Category: News

  • ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်

    ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်

    ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်၊ ၃ ဦးသေဆုံး ၇ ဦးဖမ်းမိ

    ကောလင်းတိုက်ပွဲကို စစ်ကူပို့တဲ့ ဝန်းသိုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူ းပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိထားပါတယ်။

    ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းက‌နေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ခမရ(၁၂၀)က တပ်မ(၃၃) လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

    စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးရဲဘော်တစ်ဦးကပြောပါတယ်။

    ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူး‌ပေါင်းတပ်တွေ ဒီဇင်ဘာလ၁၉ရက်နေ့ညမှာ စတင် တိုက်ခိုက်ခဲ့တာပါ။

    စစ်တပ်က ၀န်းသိုမြို့မှာရှ်ိတဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ ခမရ (၁၂၀)တပ်ရင်းထဲကို လေကြောင်းကနေ အင်အားဖြည့်နေသလို ကောလင်းဘက်ကိုလည်းစစ်ကြောင်းတွေလွှတ်နေတာဖြစ်ပါတယ်။

    ဝန်းသိုမြို့ကနေ ထွက်ခွာလာတဲ့စစ်ကြောင်းဟာ ဒီဇင်ဘာလ၂၀ ရက်မှာဩဂကျေးရွာနဲ့ အာမခံကျေးရွာကို ရောက်ရှိပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

    အဲဒီကနေဆက်ထွက်လာစဉ် ညောင်ပင်သာ ကျေးရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

    လက်ရှိ ကောလင်းနဲ့ဝန်းသိုနယ်စပ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသတွင်းဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

    (စစ်သုံ့ပန်းစစ်သား​တွေနဲ့ PDF ​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

  • လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

    လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

    ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်း​မြောက် လားရှိုးမြို့ရှိ နေရာ ၃ ခုထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

    လားရှိုးမြို့ ရပ်ကွက်- ၅ ရုံးနဲ့ ရပ်ကွက်- ၂ ရုံးတွေအပြင် ရပ်ကွက်- ၁၂ ရှိ လူနေထူထပ်တဲ့နေရာမှာ ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ” ရပ်ကွက် ၂ နားတော့ လူမထိဘူးကြားတယ်။ ရပ်ကွက်- ၁၂ မှာတော့ လူများနေရာမှာ ပေါက်ကွဲတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

    ဒီဗုံးပေါက်ကွဲမှု စစ်ကောင်စီရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေးတာဖြစ်နိုင်လို့ ၎င်းက ဆက်ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီနဲ့၎င်းရဲ့ လက်အောက်ခံရဲတပ်ဖွဲ့တွေက လာရောက်စစ်ဆေးနေပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်းရှိနေသေးတယ်လို့ ဆိုပါတယ်။

    လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းဖို့ ပြင်ဆင်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေးထားပါတယ်။

  • မြောက်ဦးဆေးရုံ ဗုံးခွဲမှုနောက်က စစ်ကော်မရှင် ဝါဒဖြန့် လှည့်ကွက်

    မြောက်ဦးဆေးရုံ ဗုံးခွဲမှုနောက်က စစ်ကော်မရှင် ဝါဒဖြန့် လှည့်ကွက်

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များမှ ဆေးရုံတိုက်ခိုက်မှုကို လျစ်လျူရှုပြီး သေဆုံးသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ တိုက်ခိုက်မှုမှာ သတင်းပေးမှုကြောင့်ဖြစ်ကြောင်း စသည့် သတင်းတုများ၊ အချက်အလက်မခိုင်လုံသော ပုံများ နှင့် ဇာတ်လမ်းပုံဖော်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

    သတင်းတု ဖြန့်ဝေမှု

    စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များဖြစ်သည့် ကျော်စွာ၊ ရွှေဘ၊ ဟန်ငြိမ်းဦး၊ စစ်သွေး၊ ကကဟန် နှင့် ပုလဲမြေ စသည့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စာသားများအပြင် ထည့်သွင်းအသုံးပြုသည့် ပုံများလည်း တူညီသည့် ပိုစ့်တခုကို စက္ကန့်ပိုင်းသာ ခြားပြီး တပြိုင်နက် ဖော်ပြသည်။

    ထိုဖော်ပြသည့် အကြောင်းအရာတွင် အာရက္ခတပ်တော် (AA) ကို မကျေနပ်သည့် ရခိုင်လူမျိုးများအပါအဝင် PDF တပ်ဖွဲ့များ၏ သတင်းပေးမှုကြောင့် ယခုသို့ ဗုံးကြဲရခြင်းဖြစ်ပြီး AA တပ်သား သေဆုံးသူ ၃၀ ကျော်ရှိကြောင်းရေးသားထားသည်။

    အသုံးပြုသည့် ပုံများသည် AA တပ်သားများ သေဆုံးမှုကို ဝမ်းနည်းကြောင်းဖော်ပြသည့် တစ်တော့ ပိုစ့်များကို ဖော်ပြထားသည်။ ထိုဖော်ပြထားသည့် ပုံ ၉ ပုံတွင် လူ ၇ဦး၏ ပုံများပါဝင်သည်။ ထိုပုံများကို အချက်အလက်စိစစ်ခဲ့ပြီး ထို ၇ ဦးအနက် ၄ ဦး၏ အချက်အလက်အဟောင်းများကို တွေ့ရသည်။ တစ်တော့ ဆိုရှယ်မီဒီယာတွင် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် အတွင်း ဖော်ပြခဲ့သည့် သေဆုံးတပ်သားအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ထပ်မံ၍ ထိုဝါဒဖြန့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် AA တပ်သားများ၏ အုပ်စုလိုက်ဓါတ်ပုံတွင် သေဆုံးသူများကို ဝိုင်းပြထားသည့် ပုံ ၆ ပုံကို ‘Mrauk Oo Thar Chay’ အကောင့်ဖြင့် ဖေ့ဘုတ်တွင် ဝမ်းနည်းကြောင်း ဖော်ပြထားသည့် ပုံကို ဖြန့်ဝေထားသည်။

    ထိုဝမ်းနည်းကြောင်း ဖော်ပြထားသည့် ပုံဖြင့်ပင် စစ်ကော်မရှင်၏ လက်အောက်ခံ သတင်းစာများ၊ ပြည်တွင်းမီဒီယာများတွင် ဆက်လက်ဖော်ပြသည်။

    ထိုပုံများအပေါ် သုံးသပ်ကြည့်လျှင် ဝမ်းနည်းကြောင်းဖော်ပြသည့် ဖေ့ဘုတ်ဖော်ပြမှုတခုကို စခရင်ရှော့ (Screenshot) ရယူအသုံးပြုထားပြီး ထိုပုံတွင် နေ့ရက်၊ အချိန် ပါဝင်သည့် ဖုန်း (သို့မဟုတ်) ကွန်ပျူတာ မျက်နှာပြင် စသည်တို့ မပါဝင်ပေ။

    စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်၊ သတင်းစာ၊ လက်ဝေခံ မီဒီယာများတွင် ‘Mrauk Oo Thar Chay’ ဖေ့ဘုတ်အကောင့်မှု ဖော်ပြမှု တခုတည်းကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး အခြား ပျံ့နှံ့မှုများတွင်လည်း ထိုပုံကိုသာ အသုံးပြုထားသည်။

    မူလ တင်ပြီးချိန်မှ ၁၃ နာရီတွင် ထိုပုံကို Screenshot ရိုက်ယူထားခြင်းဖြစ်ပြီး ပျံ့နှံ့မှု တိုင်းတွင်လည်း ထို အချိန်သာဖြစ်နေသည်ကို တွေ့ရသည်။

    ထိုဖေ့ဘုတ်အကောင့်ကို ရှာဖွေရာတွင် ထပ်တူကျသည့် အကောင့်တခုသာတွေ့ရသည်။ ထိုအကောင့်တွင်လည်း ထိုသို့ဖော်ပြထားခြင်း မရှိသည့်အပြင် ၎င်းတင်ထားသည့် ပိုစ့်အောက် မှတ်ချက်တွင် လာရောက်မေးမြန်းသူကို “ကျန်တော်အကောက်မဟုပ်အစ်ကိုယင်းစွာ” ဟု ၎င်းဖော်ပြထားခြင်းမဟုတ်ကြောင်း ပြန်လည်ပြောဆိုထားသည်ကို တွေ့ရသည်။

    ဤအချက်များကြောင့် ယခုပုံသည် ဖန်တီးထားခြင်းဖြစ်ပြီး ထိုဖန်တီးမှုဖြင့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြမှုကို စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ချက်တွင် ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။ ထိုပုံတခုတည်းကိုသာ သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူများသည် AA တပ်သားများဖြစ်သည်ဟု တထစ်ချ ဖော်ပြထားခြင်းသည် မခိုင်လုံသည့် အချက်အလက်ပင် ဖြစ်သည်။

    ဇာတ်ကြောင်းပုံဖော် ဝါဒဖြန့်ချိမှု

    မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုသည် စစ်ကော်မရှင်မှ အရပ်သားပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၃၃ ဦးသေဆုံးခဲ့ပြီး အရပ်သား ၇၇ ဦးတို့ ဒဏ်ရာ ရရှိထားသည်ဟု အာရက္ခတပ်တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။

    ထိုထိခိုက်မှုအတွက် အာစီယံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ့် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ဝမ်းနည်းကြောင်း၊ စစ်ကော်မရှင်၏ လုပ်ရပ်ကို ရှုံချကြောင်း နှင့် စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ဖော်ပြကြသည့်အပြင် နိုင်ငံတကာ မီဒီယာများတွင်လည်း သတင်းဖော်ပြထားကြသည်။

    ထို့သို့ သိသာထင်ရှားနေသည့် အခြေအနေကို စစ်ကော်မရှင်၏ ဝါဒဖြန့် ချန်နယ်များတွင် မြောက်ဦးဆေးရုံ​ဗုံးကြဲခံရပြီး AA တပ်သား ၃၁ ဦး သေဆုံးကြောင်း ဒဏ်ရာရ သူများကို ‘၆၀သေခါနီး’ ဟူသော ဝမ်းသာအားရဖြစ်သည့် အရေးအသားများဖြင့် တွေ့ရသည်။

    တဖန် သေဆုံးသူများသည် AA တပ်သားများဖြစ်ကြောင်း ပုံပေါ်စေရန် အထက်တွင် ဖော်ပြခဲ့သည့် သတင်းတုများ၊ မတိကျ မခိုင်လုံသည့် အချက်အလက်များဖြင့် သေဆုံးသည့် တပ်သားပုံများအဖြစ် ဖော်ပြကြသည်။

    ထပ်မံ၍ AA နှင့် ရခိုင်လူမျိုးများအကြား၊ AA နှင့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများအကြား သွေးခွဲသည့် ဇာတ်ကြောင်းအဖြစ် ဤသို့ ဗုံးကြဲနိုင်ခြင်းမှာ AA ကို မကျေနပ်သည့် တပ်ဖွဲ့များမှ သတင်းအတိအကျ ပေးသောကြောင့် ဗုံးကြဲရခြင်းဖြစ်ကြောင်း ပုံဖော်သည်။ ထို့ပြင် အပြန်အလှန်စာပို့ထားကြသည့် ပုံကို သုံး၍ ကျောင်းသားလက်ရုံးအဖွဲ့မှ မင်းဟန်ထက်မှ သတင်းပေးသယောင် ရေးသားဖြန့်ဝေကြသည်။

    ဤသို့ အရပ်သား ပစ်မှတ်ကို တိုက်ခိုက်သော်လည်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုမှာ လက်စားခြေမှု ဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ တွင် ဖြစ်ပေါ်ခဲ့သည့် ကျောက်တော် ကမ်းထိုးရေယဉ်ဖြစ်စဉ်ကို ပြန်လည် ဖော်ပြကြသည်။ စစ်ကော်မရှင်တပ် အသေအပျောက်များပြားခဲ့သော ဖြစ်စဉ်ဟောင်းကို ဖော်ပြခြင်းဖြစ်သည်။

    AA တပ်ဖွဲ့မှ ကျူးလွန်သည်ဟုဆိုကာ ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ဗီဒီယိုဖိုင် အဟောင်းများ၊ မြောက်ဦး ယဉ်ကျေးမှု နယ်မြေတွင် လက်နက်ကြီး ထိခိုက်မှုဖြစ်စဉ်များ စသည့် ဖြစ်စဉ်အဟောင်းများကို ပြန်လည်မျှဝေကြသည်။

    ဖမ်းဆီးရန် လှုံ့ဆော်မှု အဖြစ် မြောက်ဦးဖြစ်စဉ်ကြောင့် မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြသည့် ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ လိပ်စာကို တောင်းကာ ဖမ်းဆီးရန် ခြိမ်းခြောက်လှုံ့ဆော်ခြင်းကိုတွေ့ရသည်။

    စစ်ကောင်စီသည် အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို သတင်းတုများ၊ အချက်အလက်တုများ ဖြင့် ဖုံးကွယ်ပြီး သေဆုံးသူများမှာ AA တပ်သားများဖြစ်သည်ဟု ပုံဖော်ကာ စစ်ရာဇဝတ်မမြောက်ကြောင်း လိမ်ညာခဲ့သည်။ အရပ်သားသေဆုံးသည့် အချက်အလက်များ ထွက်ပေါ်လာသောအခါတွင်လည်း ဖြစ်စဉ်ဟောင်းများကို အသုံးပြုကာ ၎င်းတို့၏ လုပ်ရပ်ကို လက်စားချေခြင်း အဖြစ် ပုံဖော်ခဲ့သည်။ အဆိုးရွားဆုံးမှာ မွေးကင်းစကလေးငယ်အပါအဝင် သေဆုံးခဲ့ရသည့် ဤဖြစ်စဉ်အပေါ် အားရဝမ်းသာသည့် အရေးအသားများ ဖြင့် ဝါဒဖြန့်ချိခဲ့ခြင်းပင်ဖြစ်သည်။

  • စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တဲ့ အားနည်းချက်ပြင်ပြီး စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၂၁ရက်မှာပြုလုပ်တဲ့ KNDFကို တော်လှန်ပြည်သူတွေ ဝန်းရံကြဖို့ရည်ရွယ် လုပ်ဆောင်တဲ့ ရတနာအားမာန် စကားဝိုင်း အစီအစဉ်မှာ ဥက္ကဋ္ဌ ခွန်းဘီထူးက အခုလို ရှင်းပြတာပါ။

    “ဒီကာလမှာကျနော်တို့ ပြည်သူတွေအားရလောက်အောင် တချို့ စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တာက ကျနော်တို့ရဲ့အားနည်းချက်ဖြစ်ပါတယ်။ ဒီအားနည်းချက်ကို ပြင်ပြီးမှ ပြည်သူတွေလိုလားတဲ့ မြင်လိုတဲ့ စစ်ကောင်စီကို ပြုတ်အောင် ဆက်ပြီးမှ တိုက်ပါ့မယ်”လို့ ခွန်းဘီထူးက ကတိပေးပါတယ်။

    ဒါ့အပြင် KNDF တပ်ဖွဲ့စည်းခဲ့တာဟာ စီးပွားရေးလုပ်ဖို့မဟုတ်ကြောင်းလည်း ပြောပါတယ်။

    KNDFက တပ်ဖွဲ့ အသေးလေးနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ကျယ်ပြန့်စွာတပ်တွေ တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်း၃၀ကျော်ရှိတယ်လို့ ပြောပါတယ်။

    နောက်ပိုင်းမှာ ပြန်ပေါင်းစပ်တာ၊ အထူးတပ်တွေကို ပြန်အားဖြည့်တာ လုပ်ဖို့ရှိမယ်လို့လည်း အသိပေးပါတယ်။

    ဒီလိုတည်ဆောက်ရင်းနဲ့လည်း ကရင်နီပြည်တခုလုံးမှာရှိနေတဲ့ တပ်တွေကို ပြည်နယ်ရဲ့တပ်ဖြစ်အောင် ခြေလှမ်းလှမ်းနေတယ်လို့ ပြောပါတယ်။

    “ဒါကလည်း ကျနော်တို့ရဲ့ ကိုယ်ကျိုးအတွက် ကျနော်တို့ရဲ့ ကျော်ကြားမှုအတွက်ကျနော်တို့ တပ်လွှမ်းခြုံနိုင်ပြီးမှ စီးပွားရေးတွေလုပ်ဖို့ အတွက်မဟုတ်ဘဲနဲ့ ကျနော်တို့တပ်တွေသည် အာဏာရှင် ကို တိုက်ရင်းနဲ့ ကျနော်တို့ကိုယ်ကျနော်တို့ ပြည်သူ လူထုကို ကာကွယ်တဲ့၊ တရားဝင်အစိုးရရဲ့ တပ်ပေါ့နော်။ သူပုန်မဖြစ်ဘဲနဲ့ တရားဝင်အစိုးရတပ်ဖြစ်အောင် ဆက်ပြီးမှ ကူးပြောင်းနေပါတယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

    ကရင်နီပြည်မှာ တပ်ပေါင်းစုတွေရှိ ညီညွတ်မှုတွေရှိလာတယ် ပြည်နယ်အစိုးရ တပ်တွေဆီကို ဆက်လက်ခြေလှမ်းလှမ်းနေတယ်လို့လည်း ပြောပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ခူးဒယ်နီရယ်လည်း ပါဝင်ဆွေးနွေးခဲ့ရာ အာဏာရှင် အဆက်ဆက်ရှိခဲ့ရာ မင်းအောင်လှိုင်စစ်တပ်ဟာ ရက်စက်အကြမ်းတမ်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

    တော်လှန်ရေးလုပ်တဲ့သူတွေအနေနဲ့လည်း ဒီတပွဲမှာ မနိုင်နိုင်တဲ့နည်းနဲ့ စုဖွဲ့မှုတွေညီညွတ်မှုတွေ ချိတ်ဆက်မှုတွေကောင်းရမယ်လို့ ပြောပါ။

    ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ အားလုံးခံယူထားပြီးဖြစ်ကြောင်းအသိပေးပြီး စစ်မနိုင်သေးခင် နိုင်ငံရေးကို အလွန်အကျွံဆွေးနွေးပါက မင်းအောင်လှိုင်အကွက်ထဲ ဝင်သွားနိုင်တယ်လို့လည်း သတိပေးပါတယ်။

    “သူ့ကိုမနိုင်ရင် ကျနော်တို့ ဖက်ဒရယ်ကိုလည်း သွားလို့မရဘူး။ အဲဒီလိုမျိုးဟာကိုတော့ ရှင်းရှင်းလင်းလင်း မြင်စေချင်တယ်။”လို့လည်း ခူးဒယ်နီရယ်က ပြောပါတယ်။

    လက်ရှိမှာ ချိတ်ဆက်မှုတွေ တဖြည်းဖြည်းရလာပြီဖြစ်ကြောင်း ပြောပြသလို လက်ရှိတော်လှန်ရေးမှာလူထုက သဘောပေါက်ပြီး လက်နက်ကိုင်ပါဝင်လာကြကြောင်းလည်း လူငယ်မျိုးဆက်သစ်တွေ စစ်ကောင်စီကို တော်လှန်ဖို့ တိုက်ပွဲဝင်နေကြတဲ့ အခြေအနေကို ပြောပြပါတယ်။

    ” ဒီပွဲက ပြီးကိုပြီးမှရမယ် အောင်ကိုအောင်မှ ရမယ်”လို့လည်း ခူးဒယ်နီရယ်က တော်လှန်ရေး အောင်မြင်ဖို့ လိုအပ်မှုကို ပြောပါတယ်။

    လူထုက တာဝန်ကျေနေပြီဖြစ်လို့ လက်နက်ကိုင် တဲ့သူတွေ တာဝန်ထပ်ကျေဖို့သာလိုတော့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး။ဓာတ်ပုံ – KNDF)

  • တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ စစ်တပ်က အပြီးတိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလမှစတင်၍ အညာဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်ကို ထိုးစစ်ဆင်များဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးနှင့် ခြေမြန်တပ်များကို အညာဒေသ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်တွင် ခေါ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

    “အညာဒေသ စစ်ဆင်ရေး စီမံချက်က လာမယ့်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဆုံး ရှုံးထားတဲ့ အညာမြို့နယ်တွေမှာ ရွေးကောက်ပွဲ အပြည့်အ၀ ပြန်လည် ကျင်းပနိုင်ဖို့နဲ့ မြို့ နယ် တွေအားလုံးကို နယ်မြေစိုးမိုးမှု ပြန်ရဖို့ လုပ်နေတာရှိတယ်။ ကြားဖြတ်ရွေး ကောက် ပွဲကို ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းလောက်လုပ်မယ်လို့ အကြမ်းဖျဉ်း သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ စစ်တပ်က စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၀ ခု၊ မကွေးတိုင်းတွင် မြို့နယ် ၅ ခုနှင့် မန္တလေးတိုင်းတွင် မြို့နယ် ၃ ခုကို ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များအဖြစ် ကြေညာထားသည်။

    စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော စစ်ကိုင်းတိုင်း ၁၀ မြို့နယ်တွင် ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးနှင့်ဝက်လက်မြို့နယ်တို့ပါဝင်သည်။

    မကွေးတိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော ၅ မြို့နယ်မှာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်နှင့် ရေစကြိုမြို့နယ်တို့ဖြစ်သည်။

    မန္တလေးတိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးထားသော မြို့နယ် ၃ ခုမှာ နွားထိုးကြီး၊ စဉ့်ကူးနှင့် မိုးကုတ်မြို့နယ်တို့ဖြစ်ပြီး စဉ့်ကူးနှင့်မိုးကုတ်မြို့နယ်တို့မှာ စစ်တပ်လက်အောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။