နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး

နတ်ရေကန်ဗျူဟာအနီးမှာ အာရက္ခတပ်​တော်(AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။

အမ်း-ပဒါန်း လမ်းပေါ်က နတ်​ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။

စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်​ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။

နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့က​ပြောပါတယ်။

“ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။

အမ်း-ပဒါန်းလမ်းဟောင်းဘက်က ပဇီရွာကလွဲလို့ ဂုတ်ကြီးစခန်းအပါအဝင်ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။

အဓိက ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြန်ရဖို့အတွက် အာဏာသိမ်းစစ်တပ်ကကြိုးပမ်းခဲ့ပေမယ့် တပ်လန်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အခုလိုပဲ စစ်တပ်ကစခန်းသိမ်းနိုင်တယ်လို့ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ စစ်သား ၂၀ကျော်စုဝေးပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်မှာ AAကပစ်ခတ်တဲ့ လက်နက်ကြီးလို့တည့်တည့်ထိမှန်လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။

ဂုတ်ကြီးစခန်းမှာ​ ဓာတ်ပုံရိုက်စဉ်ကတော့ AAက တိုက်ခိုက်ခဲ့တဲ့သတင်းမကြားရပါဘူး။

စစ်သား​တွေက ဂုတ်ကြီးစခန်း နဲ့ ဂုတ်ကြီးရွာပတ်ဝန်းကျင်မှာ စခန်းသိမ်းနိုင်ပြီဆိုပြီး ဓာတ်ပုံတွေကိုဖြန့်​ဝေခဲ့ကြပါတယ်။

ဒါ​ပေမယ့် စစ်သား​တွေဟာ ဂုတ်ကြီးစခန်းကို တစ်ရက်ပဲ ထိန်းနိုင်ပြီး ပြန်ဆုတ်​ပြေးခဲ့ကြတာပါ။

လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာ နဲ့ ပဇီရွာကို ‌AA နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်သားတွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။

နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

(အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေ/ ဂုတ်ကြီးရွာနဲ့ဂုတ်ကြီးစခန်းကိုာစစ်တပ်ကပြန်ထိန်းချုပ်နိုင်​ကြောင်း ဝါဒဖြန့်ချီဖို့ စစ်သား​တွေဓါတ်ပုံရိုက်ကူးစဥ်။ ဓါတ်ပုံ-AA Infodesk ၊ စစ်​ကောင်စီ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *