Category: News

  • မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့်ကုမ္ပဏီများမှ ရင်းနှီးမြှပ်နှံမှုများအား ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

    မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့်ကုမ္ပဏီများမှ ရင်းနှီးမြှပ်နှံမှုများအား ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

    ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) သည် အိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်သည့် Bharat Electronics Limited (BEL)၊ Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီး Sumitomo Corporation တို့ရှိ ၄င်း၏ရင်းနှီးမြှပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

    ထိုသို့ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ က စစ်တပ်ဆက်နွှယ်ကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရှိသည့် ရင်းနှီးမြှပ်နှံမှုများ ပြန်လည်ရုပ်သိမ်းမှုအပေါ် ကြိုဆိုကြောင်း Justice For Myanmar (JFM)၊ Swedish Burma Committee (SBC) နှင့် Fair Finance Guide တို့က ယနေ့ညတွင် ထုတ်ပြန်ခဲ့သည်။

    JFM အဖွဲ့၏ ထုတ်ပြန်ချက်များအရ BEL နှင့် HAL တို့သည် မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် အခြားစက်ပစ္စည်းကိရိယာများကို ရောင်းချခဲ့ကြောင်း၊ PTTEP သည် စစ်အုပ်စု၏ အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သည့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုတွင် စစ်အုပ်စုနှင့်အတူ ကြီးကြပ်လုပ်ကိုင်နေကြောင်း၊ Sumitomo Corporation သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီ MPT နှင့် ပူးတွဲကြီးကြပ်လုပ်ကိုင်နေပြီး စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း Justice For Myanmar (JFM)၊ Swedish Burma Committee (SBC) နှင့် Fair Finance Guide တို့ကထုတ်ပြန်ခဲ့သည့် ပူးတွဲဆန်းစစ်လေ့လာမှုအတွင်း အဆိုပါဆွီဒင်ရံပုံငွေအဖွဲ့များသည် မြန်မာနိုင်ငံရှိ စစ်အုပ်စုအား ကူညီပံ့ပိုးနေသည့် ကုမ္ပဏီ ၁၂ ခုတွင် ဆွီဒင်ငွေ ခရိုနာ ၄.၆ ဘီလီယံ ရင်းနှီးမြှပ်နှံထားကြောင်းနှင့် ၄င်းတို့အထဲတွင် ဆွီဒင်ပြည်သူ ခြောက်သန်း၏ ပင်စင်ငွေများ ထည့်ဝင်ထားသည့် AP7 က အများဆုံး ရင်းနှီးမြှပ်နှံထားကြောင်း ထုတ်ပြန်ခဲ့သည်။

    Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှပ်နှံထားတာတွေ ပြန်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ပင်စင်ငွေတွေကို မြန်မာစစ်အုပ်စုဆီ စစ်လက်နက်တွေ ရောင်းချနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံဖို့ မသင့်ပါဘူး။ တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်တပ်ဆင်ပေးနေတဲ့ သို့မဟုတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ ဘယ်ရံပုံငွေကိုမှ ရင်းနှီးမြှပ်နှံမှုမပြုလုပ်စေဖို့ လုပ်ဆောင်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့သည် မြန်မာစစ်တပ်ဆက်နွှယ်ကုမ္ပဏီများထံမှ ရင်းနှီးမြှပ်နှံမှုများ ပြန်လည်ရုပ်သိမ်းခဲ့သလို၊ ပြင်းထန်သော အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် ဝေဖန်ခံနေရသော ကုမ္ပဏီများနှင့် ပတ်သက်၍လည်း ထိခိုက်အန္တရာယ်ဆန်းစစ်မှု အခြေပြုနည်းလမ်းသစ်တစ်ရပ်ကို မိတ်ဆက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းသည် တရားရုံးတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ကုလသမဂ္ဂမှ အမည်ထုတ်ပြန်ဖော်ပြခြင်း မရှိသေးသောအခြေအနေမျိုးတွင် များစွာသောဖြစ်ရပ်များကို ယခုနည်းလမ်းသစ်ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

    “ရင်းနှီးမြှပ်နှံသူတစ်ဦးအနေနဲ့ ရေရှည်တည်တံ့တဲ့အလုပ်အတွက် မှန်ကန်တဲ့ခြေလှမ်းဖြစ်ဖို့ ဒီလိုလုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်” ဟု Fair Finance Guide မှ Jakob König က ပြောကြားခဲ့သလို၊ “ဒီနေ့ ထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ ဆွီဒင်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အကူအညီတွေကို ရပ်တန့်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု Swedish Burma Committee ၏ အမှုဆောင် Kristina Jelmin က ပြောကြားခဲ့သည်။

    Justice For Myanmar အဖွဲ့သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ရေး၊ စစ်တပ်အား ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်တားဆီးပိတ်ပင်ရေး နှင့် စစ်တပ်၏ ဝင်ငွေရင်းမြစ်များကို ဖြတ်တောက်ရေး တို့ကို တစိုက်မတ်မတ် လုပ်ဆောင်နေသောအဖွဲ့ဖြစ်ပြီး၊ ၄င်း၏ရဲရင့် ဆန်းသစ်သော လုပ်ဆောင်ချက်များကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်က ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံးဆုတစ်ခုဖြစ်သော Right Livelihood Award ချီးမြှင့်ခံရသောအဖွဲ့လည်း ဖြစ်သည်။

    စစ်အုပ်စုနှင့် ဆက်နွယ်သည့် ကုမ္ပဏီ ၄ခုမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ AP7 ရုပ်သိမ်းခြင်းအပေါ် JFM၊ SBC နှင့် Fair Finance Guide တို့ ကြိုဆို

    ခုနှစ်ဖွဲ့မြောက် ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) အနေနဲ့ အာဏာသိမ်းမြန်မာစစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီ ၄ခုထံကနေ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းကြောင်း မနေ့က ကြေညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း Swedish Burma Committee (SBC)၊ Justice For Myanmar (JFM) နဲ့ Fair Finance Guide တို့က ပူးတွဲထုတ်ပြန်ပါတယ်။

    ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ AP7 ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီ ၄ ခုကတော့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics Limited (BEL) နဲ့ Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နဲ့ ဂျပန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Sumitomo Corporation တို့ဖြစ်ပါတယ်။

    BEL နဲ့ HAL တို့ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ တခြားစက်ပစ္စည်း ကိရိယာတွေ ရောင်းချခဲ့သလို PTTEP ကလည်း စစ်အုပ်စုရဲ့ အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ခုမှာ စစ်အုပ်စုနဲ့အတူ ကြီးကြပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

    Sumitomo Corporation ကတော့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ MPT ရဲ့ ပူးတွဲကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး MPT ဟာ တရုတ်အင်တာနက်ပိတ်ဆို့ရေးကို သူ့ရဲ့ အချက်အလက်စင်တာတွေမှာ တပ်စင်ကာ ဒီဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေအတွက် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလက SBC ၊ JFM နဲ့ Fair Finance Guide တို့ ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့များအပေါ် ပူးတွဲဆန်းစစ်လေ့လာမှုတစ်ခုမှာ အထက်ပါ ကုမ္ပဏီ ၄ ခုရဲ့ နာမည်တွေကို ထုတ်ပြန်ဖော်ပြခဲ့တာပါ။

    အဆိုပါ လေ့လာဆန်းစစ်မှုအရ ဆွီဒင်ရံပုံငွေအဖွဲ့များဟာ မြန်မာစစ်အုပ်စုကို ကူညီပံ့ပိုးနေတဲ့ ကုမ္ပဏီ ၁၂ ခုမှာ ဆွီဒင်ငွေ ခရိုနာ ၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၈၄ သန်း) ရင်းနှီးမြှုပ်နှံထားကာ သိရသလောက် အချက်အလက်တွေအရ ဆွီဒင်ပြည်သူ ၆ သန်းရဲ့ ပင်စင်ငွေတွေ ထည့်ဝင်ထားတဲ့ AP7 က အများဆုံး ရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်လို့ သိရပါတယ်။

    “ဒီကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ပင်စင်ငွေတွေကို မြန်မာစစ်အုပ်စုဆီ စစ်လက်နက်တွေ ရောင်းချ (သို့မဟုတ်) ရန်ပုံငွေပံ့ပိုးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်ပါဘူး” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

    လက်ရှိ ကုမ္ပဏီ ၄ ခုထံက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုပ်သိမ်းခဲ့တဲ့ AP7 အနေနဲ့ လူ့အခွင့်အရေး ကတိကဝတ်တွေကို ဖြည့်ဆည်းလုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုနဲ့ ဆက်နွယ်နေမှုအားလုံးကို ဖြတ်တောက်ရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ဖို့ကိုလည်း SBC၊ JFM နဲ့ Fair Finance Guide တို့က ဆက်လက်တောင်းဆိုထားတာ ဖြစ်ပါတယ်။

    “ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ ရေရှည်တည်တံ့တဲ့ အလုပ်အတွက် မှန်ကန်တဲ့ခြေလှမ်းဖြစ်ဖို့ ဒီလိုလုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပင်စင်ရံပုံငွေအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အခြားကုမ္ပဏီတွေကိုလည်း မဖြစ်မနေ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ Fair Finance Guide မှ Jakob König က ဆိုပါတယ်။

    Swedish Burma Committee ရဲ့ အမှုဆောင် Kristina Jelmin ကလည်း “ဒီနေ့ ထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ ဆွီဒင်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အကူအညီတွေကို ရပ်တန့်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ငွေတွေက စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေဆီ မရောက်သင့်ပါဘူး။ စစ်အုပ်စုကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ အသက်ဘဝတွေ စွန့်လွှတ်ကြသူတွေကိုသာ ပံ့ပိုးသင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

    မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ကုမ္ပဏီ ၄ ခုကို ဆွီဒင် ပင်စင်ရန်ပုံငွေမှ ဖယ်ရှားခြင်းအား အဖွဲ့အစည်းများ ကြိုဆို

    ဆွီဒင် အမျိုးသား ပင်စင်ရန်ပုံငွေ – ၇ (The Seventh Swedish National Pension Fund – AP7) က မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီ လေးခုအား ပင်စင်ရန်ပုံငွေမှ ဖယ်ရှားလိုက်ခြင်းကို ကြိုဆိုကြောင်း Justice For Myanmar မှ သတင်းထုတ်ပြန်သည်။

    အာဏာသိမ်း စစ်ကော်မရှင်နှင့် ဆက်စပ်သည့် အိန္ဒိယ လက်နက်ကုမ္ပဏီများဖြစ်သည့် Bharat Electronics Limited (BEL) နဲ့ Hindustan Aeronautics Limited (HAL) ၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Sumitomo Corporation တို့အား ပင်စင်ရန််ပုံငွေမှ ဖယ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း AP7 က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာသည်။

    ထို လုပ်ဆောင်ချက်ကို လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်ကြသည့် Justice For Myanmar ၊ SBC (Swedish Burma Committee – မြန်မာ့အရေး လှုပ်ရှားမှု ဆွီဒင်ကော်မတီ) နှင့် Fair Finance Guide (ဘဏ္ဍာရေး အခွင့်အရေးများဆိုင်ရာ လှုပ်ရှားမှု အဖွဲ့အစည်း) တို့က ကြိုဆိုကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

    SBC ၊ JFM နှင့် Fair Finance Guide တို့က ဆွီဒင် ပင်စင်ရန်ပုံငွေ၌ မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ပူးပေါင်း သုံးသပ်ချက်ကို နိုဝင်ဘာလက ထုတ်ပြန်ရာတွင် ယခု ကုမ္ပဏီ လေးခုကို ထည့်သွင်းဖော်ပြထားသည်။

    ထို စစ်ဆေးသုံးသပ်ချက်၌ ဆွီဒင်ပင်စင်ရန်ပုံငွေအတွင်း မြန်မာစစ်အုပ်စုအား ထောက်ပံ့နေသည့် ကုမ္ပဏီ ၁၂ ခုတွင် ဆွီဒင်ခရိုနာ ၄ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၈၄ သန်း) ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းအနက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုမှာ ဆွီဒင်ပြည်သူ ၆,၀၀၀,၀၀၀ ၏ ပင်စင်ငွေများ ရှိသည့် AP7 ၏ ရင်းနှီးမြုပ်နှံမှုပဲ ဖြစ်သည်။

    “ဒီ ကုမ္ပဏီတွေကို ဖယ်ထုတ်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဆွီဒင်ပင်စင်ငွေတွေကို မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချနေတဲ့၊ ငွေကြေးထောက်ပံ့တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာ မလုပ်သင့်ပါဘူး” ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောသည်။

    The Seventh Swedish National Pension Fund – AP7 သည် ဆွီဒင်ပြည်သူများအား ပင်စင် ထောက်ပံ့ရေးအတွက် ကမ္ဘာတဝန်းက ကုမ္ပဏီများ၌ ရင်းနှီးမြုပ်နှံကာ ရန်ပုံငွေ မတည်ထားသည့် အများပြည်သူ ပင်စင်ရန်ပုံငွေ စနစ်ဖြစ်သည်။

    ယင်း စနစ်က သဘာဝပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်း၊ အုပ်ချုပ်ရေး (ESG-Environment, Social, Governance) စံချိန်စံညွှန်း ချိုးဖောက်မှုအပေါ် နှစ်စဉ် သုံးသပ်ကာ ကုမ္ပဏီအား ရင်းနှီးမြုပ်နှံမှုမှ ဖယ်ရှားပြီး ပွင့်လင်းမြင်သာစွာဖြင့် တရားမျှတမှု ရှိစွာ ရပ်တည်သည်။ ဖယ်ရှားခံရသည့် ကုမ္ပဏီများအနေဖြင့် ရေရှည် ဈေးကွက်ဖိအား၊ နာမည်ဂုဏ်သတင်းနှင့် မူဝါဒတို့အပေါ် သက်ရောက်မှုများ ရှိစေသည်။

    ဆိုးဝါးသည့် အလွဲသုံးစားလုပ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများအတွက် ဝေဖန်ခံရသည့် ကုမ္ပဏီများကို ဒဏ်ခတ်နိုင်ရေး အခြေခံသည့် ချဉ်းကပ်မှုသစ်ကို စတင် ကျင့်သုံးနေပြီ ဖြစ်ကြောင်းလည်း AP7 က ကြေညာသည်။

    ထိုအတွက် မလျော်ကန်သော ကုမ္ပဏီများကို တရားရုံး၌ ပြစ်ဒဏ် ချမှတ် မခံရခြင်း သို့မဟုတ် ကုလသမဂ္ဂ၏ သီးခြား ဖော်ပြမှု မခံရခြင်း ဆိုသည့်အချက်ကို ရည်ညွှန်းကိုးကား မနေဘဲ အရေးကိစ္စများစွာ၌ ကိုယ်တိုင် အရေးယူဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းလည်း ဆိုထားသည်။

    “ဆွီဒင် ပြည်သူပိုင် ငွေက စစ်အုပ်စုကို ထောက်ပံ့တဲ့ ကုမ္ပဏီတွေဆီ မရောက်သင့်ဘူး၊ အဲဒီအစား စစ်အုပ်စုကို ရင်ဆိုင်ပြီး ဒီမိုကရေစီအတွက် အသက်စွန့် တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့သင့်တယ်” ဟု SBC မှ အမှုဆောင်အရာရှိ ခရစ္စတီးနားဂျဲမင်းက ပြောသည်။

    Fair Finance Guide မှ ဂျက်ကော့ကိုနစ်ကလည်း “ရေရှည်လုပ်ငန်းဆောင်တာမျိုးမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရှိနေဖို့က ရင်းနှီးမြှုပ်နှံသူတဦးအနေနဲ့ ခုလိုမျိုး အတိအကျ လုပ်ဆောင်ရမှာ၊ ခုခါမှာ ဆွီဒင်ပင်စင်ရန်ပုံငွေဟာ မြန်မာနိုင်ငံက လူမဆန်တဲ့ စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ကျန် ကုမ္ပဏီတွေကိုပါ ဆက်ပြီး အရေးယူရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    မြန်မာစစ်တပ်အား စစ်လက်နက်နှင့် စစ်သုံးပစ္စည်းများ ရောင်းချသည့် BEL နှင့် HAL အိန္ဒိယကုမ္ပဏီများသည် မြန်မာစစ်အုပ်စု အာဏာသိမ်းပြီးနောက်တွင်လည်း စစ်လက်နက်ပစ္စည်းများ ဆက်လက်ရောင်းချနေကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။

    ထိုင်း ရေနံကုမ္ပဏီ PTTEP က စစ်အုပ်စုနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းနှစ်ခုအား လုပ်ကိုင်နေပြီး ထို စီမံကိန်းများက စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေ အဓိက ရရှိနေကြောင်း၊ ဂျပန် Sumitomo Corporation က စစ်အုပ်စု ထိန်းချုပ်သော ဆက်သွယ်ရေးကုမ္ပဏီ MPT နှင့် ပူးတွဲလုပ်ကိုင်နေကြောင်း၊ MPT က ၎င်း၏ ဒေတာစင်တာများတွင် တရုတ်၏ Great Firewall စနစ်ကို လုပ်ငန်းစီးပွားကို ဟန်ပြကာ တပ်ဆင်ထားပြီး စောင့်ကြည့်ထောက်လှမ်းမှုများအား စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။

    SBC၊ JFM နှင့် Fair Finance Guide တို့က AP7 အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို လိုက်နာရန်၊ မြန်မာစစ်တပ်နှင့် ဆက်စပ်မှုများအားလုံးကို ချက်ချင်း ဖြတ်တောက်ရန် ဆက်လက် တောင်းဆိုထားသည်။

    ဆွီဒင်ပင်စင်ရန်ပုံငွေ အဖွဲ့အစည်းအနေဖြင့် ၎င်း ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီများကို မြန်မာ စစ်အုပ်စုနှင့် စီးပွားရေး ဆက်ဆံမှုအားလုံးအား ရပ်တန့်ရန် တောင်းဆိုသင့်ကြောင်း၊ အကယ်၍ ကုမ္ပဏီများက စစ်အုပ်စုနှင့် စီးပွားရေး ဆက်ဆံမှုများကို အဆုံးသတ်ရန် ဆန္ဒမရှိလျှင် ထို ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းပစ်သင့်ကြောင်းလည်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

    Justice For Myanmar ၏ SBC, Fair Finance and JFM welcome Swedish Pension Fund AP7’s exclusion of four companies linked to the Myanmar military ထုတ်ပြန်ချက်ကို မိုးသဲ ဘာသာပြန်သည်။

  • ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် ရန်အောင်နဲ့ ကြူကြူလှ အချစ်တော် ခန့်စည်သူတို့ ၀င်ရောက်အရွေးခံမယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က ‌ဒီဇင်ဘာလ ၉ ရက်မှာ ပြောပါတယ်။

    ၂၀၂၁ခုနှစ် အာဏာစသိမ်းခါစက ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတက်လုပ်ခဲ့တဲ့ ခန့်စည်သူဟာ ပြည်သူလူထုကန့်ကွက်ခဲ့တာကြောင့် ၇ ရက်နဲ့ ဆင်းပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

    “ဒီတစ်ခေါက် ကြူကြူလှ ဝိတ်နဲ့ အကယ်ဒမီများရှင် ပြန်ဝန် အကယ်ဒမီမောင်မောင်အုန်းတို့က ကဝန်းရံတဲ့အတွက် ခန့်စည်သူက ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်နေတယ်”လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲ ဥက္ကဋ္ဌ နေရာအတွက် ရန်အောင်နဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေတာ။ ဥက္ကဋ္ဌနေရာအတွက်။ ဘောမအကြီးစား ရန်အောင် နဲ့ ကြူကြူလှရဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာ”လို့ ဆိုပါတယ်။

    ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလမှာ အကယ်ဒမီ ပေးပွဲလုပ်မှာဖြစ်ပြီး အဲဒီမှာ ဥက္ကဋ္ဌ နေရာရရင် အကယ်ဒမီမောင်မောင်အုန်းနဲ့ ပေါင်းပြီး လုပ်ကွက်ဖော်ဖို့ရှိတယ်လို့ ဆိုပါတယ်။

    အကယ်ဒမီ ပေးပွဲကလည်း ခေတ်အဆက်အဆက် အဆိုးဆုံး အခြေအနေရောက်နေပြီး စစ်ကောင်စီရဲ့ စိတ်ကြိုက် လုပ်ပေမဲ့သူတွေသာ မောင်မောင်အုန်းက စိတ်ကြိုက် ရွေးချယ်ပြီး အကယ်ဒမီ ပေးမှဖြစ်တယ်လို့ ဆိုပါတယ်။

    “အစည်းအရုံးမှာ ပြန်ဝန်မောင်မောင်အုန်းကို အကယ်ဒများရှင် အကယ်ဒမီ မောင်မောင်အုန်း လို့ အမည်ဝှက်နဲ့ ခေါ်နေကြတယ်”လို့ ဆက်ပြောပါတယ်။

    ရုပ်ရှင်အစည်အရုံး အောက်မှာ တိုင်းနဲ့ ပြည်နယ် ဗီဒီယို အခြေခံအဖွဲ့တွေရှိပြီး
    အဆိုပါ အခြေခံအဖွဲ့တွေ ရုံးဖွင့်ဖို့အတွက် သက်ဆိုင်ရာ ဒေသတွေမှာ ရုံးဆိုပြီး အိမ်နဲ့ မြေကွက်တွေရှိတယ်လို့ သိရပါတယ်။

    “အခုအဲဒါတွေကို ခေတ်ပျက်နေတဲ့အချိန် ပြန်လည်ရောင်းစားနေကြတာ။
    ဥပမာ အနေနဲ့ သိန်းတစ်ထောင်တန်တဲ့ နေရာကို သိန်းတစ်ရာနဲ့အရောင်းပြပြီး ကျန်တဲ့ သိန်း ၉၀၀ ကို အိပ်ကပ်ထဲ ထည့်နေကြတာ။ အချင်းချင်းခွက်ခုတ်နေတယ်”လို့ ဆိုပါတယ်။

    ရန်အောင်နဲ့ ခန့်စည်သူဟာ ၂၀၂၁ ဖေဖော်ဝါရီလ အစောပိုင်းကာလတွေမှာ ပြည်သူလူထုကြိုက်အောင် ဆန္ဒပြတွေပြ မိန့်ခွန်းတွေပြောခဲ့ကြပြီး နောက်ပိုင်း‌မှာတော့ သိသိသာသာ ပြည်သူလူထုကို မျက်နှာပြောင်တိုက်ကာ စစ်ကောင်စီနဲ့ ပူးပေါင်းဝါဒဖြန့်လာတာပဲဖြစ်ပါတယ်။

    ၂၀၂၄ခုနှစ်မှာ ရန်အောင်က စောင်နီလေးတစ်ထည်ဆိုပြီး ကရင်တိုင်းရင်းသားပုံစံဖမ်းကာ စစ်ကောင်စီကို ဝါဒဖြန့်ကူခဲ့ပါသေးတယ်။

    ၂၀၂၅ဇူလိုင်လမှာ ခန့်စည်သူကတော့ သက်ရှိစည်းရိုးဆိုပြီး ဥက္ကရစ်ထစခန်းကို အခြေပြုပြီးရိုက်ထားတဲ့ ဝါဒဖြန့်ကားမှာ စစ်ကောင်စီစိတ်ကြိက်ရော စိတ်ရောကိုယ်ပါနှစ်ပြီး ဝါဒဖြန့်ကူခဲ့ပါသေးတယ်။

  • ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်

    ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်

    ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်

    ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်ဟု စစ်ကော်မရှင်က လက်အောက်ငယ်သားများကို မက်လုံးပေး

    ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ်က ယနေ့ သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အာင်၊ မမေချီ(ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၁၀ ဦးက ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း၊ ထို့ကြောင့် ဒေါက်တာ တေဇာဆန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှု့ဖွင့်ထားကြောင်း စစ်တပ်က ဆိုသည်။

    ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ)မှာ ရွေးကောက်ပွဲကို ပျက်ပြားစေရန် လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်​ပြီး ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ရန် စစ်တပ်က ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။

    ယင်းအပြင် စစ်ကော်မရှင်က စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များကို ဒေါက်တာတေဇာဆန်းကို မိအောင် ဖမ်းဆီးပေးနိုင်ပါက လူပုဂ္ဂိုလ် ၁ ဦးချင်းစီအတွက် ငွေကျပ် သိန်း ၃၀၀ နှင့် တာဝန်ယူထားသော သက်ဆိုင်ရာအဖွဲ့အစည်းတွင် တစ်ဆင့်တိုး ရာထူးတိုးပေးမည်ဟု မက်လုံးပေးထားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

    ပြည်သူများအနေဖြင့်လည်း ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိရေး သတင်းပေးနိုင်ပါက ငွေကျပ် သိန်း ၂၀၀ ကို ငွေသား ချက်ချင်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း စစ်တပ်က လိုက်လံစည်းရုံးနေကြောင်း သိရှိရသည်။

  • “တော်လှန်သပိတ်က ဟာသပဲ”ဆိုတဲ့ ဥက္ကာမင်းမောင် (ရုပ်သံ)

    “တော်လှန်သပိတ်က ဟာသပဲ”ဆိုတဲ့ ဥက္ကာမင်းမောင် (ရုပ်သံ)

    အသံတိတ် Strike တဲ့..​တော်လှန် ဆယ်လီ
    ဒါရိုက်တာတစ်ဦးတင်ထားတာ.. ဟာသ​နော်..အခုအချိန်မှာ ဒါ​တွေကို ဟာသလို့ပဲမြင်​တော့တယ်.. အသံ ​လေး ၃ နာရီတိတ်​နေ​တော့ ​တော်လှန်​ရေး ​အောင်မှာကျ​နေတာပဲ..

    စစ်​ဘေး​ကြောင့်ထွက်​ပြေး ဒုက္ခ​ရောက်ငတ်ပြတ်​နေရသူ​တွေက အိမ်​တွေ စီးပွား​​ရေး​တွေ ချက်ချင်းလက်ငင်း
    အ​ကောင်းအတိုင်းပြန်ဖြစ်မှာကျ​နေတာပဲ..
    စားစရာမရှိ ငတ်​နေတဲ့ ဗိုက်​တွေ​တောင် ၃ နာရီ
    အသံတိတ် ရင် ဗိုက်ပြည့်သွားတာမဟုတ်ဘူး..
    ဘယ့်နှယ်🤣

    ဘယ်နိုင်ငံမဆို လျှပ်စစ်မီး ၁ နာရီ ပျက်ရင် ​
    ငွေ​ကြေးများစွာ ထိခိုက်ဆုံးရှုံးတဲ့ စီးပွား​ရေး​တွေရှိတယ်.. Email တစ်​စောင် ပြန်ပိူ့တာ ၃ နာရီ ​နောက်ကျတာနဲ့ ဖုန်း 1 call ကို မကိုင်တာ ၃ နာရီ ​နောက်ကျတာနဲ့ ​ငွေ​ကြေးဆုံးရှုံးတာ​တွေ၊ လူတ​ယောက်ရဲ့ ဘဝ အသက်​တွေ ထိခိုက်သွားနိုင်တဲ့ အ​ခြေအ​နေ​တွေရှိတာ နားလည်လား ❓️ လူတိုင်း တစ်​ယောက်နဲ့တစ်​​ယောက် ဘဝ​ပေး အ​ခြေအ​နေချင်း၊ စီးပွား​ရေးချင်းမှ မတူပဲ.. အသံတိတ်ခိုင်းတိုင်း တိတ်ရ​အောင် ၁ နာရီ​တောင် အသံတိတ်​နေလို့ မရတဲ့ လူ​တွေ အများကြီး​ဟေ့..သ​ဘော​ပေါက်ထားဖို့

    တင်ထားတဲ့ ဒါရိုက်တာကိုယ်တိုင် အသက် ဖု_တ် လိုက် ဖု_တ် လိုက် ဖြစ်​နေပြီး ​ဆေးရုံကား ​ခေါ်မှ ရမှာကို
    တိုက်တိုက်ဆိူင်ဆိုင် သူ အသံတိတ် ၃ နာရီ ​နေပါလို့ ​ပြောတဲ့ အချိန်အတွင်း Accident တခုခုဖြစ်ကြည့်ပါလား.. ​အသံတိတ်​နေရမှာမို့ ဆေးရုံကား ၃ နာရီ မ​ခေါ်​နဲ့​လေ.. ​နောက် ၃ နာရီလဲ ​နေ​ရော အသက်​ပျောက်​နေ​လောက်ပြီ..

    ဦး​နှောက်မရှိသလို ကိုယ်ချင်းစာစိတ် အရာရာ အဖက်ဖက်က စဥ်းစားတတ်တဲ့ စိတ်မရှိကြဘူး​နော်..
    မသိရင် မြန်မာ တနိုင်ငံလုံး ​နေတာ လူ ဦး​​ရေ ၅ ​သောင်း​တောင် မပြည့်သလိုလို..​ရေးတဲ့ အ​ပေါက်​တွေနဲ့ သူ_ခိုးမ အရင်က လုပ်ခဲ့တဲ့ ​စော_က်ချိုး​တွေ..တူတူပဲ

    အရာရာဟာ အာဏာသိမ်းကာစ ၂၀၂၁ မဟုတ်​တော့ဘူး.. လူ​ပေါင်းများစွာ နတ်ပြည်​​ရောက်ကုန်ပြီ..စီးပွား​ရေး​တွေ ​နေအိမ်​တွေ မိသားစု​တွေ ထာဝရ ပျက်စီးသွားပြီဆိုတာမ​မေ့နဲ့..

    သူ့ Post ကို like ​ပေးတာ 4.5 K..လူ ၄ ​ထောင့် ၅ရာ​ပေါ့…မြန်မာပြည်မှာလူဦး​ရေ သန်း ၆၀ ​နေတာ မ​မေ့နဲ့.. ငါတို့အနာဂါတ် ငါတို့စီမံမယ်တဲ့..​အေး..
    စီမံရင်း တတိယနိုင်ငံကြီး​တွေကိုယ်စီထွက်​ပြေးပြီး ​တော်လှန်​ရေး​တွေ မိုင်​ထောင်ချီ အ​ဝေးက​နေ​ပြောပြီး အိမ်​တွေ စီးပွား​ရေး​တွေပိုင်ကုန်ကြပြီ​လေ..
    သာယာတဲ့ ဘဝ​တွေ သာယာကုန်ပြီ..

    သူ_ခိုးမ ပါးစပ်က ကိုယ်တိုင်ဝန်ခံပြီး သူများတွေ အိမ်ပိုင်ကုန်ပြီဆိုတာ ​ပြောချလိုက်ပြီ.. မသိတဲ့ သူ​တွေပဲ မသိကြတာ.. ​ငါက အ​မေရိကားမှာ​နေတာ..ပတ်ဝန်းကျင်မှာ ကြား​နေ မြင်​နေ ရတာ သိတာ​ပေါ့..​တော်လှန်​ရေး သူခိုးတွေ တပုံတပင်​​ဟေ့..

    တော်လှန်​ရေး အ​ကြောင်း​တွေ​ပြောတိုင်း
    သူ​တော်​ကောင်းထင်တာကိုက လူ​တွေရဲ့အမှား.. Facebook က လစာတိုးဖို့ ကိုယ်မ​သေတိုင်း ကိုယ့်စီးပွား ဘာမှ မဖြစ်တိုင်း..
    ကိုယ့်ဆန်အိုးမှာ ဆန်ရှိ​နေတိုင်း..
    ကိုယ့်​ရေအိုးမှာ ​သောက်စရာ ​ရေရှိ​နေတိုင်း
    ကိုယ့်ဘဝဘာမှ မဖြစ်တိုင်း လူတကာလိုက်လုပ်ခိုင်း​နေတာ ကြာလာ​တော့ ​စော_က်မြင်ကပ်လို့​ပြောတာ..

    မလုပ်နဲ့မတားဘူး​နော်.. အသံတိတ်ချင်တဲ့သူတိတ်..
    မတိတ်ချင်တဲ့ သူမတိတ်နဲ့..
    ကိုယ့်အလုပ်ကိုယ်ဆက်လုပ်..
    အသံမတိတ်လို့ လာဆဲရင် ဘုတ် ဘုတ် ဘုတ် ဆိုပြီးသာ ပုတ်ပြလိုက်​တော့..

    ​သေချာတာက အသံတိတ်​ပေးတဲ့သူ​တွေ ငတ်ရင်
    ဒီ ​တော်လှန် ဆယ်လီ ဒါရိုက်တာကြီးလဲ တင်မ​ကျွေးနိုင်ဘူး..

    ကိုရီးယားက ​ရွှေမိုးဆိုတဲ့ သူ_ခိုးမ ညာလက်ရုံး
    ကိုရီးယားက ငတက်ပြားအဖွဲ့ဝင် ​အောက်တန်းစားမ က ဆယ်လီတကာ လိုက်ပြီး Boycott လုပ်ခိုင်းတာနဲ့ တူတူပဲ..

    ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်ကို သူက boycott ခိုင်းတယ်.. ဒါရိုက်တာက ငတ်​တော့ ဒီ​ကောင်မ တင်​ကျွေးထားမှာလား.. အကယ်ဒမီ ဒါရိုက်တာတစ်​ယောက် အလုပ်လုပ်​နေ​တော့ လက်​အောက်ငယ်သား​တွေ သူ့အဖွဲ့သား​တွေ ထမင်းစားရတာ နင့်လို ​​ဘောင်မဝင်တန်းမဝင် အောက်တန်းစား မ မျိုး နားလည်လား❓️

    ​စော_က်ကြီး​စော_က်ကျယ်နဲ့ အ​ဝေးက ​နေ မျိုးချစ်ပြပြီး ဟိုလူ့ Boycott ဒီ လူ့ Boycott သူများ ထမင်းအိုး လိုက်ရိုက်ခွဲချင်တဲ့ ​အောက်တန်းစား စိတ်ဓါတ်နဲ့ ဟာ​တွေ…
    ထပ်ဟရဲရင် ဟစမ်း
    ငါဒိုင်ခံ တန်းစီ ဝုန်းပြီပဲ

    တော်လှန်ဖို့ ၃ နာရီ အသံတိတ်​နေပါလို့ ​ရေးဖို့​တော့သိပ်လွယ်တာ.. သူတို့ကိုယ်တိုင် ​တော်လှန်ပွဲ​တွေလုပ်​နေတာပဲ.. ပွဲတပွဲလုပ်တာ အခုလုပ် အခုမရဘူး..လ နဲ့ ချီ ကြိုတင်စီစဥ်ရတာ..
    rehearsal ​တွေအကြိမ်ကြိမ် တိုက်ရတာ..

    ဒီ​နေ့ ဒီရက် ဒီအချိန် ည​နေ ၅ နာရီ ပွဲစမယ် စီစဥ်ထားပြီး အသံတိတ် ၃ နာရီ strike လုပ်မယ်ဆိုပြီး ​ကောက်လုပ်လို့ ​တော်လှန်ပွဲလာတဲ့ ပရိတ်သတ်​တွေက ၃ နာရီ
    ပါးစပ်ပေါက်ပိတ်ပြီး ရုံအဝင်ဝမှာ ငုတ်တုတ်ထိုင်​စောင့်မှာလား❓️❓️❓️❓️❓️

    ၃ နာရီ မပြည့်မချင်း အသံတိတ်ပြီး ငုတ်တုတ်ထိုင်​စောင့်မယ်ထင်သလား❓️❓️❓️
    နင်တို့ ​တော်လှန်ပွဲ​တွေလုပ်ချိန်ကျ​တော့ အ​ကောင်း​နော်..

    ပွဲကျင်းပချိန်နဲ့ အချိန်ကိုက် အသံတိတ် Strike ဆိုပြီး
    ဘယ်သူမှ မလုပ်ကြဘူး​နော်..
    ​​တော်ရုံတန်ရုံ ​စော_က်ရှက်မရှိတာမျိုးမဟုတ်ဘူး..
    ​တော်​တော်​ကြီးကို ကိုယ်ချင်းစာစိတ်မရှိ
    ​စော_က်ရှက်မရှိ..တဖက်စောင်းနင်း
    တဖက်ပိတ် တဖက်ပဲ​တွေးတဲ့ ​တော်လှန်ဆယ်လီဆိုတဲ့ ဖက်ခွက်စား​တွေ..

    အမုန်းခံ​ပြောမယ့်သူမရှိလို့ ဒီလိုစာ​တွေ ၄ နှစ်​ကျော်ကြာသည့်တိုင်​ရေးရဲလာတာ..ငါက​တော့ အခုကစပြီး ဆက်တိုက်ဝုန်းပြီပဲ..ဘယ်သူ့မျက်နှာမှ မ​ထောက်ဘူး..​ကျေးဇူးတရားလဲမရှိဘူး..​စော_က်ဂရုလဲမစိုက်ဘူး..
    လုပ်ကြစမ်း..​အသံတိတ် ၃ နာရီ ​နေရမယ်ဆိုပြီး ရေးချင်သလို​ရေးတာ နင်တို့ လွတ်လွပ်ပိုင်ခွင့်.. ​ရေးခွင့်ရှိတယ်.. Post တင်ခွင့်ရှိတယ်..ငါကလဲ ဝုန်းပိုင်ခွင့်ရှိတယ်..
    ရှူ​ထောင့်အစုံက​နေ ​ထောက်ပြပြီးဝုန်းမှာ..
    မဝုန်းရဲဘူးမထင်နဲ့.. ​
    ဥက္ကာမင်း​မောင်က တော်လှန်​ရေး ဖျက်စီးတယ်လာပြီး ​ခေါင်းစဥ်မတပ်နဲ့..
    နင်တို့လုပ်​နေတဲ့ ​စော_က်ချိုး​တွေကိုက မဟုတ်တာ..
    မ​​ယောင်ရာဆီလူး​တွေ

    ငါ့ကို လာပြီး မနက်ဖြန် ၁၀ ရက်​နေ့ ဒီ အချိန်က​နေ ဒီအချိန်အတွင်း ၃ နာရီ အသံတိတ်​ strike မို့လို့ အသံတိတ်နေပါ​ပြောလို့က​တော့ မနက်ဖြန် အဲ့အချိန်ကိုက်ကို Live လွှင့်ပြီး စကား​တွေ ထိုင်​ပြောဦးမှာ..
    ဘုတ် ဘုတ် ပဲ​ဟေ့👋👋

    အသံတိတ် Strike ဆိုပြီး အသံ ၃ နာရီ တိတ်ခိုင်း​နေတဲ့ ​တော်လှန် ဆယ်လီ ဒါရိုက်တာကြီးကိုယ်တိုင် Facebook က​နေ Live Sale ​တွေ​ရောင်း၊ ပစ္စည်း​တွေ​ရောင်း​နေတာပဲ.. ဒီ​နေ့ ဒီအချိန်မှာ Live တက်လာပြီး ​​စျေးရောင်းပါမယ်လို့ ကြိုတင်​ကြေငြာထားပြီး ၃ နာရီ ​နောက်ကျပြီး ရောင်းရင်ဘာဖြစ်မလဲ ဦး​နှောက်နဲ့ ယုတ္တိရှိရှိစဥ်းစား​ပေါ့..

    မြန်မာပြည်မှာ​နေတာ လူဦး​​​ရေ သန်း ၆၀ ဆိုတာမ​မေ့နဲ့..လူတိုင်း ထမင်းစားဖို့ အလုပ်လုပ်ရတယ်..
    အလုပ်အမျိုးအစားချင်းမတူဘူး..
    ဒီ​နေ့မှာ ဒါလုပ်မယ်လို့ ကြိုတင်စီစဥ်ထားပြီး ​နေရင်းထိုင်ရင်း အသံတိတ် ၃ နာရီ ဆိုပြီး ​ကြေငြာပြီး လိုက်မလုပ်ရင် အသံထွက်မိတဲ့သူက အပြစ်ကြီးတခုလို လူတကာက လိုက်​စော_က်ပြစ်​ပြောတာက ပြည်ဖျက်ခြင်း တမျိုးပဲ…
    ပြည်တွင်းက လူတွေကို လူ့အသိုင်းအဝိုင်းကြားမှာ စိတ် ဒါဏ်ရာ Trauma ​တွေ အရှက်တရား​တွေ ရ​အောင်လုပ်ကြတဲ့​တော်လှန်ဆယ်လီဆိုတဲ့ ဟာ​တွေ..
    အဂ်လန်က ​မော်ဒယ် မင်းသမီး သရဖူရုတ်သိမ်းခံရတဲ့ မယ်​ဟောင်းဆိုလဲ တူတူပဲ.. အမုန်းတရားမရှိ​ လူချင်းခင်ပေမယ့် ဒီလိုမျိုး​တွေအရင်က တချိန်လုံးတင်တာ.. အဓိပ္ပါယ်ကိုမရှိတာ..မ​ပြောချင်လို့ ​ဘေးထွက်နေရင် ​ရောင့်တက်လာကြတယ်..အရှက်တရား ကိုယ်ချင်းစာတရားလဲ မရှိကြဘူး..

    ရုပ်ရှင်ရိုက်​နေတဲ့ရိုက်ကွင်းတခုက အသံတိတ် ၃နာရီ ပါးစပ်​ပေါက်ပိတ်ပြီး ​ရိုက်ကွင်းနား​တော့ ကုန်သွားတဲ့ အချိန်​တွေ၊ရှုတင်စရိတ်​တွေ ဘယ်​လောက်များလဲဆိုတာ ကိုယ်တိုင် ဒါရိုက်တာပဲ.. သ​ဘော​ပေါက်မှာပါ..

    အဲ့ဒီ ဆုံးရှူံးမှု​တွေအတွက် အသံတိတ်​နေခိုင်းတဲ့ ​​
    တော်လှန်ဒါရိုက်တာက ​လျော်​ကြေး​ပေးမှာမို့လို့လား.. မ​ပေးနိုင်ရင် အစိရှည်ပြီး​တောင် ​နောက်ထပ်ဒါမျိုး​ရေးဖို့ အသံတိတ် သပိတ်​တွေ အ​ရည်မရ အဖတ်မရ​တွေ လုပ်ခိုင်းဖို့ မစဥ်းစားနဲ့​တော့..

    ကိုယ်တိုင်လဲ သူ့အနုပညာကို သ​ဘောကျအား​ပေးခဲ့သူပါ.. အရင်ကလဲ မဝုန်းခဲ့ဘူး..ဝင်လဲ မပါခဲ့ဘူး..
    သူ့အ​ပေါ် အမုန်းတရားလဲမရှိဘူး..​ကျေးဇူးတရားလဲမရှိဘူး..သူနဲ့လဲ လက်တွဲပြီး အလုပ်မလုပ်ခဲ့ဘူး..
    ခင်လဲ မခင်ဘူး..

    ဒါ​ကြောင့် ဒီလိုစကား​ပြောဖို့ မျက်နှာ ​ထောက်စရာ
    အ​ကြောင်းလဲ မရှိဘူး.
    အနုပညာ နာမည်မှာ ​ပေါက်​တော့ ပါတာပဲ
    သ​ဘောမ​ပေါက်ပဲ ပိတ်တာ ဟိုဘက်ကမ်းလွန်​နေတာက ခက်တယ်..
    ကိုပိတ်လို့သာ ဒါရိုက်တာ နာမည်​ပေးလိုက်ပါ​တော့

    နင်တို့​​တော်လှန် ဖက်ခွက်စားတွေ တချိန်လုံး သပိတ်ဆိုတာပါးစပ်ကမချ.. ငါ့ကိုလာပြီး သပိတ်မှာပါဝင်​ပေးပါဆိုလို့က​တော့အဲ့ သပိတ်ထဲ 💩 ပါချ​ပေးလိုက်မယ်..
    ပါ​တော့ ပါတယ်..💩💩💩💩💩 ခိခိ🤣🤣🤣🤣

    အသံတိတ် ၃ နာရီ သပိတ်ဆိုပြီး တင်တဲ့ မ​ယောင်ရာ ဆီလူးတဲ့ ​တော်လှန်ဖက်ခွက်စား​တွေ ကြည့်ဖို့..

  • ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု

    ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု

    ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု ပခုက္ကူက သပြေညို ယာယီချိတ်ပိတ် စစ်ဆေးခံနေရ

    ပခုက္ကူမြို့နယ်ရှိ ” သပြေညို ဆေးရုံ ” က ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

    ဒီကိစ္စကြောင့်” သပြေညို ဆေးရုံ ” ကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာရောက်ပြီး ယာယီချိတ်ပိတ်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ” ကလေးဆုံးတော့ ဆေးရုံက မိဘတွေကို သိန်း ၁၀၀ နဲ့ညှိတယ်သိရတယ် ။ သက်ဆိုင်ရာကို မတိုင်ဖို့ပေါ့ ။ ကလေးမိဘတွေက လက်မခံဘူး ။ တဦးတည်းသော ကလေး ဖြစ်နေ တယ်။ပြောကြတာတော့ ကလေးကို ခွေးရူးပြန်ဆေး နဲ့ မြွေဆိပ်ဖြေဆေး မှားထိုးတယ်ဆိုပြီး မြို့ထဲ သတင်းထွက်နေတယ်။ ဒါပေမယ့် ဆေးရုံကကျတော့ ဆေးတွေရဲ့ သိုလှောင်မှု မကောင်းလို့ ပိုးမွှားဝင်တယ်လို့ ဆေးရုံအနီးနားက ပြောကြတယ် ။ ဆေးရုံကိုတော့ မနေ့က ပိတ်သွားပြီ ။ ပြည်သူ့ဆေး ရုံအုပ်ကြီးလည်း လာတာတွေ့တယ်။ ကျန်းမာရေးဘက်က လာပိတ်သွားတာ ။ အဲဒီ ခွေးရူးပြန် ရောဂါကာကွယ်ဆေး မှားထိုးတဲ့ ဖြစ်စဥ်ကြောင့် ပိတ်တာလို့ သိရတယ် ။ ” လို့ ဖြစ်စဥ် သိရှိတဲ့ ဒေသခံက ပြောပါတယ်။

    သေဆုံးခဲ့တဲ့ ကလေးငယ်ကတော့ ရေစကြိုမြို့နယ် ၊ရွာသစ်ရွာက ဖြစ်ပြီး ခွေးကိုက်ခံရတာကြောင့် ပခုက္ကူမြို့ပေါ်ရှိ သပြေညို ဆေးရုံကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံတာဖြစ်ကြောင်း ၊ ပထမအကြိမ်လည်း အဲဒီဆေးရုံမှာပဲ ထိုးနှံခဲ့ပြီး ယခု ဒုတိယအကြိမ် ထိုးနှံချိန်မှာ ကလေးငယ်သေဆုံး ခဲ့ရတာ ​ဖြစ်တယ်လို့ ကလေးရဲ့ မိသားစုဝင်က လူမှုကွန်ယက်ကနေ အသိပေး ပြောဆိုထားပါတယ်။

    ” ကလေးက ၈ နှစ်ပါ ။ဆေးမတည့်တာ မဟုတ်ဘူး ။မှားထိုးတာပါ ။ ပထမတ လုံးက တသိန်းလေးသောင်းပါ ။ ခုက ဒုတိယကြိမ်မှာ ထိုးပြီး လို့ ငွေရှင်းနေချိန်မှာ ကလေးက မေ့လဲပြီး ဆုံးသွားတာပါ ။ ဆုံးသွားတဲ့ ကလေးက ပြန်ရှင်လာမှာ မဟုတ်ပေမယ့် နောက်လူတွေ ထပ်မဖြစ်အောင် တင်တာပါ ။ ဆုံးသွားတော့ ဆေးစာအုပ်တွေ အကုန် ပြန်သိမ်း သွားပါတယ် ။ “လို့ ကလေးရဲ့ မိသားစုဝင်က သူရဲ့လူမှုကွန်ယက်ကနေ ဒီဇင်ဘာ ၁ ရက်မှာ အသိပေးပြောဆို ထားတာ ဖြစ်ပါတယ်။

    ပခုက္ကူမြို့နယ်မှာတော့ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး ဆေးစစ်ချက် နဲ့ ကုသမှုအပိုင်း အခြေအနေတွေက မှားယွင်းကာ ဆိုးရွားလာနေကြောင်း ပခုက္ကူ ဒေသခံတွေက ပြောဆိုပါတယ်။

    ” ပခုက္ကူမှာက ကျန်းမာရေးနဲ့ ပတ်သက်ရင် ကုသမှုအပိုင်းတွေ တော်တော်များများ ဆိုးဝါးနေတယ်။ ဆေးစစ်ချက်တွေ ကုသမှုတွေမှားနေတယ်။ငါကိုဗစ်ဖြစ်တော့ ပခုက္ကူမှာ အဆုတ်ရိုက်ရမှာကို ဆရာဝန်ကြီးက ဒီမှာဆိုမရိုက်နဲ့ ။ပိုက်ဆံတတ်နိုင်ရင် မန္တလေး သွားရိုက်ပါ ။ဒီကစက်တွေက ကြည့်ရတာရမ်းသမ်းကုရတယ် ပြောတယ်။ငါက ကိုယ်တိုင်ခံခဲ့ရတာလေ။ မန္တလေးကို လူနာသွားပို့ ရင်လည်း ဒီကပေးတဲ့ဆေးတွေကို လွှင့်ပစ်တယ်။ လက်တွေ့တွေပေါ့။အခုက ပုဂ္ဂလိကရော အစိုးရဆေးရုံရော အကုန်ဖြစ်နေတာ ။လက်ရှိရှိနေတဲ့ သမားတော်ကြီးတွေကလည်း သူတို့ဆီတကြိမ်တခါမှ မပြဖူးရင် ချက်ခြင်း ကြည့်မပေးဘူး။ငါလေဖြတ်သလိုဖြစ်တော့လည်း သွားပြတော့ ဆရာဝန်ကသူနဲ့ တကြိမ်တခါမှ မပြဖူးလို့ဆိုပြီး နှစ်ပတ်ခွာချိန်းတယ်။ အဲတော့ ငါကအရေးပေါ် ဖြစ်နေပြီလေ ။ ” လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒေသခံက ပြောပါတယ် ။

    ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ပခုက္ကူဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေး ရောဂါနဲ့ တက်ရောက် ဆေးကုသမှု ခံယူခဲ့တဲ့ အသက် ၃ နှစ်နဲ့ ၈ လကလေးငယ်မှာ သွေးမှားသွင်း မှုကြောင့် သေဆုံးခဲ့ရတယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။

    ” ကလေးအထူးကု သွားပြတော့ ကလေးက သွေးလွန်တုပ်ကွေး ဖြစ်နေတယ် ။ဆေးရုံကြီး တက်ခိုင်းတယ်။ဆေးရုံရောက်တဲ့အထိ ကလေးက အကောင်း သွားသွားလာလာရှိတယ်။ ဆေးရုံတက် ညနေ ၆ နာရီလောက်မှာ သွေးရမယ်ဆိုပြီး သွေးသွင်းတယ် ။သွေးသွင်းပြီးတော့ ကလေးက ချမ်းတုန်းပြီး ဘာမှမပြောနိုင် မလှုပ်နိုင် မရှားနိုင်တော့ဘူး ။ဆရာဝန်တွေက ဖြေဆေးတွေထိုးတော့ နည်းနည်း ပြန်လည်လာပေမယ့် မရတော့ဘူး ။နောက်နေ့ညကျတော့ ကလေးက ရုန်းကန်ပြီးဆုံးသွားတယ်။ ၃ နှစ်နဲ့ ၈ လကလေးပါ ။ သွေးသွင်းပြီးတော့ပိုဆိုးပြီး ဆုံးသွားတာ ။ သွေးမှားသွင်းတယ် သိရတယ် ။ ” လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    ဒါကြောင့် ပခုက္ကမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ကဏ္ဍရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ အရေးကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

    လက်ရှိ ပခုက္ကူမြို့မှာ ပုဂ္ဂလိက ဆေးရုံအနေနဲ့ ချမ်းမြေ့ဆေးရုံ ရှိပြီး ပြည်သူ့ဆေးရုံကြီးသာ ရှိတော့ တယ်လို့ သိရပါတယ်။