Category: News

  • တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး

    တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေး

    ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေးပြီး ၃ လအတွင်း ခံစားခွင့်များ ထုတ်ပေး

    တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ

    အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်များကို ၃ လအတွင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများစွာအနက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အဆင့်မှ စတင်၍ သက်စွန့်ဂုဏ်ပြုလွှာထုတ်ပေးခြင်း၊ နာရေးစရိတ်အဖြစ် အနည်းဆုံး ငွေကျပ် ၅ သိန်း ထုတ်ပေးခြင်းများကို လုပ်ဆောင်ပေးကြောင်း၊ အခြားသော ခံစားခွင့်များဖြစ်သည့် အသက်အာမခံကြေး၊ သက်စွန့်စရိတ် တစ်လုံးတစ်ခဲတည်းငွေကြေး၊ ပင်စင်ခံစားခွင့်များကိုလည်း အထူးအရေးကိစ္စအဖြစ် ၃ လအတွင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

    “တိုက်ပွဲထဲမှာ သေဆုံးရင် ဗိုလ်မှူးအဆင့်ဆိုရင် ဒုတိဗိုလ်မှူးကြီးအဖြစ် ရာထူး တစ်ဆင့်တိုးပေးပါတယ်။ နာရေးစရိတ်ပေးတယ်။ သက်စွန့်ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ရာထူးခန့်ချုပ်ရုံးကနေ ထုတ်ပေးတယ်။ ဗိုလ်မှူး အဆင့်မှာ တိုက်ပွဲအတွင်း သေဆုံးတယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးသွားတဲ့အတွက် ပင်စင်ကိုလည်း ဒုတိယဗိုလ်မှူးကြီးအဆင့် ပင်စင်ပေးတယ်။ ရာထူးလည်းတိုးတယ်။ ပင်စင်လစာလည်းတိုးတယ်။ သက်ပြည့်ပင်စင်နဲ့ တပ်က ထောက်ပံ့တဲ့ တစ်လုံးတစ်ခဲတည်း သက်စွန့်စရိတ်လည်း တိုးတယ်။ ဗိုလ်မှူးအဆင့်မှပါ။ ကျန်တဲ့ အောက်ခြေ တပ်သားကနေ ဗိုလ်ကြီးအထိကတော့ အလောင်းမပြနိုင်ရင် ပျောက်ဆုံးစာရင်းသွင်းတယ်။ ၆ လအတွင်း လစာတစ်ဝက်ပဲပေးတယ်။ ၆ လကျော်မှ မိသားစုက စစ်ရုံးမှာ ပင်စင်နဲ့ အသက်အာမခံရဖို့ ဆက်လျှောက် ရတယ်။ ဒါက ကကနကောင်စီက သတ်မှတ်ထားတာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

    ယမန်နှစ် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော အမှတ် ၆၂၆ ထောက်ပို့တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကျန်ရစ်သူ ဇနီးသည်က အလောင်းမပြနိုင်သည့်အတွက် ယခုအချိန်အထိ ခံစားခွင့်များမရရှိကြောင်း၊ ၆ လအတွင်း လစာတစ်ဝက်ဖြင့် စစ်တပ်က ယာယီချထားပေးသော နေရာတွင် နေထိုင်ခဲ့ရပြီး ၆ လကျော်သောအခါ တပ်က နှင်လွှတ်ကြောင်း၊ လက်ရှိအချိန်အထိ ၁ နှစ်ကျော် ကြာမြင့်သည့်တိုင် မည်သည့် ခံစားခွင့်မှ မရရှိသေးကြောင်း ပြောဆိုသည်။

    “ပြန်လွတ်လာတဲ့ ရဲဘော်တွေက ဗိုလ်ကြီးသေဆုံးသွားပြီဆိုတာ ပြောပေမယ့် အထက်က အဲဒါကို သက်သေအဖြစ် မယူဘူး။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာမျိုးဖြစ်နိုင်တယ်ဆိုပြီး အခုထက်ထိလည်း ဘာမှ ခံစားခွင့်မရပါဘူး။ အသက်အာမခံကြေးလည်းမရဘူး၊ ပင်စင်လည်း မရဘူး။ နာရေးစရိတ်လည်းမရဘူး။ ဘာဂုဏ်ပြု မှတ်တမ်း လွှာမှလည်းမရပါဘူး။ လက်ရှိတော့ မိဘအိမ်မှာပဲ ကလေးနဲ့ ပြန်နေပါတယ်” ဟု ကျန်ရစ်သူ ဇနီးသည်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က တပ်သားအဆင့်မှ ဗိုလ်ကြီးအဆင့်အထိ သေဆုံးမှုများ၊ စစ်မှုထမ်းတပ်သားသစ်များ၏ သေဆုံးမှုများကိုမူ ကျန်ရစ်သူမိသားစုထံ အသိပေး အကြောင်းကြားခြင်းမရှိဘဲ လျစ်လျူရှုထားသဖြင့် ကျန်ရစ်သူ မိသားစုအများအပြား အတိဒုက္ခရောက်နေရကြောင်း တပ်အသိုင်းအ၀ိုင်းမှ ကျန်ရစ်သူမိသားစုတချို့က ဆက်သွယ်ပြောဆိုကြသည်။

  • မဲပေးစက်က မဲခိုး၍ရသည်ဟု သတင်းပြန့်ပြီးနောက် ဆရာ၊ ဆရာမများ စစ်ဆေးခံနေရ

    မဲပေးစက်က မဲခိုး၍ရသည်ဟု သတင်းပြန့်ပြီးနောက် ဆရာ၊ ဆရာမများ စစ်ဆေးခံနေရ

    မဲပေးစက်က မဲခိုးယူလို့ရတယ်လို့ ဆရာ၊ ဆရာတွေဆီက ပေါက်ကြားတယ်ဆိုပြီး မဲပေးစက်သင်တန်း တက်ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဆရာ၊ ဆရာမတွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ တိုင်းပညာရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    စက်တင်ဘာလပထမအပတ်ကစတင်ပြီး အီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံ ဆင့်ပွားသင်တန်း တက်ခဲ့တဲ့ Non-CDM ဆရာ၊ ဆရာမတွေကို မဲပေးစက်ကနေ မဲခိုးလို့ရတယ် ဆိုတဲ့ သတင်းပျံ့နှံ့ခဲ့တာနဲ့ပတ်သက်လို့ ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

    တိုင်း ပညာရေးဝန်ထမ်းတယောက်က “နာမည်နဲ့ ဘယ်သူဘယ်ဝါဆိုပြီး စစ်တာတော့ မဟုတ်ပါဘူး။ အားလုံးကိုခေါ်ပြီး ပတ်ဆူတာ။ ရွေးကောက်ပွဲလုပ်ငန်းတွေကို ထိခိုက်စေမယ့် ရွေးကောက်ပွဲသင်တန်းတက်စဉ်က တချို့ကိစ္စတွေကို ပြင်ပမှာ ပျံ့နှံ့နေတယ်ပေါ့။ အရာရှိကပြောပြီး မေးစစ်တာ။ တပ်အရာရှိတချို့နဲ့ ပညာရေးမှူးတွေက ဆရာ၊ ဆရာမတွေကို ခေါ်ယူစစ်ဆေးနေတာ” လို့ ပြောပါတယ်။

    ဧရာဝတီတိုင်းမှာ Non -CDM ပညာရေးဝန်ထမ်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အသုတ်လိုက်ခွဲပြီး အီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးနည်းသင်တန်းကို စစ်ကောင်စီက ဖွင့်လှစ်ပို့ချခဲ့တာဖြစ်ပါတယ်။

    မြို့နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က “ဟုတ်တယ်လေ။ မဲပေးစက်က လိုသလို လုပ်လို့ရတဲ့ဆိုတဲ့ အမှန်တရားထွက်လာပြီးနောက် အခု စစ်ဆေးခံထိတာ။ သတင်းတွေ ထပ်ထွက်လာလို့ စုံစမ်းစစ်ဆေးပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ပါ အရေးယူမယ်လို့ ခြိမ်းခြောက်ခံနေရတာ” လို့ ပြောပါတယ်။

    စစ်ကောင်စီဟာ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ် သင်တန်းပေးတာကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လပထမအပတ်က စတင်ဖွင့်ခဲ့တာဖြစ်ပါတယ်။

    မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြပြီး အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲက မြို့နယ် ၈ ခုကို ရွေးကောက်ပွဲ အပိုင်း ၁ မှာ ထည့်သွင်းပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

    PDF အပါအဝင် စိုက်တော်လှန်ရေးတပ်တွေက အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင် ရွက်တာ မပြုလုပ်ကြဖို တိုက်တွန်းထားချက်အရ သိရပါတယ်။

    အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • သူမ အဖြစ်ကို ဖြေရှင်းလာတဲ့ လုလုအောင်

    သူမ အဖြစ်ကို ဖြေရှင်းလာတဲ့ လုလုအောင်

    ပညာမတတ်သလို၊ ဘာသာစကားလည်း ကျွမ်းကျင်တာ မရှိတာကြောင့် သူမ ပိုင်ဆိုင်တာ ပြစားနေရပေမယ့် ဘယ်သူ့မှ မျက်ရည်ကျအောင် မလုပ်သလို၊ သွေးသားရောင်းစားတာလည်း မရှိဘူးလို့ လုလုအောင် က ဖြေရှင်းလာခဲ့တာပါ..။

    လုလုအောင်ကတော့ သူမရဲ့ လူမျိုးတူ ဘာသာတူတွေက ဝိုင်းပြောကြလွန်းလို့ အခုလို မပြောစဖူး ထုတ်ဖော် ပြောလာတာ ဖြစ်ပါတယ်။

    သူမဟာ သမီးလေး လက်ကိုဆွဲပြီး ပြည်တွင်းက ထွက်လာစဉ် လက်ထဲ သိန်း ၃ဝ သာ ပါခဲ့ကြောင်း၊ စီးပွားရေး လုပ်ဖို့ ကြိုးစားပေမယ့် အရှုံးပေါ်၊ အလိ-မ်ခံရတာတွေ ဖြစ်ခဲ့တာကြောင့် ဒီလမ်းကို လျှောက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ လုလုအောင်က သမီးလေး တစ်ယောက်နဲ့ အတူ ပြည်ပမှာ နေထိုင်လျက်ရှိပါတယ်။

    ဒီဖင်နဲ့နို့ဘဲပြစားတယ် ဆိုပီးဘလိန်းနေကြတယ်

    လွန်ခဲ့တဲ့၂ နှစ် က သူများအလုပ်ထဲရင်းနှီးမြုပ်နှံ အလိမ်ခံရလို့ ဆုံးရူံးမူကြီးခဲ့တယ်

    လူမသိ page ဖွင့်ပီး skincare brands အကျီ ရောင်းတယ်

    မြန်မာပြည်မာလုပ်ကိုင်ပေးမယ့်သူမရှိပြန်လို့ ဒိတ်လွန် ဆုံးရူံးမူတွေဖစ်ခဲ့တယ်

    ဘာသာစကားတခုမှမတတ် ဘွဲ့လည်းတခုမှမရဘူး

    ဒီခန္တာကိုပြစားတယ် ဘာဖစ်လဲ

    သူများမျက်ရည်ကျတဲ့ငွေမပါဘူး

    သွေးသားမရောင်းစားဘူး

    Lu Lu Aung

  • မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှာ ဓါးပြတိုက်တဲ့ လူငယ် (၆) ဦး

    မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှာ ဓါးပြတိုက်တဲ့ လူငယ် (၆) ဦး

    မြစ်ကြီးနားမြို့မှာ ဒီကနေ့ ညနေပိုင်းက နေအိမ်အတွင်း ဝင်တဲ့လူငယ်သူခိုးလေးဦးကို ဒေသခံတွေကဝိုင်းဖမ်းခဲ့ကြပါတယ်။

    မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှ စက်တင်ဘာ ၇ ရက်​နေ့က အိမ်ထဲဝင်ခိုးတဲ့ လူငယ်​လေးဦးကို ပြည်သူ​တွေကဝိုင်းဖမ်းခဲ့ကြတာပါ။

    ဖမ်းမိသူတွေဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသားသုံးဦး၊ အသက်၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။

    “မြစ်ကြီးနားက အရမ်းကို ပရမ်းပတာဖြစ်နေပြီ။ သူခိုးတွေကိစ္စတိုင်လည်း အရေးယူသူမရှိဘူး။ ဒီနေ့လည်း သူခိုးကို ကိုယ်အသိနဲ့ကိုယ်ဝိုင်းဖမ်းကြတာ”လို့ ကချင်စုရပ်ကွက်မှာနေသူတစ်ဦးကပြောပါတယ်။

    စားဝတ်​နေ​​ရေးကြပ်တည်းလာပြီး အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတာ၊ ကုန်ဈေးနှုန်းကြီး တာစတဲ့ ပြဿနာတွေကြောင့် မြို့တွင်းမှာ ခိုးဆိုးလုနှိုက်တွေများလာတာလို့ ဒေသခံတွေကပြောပါတယ်။

    ရှမ်းပြည်နယ်​မြောက်ပိုင်းလားရှိုးမြို့မှာလည်း စက်တင်လာလ ၄ရက်ညက အိမ်ထဲဝင်နေတဲ့ သူခိုးကို ဒေသခံ‌တွေ ဝိုင်းဖမ်းစဉ် သူခိုးက ဓားနဲ့ပြန်ခုတ်လို့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းတာ ၄ နှစ်​ကျော်လာတဲ့အခါစစ်​ကောင်စီရဲ့ ဖိနှိပ်မှု​တွေ ၊ ပြည်သူ​တွေအကြပ်​တွေ့​အောင်လုပ်တဲ့ မူဝါဒ​တွေ ၊ပြည်ပရင်းနှီးမြှပ်နှံမှုကျဆင်းတာ ၊ကုန်သွယ်​ရေးကျဆင်းတာ၊ စစ်တပ်က လူငယ်​တွေကို အဓမ္မစစ်သားစု​ဆောင်းစစ်တိုင်ခိုင်းတာ ၊လူငယ်​တွေ နိုင်ငံတွင်းကထွက်​ပြေး​နေရတာ ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေဖြစ်ပွားတာ၊ လာဘ်စားမှူကြီးထွားလာ၊ မှုခင်း​တွေထူ​ပြောပြီး တရားဥပ​ဒေစိုးမိုးမှုမရှိတာ​စတာတွေ​ကြောင့်နိုင်ငံစီးပွား​ရေး ဆက်တိုက်ကျဆင်း​နေပါတယ်။ ​ငွေ​ကြေး​ဖောင်းပွမှုက ၂၀၂၁ညကထက် ၄ ဆပို​ဖောင်းပွလာပြီး နိုင်ငံတစ်ဝန်း ပြည်သူ ၃ ဦးမှာ ၁ ဦးက ဝလင်​အောင်မစားရပဲ ဆာ​လောင်မွတ်သိပ်မှုကြုံ​နေရတယ်လို့ WFP ကထုတ်ပြန်ပါတယ်။

    ဒါ​ကြောင့် ကမ္ဘာ​ပေါ်မှာဆာ​လောင်မွတ်သိပ်မှု ရင်ဆိုင်​နေရသူ အများဆုံးငါးနိုင်ငံ​မြောက်နိုင်ငံဖြစ်လာပါတယ်။

    Video – Crd

  • သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

    သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

    သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

    ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

    တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

    ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လည် ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေ ဖြစ်တဲ့ ပြည်သူပိုင် နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မန္တလေး PDF က ဆိုပါတယ်။

    သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာဝန်းကျင်မှာတော့ မန္တလေး–မိုးကုတ် လမ်းမကြီးကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

    “ဒီနေ့ မနက်တော့ လက်နက်ကြီးတော့ ပစ်တာတော့ ရှိတယ်။ စစ်ကောင်စီဘက်က ဆက်ထိုးနိုင်တာတော့ မရှိသေးဘူး။ ဒီနေ့ ဗုံးကြဲခံရတဲ့ ကျောက်ဖြူရွာက အခုတိုက်ပွဲ ဖြစ်နေတဲ့ ရွာနဲ့ အဝေးကြီးပဲ” လို့ မြေပြင်သတင်းအရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

    ဓာတ်ပုံ – MDY PDF