Category: News

  • ၅၀၅ အထုတ်ခံရပြီးနောက် ရှောင်ခဲ့ တိမ်းခဲ့ရတဲ့ပုံလေးတွေ ထုတ်ပြလာတဲ့ အဆိုတော် တူးတူး

    ၅၀၅ အထုတ်ခံရပြီးနောက် ရှောင်ခဲ့ တိမ်းခဲ့ရတဲ့ပုံလေးတွေ ထုတ်ပြလာတဲ့ အဆိုတော် တူးတူး

    ၅၀၅ အထုတ်ခံရပြီး ရန်ကုန်မှာ

    မလွတ်မလပ်ရှောင်ပုန်နေခဲ့ရတုန်းက

    ရုတ်တရက်မမှတ်မိအောင် လုပ်ထားရတုန်းကပုံလေးတွေ

    လွတ်လပ်ရေးနေ့မှာ အမှတ်တရတင်သည် 😬

    ဒီလိုပုံနဲ့မြင်ရင် မှတ်မိကြမှာလားပြောကြည့်😜

    သတင်းမှာပါတဲ့ကြေငြာချက်
    ရန်ကုန် Safe House မှာ
    ရန်ကုန် Safe House မှာ ဆံပင်ကို ကိုယ့်ဖာသာစက်ကတ်ကြေးနဲ့ တခါမှမထားဖူးတဲ့ အတိုအကပ်ထိုး ဆေးမဆိုး နုတ်ခမ်းမွှေး မုတ်ဆိပ်မွှေးမရိတ် တဲ့ရုပ်နဲ့
    ရန်ကုန် Safe House မှာ
    ရန်ကုန် Safe House မှာ
    ရန်ကုန် Safe House မှာ ဆံပင်ကို ကိုယ့်ဖာသာစက်ကတ်ကြေးနဲ့ တခါမှမထားဖူးတဲ့ အတိုအကပ်ထိုး ဆေးမဆိုး နုတ်ခမ်းမွှေး မုတ်ဆိပ်မွှေးမရိတ် တဲ့ရုပ်နဲ့ မျက်မှန်ပါတပ်လိုက်တော့ မှတ်မိကြလားပြော
    ရန်ကုန် Safe House မှာ
    ရန်ကုန်ကနေ မဲဆောက်ကိုထွက်တဲ့နေ့ လမ်းမှာ

    Tu Tu

  • Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး

    Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး

    စဥ့်ကူးမြို့နယ်ရှိ Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး

    မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ Tri PDF အာဇာနည်ကုန်းကို ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

    ရုပ်သံ – Wai Moe Kyaw

  • အမေရိကန်ရောက် ဗင်နီဇွဲလားသမ္မတ

    အမေရိကန်ရောက် ဗင်နီဇွဲလားသမ္မတ

    အမေရိကန်နိုင်ငံကနေ ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုဪတွေပြုလုပ်ပြီး ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကို ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး အမေရိကန်နိုင်ငံတွင်းကို ခေါ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။

    အမေရိကန်ဘက်ကနေ ဗင်နီဇွဲလားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဦးစွာပြုလုပ်ခဲ့တယ်။ ပြီးတော့ အထူးတပ်ဖွဲ့‌တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီ heliborne စစ်ဆင်ရေးဖော်ဆောင်ကာ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အမေရိကန်ကနေ တိုက်ခိုက်မှု စတင်ကြောင်း သိရပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဗင်နီဖွဲလား လေပိုင်နက်ထဲမှာ အမေရိကန်ရဲ့ ရဟတ်ယာဉ်တွေ ဝင်ရောက်ပျံ‌သန်းနေတာကို ဆိုရှယ်မီဒီယာဗီဒီယိုတွေကနေတဆင့် တွေ့ထားခဲ့ရပါတယ်။ ဒီရဟတ်ယာဥ်တွေက အမေရိကန်ရဲ့ နာမည်ကြီး အထူးလေကြောင်းချီတပ်ဖွဲ့ 160th SOAR (Special Operations Aviation Regiment) “Night Stalkers” မှ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗင်နီဇွဲလားစစ်တပ်ရဲ့ Buk-M2E လို လေကြောင်းကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာကိုလည်း တွေ့ထားရပါတယ်။ ဒါ့ကြောင့် 160th SOAR ရဲ့ ရဟတ်ယာဉ်တွေ ဝင်လာနိုင်အောင် ဗင်နီဇွဲလားရဲ့ လေကာစနစ်တွေကို ပစ်မှတ်ထားပြီး SEAD, DEAD စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်ဆိုတာလည်း သိရပါတယ်။

    DEA agent တွေကြား လက်ထိပ်နဲ့တွေ့ရတဲ့ မာရိုဒူ

    မာဒူရိုကို ဝင်ရောက်ဖမ်းဆီးတာက အမေရိကန်ကြည်းတပ်ရဲ့ ထိပ်တန်းအထူးတပ်ဖွဲ့ဖြစ်တဲ့ Delta Force (1st Special Forces Operational Detachment- Delta) တွေအပြင် FBI ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ HRT (Hostage Rescue Team) လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

    စစ်ဆင်ရေးအတွင်းပါဝင်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေအချို့ ဒဏ်ရာရတာရှိပေမယ့် အခြေအနေကောင်းတယ်လို့ သမ္မတထရမ့်ကပြောထားတယ်။ ရဟတ်ယာဉ်တစ်စင်းလည်း ထိခိုက်ထားတယ်၊ ဒါပေမယ့် ရဟတ်ယာဥ်/လေယာဉ်တစ်စင်းမှ ဆုံးရှူံးခဲ့တာ မရှိဘူးလို့လည်း ပြောထားပါတယ်။

    အမေရိကန်သမ္မတထရမ့်ကနေ တရားဝင်သတင်းစာရှင်းလင်းပွဲတွေလည်း လုပ်ပြီးပြီဆိုတော့ Operation Absolute Resolve အကြောင်း အသေးစိတ်တွေကို အထိုက်အလျောက် သိလာရပြီဖြစ်ပါတယ်။

    မာဒူရိုရှိနေတဲ့နေရာက မြို‌တော် Caracas မှာရှိတဲ့ Fort Tiuna လို့ခေါ်တဲ့ စစ်တပ်စခန်းမှာ ဖြစ်ပါတယ်။ မာဒူရို ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အတိအကျသိနိုင်ဖို့ 2025 ဩဂုတ်လလောက်ကတည်းက CIA ကနေ ဗင်နီဇွဲလားအစိုးရထဲ အတွင်းလူတွေ ထည့်ထားခဲ့တာပါ။ ဒါ့အပြင် Delta Force အဖွဲ့ဝင်တွေကနေ မာဒူရိုရှိနေမယ့် အဆောက်အဦးကို ပုံတူတည်ဆောက်ထားပြီး ကြိုတင်လေ့ကျင့်ထားခဲ့ပါသေးတယ်။

    အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာခံရပြီးနောက် USS Iwo Jima amphibious assault ship ပေါ်မှာ တွေ့ရတဲ့ ဗင်နီဇွဲလားသမ္မတ မာရိုဒူ

    Operation Absolute Resolve နဲ့ပတ်သက်ပြီး ပူးတွဲစစ်ဆင်ရေးဦးစီးချုပ် General Dan Caine က အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

    Operation Absolute Resolve အတွင်း အမေရိကန်ဘက်ကနေ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ထောက်လှမ်း‌‌လေယာဉ်၊ ရဟတ်ယာဉ် စသည်ဖြင့် လေယာဉ်အမျိုးမျိုး 150 စင်းကျော် ပါဝင်ခဲ့ပါတယ်။ F-22 Raptor, F-35 Lighting II လို 5th gen တိုက်လေယာဉ်တွေအပြင် F/A-18 Super Hornets, EA-18 Growlers တိုက်လေယာဉ်တွေ, B-1 Lancer ဗုံးကြဲလေယာဉ်တွေပါ စစ်ဆင်ရေးအတွင်းပါဝင်ခဲ့ပါတယ်။ 160th SOAR ကနေ အထူးတပ်ဖွဲ့ဝင်‌တွေပို့ဆောင်ပေးဖို့ MH-47 Chinooks, အနီးကပ်ပစ်ကူအတွက် MH-60L Direct Action Peneractor ရဟတ်ယာဉ်တွေ အသုံးပြုခဲ့ပါတယ်။

    အထူးတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ရဟတ်ယာဉ်တွေက ပင်ယ်ရေမျက်နှာပြင်ထက်အမြင့်ပေ 100 လောက်ကနေပဲ အနိမ့်ပျံသန်းကာ ဗင်နီဇွဲလားနိုင်ငံတွင်းကို ချဉ်းကပ်လာခဲ့တယ်။ ဗင်နီဇွဲလားကမ်းခြေနားရောက်လာချိန်မှာ အမေရိကန်ကနေ အီလက်ထရောနစ် တိုက်ခိုက်မှုတွေ၊ ဆိုင်ဘာတိုက်ခိုက်မှုတွေ မျိုးစုံပြုလုပ်ပြီး ရဟတ်ယာဉ်တွေအတွက် လမ်းကြောင်းရှင်းပေးခဲ့ပါတယ်။ 160th SOAR ရဲ့ ရဟတ်ယာဉ်တွေကို အမေရိကန် ရေတပ်၊ လေတပ်၊ မရိမ်းတပ်ဖွဲ့တို့ရဲ့ တိုက်လေယာဉ်တွေက လိုက်ပါ စောင့်ရှောက်ပေးခဲ့ပါတယ်။

    အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့တဲ့ ဗင်နီဇွဲလား Buk-M2E လေကြောင်းကာကွယ်ရေးစနစ်တစ်ခု
    Buk-M2E နှစ်စင်းပျက်စီးထားတယ်လို့ အတည်ပြုထားနိုင်ကြပါတယ်။

    160th SOAR ရဲ့ ရဟတ်ယာဉ်တွေက ဗင်နီဇွဲလားနိုင်ငံတွင်း ဝင်ရောက်လာပြီး ရဲ့ မြို့တော် Caracas ကို ချဉ်းကပ်လာချိန်မှာတော့ အမေရိကန် ပူးပေါင်းလေတပ် တပ်ဖွဲ့က ဗင်နီဇွဲလားစစ်တပ်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေက ရဟတ်ယာဉ်တွေကို ကာကွယ်ပေးနိုင်ဖို့ အဓိက ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

    160th SOAR ရဲ့ ရဟတ်ယာဉ်တွေက တောင်အမြင့်‌တွေကို အကာအကွယ်ယူပြီး ပျံသန်းလာတာကြောင့် ဗင်နီဇွဲလားဘက်က ထောက်လှမ်းမသိရှိခဲ့ပဲ အငိုက်ဖမ်းနိုင်ခဲ့ပါတယ်။ Fort Tiuna ရှိ မာဒူရိုရှိရာ‌ အဆောက်အဦးဝန်းနား ရောက်တဲ့ အခါမှာတော့ မြေပြင်က ပစ်ခတ်မှုတွေကြောင့် ရဟတ်ယာဉ်တစ်စီး ထိခိုက်ခဲ့တယ်။ ဒါပေမယ့် ထိခိုက်ခဲ့တဲ့ ရဟတ်ယာဉ်က စစ်ဆင်ရေးပြီးဆုံးသည်အထိ ဆက်လက်ပျံသန်းနိုင်ခဲ့ပါတယ်။

    ရဟတ်ယာပေါ်ပါ အထူးတပ်ဖွဲ့ဝင်တွေ ဆင်းပြီးတဲ့နောက် မာဒူရို ရှိရာနေရာကို အတိအကျသိနိုင်ဖို့၊ အဆောင်အဦးအတွင်း အန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့ ဝေဟင်၊ မြေပြင်ရှိ ထောက်လှမ်းရေးတပ်ဖွဲ့တွေက သတင်းအချက်အလက်တွေ ဆက်တိုက်ပို့ပေးခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးက စတီးလ်နံရံတွေနဲ့ တည်ဆောက်ထားတဲ့ safe room ထဲသွားဖို့ ကြိုးစားနေတုန်း ဖမ်းဆီးမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပစ်မှတ်ကို ဖမ်းမိပြီးတဲ့နောက် ပြန်ထွက်ဖို့အတွက် ရဟတ်ယာဉ်တွေကို ပြန်ခေါ်တယ်။ ဒီအချိန်မှာလည်း ဗင်နီဇွဲလားဘက်က မတုန့်ပြန်နိုင်‌အောင် အမေရိကန် တိုက်လေယာဉ်‌တွေ၊ ဒရုန်းတွေက ဦးနှိမ်ပစ်ခတ်ထားခဲ့ပါတယ်။

    Eastern Standard Times မနက် 1:01 နာရီ မှာ 160th SOAR ရဲ့ ရဟတ်ယာဉ်တွေက မာဒူရိုရှိရာ နေရာကို ရောက်တယ်။ တစ်နာရီခွဲလောက်အကြာ မနက် 3:29 နာရီ မှာတော့ ရဟတ်ယာဉ်တွေက မာဒူရိုကို ဖမ်းဆီးပြီး ဗင်နီဇွဲလားနိုင်ငံအထွက် ပင်လယ်ပြင်ပေါ် ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

    Operation Absolute Resolve အတွင်း အမေရိကန်ဘက်က တပ်ဖွဲ့ဝင် ကျဆုံးမှုမရှိခဲ့သလို လေယာဉ်လည်း ပျက်စီးဆုံးရှုံးမှု မရှိခဲ့ပါဘူး။

    ဗင်နီဇွဲလားသမ္မတကိုပဲ ဝင်ဖမ်းပြီး တခြား အစိုးရအဖွဲ့ဝင်တွေ ကျန်ရှိနေသေးတာကြောင့် ဗင်နီဇွဲလားအတွက် Operation Absolute Resolve က အပြောင်းအလဲ ကြီးကြီးမားမားဖြစ်နိုင်ပါ့မလား ထောက်ပြစရာရှိနေပေမယ့် သူများနိုင်ငံရဲ့ စစ်တပ်စခန်းထဲအထိ heliborne operation လုပ်ပြီး လိုချင်တဲ့ ပစ်မှတ်ကို အရှင်ဖမ်းနိုင်ခဲ့တာက တကယ့်ကို ပြောင်မြောက်တဲ့ စစ်ဆင်ရေးပဲ ဖြစ်ပါတယ်။

    Tactical Raptor

    Raptorone

  • ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    အမေရိကန်ဟာ ဇန်နဝါရီ ၃ ရက်မှာ ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီး‌ ခေါ်ဆောင်သွားခဲ့ပါတယ်။

    တရုတ်ကိုယ်စားလှယ်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ အဖမ်းခံရ

    အမေရိကန်က ဖမ်းဆီးခဲ့သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် အဖမ်းမခံရမီ နာရီပိုင်းအလို၌ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Qiu Xiaoqi နှင့် ကာရာကတ်စ်ရှိ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားမဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်နှင့် ရေနံတင်ပို့ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။

    ဗင်နီဇွဲလားသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးစီး၍၂၀၀၆ ခုနှစ်က ဖွဲ့စည်းထားသည့် BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အဖြစ်ရှိနေကာ ရုရှားနှင့်တရုတ်တို့က အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အခိုင် အမာ ထောက်ခံံထားသည်။ ဗင်နီဇွဲလားအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုတို့ကို ကျော်လွှားကာ ရေနံများကို တိုက်ရိုက် ရောင်းချနိုင်မည် ဖြစ်သည်။

    တရုတ်အထူးကိုယ်စားလှယ်နှင့် မာဒူရိုတို့ တွေ့ဆုံပြီး နာရီအနည်းငယ်အကြာတွင် ဗင်နီဇွဲလားနိုင်ငံတဝန်းရှိ ပစ်မှတ်များကို အမေရိကန်မှ တိုက် ခိုက်ပြီး သမ္မတ မာဒူရိုနှင့်ဇနီးတို့ကို ဖမ်းဆီးလိုက်ကြောင်း ထရမ့်က ကြေညာခဲ့သည်။

    သမ္မတ မာဒူရိုကို အမေရိကန်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်နှင့်ရုရှားနိုင်ငံတို့က ယမန်နေ့တွင် ထုတ်ပြန်ထားကြသည်။

    အမေရိကန်အနေဖြင့် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို လိုက်နာရန်၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးချိုးဖောက်မှု ရပ်တန့်ရန် တရုတ်က ထုတ်ပြန်ထားသလို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဗင်နီဇွဲလားအပေါ် “လက်နက်ကိုင် ကျူးကျော်မှု” လုပ်ရပ်ဟု ခေါ်ဆိုရှုတ်ချခဲ့ပြီး နောက်ထပ်တင်းမာမှုများ မဖြစ်ပွားစေရန် သတိပေးသည်။

    ဗင်နီဇွဲလားစစ်ဆင်ရေးသည် ၁၉၈၉ ခုနှစ်က ပနားမားဖြစ်ရပ်အပြီး လက်တင်အမေရိကတွင် တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံခေါင်းဆောင်တဦးကို အမေရိကန်က စစ်ရေးအားဖြင့် တိုက်ရိုက်အကျဆုံး အရေးယူမှု ဖြစ်လာနိုင်ကြောင်း Fox News က ဖော်ပြသည်။

    ဗင်နီဇွဲလားကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသလို ပထမအဆင့်အနေဖြင့် မိတ်ဖက်နိုင်ငံအဖြစ် ဝင်ရောက်ရေးအတွက် ငွေပေးချေမှုဆိုင်ရာများ ပြင်ဆင် ကြိုးပမ်းမှုများ ရှိနေသည်။

  • ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင်းတတိုက်နယ်ဆေးရုံပေါ်ကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် နေ့ နေ့လယ် ၂ နာရီလောက်မှာ နမခ စစ်တပ်အတွင်းကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ရွာသားတယောက်က “ဗုံးသီးက ၃ လုံးချတာ။‌ ဆေးရုံပေါ်ကို ကျတာ။‌ ဆေးကုသခံယူ‌နေတဲ့ ပြည်သူ‌မြေးအဘိုး ၂ ယောက်၊ ဆရာဝန်တယောက် စုစုပေါင်း ‌‌‌‌‌‌‌၃ ယောက် သေဆုံးတာဗျ။ ထိခိုက်သူ‌တွေလည်း များတယ်။ လုံခြုံ‌ရေးအရ ချက်ချင်း နေရာပြောင်းရွှေ့ရလို့ ဒဏ်ရာရသူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။

    မတောင်းတတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇွန် ၃ ရက် ည ၆ နာရီလောက်ကလည်း စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်က “ဆေးရုံကို အနီးဝန်းကျင်ရွာက ပြည်သူတွေကို ကျန်းမာရေးအတွက် လောက်သာ ကုသပေးနေတာပါ။ စစ်‌ ရေးပစ်မှတ်မရှိပါဘူး။ အ‌ကြောင်းမဲ့လာပစ်သွားတာ” လို့ ပြောပါတယ်။

    ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင်တရုတ်စီမံကိန်းအတွင်းမှာ စစ်တပ်က စခန်းချတပ်စွဲပြီး မကြာခဏဆိုသလို ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်နေတာလို့ ဆိုပါတယ်။

    ဆားလင်းကြီးကတိုက်နယ်ဆေးရုံကို စစ်တပ်ဗုံးကြဲ၊ ဆရာဝန်တဦးအပါအဝင်ပြည်သူသုံးဦးသေဆုံး

    ဆားလင်းကြီးမြို့နယ်က တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

    ဆားလင်းကြီးမြို့နယ်က မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ၂ နာရီခန့်မှာ စစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။

    “ဆရာဝန်တစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ အပြင်ကအရပ်သားတဦး သေဆုံးသွားတာပါ။ တော်တော်လေး ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြောစရာစကားတောင်မရှိဘူး”လို့ ဆားလင်းကြီးမြို့နယ် ​ဒေသခံတဦးကပြောပါတယ်။

    သေဆုံးသူ သုံးဦးထဲမှာ ‌ဒေါက်တာအောင်သဲထွဋ်နဲ့ သူအဖိုးဖြစ်သူပါဝင်ပြီး ကျန်တစ်ဦးနဲ့ပတ်သက်လို့ အသေးစိတ်မသိရ‌သေးပါဘူး။ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

    စစ်တပ် ‌မြို့နယ်အများအပြားကို လေကြောင်းကနေတိုက်ခိုက်တာမှာ ဆေးရုံတွေကိုလည်းပစ်မှတ်ထားပြီး ဗုံးကြဲနေပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ၁၀ရက်နေ့က ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကနေ​ပေါင်း ၅၀၀ ဗုံးကြဲလို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။

    ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလို အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ်ထုတ်ပြန်ထားပါတယ်။

    စစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အမေရိကန်ကလည်း လွတ်လပ်​ရေး​အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ​ တောင်းဆိုထားပါတယ်။