Category: News

  • တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ  စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

    ဩဂုတ်လ ၈ရက်မနက်ပိုင်းတွင် နန်မွန်းတားရွာကိုနံနက် ၁၁နာရီ ၃၅မိနစ်၊ နေ့ခင်း ၁၂နာရီ ၃၅မိနစ်၊ ညနေ ၅နာရီ ၅၀မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်။ သို့​သော်ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိခဲ့ပေ။

    နမ့်မွန်းတားရွာကို ဩဂုတ်လ ၅ရက်မှစ၍ စစ်တပ်က ပျူစောထီး၊ကသည်းသူပုန် များနှင့်အတူပူးပေါင်း၍အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဖြစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

    သို့သော် ဩဂုတ်လ ၅ရက်နောက်ပိုင်း နေ့စဥ်စစ်ကြောင်းထိုး​နေရာ သြဂုတ် ၈ ရက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။

    ရွာအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

    ” ၄ ရက်ကြာတိုက်ပွဲထဲမှာ ကိုယ့်ဘက်မှာ နည်းနည်းတော့ထိခိုက်တယ်။ စစ်ကောင်စီဘက်ကသေဆုံးတာတွေများတယ်။ လက်နက်ခဲယမ်း တွေလည်းရထားတယ်။ ဒီနေ့တိုက်ပွဲမှာ လေကြောင်းကနေလာပစ်ပြီး ဆုတ်ပြေးတာ”ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

    နမ့်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။

    နမ့်မွန်းတားရွာနှင့်တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

    နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

    မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဘက်၌သေဆုံးမှုများပြားကြောင်းသိရသည်။

    တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

    Photo: တမူး​ဒေသမှ PDF တပ်ဖွဲ့ဝင်များ

  • ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းတွေကိုသာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရိုက်ကူးခွင့် ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေး ကြေညာပါတယ်။

    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အဲဒီအပြင် ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာ တွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင် ရွက်ရတယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

    အခုလို ဆောင်ရွက်နေရာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် ဒါမှမဟုတ် အ စည်းအရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင် ၊ အတတ်ပညာရှင်တွေ ပါဝင်တဲ့ ရုံတင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီ ယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေကိုသာ ရိုက်ကူးခွင့်ပေးပြီး ဆင်ဆာကြည့်ရှုခွင့် ထောက်ခံပေးမှာ ဖြစ်တယ်လို့ ကြိုတင် အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ရုပ်ရှင်လောကသားတွေအနေနဲ့ ဥပဒေနဲ့မညီတဲ့ လောင်းကစားကြော်ငြာ နဲ့ တရားမဝင် စီးပွားရေး ကြော်ငြာ တွေ လုံးဝ ရိုက်ကူးခြင်း မပြုလုပ်ဖို့ကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ သတိပေး ထုတ်ပြန် ထားပါသေးတယ်။

    အောက်တိုဘာ ၁ ရက်က စပြီး Tik Tok ဆယ်လီတွေ FB cele တွေ ရုပ်ရှင်၊ ဇာတ်လမ်း ရိုက်ကူးခွင့် မပြုတော့

    ◼️ MAL ⚽️ စပါယ်ရှယ် မတဲ့ ဘမောများနဲ့ ရိုက်ကူးခွင့်ပြုမည်..

    ◼️ ရိုက်သည့်အခါတိုင်း ဂျပန်ကားလို (ဆင်ဆာဖြတ်) ဝါးရမည်..

    ◼️ MAL သားသမီး ထုတ်လုပ်ရေးများနဲ့ ပနံသင့်သူများ ရိုက်ရမည်

    ◼️မအလ၏ ⚽️မ အစည်းအရုံးသို့ ဝင်ကို ဝင်ရမည်

    ဒါအနှစ်ချုပ်ပဲ ။

    ပုံ/ မြန်မာနိုင်ငံ sit ⚽️မ အစည်းအရုံး

  • ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။

    ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။

    ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့ ၊ အခမ်းအနားပွဲတို့ဆိုရင် အဲ့ဒီမှာ အလေး ပြုရတာ၊ ရုပ်တုကို သူတို့က ဖြိုတာတော့ မဟုတ်ဘူး၊ အောက်ခြေခုံကို ဖြိုပြီး ရုပ်တုကို ဘေးမှာ အဝတ်နဲ့ပေါ့ အုပ်ထားတယ်တဲ့” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

    အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်သည် ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးရှေ့၊ အမှတ် (၁) အခြေခံပညာကျောင်းအနီး၊ ဘုရားလမ်းနှင့် တောင်ငူလမ်းမ လမ်းဆုံတွင်တည်ရှိပြီး ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွင် ထုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ကြောင်း သိရသည်။

    “ပဲခူးသမိုင်းပဲ ပြောပြော၊ ပဲခူးရဲ့ အထင်ကရနေရာပဲ ပြောပြော၊ ပဲခူးသားတွေ၊ ပဲခူးသူတွေရဲ့ အမှတ်တရရှိခဲ့တဲ့ သမိုင်းကို ဖျက်လိုဖျက်ဆီးလုပ်တာ။ နောင်လာ နောင်သားမျိုးဆက်တွေကို သမိုင်းဖျောက်ခြင်တာ”ဟု ဒေသခံက ပြောသည်။

    နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမှု ဇူလိုင်လ၂၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ဒေသခံများက ပြောသည်။

    မည်သည့်အတွက်ကြောင့် ဗိုလ်ချုပ်ကြေးရုပ်အား ယခုလို ဖယ်ရှားသည်ကို မသိရသလို စစ်ကော်မရှင်ကလည်း အသိပေးထုတ်ပြန်ထားခြင်း မရှိသေးပေ။

    စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့ ညဦးပိုင်းတွင် ပဲခူးမြို့ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံအတွင်းရှိ စိုက်ထူးထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကိုလည်း စစ်အုပ်စုမှ အင်အားသုံးကာ ဖြိုချဖျက်ဆီးခဲ့ဖူးသည်။

    ထို့အပြင် စစ်တပ် အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြကြသည့် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွင် စစ်တပ်မှ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ အုတ်ဂူများကိုလဲ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖယ်ရှားခဲ့သေးသည်။

    ယခုလို ဖယ်ရှားမှုကြောင့် မြန်မာနိင်ငံအနှံ့အပြားရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများလည်း ဆက်လက်ဖယ်ရှားခံရမည်ကို ပြည်သူလူထုကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

    ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းခြင်းကို ဆန္ဒပြနေကြသည့် ပြည်သူများကို ဖြိုခွင်းရန် ပဲခူးမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် အရှေ့တွင်စောင့်နေကြသည့် စစ်အုပ်စုလက်အောက်ခံ ရဲများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တွေ့မြင်ရစဉ်။ (ဟန်ထူးဇော်)

    ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း ပဲခူးမြို့မှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ညသန်းခေါင်ယံ ၁၂ နာရီအချိန် ပဲခူးမြို့လယ်၊ အမှတ် ၁ အခြေခံပညာကျောင်းအနီး ဘုရားလမ်းနှင့်တောင်ငူလမ်းမ၊ ဆေးရုံလမ်းနှင့်လမ်း ၃၀ အဆုံ၊ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနှင့်မျက်နှာချင်းဆိုင်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လျှပ်စစ်မီးများ ဖြတ်တောက်၍ စစ်တပ်က ဖျက်ဆီးဖယ်ရှားရှင်းလင်းသွားကြောင်း သိရှိရသည်။

    “ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းကားတွေနဲ့ ညသန်းခေါင်ကြီး လာသယ်တာ။ ရုပ်တုထားတဲ့အထိုင်တုံးကိုလည်း ဖြိုချနေပြီ။ သယ်တဲ့အချိန် မီးတွေ ဖြတ်ထားတယ်။ ရုပ်တုသယ်တဲ့အချိန်ရော သယ်ပြီးတဲ့အချိန်ရော မီးက လုံး၀ မလာဘူး။ ဗိုလ်ချုပ်ရုပ်တုကို သယ်တဲ့အချိန်မှာ စစ်ကားတွေလည်းပါတယ်” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းနှင့်ဇော်ဂျီလမ်းအကြား၊ ပုဗ္ဗဈေးအနီးတွင် ထားရှိထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်တပ်က ကရိန်ကားများ၊ ဘက်ဖိုးကားများဖြင့် ဖယ်ရှားသွားခဲ့ပြီး ရုပ်တုထားရှိသော စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။

    စစ်တပ်သတင်းရင်းမြစ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှားမှုမှာ စစ်ခေါင်းဆောင်၏ယတြာတစ်ခုဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုကြပြီး တပ်ရင်းတပ်ဖွဲ့များတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဆက်လက်ချိတ်ဆွဲ အလေးပြုနေရဆဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

    “NLD ပါတီခေတ်က ထုလုပ် ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားနေတာ။ သိရသလောက်တော့ ပဲခူးရော နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေက NLD အစိုးရလက်ထက်တုန်းက ထုလုပ်ခဲ့တာတွေလို့ထင်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ပုံအကြီးကြီးကို ချိတ်ဆွဲခိုင်းထားတုန်းပါပဲ။ ဖယ်ရှားခိုင်းတာမရှိဘူး။ NLD အစိုးရလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖယ်ခိုင်းတာမျိုးဆိုတော့ ယတြာလို့ထင်တာပါပဲ”ဟု စစ်တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ပဲခူးက ဗိုလ်ချုပ်ကြေးရုပ် ကို စစ်တပ်က ညတွင်းချင်းဖယ်ရှားခဲ့

    အာဏာသိမ်းစစ်တပ်ဟာ ပဲခူးမြို့ တိုင်းအစိုးရရုံးရှေ့မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ဩဂုတ်လ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်မှာ လျှပ်စစ်မီးဖြတ်တောက်ပြီး စက် ယန္တရားတွေ နဲ့ လာရောက် ဖယ်ရှားသွားတာလို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။

    ပဲခူး၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို အာဏာသိမ်းစစ်တပ်က လူခြေတိတ်ချိန် ညချိန်ကျမှ ဖယ်ရှားရှင်းလင်းလိုက်တာဖြစ်ပါတယ်။

    “ဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားလိုက်လို့ ဗိုလ်ချုပ်သမိုင်းပျောက်သွားတာမဟုတ်။ သေချာတာက ကိုယ်သမိုင်းမကောင်းဘူးဆိုတာကိုမီးမောင်ထိုးသလိုဖြစ်နေပြီ။ ရုပ်ထုကိုပဲ ဖယ်ရှားလို့ရမယ်ပြည်သူတွေရင်ထဲမှာရှိတဲ့အမှန်တရားကိုတော့ဘယ်တော့မှဖျက်ဆီးလို့မရစေရဘူး။ ပြည်သူတွေရဲ့တိုင်းပြည်ချစ်စိတ်ကို ဖျောက်ဖျက်လို့ရမှာမဟုတ်ဘူး။” လို့ ပဲခူးမြို့ခံဒေသအမျိုးသားတစ်ဦးက ပြောပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ ရန်ကုန်-မန္တလေးအမြန် လမ်းထောင့်မှာ ရှိတဲ့ ဗိုလ် ချုပ်ကြေးရုပ်ဟာ လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ခဲ့ပြီး အာဇာ နည်နေ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကြေးရုပ်မှာ အခမ်းအနား ကျင်းပခွင့်ကို ပင် ပိတ်ပင်ခံခဲ့ရပါတယ်။

    “ဒါကတော့ အာဏာရှင်ကတော့ အာဏာရှင်အလုပ်လုပ်တာပါပဲ။ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကစပြီး ပြည်သူ့တော်လှန်ရေးနဲ့ပတ်သက် ဆက်စပ်တဲ့အထိမ်းအမှတ်၊ သမိုင်း တွေကိုအစဉ်အမြဲ ဖျက်ဆီးဖျောက်ဖျက်ဖို့ ၁၉၆၂ ဗိုလ်နေဝင်း လက်ထက်ကနေ ခု ၂၀၂၅ မင်းအောင်လှိုင် လက်ထက်ထိ ဆောင်ရွက်နေကြတာပါပဲ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးကိုက ပြောပါတယ်။

    စစ်ကောင်စီက ဗိုလ်ချုပ်ရဲ့ အမည်နာမကို အမျိုးမျိုး ဖျောက်ဖျက်ခဲ့တဲ့အပြင် စစ်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံကိုတောင် ဖြုတ်ချခဲ့ပြီး တိရိစ္ဆာန်ရုပ်ပုံတွေနဲ့ အစားထိုးခဲ့တာ၊ ဗိုလ်ချုပ်ကြေးရုပ်တွေကို သော့ခတ်ပိတ်ထားတာတွေကြည့်ရင်ကိုသိနိုင်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီက အထိမ်းအမှတ် စိုက်ထူထားတာတွေအပြင် ဗိုလ်ချုပ်ရုပ်ထုတွေကို ညအချိန်လူခြေတိတ်ချိန်မှသာအင်အားသုံး ဖြိုချပစ်ခြင်းများပြုလုပ်လာခဲ့ကြပါတယ်။

    ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် အာဇာနည်ကုန်းကို သွားရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ ပြောဆိုခဲ့အပြီးမှာ အခုလို ဖြိုချဖျက်စီးလာခဲ့တာဖြစ်ပါတယ်။

  • ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော တီမားအထူးတပ်ဖွဲ့သည် သူရဲကောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။

    ယူကရိန်း၏ အကြောက်ရဆုံးအထူးတပ်ဖွဲ့အဖြစ် ကာလရှည်ရပ်တည်နေသည့် အထူးတပ်ဖွဲ့သည် စစ်ပွဲတွင် အရဲရင့်ဆုံး ချေမှုန်းမှုကို စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၊ ဆူမီဒေသတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။

    အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် ရုရှားရှေ့တန်းစစ်မျက်နှာနှင့်ဝေးရာ ရန်သူ့နေရာများကို စိမ့်ဝင်ထိုးဖောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဥ် ကွပ်ကဲရေးဌာနများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားတပ်ရင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ရုရှား၏ထိုးစစ်ကိုလည်း ရပ်တန့်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

    ရုရှားတပ်ဖွဲ့ဝင် ၃၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) က ပြောကြားခဲ့သည်။

    လျှို့ဝှက်လှုပ်ရှားလေ့ရှိသော အဆိုပါတပ်ဖွဲ့သည် ၄၁ လကြာ စစ်ပွဲအတွင်း အရှုပ်ထွေးဆုံးနှင့် မှတ်ကျောက်အတင်ထိုက်ဆုံး စစ်ဆင်ရေးအချို့ကို ဆင်နွှဲခဲ့ပြီး ချီးကျူးဂုဏ်ပြုခံနေရကာ ယူကရိန်းတွင် ဒဏ္ဍာရီဆန်ဆန်ဂုဏ်ပုဒ်ကို ရရှိနေပြီဖြစ်သည်။

    တပ်ဖွဲ့ခေါင်းဆောင်မှာ ဒုတိယဗိုလ်မှူးကြီး တီမားဖြစ်သည်။ ၎င်းသည် ရုရှားတပ်ဖွဲ့များအား ဖရိုဖရဲဖြစ်စေကာ အကြောက်တရား ရိုက်သွင်းနိုင်ခဲ့သည့်အတွက် ချီးကျူးခံနေရသည်။ တီမားကိုအစွဲပြု၍ ယင်းတပ်ဖွဲ့ကို တီမားတပ်ဖွဲ့ဟု သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက ခေါ်တွင်ခဲ့သည်။

    ရုရှားကသိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသတွင် ဆယ်နှစ်အကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအလံကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် ကျရောက်သော ယူကရိန်းလွတ်လပ်ရေးနေ့တွင် လွှင့်ထူနိုင်ခဲ့ပြီးနောက် တီမားသည် နိုင်ငံသားများအတွက် သူရဲကောင်း ဖြစ်လာခဲ့သည်။

    ယူကရိန်းဒုံးကျည်များကို ဟန့်တားနေသော အစွမ်းထက်အီလက်ထရွန်းနစ် စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားသည့် ပင်လယ်နက်ကျွန်းဆွယ်ရှိ ရုရှားစစ်အခြေစိုက်စခန်းကို စွန့်စားစီးနင်းရန် ၁၂၅ မိုင်ခရီးကို လှေတတန်၊ ရေပေါ်စီးဆိုင်ကယ်တတန်ဖြင့် သွားခဲ့ရသည်။ ရုရှားတပ်ဖွဲ့များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သော်လည်း ပစ်မှတ်ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကာ “တပ်ဖွဲ့နိုးထလာပြီ”ဟု အဓိပ္ပာယ်ရသည့် “Produdjenia sili” စစ်ဆင်ရေးသည် အရေးပါသော စစ်ရေးအောင်မြင်မှုအဖြစ် ချီးကျူးခံခဲ့ရသည်။

    စစ်ရေးအောင်မြင်မှုထက် ပို၍အရေးပါသည့်အချက်မှာ ရုရှားတွင် ပျော့ကွက်များရှိနေကြောင်း အတိအလင်း သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

    “မိမိတို့ ရောက်လာတာကို ခရိုင်းမီးယားဒေသခံတွေ မြင်တွေ့ရမှာဖြစ်ပြီး ရုရှားတွေအနေနဲ့လည်း မိမိတို့ဟာ အချိန်မရွေး၊ နေရာမရွေး ပေါ်လာနိုင်တယ်ဆိုတာ သဘောပေါက်သွားမှာပါ” လို့ ဒုတိယဗိုလ်မှူးကြီး တီမားက စစ်ဆင်ရေးအပြီးတွင် ပြောကြားခဲ့သည်။

    ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) လက်အောက်ရှိ အကြီးဆုံးတပ်ဖွဲ့များတွင် ပါဝင်သည့် တီမားတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်ဦးရေမည်မျှ ရှိသလဲဆိုသည်ကို မသိရသော်လည်း သမားရိုးကျမဟုတ်သော စစ်ပွဲဆင်ရေးများအတွက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ငယ် ၂၀ ခန့်မှ တပ်ဖွဲ့ဝင်အများအပြား ပါဝင်နိုင်သည်ဟု ဆိုသည်။

    တီမားဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ပြီး စီးနင်းမှုများကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သည့် ပထမဆုံးအဖွဲ့များတွင် ပါဝင်နိုင်ကြောင်း ယူကရိန်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနမှ အမှုဆောင်ဒါရိုက်တာ၊ စစ်ရေး-နိုင်ငံရေး ကျွမ်းကျင်သူ ဒီမစ်ထရို ဇမိုင်လိုက ပြောသည်။

    တီမားတပ်ဖွဲ့သည် ဘက်မြုဒေသရှိ “အသက်လမ်း” ကို ကာကွယ်ခြင်းမှသည် ပင်လယ်နက်တွင် Snake island လွတ်မြောက်ရေးနှင့် ဆူဒန်ရှိရုရှားကြေးစားစစ်သားများကို ခြေရာခံခြင်းကဲ့သို့ စိတ်ဓာတ်မြှင့်တင်ရေး တိုက်ပွဲများအထိ သွေးထွက်သံယိုအများဆုံး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။

    “ဒီတပ်ဖွဲ့ဟာ အနောက်တိုင်း စစ်လက်နက်ပစ္စည်းအပြည့်အစုံ တပ်ဆင်ထားပြီး တိုက်ပွဲ အတွေ့အကြုံများတဲ့အပြင် စိတ်ဓာတ်တက်ကြွကာ အင်မတန် စွမ်းရည်ထက်မြက်ကြောင်း” ယူးကရိန်းစစ်ရေးလေ့လာသုံးသပ်သူ၊ ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့(SBU) အရာရှိဟောင်း အိုင်ဗန်စတုပက်ခ်က ပြောကြားခဲ့သည်။

    တပ်ဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းကို ဆူမီဒေသတွင် ပြသနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ ကတုတ်ကျင်းများ၊ တောတောင်များနှင့် ဝေဟင်တို့တွင် အထစ်အငေါ့မရှိတိုက်ခိုက်နိုင်သော တပ်ဖွဲ့၏ ထူးခြားပြောင်မြောက်သည့် စွမ်းရည်ကို ရည်ညွှန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ရုရှားနယ်စပ်ဒေသများသို့ ယူကရိန်းက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည့်အရေးမှ ကာကွယ်နိုင်ရေးအတွက် ကြားခံနယ်မြေတခုထူထောင်ရန် ရည်ရွယ်ပြီး ရုရှားသည် ယူကရိန်း အရှေ့မြောက်ပိုင်းဒေသကို ယခုနှစ်အစောပိုင်းတွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။

    တီမားတပ်ဖွဲ့သည် ရန်သူ့နေရာများကို ထိုးဖောက်ဝင်ရောက်ပြီး အနီးကပ်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖော်ဆောင်ကာ ဗလာဒီမာပူတင်၏ စစ်သည် ရာပေါင်းများစွာကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးနောက် ဆူမီဒေသတွင် ရုရှား၏ထိုးစစ်အရှိန် တန့်သွားခဲ့ကြောင်း HUR က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

    ရုရှားတပ်ဖွဲ့ဝင် ၁,၀၀၀ နီးပါး သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း HUR က ပြောသည်။ တိုက်ခိုက်မှုကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်အဆုံးတွင် “တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ယူကရိန်းအတွက် ဂုဏ်ယူပါတယ်” ဟု စာတန်းထိုး ဖော်ပြထားသည်။

    တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရက်စွဲအတိအကျကို HUR က ဖော်ပြခဲ့ခြင်း မရှိသော်လည်း ယူကရိန်း အရှေ့မြောက်ပိုင်းဒေသသို့ ရုရှား၏ထိုးစစ်များ မေလနှောင်းပိုင်းတွင် ရပ်တန့်သွားခဲ့ကြောင်း ဆန်းစစ်လေ့လာသူများနှင့် အလွတ်တန်းထောက်လှမ်းရေးများက ပြောကြားခဲ့သည်။

    တီမားတပ်ဖွဲ့သည် မေလအတွင်း ခါကိဗ်ဒေသတွင် ရဟတ်ယာဉ်များပါဝင်သည့် ချေမှုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဆူမီဒေသရှိ ချေမှုန်းရေး တိုက်ပွဲကဲ့သို့ပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကို ပေါင်းစပ်ပြီး ရုရှားတပ်ဖွဲ့များ၏ နောက်တန်းနေရာများကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

    ယူကရိန်းအထူးတပ်ဖွဲ့များသည် ရုရှားမြေအောက်ခိုလှုံရာနေရာ အခု ၆၀၀၊ စစ်မြေပြင်လက်နက်တိုက် ကိုးခုနှင့် မြစ်ကူးတံတား ရှစ် စင်းကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင် ၄၃၉ ယောက် သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း HUR က ပြောသည်။

    တီမားတပ်ဖွဲ့ဝင်များကို ပြည်ပသို့ စေလွှတ်တာဝန်ပေးမှုများလည်း ရှိသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တီမားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အများစုပါဝင်သော စစ်သည် ၁၀၀ ကို ဆူဒန်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး ပြည်တွင်းစစ်အတွင်း ရုရှားဝဂ္ဂနာကြေးစားတပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် သူပုန်တပ်ဖွဲ့များကို ခါတွန်ဒေသပြင်ပသို့ တိုက်ထုတ်ရန် ကူညီပေးခဲ့သည်။

    ယူကရိန်းနှင့်ရုရှားတို့ကြား ရှေ့တန်းစစ်မျက်နှာသည် အာဖရိကအထိ ဖြန့်ကျက်လာသည်။ ယူကရိန်းကွန်မန်ဒိုများသည် ဆူဒန်စစ်တပ်မှ စစ်သည်များကို ဒရုန်းစစ်ဆင်ရေးနှင့် နည်းပညာသစ်များတွင် လေ့ကျင့်သင်ကြားပေးခဲ့ကာ ညပိုင်းစီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီး နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန် ကူညီခဲ့သည်။

    ခရိုင်းမီးယားတွင် လွှင့်ထူထားသည့် ယူကရိန်းအလံကဲ့သို့ပင် ပေးချင်သည့် သတင်းစကားမှာ ရှင်းရှင်းလေး ဖြစ်သည်။

    “သိမ်းပိုက်ခံနယ်မြေဖြစ်စေ၊ ကမ္ဘာ့ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်စေ မိမိတို့ လှုပ်ရှားနိုင်တဲ့ ဒါမှမဟုတ် မလှုပ်ရှားနိုင်တဲ့ နယ်မြေကန့်သတ်ချက်ရယ်လို့ မရှိပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီးတီမားက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    The Telegraph မှ The long-feared special forces unit that ‘wiped out’ a Russian batalion ကို သက္ကောစ ဘာသာပြန်သည်။

    Photo: တိုက်ပွဲဝင်နေသော ယူကရိန်း၏ တီမားအထူးတပ်ဖွဲ့။ (The Telegraph)