မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ဗျူဟာကုန်း အနီးကုလားကျောင်းပေါ်သို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှ စ၍ တော်လှန်ရေး တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ခင်းအစောပိုင်းတွင်လည်း အ.ထ.က ၄ ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ခွေးတွေက တပ်စွဲထားတာဗျ။ ကုလားကျောင်းပေါ်အရှေ့ပိုင်းဗျ။ PDF ချတာ ။ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာလည်း ဒရုန်းနဲ့ ဗုံး ၃ လုံး၊ ၂ နာရီ ၅ မိနစ်မှာ ဗုံး ၂ လုံး။ပေါက်ကွဲအားတော့ ကောင်းတယ်။ ပေါက်ကွဲသံတော်တော်ကျယ်တယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *