Category: News

  • ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့အခြေစိုက်ဓည၀တီရေတပ်စခန်းနှင့် ကျောက်ဖြူမြို့၏ အဓိက ခံကတုတ်စစ်စခန်းကြီး တစ်ခုဖြစ်သည့် ရဲတပ်ရင်း (၃၂) ကို ဒရုန်းများအပါအဝင်လက်နက်ကြီးများဖြင့်ယခုရက်ပိုင်းကစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။

    AA က ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များသည်ကျောက်ဖြုမြို့နယ်သစ်ပုတ်တောင်အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်ထဲမှ လူနေအဆောင် ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀နှင့် ခန်းမတို့တွင်ကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တချို့သေဆုံးကာ ဒဏ်ရာရသွားကြသည်ဟု ဒေသအတွင်းစစ်ရေး ရင်းမြစ်တစ်ဦးက ပြောသည်။

    ” လူနေဆောင်ကို ၂လုံးကျတယ်။ အစည်းအဝေးလုပ်တဲ့ခန်းမကို ၁လုံးကျတယ်။ တနင်္လာနေ့ကဆို မီးခိုးတွေအလုံးလုံးအလိပ်လိပ်ထွက်နေတာတွေ့တယ်။ လူတွေထိတယ်။သေဆုံးဒဏ်ရာ ရတာတွေလည်း ရှိတယ်” ဟု ပြောသည်။

    ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သစ်ပုတ်တောင်ရေတပ်ဌာနချုပ်မှ ဒဏ်ရာရသူများကိုနေဗီတစ်စီးဖြင့်ကျောက်ဖြူမြို့သို့ယူဆောင်လာသည်ဟု သိရသည်။

    “ နေဗီတစ်စီးကျောက်ဖြူဆိပ်ကမ်းမှာဆိုက်ကပ်ပြီးလူနာတွေကို ဆေးရုံကို ပို့တာတွေရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကို လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံဆေးရုံကြီးထိ ယူဆောင်တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

    အလားတူ AA မှ နောက်တန်း စခန်းကြီးတစ်ခုဖြစ်သည့် အမှတ်(၃၂)ရဲတပ်ရင်းထဲသို့လည်း လက်နက်ကြီးကျည်၊ဒရုန်းဗုံးများကျရောက်ကာအဆောင်တချို့ပျက်စီးသွားသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ဒေသခံ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    ” အရင်ဆိုအကြမ်းဖက်စစ်တပ်ဖက်က ဒရုန်းတွေလက်နက်ကြီးတွေနဲ့ AA ကို စတိုက်တာ။အခုAAဖက်ကအဲ့သလိုပြန်တိုက်နေတာ။ အခုဆိုရင်ရဲတပ်ရင်းကိုပါ ပြန်တိုက်လာတာ။ တိုက်ပွဲ‌က နေ့စဉ်လိုလိုပြင်းနေတယ်။ နေ့ရောညရော လက်နက်ကြီးနဲ ပစ်ခတ်တာတွေရှိတယ်” ဟု ပြောသည်။

    ကျောက်ဖြူမြို့မြို့ပြင်တွင် တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့်သစ်ပုတ်တောင်တိုက်နယ်အနီးတွင်ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AAမှ ပြောက်ကျားစနစ်ကိုအခြေခံသည် နည်းဗျူဟာအသစ်တို့ဖြင့်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များကပြောကြားသည်။

    စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရပြီးအကျအဆုံးများလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာနေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    လက်ရှိ ကျောက်ဖြူမြို့ အာရက္ခတပ်တော် လက်တွင်းမကျရောက်စေရေးအတွက်စစ်ကော်မရှင်က စစ်တွေက တပ်တစ်ချို့ ကိုကျောက်ဖြူသို့ စေလွှတ်ထားရသလိုလက်နက်တပ်ဆင်ပေးထားသည့်မွတ်ဆလင် လက်နက်ကိုင်များပါ ရောက်ရှိနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သူ၏ စစ်ရေး သုံးသပ်ချက်တွင် ရေးသားထားသည်။

    “မြို့ပြင်မှာတော့ ထိတွေ့တိုက်ပွဲတွေဟာအဆုတ်အတက်ကြမ်းနေဆဲသာဖြစ်ပါတယ်။လက်ရှိအနေ အထားအရ အာရက္ခတပ်ဘက်ကမြို့တွင်းကို ဝင်ရောက်လာမှာ စိုးတဲ့အတွက် စကစစစ်ကြောင်းတော်တော်များများဟာ မြို့ရဲ့ အနီးတစ်ဝိုက်အထိ ဆုတ်ခွာထားရတာကိုတွေ့ရပါတယ်။ တရုတ်စက်လတ်အသံတွေလို့ ယူဆရတဲ့အတွက် အာရက္ခတပ်တော်ဟာပစ်အားသုံးပြီး စစ်ရေးအသာစီး ရနေနိုင်တယ်လို့ သုံးသပ်ရပါတယ်” ဟုလည်း ရေးသားထားသည်။

    စစ်တွေ ဒကစအဝင် ကာကင်းစခန်း ၂ ခုကို AA တိုက်ခိုက်

    ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ) အဝင်ကို ကာထားသည့် ကာကင်းစခန်း ၂ခုကို အာရက္ခတပ်တော် (AA) တိုက်ခိုက်ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ဒကစဌာနချုပ်ကို ဝင်ပေါက်ဖြစ်သည့်တောကန်၊ကြံတောအနီးရှိကာကင်းစခန်းနှင့်ဂန့်ဂေါ်ကျွန်းနှင့်ရှေ့ဆိုင်ရှိကာကင်းစခန်း စခန်းနှစ်ခုကို ယခုဇန်နဝါရီ လ အစမှစ၍စတင်တိုက်ခိုက်နေပြီဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ဒီ ကာကင်းစခန်းနှစ်ခု ဒကစရဲ့ အဓိကကာကင်းစခန်းတွေဖြစ်တယ်။အင်အားကတော့အများကြီးရှိတယ်။ သူတို့ကာကင်းစခန်းပတ်ပတ်လည်မှာတောင် ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေအများဖောက်ထားတယ်။ AA ကညဖက်ဆိုပိုတိုက်တယ်။ ဒရုန်းနဲ့ပါလက်နက်ကြီးနဲ့ပါ ပြောက်ကျားစနစ်နဲ့” ဟု ပြောသည်။

    အာရက္ခတပ်တော်(AA)၏ ဒရုန်း၊လက်နက်ကြီးကျည်များကြောင့် အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်များအပြား သေဆုံးလျက်ရှိပြီး (ဒကစ)ဌာနချုပ်မှာလည်း (AA)၏ လက်နက်ကြီးကျည်ပစ်ခတ်ခြင်းကိုခံနေရ၍ သေဆုံးမှုရှိနေသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “ဒရုန်းနဲ့ရောလက်နက်နဲ့ပါတိုက်ခိုက်ခံနေရတာ။ ကာကင်းစခန်းက စစ်သားတွေရော။ကင်းလှည့်စစ်သားတွေရော ဒကစဌာနချုပ်ထဲက စစ်သားတွေရော အပြုံလိုက်ကျနေတယ်” ဟု ပြောသည်။

    AA၏ တိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်၏ စစ်တွေအခြေစိုက်တပ်ရင်းမျိုးစုံမှရသေ့တောင်၊ပုဏ္ဏားကျွန်းဖက်သို့ ဒရုန်း၊လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်လျက်ရှိကြောင်း ‌သိရသည်။

    ပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်တွင် ကင်းလှည့်နေသည့်စစ်ကော်မရှင်တပ်၏ စစ်ကားသုံးစီးအနက် တစ်စီးသည် အာရက္ခတပ်တော်(AA)ကဒရုန်းဖြင့်ပစ်ခတ်မှု‌ကြောင့် ထိမှန်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့ပြင်ကျေးရွာအနှံ့အပြားတွင်စစ်ကော်မရှင်တပ်၏ စစ်ကားများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကသိန်းတန်ကျေးရွာဘက်ကို ကင်းလှည့်နေစဉ် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာတစ်စီးထိမှန်သွားခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်တပ်သည် စစ်တွေမြို့နယ်တွင် ရေချမ်းပြင်၊ ကျားမသောက်၊ သိန်းတန်၊ ရာတန်၊ ရွှေမင်းဂံရေတပ်စခန်း၊ အမြင့်ကျွန်း စသည့် မြို့ပြင်နေရာအနှံ့အပြားတွင်စစ်အင်အားများကို တိုးချဲ့ချထားသည်ဟု သိရသည်။

  • ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ တာလေးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်၊ အညှာတန်းကြီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးပစ်ကူများ မရပ်မနား ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ပြင်းထန်နေသဖြင့် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး ကားရာချီ၍ ပိတ်မိနေကြောင်း သိရှိရသည်။

    “မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်မှာ တိုက်ပွဲဖြစ်နေလို့ ခရီးသည်တင်ကားတွေလည်း ပိတ်မိနေတယ်။ ကားတွေလည်း ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်။ လက်နက်ကြီးတွေ ပစ်နေတာရော တိုက်ပွဲဖြစ်နေတာရော ကားလမ်းပေါ်ကနေ အကုန်ကြားနေရတယ်” ဟု မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ယင်းအပြင် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ကားလမ်းဝဲယာ ကျေးရွားများမှ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ သတင်းရေးသားနေချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ ဖျာပုံမြို့နယ်အတွင်း စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်လုပ်ခြင်း၊ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီး၍ စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူများထံမှ ဆက်ကြေးကောက် လာဘ်ပေးလာဘ်ယူလုပ်ခြင်းများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

    “ရဲမှူး ဝင်းလှိုင်က သေတာကတော့ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှု ခံယူရင်း သေတာ။ သာမန် ကျန်း မာရေး မကောင်းတာပဲ ထင်နေတာ။ နေမကောင်းလို့ ဆေးကုသမှုခံယူရင်း ဆုံးသွားတာ။ သူက ဖျာပုံမှာ မူးယစ်အမှုတွေမှာ လာဘ်ယူတာမှာ နာမည်ကြီးတယ်။ အထူးသဖြင့်တော ငါးဖမ်းသင်္ဘောတွေနဲ့ မူးယစ်ဆေးဝါး သယ်တာတွေ၊ စစ်မှုထမ်း လူငယ်တွေရဖို့ မူးယစ်ဆေးဝါးနဲ့ အမှုဆင်ဖမ်းတာတွေ အဲဒါတွေ သူလုပ်ခဲ့တာ” ဟု ဖျာပုံမြို့နယ်မှ ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ရဲမှူးဝင်းလှိုင်သည် သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိနေပြီဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အရာရှိလိုင်းခန်းတွင် နာရေးရက်လည် တရားနာပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    မှူးမှူး ရယ် အဲ့လောက်ထိ ဘာလို့စောစောစီးစီး ထွက်သွားရတာလဲ 😭

    29 ရက်နေ့က ဒို့တွေ အုပ်စုလိုက်ကြီး ကန်သာယာမှာ သွားပြီး မုန့်တွေ စားကြခဲ့သေးတယ်လေ အဲ့နေ့ကတောင် ပြောခဲ့သေးတယ်လေ

    သကြ်န်ကျရင် လျှောက်သွားကြမယ်ဆိုပြီး အဲ့နေ့က မေမေကိုဖုန်းဆက်ပြီး kkကို အိမ်ပြန်ရောက်ရင် ဒုတ်နဲ့လိုက်ရိုက်ပါလို့ လှမ်းတိုင်ပြီး ရယ်မောနေခဲ့တာလေးတွေ အခုထိ မျက်လုံးထဲမှာ မြင်ယောင်နေဆဲပဲ မှူးမှူးရယ် 😭

    အမြဲတမ်းဖုန်းတွေခေါ် ပြီး တစ်ယောက်တစ်ခွန်းစကားများ ရန်ဖြစ်ပြီး အနိုင်နဲ့ပိုင်းခဲ့တာတွေ tiktok ဆော့ပြီးတင်တဲ့ အချိန်ကြရင် kk နင် cele မဖြစ်သေးဘူးလား ငါအသဲပေးရတာ လက်တွေညောင်းနေပြီ ပြောခဲ့တာလေးတွေ အရမ်းလွမ်းတာပဲ မှူးမှူးရယ် 😭

    မှူးမှူးကို အရမ်းပြန်လိုချင်တာပဲ မှူးမှူးရယ် အမြဲတမ်းစိတ်ထားကောင်းပြီး ရိုးသားတဲ့ ဒို့မှူးမှူးကြီး ကောင်းရာဘုံဘဝကို အ​မြန်ဆုံးရောက်ရှိပါစေ မှူးမှူးရေ😭

    ဒို့မှူးမှူးကို ထာဝရ ချစ်နေဆဲပါ မှူးမှူးရယ်😭

  • “ဇာတ်မင်းသားလေး ဝေယံမိုး”ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး…

    “ဇာတ်မင်းသားလေး ဝေယံမိုး”ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး…

    ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်တဲ့ ဇာတ်မင်းသားလေး (ဝေယံမိုး) အသက်(၃၂) နှစ် ဟာ ဇန်နဝါရီလ (၄)ရက်နေ့ ည(၁၀)နာရီ (၅၀)မိနစ်အချိန်၌ ရန် ကုန် ဆေးရုံကြီးတွင် (၉၆)ပါး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။

    ဈာပန အခမ်းအနားကိုတော့ ဇန်နဝါရီလ (၆)ရက်နေ့ ညနေ(၅) နာရီတွင် တောင်ဒဂုံမြို့နယ်ရှိ ကြည်စု သုသာန်တွင် မီးသဂြိုလ်ခဲ့ပါတယ်။

    အဆိုပါ ဈာပန အခမ်းအနား နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြ တဲ့ ဝမ်းနည်းကြေကွဲဖွယ် ပုံရိပ်များကို အမှတ်တရ တင်ဆက် ပေးလိုက်ပါတယ်။

    ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းလျက်…

  • နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး

    နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာမှ အကြမ်းဖက်စစ်တပ်သားများကို ၂ ကြိမ် တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်ညနေ ၄ နာရီဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာ၌ တပ် စွဲထားသော စစ်သား ၃၀ ခန့်သည် ကုကုန်းကျေးရွာအနီးရှိ ကြက်ခြံမှ ကြက်များခိုးယူရန် ထွက်လာ စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထက် မ နည်း သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိကာ ကုကုန်းကျေးရွာအတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိ ရသည်။

    အလားတူ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၇ နာရီခန့်ကလည်း ကုကုန်းကျေးရွာ၌ တပ်စွဲထားသော စစ်သား ၆၀ ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သားများထိခိုက်သေဆုံးမှုများပြားကာ ကုကုန်းကျေးရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရ သည်။

    ယင်းတိုက်ပွဲအတွင်း နွားထိုးကြီးမြို့နှင့် မြင်းခြံမြို့တို့ရှိ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ပစ်ကူ များစွာ ပစ်ကူပေးခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့်လည်း ၁ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

    “ဒုတိယအကြိမ် ကုကုန်းရွာထဲကနေ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စခတွေကို ပြန် လည် ခုခံ တိုက်ခိုက်တာမှာ ၅ နာရီလောက်ကြာခဲ့တယ်။ စခတွေဘက်က ထိခိုက်ကျဆုံးများပြီးတော့ ပြန် ထွက်ပြေးသွားတယ်၊ လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်သွားတယ်။ အဲဒီမှာ နယ်မြေ ရှင်း လင်းရေး လုပ်တဲ့အချိန်မှာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိထားတယ်၊ ဘယ်နှစ်ယောက် သေလဲတော့ မသိရဘူး။ တိုက်ပွဲဆိုင်ထားတုန်းပဲ။” ဟု MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ် စား ပြောက်ကျားတပ်ဖွဲ့ နှင့် Burmese Guerrilla Force (BGF) တပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။