အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လက်ရှိတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ၎င်း၏ သက်ကြီးရွယ်အို မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။ “ကျနော့်ဖခင်ဟာ အဲဒီအချိန်က ကျနော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျနော်ကတော့ သူမကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေးကောင်းမွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ”ဟု ကိုထိန်လင်းက အမေရိကန် NPR သတင်းဌာနထံသို့ ပြောဆိုသည်။ ကိုထိန်လင်း၏ ဖခင် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ် (Michael Aris) သည် ၁၉၉၉ ခုနှစ်၊ လန်ဒန်မြို့ရှိ ၎င်း၏ ၅၃ နှစ်မြောက် မွေးနေ့တွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်တပ်က မိုက်ကယ်အဲရစ်ကို […]