ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်၊ ၃ ဦးသေဆုံး ၇ ဦးဖမ်းမိ

ကောလင်းတိုက်ပွဲကို စစ်ကူပို့တဲ့ ဝန်းသိုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူ းပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိထားပါတယ်။

ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းက‌နေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ခမရ(၁၂၀)က တပ်မ(၃၃) လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူး‌ပေါင်းတပ်တွေ ဒီဇင်ဘာလ၁၉ရက်နေ့ညမှာ စတင် တိုက်ခိုက်ခဲ့တာပါ။

စစ်တပ်က ၀န်းသိုမြို့မှာရှ်ိတဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ ခမရ (၁၂၀)တပ်ရင်းထဲကို လေကြောင်းကနေ အင်အားဖြည့်နေသလို ကောလင်းဘက်ကိုလည်းစစ်ကြောင်းတွေလွှတ်နေတာဖြစ်ပါတယ်။

ဝန်းသိုမြို့ကနေ ထွက်ခွာလာတဲ့စစ်ကြောင်းဟာ ဒီဇင်ဘာလ၂၀ ရက်မှာဩဂကျေးရွာနဲ့ အာမခံကျေးရွာကို ရောက်ရှိပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အဲဒီကနေဆက်ထွက်လာစဉ် ညောင်ပင်သာ ကျေးရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ ကောလင်းနဲ့ဝန်းသိုနယ်စပ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသတွင်းဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

(စစ်သုံ့ပန်းစစ်သား​တွေနဲ့ PDF ​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *