Category: News

  • စစ်အုပ်စု ရဲ့ ပုံရိပ်ပြန်လည်မြင့်တင်ဖို့ အမေရိကန် လော်ဘီကုမ္ပဏီ နှစ်ခုနဲ့ စာချုပ်ချုပ်ဆိုထား

    စစ်အုပ်စု ရဲ့ ပုံရိပ်ပြန်လည်မြင့်တင်ဖို့ အမေရိကန် လော်ဘီကုမ္ပဏီ နှစ်ခုနဲ့ စာချုပ်ချုပ်ဆိုထား

    စစ်အုပ်စုဟာ သူတို့ ရဲ့ ပုံရိပ်ပြန်လည်မြင့်တင်ဖို့ အမေရိကန် လော်ဘီ ကုမ္ပဏီတွေနဲ့ လုပ်ငန်းသဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ တခုဖြစ်တဲ့ Justice For Myanmarက ပြောပါတယ်။

    အမေရိကန်အခြေစိုက် လော်ဘီနှစ်ဖွဲ့ဖြစ်တဲ့ DCI Group AZ LLC နဲ့ the McKeon Group လော်ဘီကုမ္ပဏီတွေဟာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ)ကနေ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် ကို အမည်ပြောင်းပြီး ရက်ပိုင်းအတွင်းမှာဘဲ စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဖွဲ့တွေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

    The Sentry နှင့် Justice For Myanmar တို့ ပူးတွဲထုတ်ပြန်လိုက်တဲ့ မူဝါဒအနှစ်ချုပ်စာတမ်းသစ်တစ်‌စောင်မှာ မြန်မာစစ်အုပ်စုအဖွဲ့အစည်း အမည်ပြောင်းလဲလိုက်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးဆောင်လော်ဘီတွေ ငှားရမ်းအသုံးပြုတာကနေ တဆင့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှုရရှိရေး ကြိုးပမ်းနေပုံတွေကို ဖော်ထုတ်ထားပါတယ်။

    အမေရိကန်ပြည်ထောင်စု နိုင်ငံခြားကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းဆိုင်ရာအက်ဥပဒေ (FARA) အရ တင်သွင်းထားတဲ့ မှတ်တမ်းတွေမှာ အဆိုပါလော်ဘီကုမ္ပဏီတွေက မြန်မာစစ်တပ်ကိုယ်စား အမေရိကန်အစိုးရကို စည်းရုံးဖို့ရည်ရွယ်တဲ့ ပြည်သူရေးရာနဲ့ လော်ဘီဝန်ဆောင်မှုတွေ ပေးအပ်ဖို့ သဘောတူခဲ့တာ တွေ့ရတယ်လို့ JFM ကဆိုပါတယ်။

    “စစ်အုပ်စုဟာ သူတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်နေပြီး၊ သူတို့အုပ်ချုပ်မှုကို ပုံမှန်အခြေအနေတခုလို ဖြစ်လာစေဖို့ နိုင်ငံရပ်ခြားက အားပေးကူညီသူတွေရဲ့ ပံ့ပိုးမှုကို ရယူ အသုံးချနေပါတယ်” လို့ The Sentry ရဲ့ အမှုဆောင်ဒါရိုက်တာ Justyna Gudzowska က ပြောပါတယ်။

    စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့စစ်အုပ်စုကို အကျိုးဖြစ်ထွန်းစေမယ့် ဒီလို နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်တာဟာ ကြီးလေးတဲ့ ဥပဒေကြောင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်လို့လည်း သူက ဆိုပါတယ်။

    ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ စစ်ကော်မရှင် (SSPC) ကို စစ်ကောင်စီ ( SAC) ရဲ့ အမည်ကွဲတစ်ခုအနေနဲ့ ဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့ အဖွဲ့အစည်းအသစ်အနေနဲ့ ဖြည့်စွက်ပြင်ဆင်တာ မလုပ်ဘူးဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒါကို ကောင်းစွာနားလည်သိရှိမှု မရှိတာကြောင့် စစ်အုပ်စုနဲ့ စီးပွားရေး လုပ်ဆောင်နိုင်ခြေတွေ ရှိလာနိုင်တယ်လို့လည်း The Sentry နှင့် Justice For Myanmarရဲ့ စာတမ်းမှာ ထောက်ပြထားပါတယ်။

  • ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

    ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

    ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

    ပုဂံအကြောင်း နည်းနည်းရေးမယ်။

    ပိတ်ရက်တွေဆက် နှစ်ကုန်ခါနီးဆိုတော့ ခရီးသွားချင်ကြတယ်။

    ဆောင်းတွင်း သူ့ရာသီနဲ့ သူ့ဒေသလတ်ဆတ်လို့ အသွားများတာက အညာဆို ပုဂံ၊ ရှမ်းပြည်ဆို တောင်ကြီးအင်းလေး၊ အလယ်ပိုင်းဆို မန္တလေး ပြင်ဦးလွင်၊ ကမ်းခြေတွေကတော့ ထားလိုက်တော့။

    အခုက ပုဂံကိစ္စ၊ ပုဂံမှာဒီရက်ပိုင်း လူဆွဲ ငွေတောင်းတာတွေက စိပ်လာတယ်။

    တချို့တွေကလည်း အသက် အန္တရာယ် စိုးရိမ်လို့ ငွေပေးပြန်ရွေးပြီး သတင်း အမှောင်ချ ထားလိုက်ကြတယ်။

    မသိတဲ့သူတွေကလည်း မသိကြသလို သိရက်နဲ့သွားသူတွေလည်း ရှိနေတာပဲ။ ဟိုတယ်တွေဆို ငှားမရဘူး။

    ဆက်ပြောရရင် ကရင်နှစ်ကူးနေ့က လူနှစ်ယောက်နဲ့ ကားတစီးကို အဖွဲ့ တဖွဲ့က ဆွဲသွားတယ်။

    လူတိုင်းကို ဆွဲနေတာလား ဆိုတော့လည်း အဲဒီလိုမဟုတ်ဘူး။

    ငွေကြေးပြည့်စုံသူ၊ ကားအကောင်းစားတွေနဲ့ လာသူတွေ၊ လက်ဝတ်လက်စား ဝတ်ထားသူတွေကို ပစ်မှတ်ထားနေတာ။

    အဲဒီတော့ ခရီးသွားရင် ဘာတန်ဖိုးကြီးတာကိုမှ ဝတ်မသွားကြနဲ့၊

    ကိုယ့်အသက်ထက် ဘာမှအရေးမကြီးဘူး၊

    လူပြတ်နဲ့နေရာ လူအသွားလာနည်းတဲ့နေရာတွေကိုမသွားပါနဲ့၊

    ပတ်ဝန်းကျင်ကိုသတိထားပါ အသံနားစွင့်ပါ။

    ထပ်ပြောရရင် ဖေ့ဘုတ်ပေါ် ကိုယ်ရောက်နေတဲ့နေရာကို လိုကေးရှင်း အပ်ပဒိတ်တင်ချင်လွန်းတဲ့ သူတွေ မလိုအပ်တာကို ချက်ခြင်းမတင်ကြနဲ့၊

    ဖြစ်လာမှ ကယ်ပါ ယူပါဆိုလို့ကတော့ အဆင်ပြေမနေဘူး။

    ပုဂံမှာပဲ ဖြစ်တာလားဆိုတော့ ပုဂံမရောက်ခင် လမ်းပိုင်းတွေကလည်း စိတ်ချရတဲ့ အနေအထားမှာမရှိလှဘူး။

    မသွားမဖြစ်သွားနေရင်လည်း နေ့ဘက်ကိုသာ ဦးစားပေး သွားပါ။

    ဆိုင်ကယ်တွေနဲ့ အခြေနေကို ကြည့်နေတတ်သူတွေလည်းရှိလို့ စားသောက်ဆိုင်တွေမှာ ဝင်စားနေရင်လည်း သတိရှိကြဖို့ အထူးမှာချင်တယ်။

    ကြောက်အောင် အခုစာကိုရေးနေခြင်းမဟုတ်ပါ။

    ဖြစ်နေတာတွေ ဖြစ်ခဲ့တာတွေကို ထပ်မဖြစ်အောင် ဆင်ခြင်နိုင်အောင်ရေးတာပါ။

    ဘေးကင်းစွာနဲ့ ခရီးတွင်ကြပါစေ။

    ✍🏻Aung Kyawthu

  • ဥရောပမှာ အကြီးဆုံး ဖြစ်လာမယ့် လေယာဉ်တင်သင်္ဘော တည်ဆောက်မယ်လို့ ပြင်သစ် အတည်ပြု

    ဥရောပမှာ အကြီးဆုံး ဖြစ်လာမယ့် လေယာဉ်တင်သင်္ဘော တည်ဆောက်မယ်လို့ ပြင်သစ် အတည်ပြု

    ဥရောပမှာ အကြီးဆုံး ဖြစ်လာမယ့် လေယာဉ်တင်သင်္ဘော တည်ဆောက်မယ်လို့ ပြင်သစ် အတည်ပြု

    ခေတ်သစ် စစ်ဆင်ရေး လိုအပ်ချက်တွေနဲ့ ပိုမိုကိုက်ညီမယ့် လေယာဉ်တင် သင်္ဘော အသစ်တစ်စီး တည်ဆောက်သွားမယ်လို့ ပြင်သစ် အစိုးရက အတည်ပြုခဲ့ပါတယ်။

    ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သမ္မတ အီမန်နျူရယ်လ် မာခရွန်က ရေတပ်အတွက် ရည်မှန်းချက် ကြီးမားတဲ့ အဲဒီ အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ ပြင်သစ်ရေတပ်မှာ အသုံးပြုနေတဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး ချားလ်စ်ဒီဂေါလ်ဟာ သက်တမ်း အိုမင်းနေပြီ ဖြစ်ပါတယ်။

    ချားလ်စ်ဒီဂေါလ် နေရာမှာ အစားထိုး တာဝန်ယူမယ့် လေယာဉ်တင် သင်္ဘောသစ် တည်ဆောက်ရေး စီမံကိန်းကိုတော့ PANGလို့ အတိုကောက် နာမည်ပေးထားပါတယ်။ လေယာဉ်တင် သင်္ဘော အသစ်အတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၂ ဘီလီယံလောက်ထိ များပြားနိုင်ပြီး ၂၀၃၈ ခုနှစ်မှာ ရေတပ်အတွက် စတင် အမှုထမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအချိန်ကျရင် ချားလ်စ်ဒီဂေါလ်ကို အပြီးတိုင် အနားပေးလိုက်တော့မှာပါ။

    လေယာဉ်တင် သင်္ဘောကို ခုတ်မောင်းဖို့ နျူကလီးယား စွမ်းအင်သုံး တွန်းကန်စနစ်တွေကို ပြီးခဲ့တဲ့ နှစ်ကတည်းက တည်ဆောက်မှု စတင်နေပြီလို့လည်း ဆိုပါတယ်။ လေယာဉ်တင် သင်္ဘောအသစ်ဟာ ချားလ်စ်ဒီဂေါလ်ထက် နည်းပညာပိုင်း ပိုအဆင့်မြင့်သလို အရွယ်အစားလည်း ပိုကြီးမှာပါ။ ပြီးတော့ ဥရောပ တစ်တိုက်လုံးမှာ အကြီးမားဆုံး စစ်ရေယာဉ် ဖြစ်လာမယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ဖြန့်ကျက်ထားတဲ့ ပြင်သစ် စစ်သားတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောချိန်မှာ လေယာဉ်တင် သင်္ဘောအသစ် တည်ဆောက်မယ့် အကြောင်းကို မာခရွန်က ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။

    အစိုးရဟာ နိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက် ဖွံ့ဖြိုးလာအောင်လည်း တွန်းအာပေး ကူညီသွားမယ်လို့ မာခရွန်က ဆိုပါတယ်။

    ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ ပြင်သစ်ဟာ လေယာဉ်တင် သင်္ဘောတွေ အသုံးပြုနိုင်တဲ့ နိုင်ငံအနည်းအကျဉ်း စာရင်းမှာလည်း ပါဝင်နေပါတယ်။ ဥရောပတိုက်မှာဆိုရင် လေယာဉ်တင် သင်္ဘောတွေ အသုံးပြုနိုင်တဲ့ ရေတပ်မျိုးကို ပြင်သစ်အပြင် ဗြိတိန်၊ အီတလီနဲ့ စပိန်တို့ပဲ ပိုင်ဆိုင်ထားပါတယ်။

    ဒါပေမဲ့ ဥရောပတိုက်ရဲ့ ရေငုပ်သင်္ဘော အစုအဖွဲ့ဟာ အမေရိကန်နဲ့ ယှဉ်ရင်တော့ သေးငယ်နေဆဲပါ။ အမေရိကန်ဟာ အကြီးစား လေယာဉ်တင်သင်္ဘော ၁၁ စီးကို ကိုင်တွယ်နေပြီး တရုတ်မှာတော့ ၃ စီး တည်ဆောက်ထားပါတယ်။ ဥရောပရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရုရှားမှာတော့ သက်တမ်း အိုဟောင်းနေပြီဖြစ်တဲ့ လေယာဉ်တင် သင်္ဘောကြီး ၁ စီးသာ ရှိနေပါတယ်။

    ကိုးကား: Reuters

    ဆက်စပ်သတင်း

    မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

  • ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    ရက္ခိုင်ပြည် ကျောက်ဖြူမှာ အရမ်းခေတ်စားနေတဲ့ DSA သုပ်နှင့် DSA သောက်ဆမ်း

    အာရက္ခတပ်တော်AA နှင့် စစ်ကော်မရှင်တပ်တို့ကြား နှစ်ဖက်စစ်ရေးပဋိက္ခဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ် တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိ အနည်းဆုံး ၁၀ ဦးအထက်သေဆုံးခဲ့မှုရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ် တွေကပြောဆိုပါတယ်။

    ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကော်မရှင်တပ်၏ အရာရှိများမှာ အင်းတိုင် (တပ်မ ၁၁ )ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်၊ ( တပ်မ ၁၁) လက်အောက်ခံ( ခမရ – ၂၁၁) ကြည်း- ၄၃၁၁၈ ဒုတိယဗိုလ်မှူးကြီးဝင်းသန့်၊ မွန်ပြည်နယ် ရေးမြို့အခြေစိုက်(စကစ- ၁၉) လက်အောက်ခံ (ခမရ – ၃၄၃) ကြည်း- ၆၄၀၈၃ ဗိုလ်မှူးမျိုးမြင့်အောင်၊ ဟိုပုံး ( တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း) ဗိုလ်ကြီးရာထူးကနေ ဗိုလ်မှူးအဆင့် အရာထူးတိုးမြှင့်ခန့်အပ်ပေးကာ ကျောက်ဖြူ ( ခမရ – ၅၄၂)သို့ ရောက်ရှိလာပြီး လပိုင်းအခန့်သာရှိတဲ့ မင်းပြင် မိုးလေဝသရေဒါစခန်း၌ သေဆုံးသွားတဲ့ ( ကြည်း – ၅၈၅၄၇ / DSA – ၅၃) ဗိုလ်မှူးကိုကိုဇော် ၊ ( တပ်ရင်း ……..) ကြည်း- ၇၁၈၀၃ ဗိုလ်ကြီးဟိန်းမင်းဇော် နှင့် မင်းတက်တောင်၊ လိပ်ခမော်၊ သိုင်းချောင်း တိုက်ပွဲ၌ သေဆုံးသွားသည့် ကိုယ်ပိုင်နံပါတ်နှင့် တပ်ရင်းအမည်အား အသေးစိတ်ဖော်နိုင်ရန် ခက်ခဲနေသည့် ဗိုလ်ကြီး ၃ ဦးနှင့် ဗိုလ်မှူး ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦးအထက်ရှိနိုင်ကြောင်းသိရသည်။

    ထိုသို့ အရာရှိအဆင့်ထိ တဖြုဖြုတ်သေဆုံးမှုရှိနေသည့် စစ်ကော်မရှင်သည် ရာထူးထိုးပေးကာ ကျောက်ဖြူစစ်မျာနှာသို့ ပို့ဆောင်နေရသလို့ ၊ စစ်မြေပြင်အတွင်း ပြည်သူ့စစ်တပ်သားများအား ဒုတပ်ကြပ်ကနေ တပ်ကြပ်ကြီးအဆင့်ထိ အရစ်တွေတတ်ပေးပြီး စစ်ဓာတ်မြှင့်ရေးများ လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။

    ‎ကျောက်ဖြူသို့ ရန်ကုန်တပ်ရင်းများမှ အင်အား ၄၀၀ ခန့်စစ်ကူထပ်ပို့

    ‎‎ကျောက်ဖြူတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အင်အားပြုန်းတီးလာ၍ ရန်ကုန်တပ်ရင်းများမှ စစ်ကူများကို ဆက်တိုက်ပို့ဆောင်နေရကြောင်း သိရသည်။

    ‎‎အင်းတိုင်အခြေစိုက် တပ်မ ၁၁ မှ လက်အောက်ခံတပ်ရင်းများအပြင် စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း အင်အား ၄၀၀ ခန့်ကို ရေကြောင်းမှ ကျောက်ဖြူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့ နောက်ပိုင်းက ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    ‎‎”ရန်ကုန်ကတပ်တွေနဲ့ တပ်သားသစ်တွေကို ကျောက်ဖြူနဲ့ ညောင်ကျိုးကို ပို့နေတယ်သိထားပါတယ်။ ရေကြောင်းကနေကျောက်ဖြူရေတပ်တွေကိုပို့တယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎ကျောက်ဖြူ၊ ကပ်သပြေရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကော်မရှင်က ဓညဝတီရေတပ်ဌာနချုပ်အတွင်းမှ အင်အားရာချီ၍ အသုတ်လိုက်ပို့ဆောင်နေခြင်းဖြစ်သည်။

    ‎ထိခိုက်သေဆုံးမှုများပြီး အင်အားပြုန်းတီးလာသည့် စစ်ကော်မရှင်တပ်များသည် သိုင်းချောင်းနှင့် မင်းပြင်ရွာအတွင်း တပ်စွဲနေထိုင်နိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ရန်ကုန်မှ စစ်ကူများကို ကျောက်ဖြူသို့ ယခု ဒီဇင်ဘာလအတွင်း သုံးသုပ်ခွဲ၍ပို့ဆောင်ထားပြီး ကျောက်ဖြူရေတပ်များမှတဆင့် မြေပြင်စစ်ကြောင်းကို တဆင့်ချင်း ပို့ဆောင်နေကြောင်း သိရသည်။

    ‎စစ်ကော်မရှင်က AAနှင့် စစ်ဆိုင်ထားရသည့် ရခိုင်-မကွေးအစပ် နတ်ရေကန်ဗျူဟာ၊ ရခိုင်-ပဲခူးအစပ် ညောင်ကျိုးစခန်း၊ ကပစ ၁၆၏ ကာကင်း ပွိုင့် ၆၆၆စခန်းတို့ကို အင်အားအလုံးအရင်းသုံး စစ်ကူများ ဆက်တိုက်ပို့နေခြင်းဖြစ်သည်။

    ‎ပွိင့် ၆၆၆ ကို စစ်ကြောင်းထိုးတဲ့ စစ်ကော်မရှင် တပ်တွေအထိအခိုက်များ ၊ သုံ့ပန်း ၁၀ ကျော် ဖမ်းမိ

    ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲက ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ခု နဲ့ AA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ၁၀ ကျော်ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ကပစ ၁၆ က ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ပွိုင့် ၆၆၆ ကုန်းအနီး ကို ထိုးစစ်ဆင်ဖို့ ခြေလျင်တက်လာခဲ့ပြီး ကြိုတင် ရှင်းလင်းခြင်းကို ခံခဲ့ရတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အရှင် (၁၀) ဦး ဖမ်းမိထားတယ်၊ နောက်ထပ်လည်းသူတို့ ဘက်ကအကျအဆုံးတွေ နဲ့ ပြန်ဆုတ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပွိုင့် ၆၆၆ စခန်းကို စစ်ကော်မရှင် ဘက်က ၊ ပြည်သူ့ စစ်အင်အားတွေကို အများအပြားအသုံးချနေပြီး ၊ နောက်ထပ် စစ်ကြောင်းတစ်ခု ထပ်မံတက်လာတယ်လို့လည်း တိုက်ပွဲအခြေအနေကို ရှင်းပြပါတယ်။

    “ပထမ စစ်ကြောင်းပြိုသွားတော့ ဒရုန်း နဲ့ လက်နက်ကြီး တအားပစ်တယ်။ နောက်ထပ် စစ်ကြောင်းထပ်ဝင်လာလို့ ဒီနေ့မနက်ထပ်ဖြစ်နေပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကော်မရှင်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ပွိုင့် ၆၆၆ ကုန်းကို ထိုးစစ်ဆင်နေသလို ၊ တစ်ဖက်မှာလည်း မကွေးတိုင်း ငဖဲမြို့နယ်ထဲက ဂုတ်ကြီးစခန်း ကိုလည်း အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    ဒီဇင်ဘာ လ အစကတည်းက ရခိုင်ရိုးမထဲမှာတိုက်ပွဲ‌တွေ ပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။

  • နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်ဗျူဟာအနီးမှာ အာရက္ခတပ်​တော်(AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။

    အမ်း-ပဒါန်း လမ်းပေါ်က နတ်​ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။

    စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်​ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။

    နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့က​ပြောပါတယ်။

    “ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။

    အမ်း-ပဒါန်းလမ်းဟောင်းဘက်က ပဇီရွာကလွဲလို့ ဂုတ်ကြီးစခန်းအပါအဝင်ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။

    အဓိက ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြန်ရဖို့အတွက် အာဏာသိမ်းစစ်တပ်ကကြိုးပမ်းခဲ့ပေမယ့် တပ်လန်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အခုလိုပဲ စစ်တပ်ကစခန်းသိမ်းနိုင်တယ်လို့ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ စစ်သား ၂၀ကျော်စုဝေးပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်မှာ AAကပစ်ခတ်တဲ့ လက်နက်ကြီးလို့တည့်တည့်ထိမှန်လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။

    ဂုတ်ကြီးစခန်းမှာ​ ဓာတ်ပုံရိုက်စဉ်ကတော့ AAက တိုက်ခိုက်ခဲ့တဲ့သတင်းမကြားရပါဘူး။

    စစ်သား​တွေက ဂုတ်ကြီးစခန်း နဲ့ ဂုတ်ကြီးရွာပတ်ဝန်းကျင်မှာ စခန်းသိမ်းနိုင်ပြီဆိုပြီး ဓာတ်ပုံတွေကိုဖြန့်​ဝေခဲ့ကြပါတယ်။

    ဒါ​ပေမယ့် စစ်သား​တွေဟာ ဂုတ်ကြီးစခန်းကို တစ်ရက်ပဲ ထိန်းနိုင်ပြီး ပြန်ဆုတ်​ပြေးခဲ့ကြတာပါ။

    လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာ နဲ့ ပဇီရွာကို ‌AA နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်သားတွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။

    နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

    (အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေ/ ဂုတ်ကြီးရွာနဲ့ဂုတ်ကြီးစခန်းကိုာစစ်တပ်ကပြန်ထိန်းချုပ်နိုင်​ကြောင်း ဝါဒဖြန့်ချီဖို့ စစ်သား​တွေဓါတ်ပုံရိုက်ကူးစဥ်။ ဓါတ်ပုံ-AA Infodesk ၊ စစ်​ကောင်စီ)