Category: News

  • ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ  ရုတ်တရက် သွားရောက်

    ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်

    စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်

    ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ်

    အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ နှစ်ဦးတည်း သီးသန့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်သည် နေပြည်တော်ပြင်ပသို့ ခရီးထွက်ပါက အနည်းဆုံး ၇ ရက်ခန့်ကြို တင်၍ လုံခြုံရေးယူခြင်း၊ နယ်မြေတပ်များ ချထားခြင်း၊ ဒရုန်းနှင့် လေကြောင်းရန်ကာ ကွယ်ရေးအတွက် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခိုင်းလေ့ရှိကြောင်း၊ သို့ရာတွင် ယမန်နေ့ ၀စီပိတ်ဘုန်းကြီးထံသို့ သွားရောက်သည့် ခရီးစဉ်မှာမူ ကြိုတင် စီစဉ်ထားခြင်း မရှိသော ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

    “ကျိုင်းတုံခရီးစဉ်က ကြိုတင် စီစဉ်ထားတာမျိုးမဟုတ်ဘူး။ ရုတ်တရက်သွားတယ်လို့ ပြောရမယ်။ ဆရာတော်နဲ့လည်း ၂ နာရီလောက် တပ်ချုပ်နဲ့ သီးသန့် စကားပြောတာရှိတယ်လို့ ပြန်သိရတယ်။ အာဏာမသိမ်းခင်ကလည်း ဆရာတော်ကို နေပြည်တော်ကို ပင့်ပြီးတော့ တပ်ချုပ်အိမ်မှာ ၅ ရက်လောက် နေခိုင်းပြီး ယတြာတွေ လုပ်ခဲ့ဖူးတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ၀စီပိတ်ဘုန်းကြီး ကောဝိဒမှာ မင်းအောင်လှိုင် တိုင်းမှူးဘ၀ကတည်းက သိကျွမ်းခဲ့သော ဘုန်းကြီးဖြစ်ပြီး မင်းအောင်လှိုင်တစ်မိသားစုအားလုံး အားကိုးအားပြုသော ဘုန်းကြီးဖြစ်ကြောင်း၊ ဗေဒင်ယတြာ အဆောင်လက်ဖွဲ့နှင့် အင်းပြားများကို မင်းအောင်လှိုင် မိသားစုအတွက် အမြဲ စီမံပေးသော ဘုန်းကြီးဖြစ်ပြီး နေပြည်တော်ရှိ မင်းအောင်လှိုင် မိသားစုနေအိမ်သို့ မကြာခဏ ပင့်ဖိတ်ခံရသော ဘုန်းကြီးလည်းဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်က ဝစီပိတ်ဘုန်းကြီးက ဆန္ဒပြပြည်သူများကို မင်းအောင် လှိုင်က အကြမ်းဖက် နှိမ်နင်းရန် “ခေတ်ကို ပြောင်းချင် ခေါင်းကို ပစ်” ဟု အတိတ်နမိတ်ဖြင့် ယတြာပေးခဲ့သူအဖြစ် စစ်တပ်အတွင်း ပြောစမှတ်ပြုကြသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ဇန်နဝါရီလဆန်းပိုင်းတွင် ရခိုင်တွင် AA က တူးဖော်တွေ့ရှိသွားသည့် သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းအကြောင်း အသေးစိတ် အစီ ရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း၊ထို့ကြောင့် ၀စီပိတ်ဆရာတော်ထံသို့ သွားရောက်သည့် အကြောင်းအရင်းများတွင် ရခိုင်ယတြာခေါင်း လောင်းကိစ္စ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်သည်။

    “ကျနော့်အထင်တော့ ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ လာမယ့် မတ်လနဲ့ ဧပြီလ အစိုးရအပြောင်းအလဲ အတွက် ဗေဒင်မေး ယတြာသွားလုပ်တာလို့ ထင်တယ်။ တပ်နဲ့ အစိုးရ အဖွဲ့ အပြောင်းအလဲမှာ ပါဝင်မယ့်သူတွေ၊ လွှဲမယ့်သူရဲ့ နေ့နံတွေ တွက်တာ၊ အဲဒါတွေလည်း ပါမယ်လို့ ထင်တာပဲ။ သူက ဘာလုပ်လုပ် ဗေဒင်ယတြာနဲ့ အချိန်အခါတွေ အမြဲတွက်ပြီး လုပ်လေ့ရှိတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

    ၀စီပိတ်ဘုန်းကြီး ခေါ် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ က မင်းအောင်လှိုင် တပ်ချုပ်ရာထူးရရှိရေးအတွက် ယတြာချေပေးခဲ့ပြီး ၎င်းချေပေးသည့် ယတြာများအတိုင်း မင်းအောင်လှိုင်က ရာထူးအဆင့်ဆင့်တက်ကာ တပ်ချုပ်ရာထူးရရှိခဲ့ကြောင်း၊ထို့ကြောင့် ၀စီပိတ်ဘုန်းကြီးအပေါ် မင်းအောင်လှိုင် မိသားစု၏ ယုံကြည်မှု လွန်ကဲကြောင်း သိရှိရသည်။

  • Not Without Hope

    Not Without Hope

    Not Without Hope (2025)

    Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

    အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။

    ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။

    အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။

    မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေက ဘယ်လောက်ထိ ခိုင်မာခဲ့သလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုပဲဖြစ်ပါတယ်။

    Nick တို့ သူငယ်ချင်း ၄ယောက် ဒီလိုအဖြစ်ဆိုးကြီးကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Artiste

    Artiste

    Artiste (2025)

    အနုပညာရှင်

    ပန်းချီဆွဲမှ အနုပညာခေါ်သလား ဇာတ်ကားတွေကြည့်မှ အနုပညာခေါ်သလား

    ဇာတ်ကားတွေကျ ကွင်းဆက်ကားတွေကြည့်ပေမယ့် လက်တွေ့ဘဝက serial killer ကျ ဘာလို့ရွံရှာကြတာလဲဆိုပြီး သာမန်လူတွေနဲ့ အတွေးအခေါ် ချော်ထွက်နေတဲ့ ကွင်းဆက်လူသတ်သမား

    အုပ်စုလိုက်ဝိုင်းဖမ်းခဲ့ကြပေမဲ့ ချော်ချော်ထွက်နေတဲ့ သူကပဲ ကံကောင်းလွန်းတာလား

    သူ့နာမည်က ဗစ်ကီ၊ မောင်နှမ၂ယောက်တည်း ဘဝကို အေးအေးလူလူဖြတ်သန်းနေကြတဲ့လူတွေ အချင်းချင်း ဂရုစိုက်မှုတွေနဲ့ အပြန်အလှန်ဖေးမကြသူတွေပေါ့။

    ကံဆိုးရတဲ့ တစ်နေ့မှာတော့ ၂ယောက်မရှိတဲ့ အစ်မဖြစ်သူက ကွင်းဆက်သားကောင်ဖြစ်ခဲ့ရပြီး
    ဗစ်ကီ့ဘဝကြီးလည်း အလဲလဲအပြိုပြိုဖြစ်ခဲ့ရတာပေါ့။

    ဒီကနေစလိုက်တဲ့ဇာတ်လမ်းက ဘယ်ထိခေါ်သွားနိုင်မလဲ ဘာတွေဆက်ဖြစ်သွားမလဲကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး

  • ပုလဲနယ် NUG အခွန်ဂိတ် စီးနင်းမှု ဗိုလ်နဂါး ပြောကြားချက်

    ပုလဲနယ် NUG အခွန်ဂိတ် စီးနင်းမှု ဗိုလ်နဂါး ပြောကြားချက်

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာလမ်းဆုံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) က စီးနင်းပြီး ဖမ်းဆီးတာ၊ ပစ်ခတ်တာနဲ့ လက်နက် သိမ်းယူတာတွေ ဖြစ်ပွားခဲ့ပါတယ်။

    BNRA ခေါင်းဆောင် ဗိုလ်နဂါးက အဲ့ဒီ ပုလဲ ပအဖ အခွန်ကောက်တဲ့ နေရာကို အင်အားအလုံးအရင်းနဲ့ စီးနင်းတာ မဟုတ်ဘူးလို့ ပြောပါတယ်။

    ပုလဲမြို့နယ် ပအဖ ဘက်ကတော့ BNRA တပ်ဖွဲ့က အခွန်ဂိတ်ကို ပစ်ခတ်စီးနင်းတာ ဖြစ်တယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။

    “မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က ဝင်စီးတာ ဟုတ်ပါတယ်။ ပအဖ တာဝန်ခံကိုလည်း သေနတ်နဲ့ အချက် ၂၀ ကျော် လိုက်ပစ်ခဲ့ပါတယ်။ ကျွန်တော်ကိုတော့ မထိခိုက်ပေမယ့် ရဲဘော်တစ်ဦး ခြေထောက် ထိမှန်ပါတယ်”

    ဇန်နဝါရီ ၉ ရက်ကတော့ ပုလဲနယ်ရှိ BNRA ဂိတ်နှစ်ဂိတ်ကို NUG လက်အောက်ခံ ပုလဲ ပအဖ နဲ့ PDF တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းကာ ဂိတ်ကို ရှင်းလင်းပြီး လက်နက်တွေ သိမ်းဆည်းခဲ့ပါသေးတယ်။

    ကိုးရက်အတွင်း NUG နဲ့ BNRA တို့ အပြန်အလှန် စီးနင်းပြီး လက်နက် သိမ်းယူတာတွေ ဖြစ်ပွားနေတာပါ။

  • ကြံ့ခိုင်ရေးပါတီရှုံးနိမ့်ခဲ့သည့် ကြည့်မြင်တိုင်မှ  အုပ်ချုပ်ရေးမှူးများ ထုချေလွှာတင်ရ

    ကြံ့ခိုင်ရေးပါတီရှုံးနိမ့်ခဲ့သည့် ကြည့်မြင်တိုင်မှ အုပ်ချုပ်ရေးမှူးများ ထုချေလွှာတင်ရ

    ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများသည် ဆန္ဒမဲလာပေးသူ နည်းပါးမှုဖြင့် စစ်ကော်မရှင်ထံ ထုချေလွှာတင်ရကြောင်း ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူက ပြောသည်။

    ထိုမြို့နယ်တွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့၍ တဖက်လှည့်ဖြင့် ထို့သို့ ထုခြေလွှာတင်ခိုင်းဖြစ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

    “ဇန်နဝါရီ ၁၅ ရက်က ထုချေလွှာတင်ခိုင်းတယ်။ မြို့နယ်ထွေအုပ်ရုံးကို ခေါ်ပြောတာ။ စာထွက်တာ မဟုတ်ဘူး။ မြို့နယ် ထွေအုပ် (အေဒီ) လည်း ခရိုင်ကို တင်ရမယ် ထင်တယ်။ ရပ်ကျေးတွေတော့ တင်ရတာ သေချာတယ်။ အဓိက ထုချေလွှာမှာ မဲလာပေးသူနည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ အမှန်တော့ ကြံ့ဖွတ်ရှုံးလို့ ငမဲ၊ ငစ( ရှုံးမဲ မဲခြင်း ) လုပ်တာပါ” ဟုလည်း အမည်မဖော်လိုသည့် ရပ်ကွက် ရုံးစာရေးတဦးက ပြောသည်။

    ကြည့်မြင်တိုင်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၆၀,၀၀၀ နီးပါး အနက် ၂၄,၆၃၃ ဦး သာ ဆန္ဒမဲ လာပေးကြကြောင်း စစ်ကော်မရှင်လက်အောက်ခံ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တဦးက ပြောသည်။

    လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အမျိုးသားလွှတ်တော်နေရာကို ပြည်သူ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်သည့် ကြည့်မြင်တိုင် တဖက်ကမ်း ဘလုပ်ညွန့်ကျေးရွာနေ ဦးကြည်သာဦး အနိုင်ရရှိခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်နေရာကိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ခင်သက်မာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကိုတော့ တစ်သီးပုဂ္ဂ ဝင်ပြိုင်သည့် ဇောတိက ဦးခင်လှိုင်မှ မဲအများဆုံး ၁၄,၁၀၀ မဲဖြင့် အနိုင်ရရှိခဲ့ကာ ကြံ့ခိုင်ရေးပါတီမှ ဒေါ်အိအိလှိုင်က ၄,၂၆၈ မဲနှင့် ဒုတိယ၊ တတိယနေရာကို ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးအောင်မင်းက ၂,၁၅၈ မဲဖြင့် ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(ဇန်နဝါရီ ၁၇ ရက် )တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆန္ဒမဲရရှိမှုအခြေအနေကို ကြေညာထားသည်။

    ကြည့်မြင်တိုင်မြို့နယ်က အမျိုးသားလွှတ်တော်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်နေရာတို့၏ ဆန္ဒမဲရရှိမှုအခြေအနေကိုတော့ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။ ကြည့်မြင်တိုင်တွင် ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ် ပြိုင်သည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးရှိပြီး မဲရုံ စုစုပေါင်း ၄၈ ရုံ ရှိသည်။

    အာဏာသိမ်း စစ်တပ်သည် ရွေးကောက်ပွဲ အပိုင်း( ၂) ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်တိုင်း ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကာလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင့်တိုင်နှင့် အင်းစိန်မြို့နယ် စသည့် ၁၆ မြို့နယ်တွင် ကျင်းပခဲ့သည်။

    ထို ၁၆ မြို့နယ်ထဲက ကြည့်မြင်တိုင်မြို့နယ် တခုတည်းတွင်သာ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီး ကျန် ၁၅ မြို့နယ်တွင် အနိုင်ရရှိခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများကလည်း အာဏာသိမ်းစစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရားမဝင်အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မပူးပေါင်းကြရန် ကြေညာထားသလို တဖက်တွင်လည်း ကုလသမဂ္ဂနှင့်နိုင်ငံတကာကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဘူးဟုလည်း ပြောဆိုထားသေးသည်။

    ဓာတ်ပုံ – ကြည့်မြင်တိုင်၊ ဈေးကြီးရပ်ကွက် ဗိုလ်သူရလမ်းပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးတွင် ၂၀၁၅ ခုနစ် အောက်တိုဘာလ က အစည်းအဝေးကျင်းပနေသည့်မြင်ကွင်းကို တွေ့ရစဉ်။ (ကြည့်မြင်တိုင် ထွေအုပ်)