စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာလမ်းဆုံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) က စီးနင်းပြီး ဖမ်းဆီးတာ၊ ပစ်ခတ်တာနဲ့ လက်နက် သိမ်းယူတာတွေ ဖြစ်ပွားခဲ့ပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးက အဲ့ဒီ ပုလဲ ပအဖ အခွန်ကောက်တဲ့ နေရာကို အင်အားအလုံးအရင်းနဲ့ စီးနင်းတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပုလဲမြို့နယ် ပအဖ ဘက်ကတော့ BNRA တပ်ဖွဲ့က အခွန်ဂိတ်ကို ပစ်ခတ်စီးနင်းတာ ဖြစ်တယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။

“မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က ဝင်စီးတာ ဟုတ်ပါတယ်။ ပအဖ တာဝန်ခံကိုလည်း သေနတ်နဲ့ အချက် ၂၀ ကျော် လိုက်ပစ်ခဲ့ပါတယ်။ ကျွန်တော်ကိုတော့ မထိခိုက်ပေမယ့် ရဲဘော်တစ်ဦး ခြေထောက် ထိမှန်ပါတယ်”

ဇန်နဝါရီ ၉ ရက်ကတော့ ပုလဲနယ်ရှိ BNRA ဂိတ်နှစ်ဂိတ်ကို NUG လက်အောက်ခံ ပုလဲ ပအဖ နဲ့ PDF တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းကာ ဂိတ်ကို ရှင်းလင်းပြီး လက်နက်တွေ သိမ်းဆည်းခဲ့ပါသေးတယ်။

ကိုးရက်အတွင်း NUG နဲ့ BNRA တို့ အပြန်အလှန် စီးနင်းပြီး လက်နက် သိမ်းယူတာတွေ ဖြစ်ပွားနေတာပါ။


Leave a Reply

Your email address will not be published. Required fields are marked *