Category: News

  • Deep Inside Angeli Khang

    Deep Inside Angeli Khang

    Deep Inside Angeli Khang (2025)

    VMX ရဲ့ဘုရင်မလို့တင်စားကြတဲ့ အန်ဂျယ်လီခန်ဆိုတဲ့ ကောင်မလေးအကြောင်းကို နက်နက်နဲနဲ အတွင်းကျကျပြောပြထားတာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးဇာတ်ဝင်ခန်းတွေနဲ့ပါ မိတ်ဆက်ပေးထားတဲ့ VMX ကဏ္ဍလေးတစ်ဖြတ်ဝင်မယ်ဗျာ

    အလန်းစားဇာတ်ဝင်ခန်းတွေကိုလည်း အမြည်းကျွေးထားတာမို့လို့ တစ်ယောက်တည်းကြည့်ပြီး အန်ဂျယ်လီခန်ရဲ့ အကြောင်းကိုဒီဇာတ်ကားလေးနဲ့အတူ နက်နက်နဲနဲလေ့လာလိုက်ရအောင်

  • လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး

    လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး

    မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်သွားပါတယ်။

    အဲဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွအတွင်ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဂျူလီဘစ်ရှော့လည်း အွန်လိုင်းကနေ တက်ရောက်ပြီး မြန်မာ့အခြေအနေကို ရှင်းပြခဲ့တယ်လို့ ကုလဘက်က ပြောပါတယ်။

    ဒီအစည်းအဝေးပွဲမတိုင်ခင်မှာ မစ္စဂျူလီဘစ်ရှော့ဟာ နေပြည်တော်ကို တတိယအကြိမ် သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ၊ ဒေသတွင်းနိုင်ငံတွေ၊ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံအဖွဲ့ဝင်နိုင်ငံတွေကို ထိတွေ့ ဆက်သွယ်မှု အောက်ကနေ ဒီခရီးသွားခဲ့တာလို့လည်း ဆိုပါတယ်။

    ဒါဟာ မြန်မာ့အရေးကို ကမ္ဘာ့စာမျက်နှာမှာ ဆက်ပြီးရှိဖို့ အားထုတ်မှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်တွေမှာ နေပြည်တော်ကို သွားခဲ့တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

    လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို အာဆီယံအလှည့်ကျ မလေးရှားနိုင်ငံက မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်လည်း အခြေအနေကို တင်ပြခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

    မြန်မာ့အရေး ဆုံးဖြတ်ချက်တစ်စုံတရာရဖို့ရည်ရွယ်ပြီး ပြုလုပ်တဲ့ အခုတံခါးပိတ်ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံနဲ့အတူ ပူးတွဲဦးဆောင်တဲ့ ဗြိတိန်နိုင်ငံကတော့ စစ်အာဏာသိမ်းမှု ၅ နှစ်ထဲ ဝင်လာချိန်မှာ မြန်မာ့အရေးကို အထူးစိုးရိမ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

    ဆိုးရွားနေတဲ့မြန်မာ့လူသားချင်းစာနာမှုအခြေအနေအပါအဝင် မြန်မာ့အကျပ်အတည်းအတွက် ရွေးကောက်ပွဲလိုအပ်တာ မှန်ပေမဲ့ ကျင်းပတဲ့ရွေးကောက်ပွဲဟာ အဓိပ္ပါယ်ပြည့်ဝပြီး သက်ဆိုင်ရာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ဖို့လည်း လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသံအမတ်က လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင်မှာ ပြောထားပါတယ်။

    အခု စစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုတဲ့ညွှန်းဆိုချက်တွေ မတွေ့ရဘူးလို့ သူက ဝေဖန်ထားပါတယ်။

  • စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်းများကို ဩစတြေးလျနှင့် အမေရိကန် ဖယ်ရှားနေ

    စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်းများကို ဩစတြေးလျနှင့် အမေရိကန် ဖယ်ရှားနေ

    MRTV အပါအဝင် အာဏာသိမ်း စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသော ရုပ်သံလိုင်း အနည်းဆုံး ၇ ခုထက်မနည်းကို ဩစတြေးလျ နည်းပညာကုမ္ပဏီ Kick နှင့် အမေရိကန် ယူကျူး၊ ဖေ့စ်ဘုတ်တို့က ဆက်တိုက် ဖယ်ရှားပစ်နေကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

    ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က ဖယ်ရှားလိုက်သော စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်းများမှာ MRTV HD, MITV, MRTV News, MRTV Farmers, MRTV Sports, MRTV NRC နှင့် MRTV Entertainment တို့ဖြစ်သည်။

    အဆိုပါ ပလက်ဖောင်းများမှ စစ်ကောင်စီ ဝါဒမှိုင်းများ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ Kick ကုမ္ပဏီက ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။

    ယင်းအပြင် စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်း ပြန်ကြားရေးဝန်ကြီးဌာန ချန်နယ်ကို အမေရိကန် ယူကျူးက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ဖယ်ရှားခဲ့ပြီး Myanmar International TV (MITV) ရုပ်သံလိုင်းကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

    Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch နှင့် Facebook ကုမ္ပဏီတို့ကလည်း MITV ရုပ်သံလိုင်းကို ဖယ်ရှားခဲ့ကြသည်။

    အမေရိကန် ကုမ္ပဏီများမှ ဖယ်ရှားခဲ့ပြီးနောက် စစ်ကောင်စီသည် ဩစတြေးလျ နည်းပညာကုမ္ပဏီ Kick ကို အသုံးပြုကာ ဝါဒဖြန့်ရုပ်သံလိုင်းများကို စတင်ခဲ့သော်လည်း နာရီပိုင်းအတွင်းမှာပဲ Kick ကုမ္ပဏီက ထပ်မံ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။

    ယင်းကဲ့သို့ ဖယ်ရှားနိုင်ရန် Justice For Myanmar အဖွဲ့က သက်ဆိုင်ရာ ကုမ္ပဏီများထံ စာရေးသားပေး၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

    ယခုအခါ စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရဦးမည်ဟု Justice For Myanmar အဖွဲ့က ဆိုသည်။

    MITV နှင့် MRTV တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်သည်။

    MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည်။

    စစ်အုပ်စုသည် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး Kick ၏ အရေးယူဖယ်ရှားမှုသည် စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းလည်းဖြစ်သည်။

    လက်ရှိတွင် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များတွင် “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဟူသော Kick ၏ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေသည်။

    Kick သည် မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်သည်။

    Twitch ကဲ့သို့ပင် Kick ကိုလည်း ဂိမ်းကစားခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် အဓိကအသုံးပြုသည်။

    နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၎င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုထားသည်။

  • ယူကရိန်းထောက်လှမ်းရေးက ဒေါ်လာသန်း ၁၀၀ တန် ရုရှားတိုက်လေယာဉ်များကို ဖောက်ခွဲဖျက်ဆီး

    ယူကရိန်းထောက်လှမ်းရေးက ဒေါ်လာသန်း ၁၀၀ တန် ရုရှားတိုက်လေယာဉ်များကို ဖောက်ခွဲဖျက်ဆီး

    ဒီဇင်ဘာလ ၂၀၊ ၂၁ ညပိုင်း၌ လစ်ပတ်စ်ခ်မြို့အနီးက ရုရှားစစ်ဘက်လေတပ်စခန်းတွင် မီးလောင်မှု ဖြစ်ပွားပြီး တန်ကြေးကြီး တိုက်လေယာဉ်များဖြစ်သော Su-30 နှင့် Su-27 နှစ်စင်းစီ မီးလောင်ပျက်စီးခဲ့ကြောင်း ယူကရိန်း ဗဟို ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာန (HUR) က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

    ထို စစ်ဆင်ရေးကို ယူကရိန်းအပေါ် ရုရှား ကျူးကျော်စစ်ကို ဆန့်ကျင်သည့် တော်လှန်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သည့် အေးဂျင့်တဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း HUR ၏ အဆိုအရ သိရသည်။ လုံခြုံရေး ချထားသော လေယာဉ်ရုံအတွင်း ရပ်နားထားသည့် ထို လေယာဉ်နှစ်စင်းလုံး သုံး၍ မရလောက်အောင် ပျက်စီးသွားသည်။

    နံပါတ် “၁၂” နှင့် “၈၂” ဟု သတ်မှတ်ထားသော ဖျက်ဆီးခံရသည့် တိုက်လေယာဉ်နှစ်စင်းပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရှိမည်ဟု ယူကရိန်းထောက်လှမ်းရေးက ခန့်မှန်းထားသည်။ ထို လေယာဉ်များမှာ ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ရုရှား အသုံးပြုနေသည့် လေယာဉ်များ ဖြစ်သည်။

    ယခု စစ်ဆင်ရေးကို အသေးစိတ် ပြင်ဆင်ကာ တိတိကျကျ အကောင်အထည်ဖော်ခဲ့ရခြင်း ဖြစ်ကြောင်း HUR က ဆိုသည်။

    “လစ်ပတ်စ်ခ်လေယာဉ်ကွင်းက အထူး စစ်ဆင်ရေးကို နှစ်ပတ်ကြာ စီစဉ်ခဲ့တာ ဖြစ်တယ်၊ ကင်းလှည့် လမ်းကြောင်းတွေနဲ့ အစောင့်တွေရဲ့ ဂျူတီချိန်းချိန်တွေကို စောင့်ကြည့်လေ့လာပြီး ကျူးကျော်သူနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ နေရာအတွင်းထိ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ပြီး အစောင့်ချထားတဲ့ လေယာဉ်ရုံထဲက ရုရှား ‘ဆူခွိုင်း’ တိုက်လေယာဉ်တွေကို တိုက်ရိုက် တိုက်ခိုက်ခဲ့တယ်၊ ပြီးတော့ လေယာဉ်ကွင်းကနေ အနှောင့်အယှက်မရှိ ပြန်လည်ထွက်ခွါနိုင်ခဲ့တယ်” ဟု HUR က ဖော်ပြထားသည်။

    လစ်ပတ်စ်ခ်သည် ရုရှား၏ အဓိကစစ်ဘက် လေကြောင်းဗဟိုဌာနများထဲမှ တခုဖြစ်ပြီး လေယာဉ်မှူးလေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ်များ အခြေစိုက်ရာ ဖြစ်သည်။ ယခု စစ်ဆင်ရေးကြောင့် အစောင့်အကြပ် တင်းတင်းကျပ်ကျပ် ချထားသည့် စစ်ဘက်ဆိုင်ရာ နေရာများဖြစ်လည်း ရုရှား၏ နောက်တန်းတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်းကို ပြသနေသည်။

    ယခင်ကလည်း ယူကရိန်း လုံခြုံရေးဌာနက သိမ်းပိုက်ခံ ခရိုင်းမီးယားရှိ ဘဲလ်ဘတ် စစ်ဘက်လေယာဉ်ကွင်း၌ ရုရှား Su-27 တိုက်လေယာဉ် နှစ်စင်းကို တိုက်ခိုက်ခဲ့ဖူးသည်။

    ထို တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် လေယာဉ်မျာဍတွင် တစင်းမှာ လက်နက်ပြည့် တိုက်ပွဲဝင် အသင့်ရှိ လေယာဉ် ဖြစ်သည်။ ၎င်း လေယာဉ်နှစ်စင်း၏ ခန့်မှန်းတန်ဖိုးမှာ ဒေါ်လာ သန်း ၇၀ ဝန်းကျင် ဖြစ်သည်။

    United 24 မှ A $100 Million Hit: Ukrainian Intelligence Sabotages Russian Fighter Jets at Home Base ကို မိုးသဲ ဘာသာပြန်သည်။

  • ရန်ကုန်တွင် စစ်အုပ်စုက ဘွဲ့ရရှိသူများ စာရင်းကောက်ခံ

    ရန်ကုန်တွင် စစ်အုပ်စုက ဘွဲ့ရရှိသူများ စာရင်းကောက်ခံ

    ရန်ကုန်တွင် စစ်အုပ်စုက ဘွဲ့ရရှိသူများ စာရင်းကောက်ခံမှုကြောင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်

    ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ဘွဲ့ရရှိ ထားသူများစာရင်းကောက်ခံမှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

    ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်မြို့နယ်များရှိ ရပ် ကွက်အချို့၌ အထွေထွေအုပ်ချုပ်ရေးမှူးကညွှန်ကြားသဖြင့် ရပ်ကွက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဘွဲ့ရရှိသူများစာရင်း ကောက်ခံနေခြင်းဖြစ်သည်။

    ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆေးပညာ၊ ဥပဒေ၊ အင်ဂျင်နီယာ၊ နည်းပညာ စသည့်အသက်မွေးဝမ်းကျောင်းဘွဲ့များကိုအဓိကထားပြီး ဝိဇ္ဇာ၊ သိပ္ပံ စသည့်ဘွဲ့ရရှိသူများစာရင်းကို ကောက်ခံခြင်းဖြစ်ကြောင်း ရန်ကုန်ကင်းထောက်ကွန်ရက်(Rangoon Scout Network-RSN) နှင့် ဒေသခံများထံက သိရသည်။

    “တနေရာနဲ့တနေရာမတူဘူး။ တချို့ရပ်ကွက်တွေကျ M.B.B.S ၊ L.L.B တို့ BE ၊ B.Tech တို့လိုဘွဲ့တွေပဲအဓိကထားမေးတယ်၊ သာကေတဘက်တွေကျ ဘာဘွဲ့ဖြစ်ဖြစ် ဘွဲ့ရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲမေး တာ။ မွေးနေ့သက္ကရာဇ်နဲ့ ဘွဲ့ရတဲ့နှစ်ကိုမေးသွားတာ။ အဲဒီလိုမေးပြီး လူတွေကိုစိတ်ဒုက္ခသပ်သပ်ပေး တာလား၊ စစ်မှုထမ်းကြောင့်လား မသိဘူး”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

    လှိုင်သာယာမြို့နယ်တွင်မူ ရပ်ကွက်တိုင်းလိုလိုရှိ ရပ်ကျေးအုပ်ချုပ်ရေးများက တအိမ်တက်ဆင်း ဘွဲ့ရ အရေအတွက်နှင့် ဘွဲ့ရရှိသည့်ခုနှစ်စာရင်းကို လိုက်လံကောက်ခံနေသည့်အပြင် လက်ရှိကိုင်နေသော ဖုန်း နံပါတ်များကိုပါ ထပ်မံတောင်းသွားကြောင်း HTY Scout အဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်)ကဖော် ပြထားသည်။

    ဘွဲ့ရသည့်စာရင်းများကို ဒီဇင်ဘာလ ၂၁ ရက်မှစ၍ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကောက်ခံရသည့်အကြောင်းရင်းကို မဇ္စျိမကစုံစမ်းကြည့်ရာတွင် မြို့နယ်အချို့၏အုပ်ချုပ်ရေးရုံးအဖွဲ့များက အကြောင်းရင်း မသိသူများရှိသလို တောင်ဥက္ကလာမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ အချို့၏အဆိုအရ မဲစာရင်းအတွက် လုပ်အားပေးရန်ကောက်ယူနေခြင်းဖြစ်ကြောင်းလည်း ပြောဆိုမှု များရှိသည်။

    “မဲရုံတွေမှာ လုပ်အားပေးလုပ်ဖို့ခေါ်တာလို့ပြောတာပဲ။ ဆရာဝန်၊ ရှေ့နေတွေ အဓိကလိုချင်နေတာတဲ့” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူတဦးက ပြောသည်။

    ရပ်ကွက်အချို့တွင် အသံချဲ့စက်ဖြင့် အုပ်ချုပ်ရေးမှူးရုံးသို့ စာရင်းပေးရန် လိုက်လံနှိုးဆော်မှုများရှိပြီး အချို့ရပ်ကွက်များတွင်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က အိမ်တိုင်ရာရောက် စာရင်းလာရောက်ကောက်ခံမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

    မဲရုံတွင်လုပ်အားပေးရန်ဟု အကြောင်းပြချက်ပေးသော်လည်း ဘွဲ့ရရှိသည့်ခုနှစ်ဖြင့် တွက်ချက်မေးမြန်း ပုံကိုကြည့်လျှင် စဉ်းစားစရာဖြစ်နေပြီး စစ်ကော်မရှင်ပြဋ္ဌာန်းထားသော စစ်မှုထမ်းဥပဒေအရ ကျွမ်း ကျင်ပညာရှင်၊ ဘွဲ့ရရှိသူများ၏ အကျုံးဝင်သည့် အသက်အရွယ်များဖြစ်နေခြင်းကြောင့် စိုးရိမ်ရကြောင်း ရန်ကုန်မြို့ခံများက ထင်ကြေးအမျိုးမျိုးဖြင့် ယူဆနေကြသည်။

    “စဉ်းစားကြည့် ၂၀၁၅ ကနေ အခုနှစ်အထိဆို အကျုံးဝင်တဲ့နှစ်ကျော်ရင်တောင် သူတို့ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေပါတယ်လေ။ မဲရုံစောင့်ဖို့လူခေါ်တယ်သာပြောတယ် တခြားမြို့နယ်ဘက်တွေဘက်မေးကြည့်တာတော့ အုပ်ကြီးကိုယ်တိုင်တောင် အထက်ကကောင်ခိုင်းလို့ကောက်တာ၊ သူကိုယ်တိုင်တောင်မသိဘူး” ဟု ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်တွင် နေထိုင်သူတဦးကဆိုသည်။

    ရန်ကုန်မြို့တွင် စစ်အုပ်စုနှင့်၎င်းတို့လက်အောက်ခံအဖွဲ့များက ဧည့်စာရင်းများ ခပ်စိပ်စိပ်စစ်ဆေးခြင်း၊ မဲစာရင်းကောက်ခံခြင်း၊ ဘွဲ့ရသူစာရင်းများလိုက်လံကောက်ခံနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေ ပြီး တဖက်တွင်လည်း ရန်ကုန်မြို့ပေါ်၌ နေ့စဉ်ဖမ်းဆီးမှုများလည်း ရှိနေသည်။

    ရန်ကုန်မြို့တွင် ယခုရက်သတ္တပတ်အတွင်း လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်နှင့် မြောက်ဥက္ကလာ မြို့နယ်တို့၌ လူ ၁၅ ဦး စစ်အုပ်စု၏ဖမ်းဆီးခြင်းခံခဲ့ကြရကြောင်း ရန်ကုန်ကင်းထောက်ကွန်ရက် (Rangoon Scout Network-RSN)မှ ဒီဇင်ဘာလ ၂၂ ရက်ကထုတ်ပြန်ထားသည်။