားစီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။

    နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ် ဖြတ်ကျော် ငွေကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ဖော်ပြပါတယ်။

    Basel AML Index 2025 ရဲ့နိုင်ငံအလိုက် စိစစ်မှု အမှတ်အဆင့်သတ်မှတ်ချက်တွေမှာ အန္တရာယ်နည်းတာကို ၄ ဒသမ ၇ အောက်၊အလယ်အလတ်ကို ၄ ဒသမ ၇ ကနေ ၆ ဒသမ ၀၈ နဲ့ အန္တရာယ်ရှိတာကို ၆ ဒသမ ၀၈ အထက်လို့ သတ်မှတ်တာပါ။

    အဲဒီအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံရဲ့ရမှတ်က ၈ ဒသမ ၁၈ အထိရှိနေတာလို့ စစ်တမ်းက အသိပေးပါတယ်။

    Basel Institute on Governance ကို ဆွစ်ဇာလန် နိုင်ငံ၊ဘေဆယ်မြို့မှာ ၂၀၀၃ ခုနှစ်ကစတည်ထောင်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာငွေကြေးရာဇဝတ်မှုတွေ နဲ့ လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နှစ်စဥ် အစီရင်ခံ စာတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

    Basel AML Index 2025 စစ်တမ်းနဲ့ပတ်သက်ပြီးစစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်က ကန့်ကွက်ထားပါတယ်။

    Basel Institute on Governance အနေနဲ့ နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATF) လိုမျိုး ခိုင်မာတဲ့ နိုင်ငံတကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ Methodologyတွေချမှတ်ပြီး အကဲဖြတ်ဆောင် ရွက်ခဲ့တာ မတွေ့ရဘူးလို့ စစ်အုပ်စုကဆိုပါတယ်။

    ဒါပေမယ့် FATF ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစလို့ ၂၀၂၅ခုနှစ်အထိ မြောက်ကိုရီးယား၊ အီရန် နိုင်ငံ နဲ့အတူ မြန်မာနိုင်ငံကိုအမည်ပျက်စာရင်း(Black Lists)စာရင်းသွင်းထားပါတယ်။

    စီးပွား​ရေး ပညာရှင် ​ရှောင်တားနားက “အလွန်​တော်တဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီး​တွေပါ ။ ခင်ဗျားတို့ကအခုဆိုရင် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံ ဖြစ်​အောင် လုပ်လိုက်ကြပြီ” လို့​ ​ဖေစ်ဘွခ်မှာရေးသားထားပါတယ်။

  • အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    “အမေဖြစ်သူကို အဓမ္မပြုကျင့်ရုံတင်မကဘူး၊ နောက်ကျောကို ဓားနဲ့ အချက်များစွာထိုးပြီး လည်ပင်းကိုလည်း လှီး ထားသေးတယ်။

    ပြီးတော့ သေပြီအထင်နဲ့ ချောက်ထဲပြစ်ချခဲ့တယ်။ ပြီးမှ (၈) နှစ်အရွယ်သားလေးကိုလည်း တုတ်နဲ့ ထုထားတာထင်တယ်။

    ကျွန်တော်တို့တွေ့တော့ အစာတောင်ပါးစပ်ဝမှာဆို့နေတယ်။

    အခုဆေးရုံမှာ ဦးနှောက်က သွေးခဲနေပြီး ကယောင်ကတမ်းတွေနဲ့ မေမေ့ကိုမလုပ်ပါနဲ့ သားကြောက်တယ် ဆိုပြီး အော်နေတယ်။

    (၃) နှစ်အရွယ်သမီးလေးကိုလည်း တုတ်နဲ့ထုထားပုံရတယ်။

    အိမ်ပေါ်လေးမှာ သွေးတွေနဲ့ နောက်စေ့မှာချုပ်လိုက်ရတယ်။

    လက်လုပ်လက်စားမိသားစုဘဝလေးမို့ မေမေခိုင်ကို ကူညီပေးပါအုံးလို့ပြောကြားရင်းဖြင့်”

    ရိုးသားစွာလုပ်ကိုင်စား​သောက်နေတဲ့ သားအမိ (၃) ယောက်ရဲ့မတွေးရဲစရာအဖြစ်ဆိုးကြီးနဲ့ ကျူးလွန်သူ ရာဂသမား တို့အကြောင်းပြောပြလာသူ ကိုဝေလင်း နှင့် မအေးသန္တာ

    “မွေးထားတဲ့ သားတွေ၊သမီးတွေကို ငယ်ငယ်ကတည်းက အခုအိမ်ထောင်ကျတဲ့အထိ လက်နဲ့တု-တ်နဲ့တောင်မရွယ်ပဲ အလိုလိုက်ချစ်ပေးခဲ့တာပါ။အခုလိုလူမဆန်တဲ့လုပ်ရပ်နဲ့ လုပ်သွားတော့ စကားအများကြီးမပြောတတ်ဘူး။ တွေ့တဲ့နေရာမှာ that ပစ်ချင်တယ်”

    ရိုးသားစွာလုပ်ကိုင်စား​သောက်နေတဲ့ သားအမိ (၃) ယောက်ရဲ့မတွေးရဲစရာအဖြစ်ဆိုးကြီးနဲ့ ကျူးလွန်သူ ရာဂသမားအပေါ် ဖခင် ဦးကြာဌေး ၏ရင်ထဲမှ ကြေကွဲဖွယ်

    အမေကို Rape လုပ်တဲ့အပြင် ကလေးတွေကိုလည်း ရိုက်ခဲ့တဲ့မြင်ကွင်းက စိတ်ထိခိုက်တယ်

    “ကလေးတွေကိုဒီလိုကြီးရက်ရက်စက်စက်မလုပ်သင့်သလို ကျောင်းတွေလည်းပျက်ရ ဆေးရုံကဆင်းရင်တောင် အကောင်းပကတိ ဖြစ်နိုင်တော့မှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့် သူ့အပေါ်စွပ်စွဲထားတဲ့ အချက်တွေအားလုံး ထိရောက်စွာအရေးယူပေးစေချင်တယ်။ ကလေးရဲ့ အနာဂတ်တွေအတွက်လည်းမေမေခိုင့်ကိုအကူညီထပ်တောင်းပါရစေ”

    ဆိုတဲ့ တွံတေးမြို့နယ် ထော်သိုအုပ်စု အလံအုပ်ကျေးရွာ တာဝန်သိ တာဝန်ရှိရပ်မိရပ်ဖများနှင့်ခဏတာ

    တစ်ခါမှမရို-က်ရက်ခဲ့ဖူးတဲ့သမီးကမတရားပြု-ကျ-င့်ခံရတော့စိတ်ထဲနေလို့မကောင်းဘူး

    Rape လုပ်သွားတဲ့ကောင်ကို အမှူတွေအကုန်ကျစေချင်တဲ့ရပ်မိရပ်ဖများ

    အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်။

    Video by STUN

  • တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    မုန့်ခိုးစားလို့ဆိုပြီး ပ-ထွေးက မယားပါသား 6 နှစ်အရွယ်က-လေးရဲ့ပါးစပ်ကို သရေကွင်းနဲ့အကြိမ်ရေမနည်းပ-စ်တဲ့အပြင် ပါး-ကိုပါ ထပ်ရို-က်နေတဲ့ Video ဖိုင်ကို က-လေးရဲ့အမေကိုယ်တိုင် ဆိုရှယ်ပေါ်တင်ခဲ့ပါတယ် ။

    ပ-ထွေးက ကိုယ့်ရဲ့သားကို ဒီလောက်ထိ လုပ်နေတာကို နင်ဘာကြောင့် မပြော၊ မတားတာလဲ မေးကြတော့ သူတို့သားအမိဟာ ခုလက်ရှိယောင်္ကျားအိမ်မှာ မှီခိုနေ နေရတာမို့လို့ သူ့မှာလဲ တားပိုင်ခွင့် ပြောပိုင်ခွင့်မရှိဘူးတဲ့လေ 🙄

    ဒါတောင် ဒီယောင်္ကျားနဲ့ နောက်ထပ် ကလေးတစ်ယောက်ထပ်ယူဖို့စီစဉ်နေတဲ့အပြင်၊ အပြင်မှာ လက်ရှိ ကလေး 6 ယောက်အမေပါတဲ့။

    အပြင်က ကလေးကိုတောင် ကာကွယ်ပေးမနိုင်တဲ့အမေက ဒီလင်သစ်နဲ့ နောက်ထပ် ကလေးတစ်ယာက်ထပ်ယူအုံးမယ်တဲ့လေ 🤔

    နောက်ဆုံး ပရဟိတ အသင်းက ဒီသတင်းကိုတွေ့ပြီး က-လေးကို လာရောက်ခေါ်ဆောင်သွားကြပြီးပ-ထွေးအားက-လေးသူငယ်-ညှင်း-ပန်းနှိ-ပ်စက်မှုနဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်

    က-လေးကိုမေးတော့ ပ-ထွေးက ဒီလိုလုပ်နေတဲ့အချိန် ဘာလို့မငိုတာလဲ မေးတော့ ငိုရင် ပိုဆိုး ပိုလု-ပ်လို့ အသံမထွက်ရဲဘူးလို့-ကလေးကပြောပါတယ်

    ဒီလုပ်ရပ်ဟာလဲ ပထမဆုံးအကြိမ်မဟုတ်ပါဘူးလို့လဲ ကလေးကပြောပါသေးတယ်။

    ဒီVideo ဖိုင်ဟာဆိုရှယ်ပေါ်ပျံ့နှံ့သွားတာကြောင့် ပ-ထွေးဆိုတဲ့လူလုပ်တဲ့အလုပ်ရှင်ကလည်း အဲဲလူကို အလုပ်က ထုတ်လိုက်ပါပြီး တဲ့ ….

    ဖြစ်သင့်ပါတယ် ဒီလိုပ–ထွေးမျိုး က-လေး-သူ-ငယ် ညှင်း-ပန်းနှိပ်-စက်-မှုနဲ့ ထော-င်-ပါ ချသင့်တယ် ….

  • မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ် – မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

    ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

    “မနေ့က မိုးကုတ်ဆေးရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ထိခိုက်သေဆုံးတာမျိုးတော့ အတိအကျ မသိဘူး။ ၆ လုံးချတယ်လို့လည်း ပြောတယ်။ အခုမနက်လည်း ညောင်သုံးပင်နားနဲ့ အုန်းကိုင်းရွာသစ်ဘက်မှာ ပစ်ခက်တဲ့ အသံကြားတယ် အတိအကျတော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦး‌က ပြောသည်။

    အလားတူ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက် ) နံနက်ပိုင်းတွင် မိုးကုတ်မြို့ပြင် အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကိုပြန်လည် ထိန်းချုပ်ထားပြီး မိုးကုတ်မြို့၏ အနီးဝိုက်ရှိ နေရာများကို တောလှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

    ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၉ ရက်)မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ TNLA လုံခြုံရေးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက် ဆုတ်ခွာခဲ့ရသည်။

    မိုးကုတ်နှင့် မိုးမိတ်မြို့များမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ပြီးနောက် နိုဝင်ဘာလ (၃၀) ရက်တွင် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ တပ်စွဲထားသည့် မိုးကုတ်အနောက်ပိုင်း မြို့ပြင်နေရာများအထိ စစ်ကော်မရှင်ဘက်မှ တပ်စခန်းအခြေစိုက်ရန် လုပ်ဆောင်လာခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

    ပုံစာ-စစ်ကော်မရှင်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံအနီး တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် (Photo Credit:)