Category: News

  • ထွက်ပြေးသွားတဲ့ PDF အပါ ၆ ဦး ပျူစောထီးတွေဆီမှာဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ဆို

    ထွက်ပြေးသွားတဲ့ PDF အပါ ၆ ဦး ပျူစောထီးတွေဆီမှာဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ဆို

    ရေဦး၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အခြေစိုက် ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်ရုံးတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင်ထွက်ပြေးသွားသူ ၆ ဦး ပျူစောထီးတွေဆီမှာ ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ရေဦးမြို့နယ်ပကဖ တာဝန်ခံဆီက သိရပါတယ်။

    စက်တင်ဘာ ၂၁ ရက်ညနေပိုင်းမှာ မြောက်ပိုင်းဇုံမှာတာဝန်ကျနေတဲ့ ရေဦးပကဖ လက်ရုံးတပ်ဖွဲ့ဝင် အောင်သူဝင်း၊ ရေဦးမြို့နယ်၊ ပန်းကုန်းရွာသားတွေဖြစ်တဲ့ ထွန်းအောင်ကျော်၊ ဇော်ဦး၊ ချိုတာဘီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာသား ၁ ဦးနဲ့ ထန်းပင်ရွာသား ၁ ဦးတို့က စခန်းကထွက်ပြေးပြီးနောက် စက်တင်ဘာ ၂၂ ရက်က ကာဘိုးပျူရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

    “သူတို့ပြေးပြီးနောက် မနက်ကျတော့ ကျနော်တို့ဆီ သတင်းဝင်လာတယ်။ ကာဘိုးဂိတ်မှာ အဖမ်းခံထားရတဲ့အကြောင်း၊ လက်ပြန်ကြိုးတုပ်ပြီးဖမ်းခံထားရတယ်။ လူ ၆ ယောက်ပေါ့။ ဒီကပျောက်တဲ့ ၆ ယောက်ကလည်းဖြစ်နေတော့ ကျနော်တို့ရဲဘော်နဲ့လူတွေဆိုတာ သိရတယ်။ ဆိုလိုချင်တာက အလင်းဝင်ဖို့သွားတာမဟုတ်ဘဲ ထွက်ပြေးတာ။ သူတို့မိသားစုဆီသွားကြမယ့်အနေအထားမှာ ပျူနဲ့ သွားမိတာ”လို့ ရေဦးမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

    အဆိုပါ ၆ ဦးမှာ ပျူစောထီးတွေဆီ အလင်းဝင်သွားတာမှန်ကန်ပါက လက်ပြန်ကြိုးတုပ် ရိုက်နှက် စစ်ဆေးတာ လုပ်စရာမလိုဘဲ ကောင်းမွန်စွာထားရမှာဖြစ်သလို စက်တင်ဘာ ၂၆ ရက်အထိ ရိုက်နှက်ခံနေရပြီး ၂ ဦးက ဒဏ်ရာပြင်းထန်ရထားတယ်ဆိုတာကို အတွင်းသတင်းအရ သိထားရတယ်လို့ဆိုပါတယ်။

    စက်တင်ဘာ ၂၁ ရက်မနက်ပိုင်းမှာ လေတိုက်လို့ ပြိုကျပျက်စီးသွားတဲ့ မြောက်ပိုင်းဇုံအနီးက ပကဖ လှုပ်ရှားစခန်းတစ်ခုကိုပြင်ဖို့ အထက်ပါ ၆ ဦးကို သုံးဘီး ၁ စီးနဲ့အတူလွှတ်လိုက်ရာ နေ့လယ်ပိုင်း ထမင်းစားပြန်လာပြီးနောက် ညနေပိုင်းထပ်သွားချိန်မှာစခန်းကထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

    တပ်ဖွဲ့ဝင်အောင်သူဝင်းဟာ ၂၀၂၂ ကတည်းက ရေဦးပကဖထဲကို ဝင်ရောက်ခဲ့သူဖြစ်သလိုတပ်ဖွဲ့မှာ နေထိုင်ချိန် စည်းကမ်းဖောက်တာမျိုးမရှိဘဲ တာဝန်ကျေပွန်စွာနေခဲ့သူဖြစ်ပေမယ့် အခုနှစ် စက်တင်ဘာ ၁၀ ရက်လောက်မှာ တပ်ဖွဲ့ပိုင်ကျည်ဆံအချို့ရောင်းစားမှုနဲ့ တပ်ဖွဲ့ကနေယာယီထုတ်ပယ်ထားကာ အကျယ်ချုပ်အနေနဲ့ မြောက်ပိုင်းဇုံစခန်းမှာ စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။

    ဒါ့အပြင် ကန့်ဘလူဒေသခံ ၂ ဦးကတော့ သူတို့ရွာတွေမှာ ပျူစောထီးတွေက သေနတ်ကိုင်ကင်းစောင့် ခိုင်းလို့ ဇွန်လမှာ ပကဖ မြောက်ပိုင်းဇုံဘက်ကို ထွက်ပြေးလာသူတွေဖြစ်ပြီး ရေဦးဒေသခံ ၃ ဦးကတော့ PDF တပ်ဖွဲ့ဝင်တွေကို မူးယစ်ပြီးဆဲဆိုလို့ ထိန်းသိမ်းထားသူ ၁ ဦးနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူ ၂ ဦးဖြစ်ကာ သူတို့အားလုံးက စခန်းမှာ စောင့်ကြည့်ခံထားရသူတွေဖြစ်တယ်လို့ အထက်ပါတာဝန်ခံကပြောပါတယ်။

    အဆိုပါ ၆ ဦးဖမ်းဆီးခံရပြီးနောက်ပိုင်း ရေဦးနယ်ထဲက ပကဖစခန်းတွေကို စစ်ကော်မရှင်ဘက်ကစစ်ကြောင်းထိုးတာ လေကြောင်းကနေ ကင်းထောက်တာမျိုးတွေတော့မရှိသေးဘူးလို့ သိရပါတယ်။

    သတင်း – ကျော်ကြီး၊ စာတည်း – လင်း

  • လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့

    လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့

    Sep 26 Yangon

    ဖြစ်စဉ်မှာ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့မှ ယဉ်မောင်များအား ‌ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းလိုက်လံစစ်ဆေးအသိပညာပေးနေစဉ် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ငါးများတင်ဆောင်လာသော ဟိုက်ဂျက်ယဉ်တစ်စီးအား ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ ကားမောင်းသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ယဉ်မောင်းမှ ” ကားမောင်းတာ ဆိုင်ကယ်ဦးထုပ်ဆောင်းစရာလိုလို့လား ဆရာကြီးတို့အလုပ်မရှိရင် ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ကြပါလားဗျာ။

    ရော့ ရော့ ဆရာကြီး လဖ္ဘက်ရည်ဖိုး လေး “ဆိုပြီး ငွေ ၅ထောင်ထုတ်ပေးပြီး ကားမောင်းထွက်သွားသော ယဉ်မောင်းအား ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ငွေ ၅ထောင်နဲ့ စော်ကားတယ် ငါ့အသက်ကိုပင်ပဒါနမထားဘူးဟုဆိုကာ ရဲရင့်သောစိတ်ဓာတ်ဖြင့် ကားတံခါးတွင်တွဲလျားကပ်လျက် လိုက်ပါ‌ပြီး အမိအရဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။

    လိုက်ပါဖမ်းဆီးခဲ့သော ယဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးကိုကိုလတ်အား ယာယီသမ္မတကြီးမှ သူရသတ္တိဘွဲ့ ချီးမြှင့်ခဲ့ပြီး ယဉ်မောင်းကိုတော့ ပုဒ်မ 969အရ နိုင်ငံတော်အကြည်ညိုပျက်မှုဖြင့် ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

    သတင်းနှင့်ဓာတ်ပုံ မြတ်ခိုင်

    TTC Burmese

  • ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

    ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

    ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅

    လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြုံနေရတဲ့ ဘလော့ဂါ ဗီဗီချန်းဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (PDP) ကို ပြောင်းသွားပါတယ်။

    ဗီဗီချန်းဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံတွေကို မျှဝေရင်း နာမည်ရလာသူ ဖြစ်ပြီး နိုင်ငံရေးပါတီဘက် ကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန် ဖိအားပေးမှုတွေ ကြုံနေရသူပါ။

    နီးစပ်သူတချို့ကတော့ ပြည်သူ့ပါတီဟာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဗီဗီချန်းကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်တယ်လို့ ပြောပါတယ်။

  • မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    မန္တလေးမြို့၌ အိမ်မီးကြိုးများ ခိုးဖြတ်ခံရ

    ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅

    မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဓာတ်တိုင်မှ နေအိမ်အဝင် လျှပ်စစ်မီးကြိုးများ ခိုးဖြတ်ခံနေရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူခံရမှုများမှာ လျှပ်စစ်မီးပျက်ချိန်များအပြင် မီးလာနေချိန်များပါ ခိုးယူခံနေရသလို ထရန်စဖော်မာမှ မီးကြိုးများလည်း အခိုးခံနေရကြောင်း သိရသည်။

    “မီးကြိုး ဖြတ်ခိုးတာတွေ တော်တော်များလာတယ်၊ ကြိုးတွေက ဈေးကောင်းနေတော့ သူခိုးအကြိုက်ဖြစ်နေတာ၊ ကျနော်တို့ အိမ်ဆိုရင် မီးလာနေတုန်း ဖြတ်ခိုးတာ သိသိချင်းလိုက်တော့ ပါသွားပြီ၊ မီးပြန်ရဖို့ ပြန်ဝယ်၊ မီးသမားခေါ်နဲ့ ပိုက်ဆံကုန်တဲ့ အပြင် အလုပ်တွေပါ ရှုပ်ကုန်တာပေါ့၊ ၄ သိန်းကျော်လောက် ကုန်သွားတယ်”ဟု မီးကြိုးဖြတ်ခိုးခံရသူတဦးက ပြောသည်။

    စက်တင်ဘာ ဒုတိယပတ်အတွင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆ လမ်းနှင့် ၉လမ်းထောင့်ရှိ ထရန်စဖော်မာမှ မီးကြိုးများကို မီးပျက်ချိန် ဖြတ်၍ ခိုးယူခံခဲ့ရသောကြောင့် ရပ်ကွက်နေထိုင်သူများ ကိုယ်တိုင် မီးကြိုးများ ဝယ်ယူ၍ EPC ဝန်ထမ်းများ အား ခေါ်ယူကာ ပြင်ဆင်ခိုင်းခဲ့ရကြောင်း၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၅၈ လမ်းထောင့်ရှိ ထရန်စဖော်မာ မီးကြိုးများလည်း ဖြတ်၍ ခိုးယူခံရကြောင်း သိရသည်။

    ထိုသို့ မီးကြိုးများ ဖြတ်၍ ခိုးယူနေသူတဦး ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်တခု ချမ်းမြသာစည်မြို့နယ်တွင် ယခုလဆန်းပိုင်းက ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ဓာတ်ကြိုးလာခိုးရာမှ ဓာတ်တိုင်ပေါ် တက်၍ ဝါယာကြိုးဖြတ်သူမှာ ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ပုံစာ-အိမ်သို့ သွယ်တန်းထားသော မီးကြိုးအား ဖြတ်သွားပုံ/CJ

  • လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

    စက်တင်ဘာလ ၂၅ ရက်

    လှည်းကူးမြို့နယ်၊ တစ်နေရာတွင် ယနေ့ ( ၇ ) နာရီ ( ၁၀ )မိနစ်ဝန်းကျင်အချိန် ၌ ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။

    ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။

    ပြည်သူများပေးပို့‌လာသော ပေါက်ကွဲမှုသတင်းများကို လုံခြုံရေးအရ အချိန်နှင့် တပြေညီ မတင်ပြနိုင်မှုအတွက် တောင်ပန်းအပ်ပါသည်။

    #HlaingInfo