စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင်းတတိုက်နယ်ဆေးရုံပေါ်ကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် နေ့ နေ့လယ် ၂ နာရီလောက်မှာ နမခ စစ်တပ်အတွင်းကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွာသားတယောက်က “ဗုံးသီးက ၃ လုံးချတာ။ ဆေးရုံပေါ်ကို ကျတာ။ ဆေးကုသခံယူနေတဲ့ ပြည်သူမြေးအဘိုး ၂ ယောက်၊ ဆရာဝန်တယောက် စုစုပေါင်း ၃ ယောက် သေဆုံးတာဗျ။ ထိခိုက်သူတွေလည်း များတယ်။ လုံခြုံရေးအရ ချက်ချင်း နေရာပြောင်းရွှေ့ရလို့ ဒဏ်ရာရသူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။
မတောင်းတတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇွန် ၃ ရက် ည ၆ နာရီလောက်ကလည်း စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်က “ဆေးရုံကို အနီးဝန်းကျင်ရွာက ပြည်သူတွေကို ကျန်းမာရေးအတွက် လောက်သာ ကုသပေးနေတာပါ။ စစ် ရေးပစ်မှတ်မရှိပါဘူး။ အကြောင်းမဲ့လာပစ်သွားတာ” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင်တရုတ်စီမံကိန်းအတွင်းမှာ စစ်တပ်က စခန်းချတပ်စွဲပြီး မကြာခဏဆိုသလို ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဆားလင်းကြီးကတိုက်နယ်ဆေးရုံကို စစ်တပ်ဗုံးကြဲ၊ ဆရာဝန်တဦးအပါအဝင်ပြည်သူသုံးဦးသေဆုံး

ဆားလင်းကြီးမြို့နယ်က တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်က မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ၂ နာရီခန့်မှာ စစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။
“ဆရာဝန်တစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ အပြင်ကအရပ်သားတဦး သေဆုံးသွားတာပါ။ တော်တော်လေး ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြောစရာစကားတောင်မရှိဘူး”လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူ သုံးဦးထဲမှာ ဒေါက်တာအောင်သဲထွဋ်နဲ့ သူအဖိုးဖြစ်သူပါဝင်ပြီး ကျန်တစ်ဦးနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးပါဘူး။ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ် မြို့နယ်အများအပြားကို လေကြောင်းကနေတိုက်ခိုက်တာမှာ ဆေးရုံတွေကိုလည်းပစ်မှတ်ထားပြီး ဗုံးကြဲနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ၁၀ရက်နေ့က ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကနေပေါင်း ၅၀၀ ဗုံးကြဲလို့ ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။

ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလို အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ်ထုတ်ပြန်ထားပါတယ်။
စစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အမေရိကန်ကလည်း လွတ်လပ်ရေးအထိမ်းအမှတ်ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။


Leave a Reply