Category: News

  • နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

    နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

    အာဆီယံနှင့် နိုင်ငံတကာ က အတုအယောင်ရွေးကောက်ပွဲအဖြစ် ရှုတ်ချထားသော်လည်း လာမည့် ဧပြီလတွင် အစိုးရသစ်ဖွဲ့မည်ဟု စစ်ကော်မရှင် ပြော

    စစ်ကော်မရှင်က လုပ်ဆောင်နေသည့် အပိုင်းလိုက်ရွေးကောက်ပွဲများအပြီး လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းကာ တာဝန်များစတင် ထမ်းဆောင်မည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားလိုက်သည်။

    ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေး အစီအစဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာ များတွင် ဖော်ပြထားသည်။

    “လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းက လုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

    ကုလသမဂ္ဂ နှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက စစ်ကော်မရှင် ပြုလုပ်နေသည့် ယခုရွေးကောက်ပွဲသည် “အတုအယောင်ရွေးကောက်ပွဲ” သာဖြစ်ကြောင်း ဝေဖန်ထားသော်လည်း စစ်အုပ်စုက ရွေးကောက်ပွဲကိုအကြောင်းပြု၍ အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်လာခြင်းပင်ဖြစ်သည်။

    အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုက အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုများ မရှိဘဲ လုပ်ဆောင်နေသည့် ယခုရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ် ကြောင်းနှင့် ဘုံသဘောတူညီချက် ငါး ရပ်ကိုသာ အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

    ထို့အတူ ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယခုရွေးကောက်ပွဲသည် အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် “နိုင်ငံရေးလိမ်လည်မှု” သာဖြစ်ကြောင်း ရှုတ်ချထားသည်။

    စစ်ကော်မရှင်ကမူ ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီ ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့သည့် တရားမဝင် ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ပြည်သူများ တက်ကြွစွာ မဲပေးခဲ့ကြသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့် မဲရုံများ တိုက်ခိုက်ခံရ ခြင်းတို့ကို ကြုံတွေ့နေရသည်။

    အခြေစိုက်သံရုံး ကိုယ်စားပြုသူတွေကို နိုင်ငံတကာလေ့လာသူတွေအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲအောင်မြင်၍ အံ့ဩနေကြဟု ဗိုလ်ချုပ်ဇော်မင်းထွန်း မရှက်မရွံပြော …

    ကုလအပါအဝင် ရွေးကောက်ပွဲကို သတင်းယူခဲ့သည့် နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

    ဘယ်လိုစံနှုန်းနဲ့ပဲတိုင်းတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ နိုင်ငံတကာက မှတ်ချက်ပြုနေချိန် စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆိုသူကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက အောင်မြင်လွန်းလို့ အံ့ဩနေကြတယ်လို့ မရှက်မရွံ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အမြင်ကဘယ်လိုရှိလဲလို့ စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာ ပေါ်ပြူလာနယူးစ်သတင်းဌာနက မေးမြန်းခဲ့တဲ့အပေါ် ဇော်မင်းထွန်းက အခုဖြေကြားခဲ့တာဖြစ်ပါတယ်။

    “နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ လာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဒီလောက်အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထင်မထားဘူး။ ဒီလောက်လူများလိမ့်မယ်လို့လည်း သူတို့ထင်မထားဘူး” လို့ အကြမ်းဖက်စစ်တပ် ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ခပ်တည်တည်နဲ့ ဆိုခဲ့တာပါ။

    စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက် ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအခြေစိုက်တဲ့သံရုံးတွေရဲ့ စောင့်ကြည့်ရေးကိုယ်စားလှယ် ၁၀၀ ကျော်ဟာ ရန်ကုန်၊ မန္တလေး၊ မော်လ မြိုင်၊ တောင်ကြီး နဲ့ စစ်ကိုင်းက နေရာအချို့မှာ သွားရောက်ကြည့်ရှုခဲ့ကြတာလို့ သိရပါတယ်။

    မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေရဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေအဖြစ် ပုံဖော်ပြီး ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

    “သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာတန်းစီပြီးတော့ လူတွေမဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်” လို့ မဲပေးစက် သမမာမှုလုပ်ဆောင်ထားတယ်လို့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားခံနေရတဲ့ စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

    အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး တရားဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ လှည့်စားဖို့ ရည်ရွယ်ဖန်တီးထားတဲ့ ဟန်ပြလုပ်ရပ်တစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကို ပယ်ချဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်မှာ တိုက်တွန်းပြောကြားထားခဲ့သလို၊ အကျပ်ကိုင်ဖိအားပေးမှု ခြိမ်းခြောက်မှုတွေနဲ့ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ ပါဝင်လာစေဖို့ စစ်ကော်မရှင်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

    “စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အသုံးပြုပြီး မဲပေးဖို့ ဖိအားပေး စေခိုင်းခဲ့ကြပါတယ်။ ဒါက နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်တာ မဟုတ်ပါဘူး။ အတင်းအဓမ္မ ခြိမ်းခြောက် အကျပ်ကိုင်မှုသာ ဖြစ်တယ်” လို့ တွမ်အင်ဒရူးက ဆိုပါတယ်။

    နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ဖမ်းဆီး အကျဉ်းချထားပြီး ယုံကြည်အားကိုးရတဲ့ အတိုက်အခံပါတီ တွေကိုလည်း ဖျက်သိမ်းထားတဲ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိ၊ အခြေခံလွတ်လပ်ခွင့်တွေကိုလည်း နင်းခြေဖျက်ဆီးထားတဲ့ အခြေအနေမျိုးမှာ ပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက လွတ်လပ်တရားမျှတပြီး ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ သူက ပြောပါတယ်။

    ဒါ့အပြင် ရွေးကောက်ပွဲကို လာရောက်သတင်းရယူခဲ့ကြတဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတင်ဆက်မှုမှာလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ထုတ်ဖော်တင်ဆက်ထားခဲ့ကြပြီး ၂၀၂၀ ရွေး ကောက် ပွဲနဲ့ နှိုင်းယှဉ်ပါက မဲပေးသူ အရေအတွက် အလွန်နည်းပါးခဲ့တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

  • ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးကို ဒီလ ၁၅.၁၆.၁၇ အထိ ဂရုစိုက်ဖို့ လိုပါမယ်

    ဖြစ်ခဲ့လျှင်လည်း ၂၀၂၅ လောက်တော့ အဆိုးဆုံး နဲ့ လူတွေထိခိုက်မှုတော့ မများနိုင်ပါ

    ဒါပေမယ့် ကံဆိုးသူမောင်ရှင်တွေဆိုတာက ရှိနိုင်တာမို့လို့ သတိထားပေးကြပါ

    မနှစ်က ငလျင်ဒဏ်သင့်ထားသော နေရာများအားလုံး သတိပြုပေးကြဖို့ လိုပါတယ်။

    ယတြာအနေနဲ့ အိမ်ရှေ့မှာမြေခွက် ဖန်ခွက်ထဲကို ရေထည့်ပါ အပေါ်ကနေ ညောင်ရွက်တစ်ရွက်တင်ပါ သို့မဟုတ် စာရွက်ဖြူတစ်ရွက်ကို ညောင်ပင်ပုံစံဖြတ်တောက်ပြီး ရေခွက်ပေါ်မှာတင်ထားပါ။

    ဝသုန္ဒြေနတ်မင်းကြီးကို အိမ်ခြံဝင်းအတွင်း သန့်ရှင်းသောနေရာတွင် အုန်းသီး၊ ငှက်ပျောသီးများဖြင့် ကန်တော့ပွဲပေးခြင်းသော်လည်းကောင်း သို့ ရေတစ်ခွက် အသီးအစုံတစ်ပွဲ ဆီမီးများ ထွန်းညှိပြီး

    “ဤမြေပေါ်တွင် နေထိုင်ရသော အိမ်ထောင်စုဝင်များအား မြေဘေးအန္တရာယ်များမှ စောင့်ရှောက်ပေးပါ”ဟု တိုင်တည်ဆုတောင်းခြင်းများ ပြုလုပ်ပေးပါလေ။

    လင်းညှို့တာရာ

  • နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    ရခိုင်-မ‌ကွေး ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူလာတဲ့ စစ်ကောာင်စီ စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော် (AA) က ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာစခန်းနဲ့ ပဇီကျေးရွာ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို AA က ပိတ်ဆို့ထားပြီး စနိုက်ဘာနဲ့ တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။

    စစ်ရေးသတင်းရင်းမြစ်တယောက်က “စကမ ဘက်က ဂုတ်ကြီးစခန်းနဲ့ ပဇီစခန်းကို ဒီဇင်ဘာလအတွင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တက်လာတယ်၊ တိုက်ပွဲဖြစ်တယ်၊ AA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အခု အဲဒီစစ်ကြောင်းတွေ အပိတ်ခံနေရပြီ”လို့ ပြောပါတယ်။

    စစ်ကြောင်း ၂ ကြောင်းလုံး ရှေ့လည်းမရောက် နောက်ဆုတ်လို့လည်းမရဘဲ ပိတ်မိသွားပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကိုပါ နေ့စဉ်ခံနေရတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီဗျူဟာ နတ်ရေကန်တောင်စခန်း၊ လမ်းဟောင်း ပဇီရွာစခန်း၊ လမ်းသစ် ဂုတ်ကြီးရွာစခန်း ၃ ခုလုံးကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက အခိုင်အမာပိတ်ထားပြီး နောက်တန်း ကပစ ၁၄ နဲ့ ဆုန်ကုန်း အမြောက်တပ်မှ စစ်ကူ​စစ်ကြောင်း ထပ်မံစေလွှတ်ထားပေမဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံစစ်​ရေးသတင်းရင်းမြစ်က ထပ်ပြောပါတယ်။

    “နောက်ထပ် စစ်ကူစစ်ကြောင်းတွေ လာတယ်၊ ဒါပေမဲ့ ပဇီရွာ မရောက်ခင်၊ ဂုတ်ကြီးရွာမရောက်ခင် ကြားဖြတ်တိုက်ခိုက်ထားတယ်။”

    အဆိုပါ ပိတ်ဆို့ခံထားရတဲ့ စခန်း ၂ ခုဘက်ကို လမ်းဟောင်းနဲ့ လမ်းသစ် ၂ သွယ်ခွဲပြီး နောက်ကြောင်းစစ်ကူ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း AA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။

    ရခိုင်ရိုးမပေါ်ရှိ ငဖဲမြို့အပိုင် AA သိမ်းထားတဲ့ ဂုတ်ကြီးရွာကို ဒီဇင်ဘာ နောက်ဆုံးအပတ်က ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူယူပြီး အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကောင်စီစစ်ကြောင်း အလုံးအရင်းနဲ့ ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရွာထဲထိ ဝင်ရောက်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပဇီရွာစခန်းကိုလည်း ၂၀၂၅ နိုဝင်ဘာလအတွင်းက AA နဲ့ ပူးပေါင်းတပ်တို့ ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က နောက်ထပ် စစ်အင်အားဖြည့်ကာ လက်နက်အင်အား၊ လူအင်အားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့လို့ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

    စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်၊ ပဇီ၊ ဂုတ်ကြီး တို့ကို AA နဲ့ တော်လှန်ရေးတပ်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေကို လေကြောင်းမှ Y8၊ Y12 တွေနဲ့ နှစ်ရက်တကြိမ် ပုံမှန်လာချပေးနေရပြီး ရိက္ခာထုပ်တချို့ကို AA ဘက်ကလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

  • စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင်

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။

    အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။

    ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ICJ တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

    ယင်းအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အစိုးရလက်ထက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၉ ဒီဇင်ဘာတွင် ICJ သို့ သွားရောက်လျှောက်လဲချက်ပေးခဲ့သည်။

    ယခုကြားနာပွဲသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး အပြီးသတ်အမိန့်ချသည့် အခြေအနေများ ပါဝင်နိုင်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှုအတွင်း အဆုံးအဖြတ် သက်သေနှင့်စစ်ဆေးချက်များ စစ်ဆေးတော့မည်

    မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ထားတဲ့ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်တဲ့ အမှုကို ICJ တရားရုံးမှာ ယခု ဇန်နဝါရီလ ၁၂ ရက်နေ့ စတင် ကြားနာမည်ဖြစ်ပြီး အမှုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် သက်သေနဲ့ စစ်ဆေးချက်တွေကို ကြားနာစစ်ဆေးမှာဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

    စစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က တရားသူကြီးတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ စတင်မယ့် ၃ ပတ်ကြာ ကြားနာစစ်ဆေးမှုတွေအတွင်း အဖြေရှာ ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

    မင်းအောင်လှိုင်ကိုယ်စား ကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က လျှောက်လှဲချက် ပေးကြမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ အမှုကို စတင်တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာ (Gambia) က အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ICJ တရားရုံးမှာ တင်ပြကြမှာ ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၆ရက်နေ့မှ ၂၀ ရက်နေ့ အထိ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း မြန်မာစစ်တပ်က ပြန်လည် ချေပမှာဖြစ်ပါတယ်။

    ICJ ကမ္ဘာ့တရားရုံးက သက်သေတွေကို ကြားနာရန် ၃ ရက်တာ သတ်မှတ်ထားပြီး အဲဒီ ကြားနာမှုက တံခါးပိတ် ကြားနာမှာဖြစ်ပါတယ်။

    ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီအမှုကို တရားရုံးတော်သို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတကာ ဥပဒေပညာရှင်တွေက ဒီအမှုကို အထူးအာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုရဲ့ ဆုံးဖြတ်ချက်တွေက တောင်အာဖရိကနိုင်ငံက အစ္စရေးအပေါ် ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး ICJ မှာ စွဲဆိုထားတဲ့ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို တရားရုံးက ဘယ်လိုကိုင် တွယ်မလဲဆိုတာအတွက် အရိပ်အမြွက် လမ်းစတွေ ပေးနိုင်လို့ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်နဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ဟာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရမှု၊ မီးရှို့မှုနဲ့ လူသတ်မှု စတဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေကို ယူဆောင်လာခဲ့ကြပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ရှိ ၈,၀၀၀ ဧက ကျယ်ဝန်းတဲ့ ယိုယွင်းပျက်စီးနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်း ခန့်ဟာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရပါတယ်။

    ရိုဟင်ဂျာမိခင်တစ်ဦးဖြစ်တဲ့ ဂျနီဖာ ဘေဂမ် (Janifa Begum) က “ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ ဒီကြားနာပွဲမှာ ထင်ဟပ်ပါ့မလားဆိုတာ သိချင်ပါတယ်။ ကျွန်မတို့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကိုပဲ လိုချင်တာပါ” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မည်သည့်နိုင်ငံမဆို မျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ အခြားနိုင်ငံတစ်ခုကို ICJ မှာ တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တရားစွဲခဲ့တာပါ။

    ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သည်ဟိဂ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ကို ကိုယ်တိုင်သွားရောက်ပြီး စစ်တပ်အတွက် ခုခံချေပခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို “အဖြစ်မှန်ကို လွဲမှားပြီး မပြည့်စုံအောင် ဖော်ပြထားတဲ့ ပုံရိပ်” လို့ ပယ်ချခဲ့ပြီး ဒါဟာ “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီအမှုဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

    ၂၀၂၀ ပြည့်နှစ်မှာ ICJ က မြန်မာနိုင်ငံအနေနဲ့ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို တားဆီးဖို့ “မိမိအာဏာအတွင်းရှိသမျှ ဆောင်ရွက်ရန်” ကြားဖြတ်အမိန့် ချမှတ်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေကို မျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

    မြန်မာဘက်က တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ကန့်ကွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာပဲ တရားရုံးက အဲဒီကန့်ကွက်ချက်ကို ပယ်ချခဲ့တာကြောင့် အမှုကို ဆက်လက်စစ်ဆေးဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

    အခုပြုလုပ်မယ့် ကြားနာပွဲတွေဟာ ဇန်နဝါရီ ၃၀ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး အမှုရဲ့ အဓိက အနှစ်သာရပိုင်း​ ကို စစ်ဆေးမှာပါ။ အပြီးသတ် ဆုံးဖြတ်ချက်ထွက်ဖို့ လပေါင်းများစွာ သို့မဟုတ် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

    ICJ အနေနဲ့ တရားရုံးအမိန့်ကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်စွမ်း မရှိပေမဲ့ ဂမ်ဘီယာဘက်က အနိုင်ရရင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားတွေ အကြီးအကျယ် ကျရောက် လာမှာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ဒီတစ်ခေါက် ကြားနာပွဲကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

    ICJ တရားရုံးအပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကလည်း မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနိုင်ငံမှာလည်း Universal Jurisdiction (ကမ္ဘာ့တရားစီရင်ခွင့်) မူအရ ဒီအမှုကို စစ်ဆေးမှုတွေ ရှိနေပါတယ်။

  • ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။

    ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင်‌ ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    “သူက အိမ်အောက်ထပ်က ကုတင်မှာ အိပ်တာပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုး မရှိပါဘူး။ သူ့အိမ်က ရဲစခန်းနဲ့နီးပါတယ်။ ကျနော်တို့ အချိန်မရလို့ သူ့ကိုပဲ အဓိကထားပြီး ရှင်းလင်း ခဲ့တာပါ။ ရဲဘော်တွေအားလုံး ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    သေဆုံးသွားသော စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး လှသောင်းမှာ အကြမ်းဖက်စစ်တပ်မှ ထောက်ပို့ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကာ ဆေးပင်စင်ဖြင့် နုတ်ထွက်၍ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူး လုပ် ဆောင်ခဲ့သူဖြစ်ကြောင်း၊ NLD အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးမှူးရာထူးမှဖြုတ်ခံရပြီး စစ်တပ် က မတရား အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် ခန့်အပ်ခံရပြီးနောက် ပြွန်တန်ဆာပျူစော ထီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းကာ ဧည့်စာရင်း ထောက်ခံစာပြုလုပ်ပေးရာတွင် ငွေတောင်းခံခြင်း၊ စစ် မှုထမ်းကြေး ၂ သောင်း၊ ကင်းကြေး/ချောဆွဲကြေးဟု ခေါင်းစဉ်တပ်ကာ ပျူစောထီးအဖွဲ့အတွက် လ စဉ် တစ်အိမ်လျှင် ၂ ထောင်ကျပ် ကောက်ခံခြင်း၊ ရပ်ကွက်အတွင်း ၎င်းတို့နှင့် မတည့်သူများကို စစ် သား၊ ရဲ များနှင့် ပူးပေါင်းဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းစစ်သားအဖြစ် ရောင်းစားခြင်း တို့ လုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်သည့် တရားမဝင် ရွေးကောက်ပွဲကိုလည်း ၎င်းကိုယ် တိုင် ဦးဆောင်ကာ မဲဆွယ်စည်းရုံးခြင်း၊ ရန်ကုန် – မန္တလေးအမြန်လမ်းဟောင်းကို အသုံးပြုသော ခရီး သွားပြည်သူများထံမှလည်း ဆက်ကြေးကောက်ခံခြင်း၊ တောရွာများမှ ပြွန်တန်ဆာမြို့တွင်းသို့ ဈေးလာဝယ်လာသော လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်နေသူဖြစ်ကြောင်း သိရ သည်။

    ထို့ကြောင့် 9 Star Underground Force – Bago Region တပ်ဖွဲ့က နေအိမ်အတွင်းအထိ ဝင်ရောက် ရှင်းလင်းခဲ့ရခြင်းဖြစ်ပြီး စစ်တပ်အလိုကျ ပြည်သူလူထုကို အနိုင်ကျင့်ကာ ကိုယ်ကျိုးစီးပွားရှာနေသူ များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။