Category: News

  • မိုးကုတ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာသို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာသို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲ

    မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ဗျူဟာကုန်း အနီးကုလားကျောင်းပေါ်သို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှ စ၍ တော်လှန်ရေး တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ခင်းအစောပိုင်းတွင်လည်း အ.ထ.က ၄ ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

    “ခွေးတွေက တပ်စွဲထားတာဗျ။ ကုလားကျောင်းပေါ်အရှေ့ပိုင်းဗျ။ PDF ချတာ ။ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာလည်း ဒရုန်းနဲ့ ဗုံး ၃ လုံး၊ ၂ နာရီ ၅ မိနစ်မှာ ဗုံး ၂ လုံး။ပေါက်ကွဲအားတော့ ကောင်းတယ်။ ပေါက်ကွဲသံတော်တော်ကျယ်တယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

  • မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများအား အရေးယူမည်ဟု စစ်ကော်မရှင် ပြော

    မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများအား အရေးယူမည်ဟု စစ်ကော်မရှင် ပြော

    ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီးအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လာလျှင် ကန့်ကွက်သူများကို အရေးယူရန် အမိန့်ကြော်ငြာစာများကို စစ်ခေါင်းဆောင်ဦးဆောင်သည့် ကာလုံရုံးမှ ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၆ ရက်) ရက်စွဲဖြင့် ယ​နေ့ (ဒီဇင် ဘာလ ၁၉ ရက်)တွင် ထုတ်ပြန်ထားသည်။

    “ရပ်တန့်နေတဲ့ ဆက်မလုပ်ဖြစ်တဲ့ စီမံကိန်းတွေ ဆက်လုပ်ဖြစ်ဖို့ အမိန့်ကြော်ငြာစာထုတ်ပေးလိုက်တဲ့စာပါ။ ကန့်ကွက်သူ​တွေရှိလို့ အခုလိုထုတ်လိုက်တာ”ဟု နေပြည်တော်စစ်တပ် အရင်းအမြစ်က​ပြောသည်။

    ကြော်ငြာစာထဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များအပါအဝင် နေပြည်တော်ကောင်စီဆိုသည့် စကားရပ်ပါပြီး ထို အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စရပ်များအားလုံးကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့် ကွက်ခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့်ဟု စစ်ကော်မရှင်ဘက်က အကြောင်းပြချက်ပေးထားသည်။

    “အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်လာတဲ့သူမှန်သမျှ ဖမ်းဆီးအရေးယူမယ်ဆိုတာက ကျယ်ပြန့်တဲ့ အမိန့်အာဏာပဲ”လို့ တရားလွှတ်တော်ရှေ့နေတဦးက မှတ်ချက်ပြုသည်။

    လက်ရှိတွင် ကန့်ကွက်ခြင်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မှုများကို အဟန့်အတားဖြစ်စေ​ကြောင်း စစ်ကော်မရှင်ဘက်က အကြောင်းပြချက်ပေးထားသည်ကို​ တွေ့ရသည်။

    သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုထား​သော လုပ်ငန်းများ၊ စာချုပ် စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများရှိလာသည်ဆိုလျှင်လည်း ယင်းကန့်ကွက်မှုကို ထည့်သွင်းစဉ်းစား သုံးသပ်ရန် မလိုအပ်​ကြောင်း စစ်​ကော်မရှင်က ဆိုသည်။

    ထို့အပြင် သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေရမည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမည်ဟု သိရသည်။

    အမိန့်ကြော်ငြာစာကို ကာလုံအမှုဆောင်ချုပ် အောင်လင်းဒွေး လက်မှတ်ဖြင့် ထုတ်ပြန်ထားပြီးနိုင်ငံတော်ပြန်တမ်းကတဆင့် ချက်ချင်းထုတ်ပြန်ခဲ့ခြင်းကိုကြည့်လျှင် ဧရာဝတီမြစ်ဆုံအပါအဝင် နိုင်ငံတော်အဆင့် အရေးကြီးစီမံကိန်းများအား စစ်ကော်မရှင်ဘက်က အရှိန်မြှင့်တင်ရန်ရှိနေ​ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကကောက်ချက်ချသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ရောက်ခဲ့သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧရာဝတီမြစ်ဆုံစီမံကိန်းကို မိမိတိုင်းမှူးလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သည့် အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ရပုံကို ပြောကြားခဲ့​ကြောင်း သိရသည်။

    စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင်ရှိသည့် မြစ်ဆုံစီမံကိန်းကို မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျု ၇ ဒသမ ၁ ခံနိုင်ရည်ရှိစေရန် တွက်ချက်ထားသည့် တမံဟုဆိုကာ မြစ်ဆုံစီမံကိန်းစတင်ရန် ထုတ်ပြန်ခဲ့​သေးသည်။

    ယင်းထုတ်ပြန်ပြီးသည့်နောက် ကန့်ကွက်မှုများ အုံကြွလာပြီး ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်မလုပ်ရန် တားမြစ်​ဝေဖန်မှုများရှိလာခြင်း​ကြောင်း ​အ​ရေးယူမည့်ကြော်ငြာစာ ထုတ်ပြန်ခြင်းဖြစ်​ကြောင်း ​နေပြည်​တော်စစ်​ရေးသတင်းအရင်းအမြစ် တဦး၏အဆိုအရ သိရသည်။

  • Sorority

    Sorority

    Sorority (2025)

    အရင်က ဂျပန်ခေတ်။

    ခုနောက်ပိုင်းတော့ ဖိလစ်ပိုင်ခေတ်ဗျာ။

    ပုံမှန် မုန့်လင်မယားကြည့်ချင်လား.. နံပြားဖုတ်တာကြည့်ချင်လား.. ဒီတစ်ကားတည်းနဲ့ ပြည့်စုံစေရမယ်။

    ကောင်မလေးတွေလည်း ချောမှချော။

    ပေါပေါပဲပဲမဟုတ်ဘဲ တရားသူကြီးလောင်းလျာလေးတွေနော်။ စဉ်းစားနေရင်အချိန်ကုန်တယ်။

    ဒေါင်းချလိုက်ရင် အားပါကုန်သွားစေရမယ့် Sorority…

  • Doti – Tumbal Ilmu Hitam

    Doti – Tumbal Ilmu Hitam

    Doti – Tumbal Ilmu Hitam (2025)

    ဒိုတီ(Doti) ဆိုတာအင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းစုဘက်မှာရှိတဲ့ မာကတ်ဆာမျိုးနွယ်တွေရဲ့ယုံကြည်ချက်အရ ကြောက်စရာကောင်းလှတဲ့အောက်လမ်းအတတ်မျိုးဖြစ်ပြီးလူတစ်ဦးကိုအဝေးက ကျိန်စာတိုက်ရင်းကျိန်စာမိသူခန္ဓာကိုယ်ထဲကို ကင်းခြေများ၊အပ်တွေ၊ဖန်ကွဲစတွေပါရောက်ရှိသွားအောင်လုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။

    ဇာတ်လမ်းကိုတော့ ၉၀ နှစ်များဝန်းကျင်လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ပြည့်နှက်နေတဲ့ရွာတစ်ရွာမှာအခြေခံထားပါတယ်။ အဲ့ဒီရွာမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့သေဆုံးမှုတွေဆက်တိုက်ဖြစ်ပေါ်လာပြီး သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကလည်းဒိုတီ နဲ့အတိုက်ခံထားရတဲ့ လက္ခဏာတွေပေါ်ပေါက်နေပါတယ်။

    ရွာသားတွေကတော့ ဒါဟာ သူတို့အစဉ်အလာ ဘိုးဘေးတွေကိုပူဇော်ခြင်းဓလေ့ကိုရပ်ပြီးဘုရားဘက်ကို စိတ်လည်လာအောင် ကျမ်းစာလာသင်ပေးတဲ့ ဘာသာရေးဆရာကြောင့်လို့မှန်းဆစွပ်စွဲကာ အဲ့ဒီဆရာဟာ ဒိုတီအောက်လမ်းဆရာတစ်ဦးပဲလို့စွပ်စွဲပြီး သူတို့ကိုယ်တိုင်တရားစီရင်ခဲ့ကြပါတော့တယ်။

    နောက် ၁၅ နှစ်အကြာမှာတော့ အဲ့ဒီရွာကိုပြန်ရောက်လာတဲ့ လူငယ်တစ်ဦးနဲ့အတူ တစ်ချိန်ကဖြစ်ရပ်ဆိုးတွေ၊ သေဆုံးမှုတွေပါရွာဆီကိုတကျော့ပြန်ရောက်ရှိလာချိန်မှာတော့ ရွာသားတွေက အဲ့ဒီလူငယ်ဟာ တစ်ချိန်က မတရားစီရင်ခံခဲ့ရတဲ့ တရားဟောဆရာရဲ့သားဖြစ်ပြီးသူတို့ရွာကိုကလဲ့စားချေဖို့ပြန်ရောက်လာတာဖြစ်တယ်လို့ တစ်ထစ်ချသတ်မှတ်ပြီးထိပ်တိုက်တွေ့ကြပါတော့တယ်။

    ၁၉၉၀ ဝန်းကျင်ကအင်ဒိုဟော်ရာရုပ်ရှင်တွေရဲ့အငွေ့အသက်တွေအပြည့်နဲ့ဖြစ်ပြီး အထူးပြုလုပ်ချက်၊ ဇာတ်လမ်းဖွဲ့စည်းပုံတွေကအစ အဲ့ဒီခေတ်ကာလအရိပ်တွေယှက်သမ်းနေတာတွေ့ရပါလိမ့်မယ်။

  • ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး‌

    ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး‌

    တိုင်းရင်းသားကျေးရွာ ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး‌

    ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

    အဲဒီ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်လည်ပတ်သူအလွန်များပြားတာကြောင့် ကလေးငယ်တွေနဲ့ လူစုကွဲသွားပြီး ပျောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

    ” လူတွေက တော်တော်များတာ။ ကျိတ်ကျိတ်တိုးနေတာ။ လူတွေလည်းပိ။ ကလေးတွေကို လက်ကဆွဲပြီး လူအုပ်ကြားထဲတိုးတော့ လက်ကနေလွတ်ပြီး ပျောက်သွားကြတာ။ အခုထိလည်းရှာမတွေ့သေးဘူး။ မနှစ်ကထက်ပိုများတယ်”လို့ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်သူတစ်ဦးကပြောပါတယ်။

    ကရင်နှစ်၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကရင်လူမျိုးတွေက လာရောက်ဆင်နွှဲတာကြောင့် ယမန်နှစ်ထက် စည်ကားတယ်လို့လည်း သိရပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီရဲ့စစ်သားတွေက လူစုခွဲရှင်းပေးနေပေမယ့် တိုးဝှေ့နေတဲ့ လူစုက အရမ်းများနေခဲ့ပြီး မူးမေ့လဲသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

    (တိုင်းရင်းသားကျေးရွာ ကရင်နှစ်သစ်ကူးနေ့ လာရောက်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)