Category: News

  • ကွန်ဒိုပြိုကျမှု ဖြစ်စဉ်ကနေ သေဆုံးသူ ၁၃၀ ကျော်ရှိလာပြီဖြစ်

    ကွန်ဒိုပြိုကျမှု ဖြစ်စဉ်ကနေ သေဆုံးသူ ၁၃၀ ကျော်ရှိလာပြီဖြစ်

    Sky Villa ကွန်ဒိုအောက်မှ နှစ်ရက်အတွင်း ရုပ်အလောင်းသုံးလောင်း ထပ်မံတွေ့ရှိ
    ငွေကျပ် သိန်း ၅၀၀ ကျော်၊ နိုင်ငံခြားငွေ၊ ရွှေ၊ ကျောက်မျက်နဲ့ တန်ဖိုးကြီးပစ္စည်းတွေလည်း တွေ့

    (more…)

  • KTV သို့ သောက်စားပျော်ပါးရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲ ၃ ဦးကို အရှင်ဖမ်းမိ

    KTV သို့ သောက်စားပျော်ပါးရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲ ၃ ဦးကို အရှင်ဖမ်းမိ

    ပခုက္ကူမြို့တွင် KTV သို့ သောက်စားပျော်ပါးရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲ ၃ ဦးကို အရှင်ဖမ်းမိပြီး လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

    (more…)

  • စီယင်းဒေသသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေ

    စီယင်းဒေသသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေ

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေ

    (more…)

  • မုက္ခာဆည်တွင် ရေဆင်းချိုးချိန် မြွေကိုက် ရေနစ်၍ ၂ ဦးသေဆုံး

    မုက္ခာဆည်တွင် ရေဆင်းချိုးချိန် မြွေကိုက် ရေနစ်၍ ၂ ဦးသေဆုံး

    မင်းလှ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုး လာသော စစ်ကောင်စီ တပ်သားများ မူးရူးပြီး မုက္ခာဆည်တွင် ရေဆင်းချိုးချိန် မြွေကိုက် ရေနစ်၍ ၂ ဦးသေဆုံး

    (more…)

  • စစ်မှုထမ်းမိန့်ပြဋ္ဌာန်းပြီး ပြည်နယ်ပြင်ပထွက်ခွင့် AA ပိတ်

    စစ်မှုထမ်းမိန့်ပြဋ္ဌာန်းပြီး ပြည်နယ်ပြင်ပထွက်ခွင့် AA ပိတ်

    အာရက္ခတပ်တော် (AA)က ရခိုင်ပြည်နယ်အတွင်း စစ်မှုထမ်းအမိန့်ပါဝင်သော အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (NDEP)ကို ကြေညာပြီး အကြောင်းပြချက်မခိုင်လုံဘဲ ပြည်နယ်ပြင်ပသို့ ထွက်ခွင့်မပြုကြောင်း မေ ၂၂ ရက်စွဲ ဖြင့် ထုတ်ပြန်တားမြစ်လိုက်သည်။

    AA ကျန်းမာရေးဌာနမှ ကုသမပေးနိုင်သည့် ပြင်းထန်ရောဂါရှိလူနာများ၊ အသက်အန္တရာယ် စိုးရိမ်ရသော လူနာများမှလွှဲ၍ အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်ထိ၊ အမျိုးသမီး ၁၈ နှစ်မှ ၂၅ နှစ်ထိ အကျုံးဝင်သူများအနေဖြင့် လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်နေသော အရေးပေါ်ကာလ ပြီးဆုံးချိန်အထိ ပြည်နယ်ပြင်ပထွက်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

    ကုန်သည်များအနေဖြင့်လည်း ခရီးသွားလာရာတွင် လူပိုတင်ဆောင်ခြင်း၊ အခကြေးငွေယူ လူသယ်ယူခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး တွေ့ရှိပါက အရေးယူခံရမည်ဟု ဆိုသည်။

    အဆိုပါတားမြစ်ချက်အား စစ်တပ်ထိန်းချုပ်ဒေသများတွင် ရခိုင်လူမျိုးများ ဖမ်းဆီးငွေညှစ်ခံရခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချခြင်းနှင့် လူသတ်အလောင်းဖျောက်မှု အန္တရာယ်များမှ ကင်းလွတ်စေရန် ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း AA က ပြောသည်။

    AA အနေဖြင့် မပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများအား အကန့်အသတ်နှင့်ဆင်နွှဲရင်း ရခိုင်ဒေသတခုလုံး ရခိုင်ပြည်သူ့ လက်ထဲ ရောက်ရှိရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အား AA က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ဆက်လက်တိုက်ခိုက်ရန် ကျန်တော့သည်။