Category: News

  • အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်

    ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။

    ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါ

    ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

    လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်”ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

    အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာပလာဇာကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ​​သေဆုံးသူ ​ဒေါ်စမ်းစမ်း​အေးအား အမျိုးသားနှစ်ဦးက ကားပါကင်တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

    ထိုစဉ်က ရဲတပ်ဖွဲ့၏ ကနဦးစစ်​ဆေး​ချက်အရ လူသတ်မှူကျူးလွန်သူများသည် ​ဒေါ်စမ်းစမ်း​အေးအား ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ​ငွေ​ကြေးလိုအပ်ချက်အရ လူသတ်မှုကျုးလွန်ခဲ့ခြင်း​ကြောင်း သိရသည်။

    ထို့ပြင် ​ဒေါ်စမ်းစမ်း​အေးအသတ်ခံရမှုတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လူသတ်မှုကျူးလွန်သူများ၏ ကားပါကင်တွင် ဓါးဖြင့်တိုက်ခိုက်ခြင်းကိုခံရပြီး ဓါးဒဏ်ရာများရရှိခဲ့သဖြင့် ယင်းအမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်​ဆေးခဲ့ခြင်းဖြစ်သည်။

  • ပျောက်သွားပီး ၆ ရက်အကြာမှာ DB သာပြန်တွေ့ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားငယ်လေး

    ပျောက်သွားပီး ၆ ရက်အကြာမှာ DB သာပြန်တွေ့ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားငယ်လေး

    ပျောက်သွားပီး ၆ ရက်အကြာမှာ DB သာပြန်တွေ့ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားငယ်လေး 💔

    ခလေးတွေကို အပြင်သွားရင် ဂရုစိုက်ကြပါ

    ပစ္စည်းပါရင် ပိုလို့တောင် သတိထားသင့်ပါတယ်

    လူကိုရန်မပြုရင်ဖြေသာပေမယ့် အခုနောက်ပိုင်း လက်ရဲ ဇက်ရဲတွေများလာတာနဲ့အမျှ လူ့အသက်တွေလည်းဈေးပေါလာပါတယ်

    အခုတစ်ခါမှာလည်း ဒီကလေးကတော့ ပီးခဲ့တဲ့ရက်ပိုင်း မိဘတွေက လူပျောက်တင်ထားတာအားလုံးတွေ့လိုက်ကြမယ်ထင်ပါတယ်

    24 ရက်နေ့ကတည်းက ပျောက်နေခဲ့တာပါ

    ဒါကြောင့် မိသားစုတွေက ခုလိုလူပျောက်တင်ခဲ့ကြပါတယ်။

    “Please🙏🙏🙏

    သားငယ်လေးပျောက်နေတာ တစ်ည တစ်ရက်ရှိပါပြီ။

    တောင်ကြီးမြို့

    (ထ-4) G-10မှာပညာသင်ကြားနေတာပါ။

    24ရက်နေ့ညနေ နေအိမ်မှ ဆိုင်ကယ်နဲ့ထွက်သွားပြီး ပြန်မရောက်လာလို့ပါ။

    တွေ့ရှိပါက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရှင့်

    သားရေ စိုင်းA ဒီနေ့ကျောင်းပြန်ဖွင့်ပြီလေ

    သားဘယ်ရောက်နေလည်း ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ခဲ့ပါစေ အိမ်အမြန်ပြန်လာပါနော်သား

    မယ့်မယ့်အရမ်းစိတ်ပူနေရပြီသားရေ

    သားကိုချစ်တဲ့သူအားလုံးအရမ်းစိတ်ပူနေကြတယ်

    ဒီနေ့ဆိုသားပျောက်နေတာ 6ရက်ရှိပြီလေ။

    ရောက်တဲ့အရပ်ကနေအမြန်ပြန်လာပေးပါ။

    လက်ခံထားတဲ့သူတွေရှိရင် အမြန်ဆက်သွယ်ပေးကြပါရှင့်🙏🙏🙏

    မောင်အနဂ္ဂရဲထက်

    G-10

    အထက(၄)

    တောင်ကြီးမြို့”

    ဆိုပီး အကူညီတောင်းထားခဲ့တာ ဖစ်ပါတယ်

    ဒါပေမယ့် ဒီဇင်ဘာ ၃၀ ရက် မှာတော့ သားငယ်လေးကို ပြန်တွေ့ခဲ့ပါတယ်

    ဒါပေမယ့် အားလုံးမျှော်လင့်ထားသလိုမဟုတ်ဘဲ DB သာပြန်ရခဲ့တာဖစ်ပါတယ်

    ဒါကြောင့် မိသား‌စုတွေကတော့ အရမ်းကို စိတ်မကောင်းဖစ်နေကြပီး

    “ဖြစ်မှဖြစ်ရလေ အငယ်ဆုံးလေးရေ မမတို့ မောင်နှမတွေထဲ တစ်ယောက်လျော့ပြီပေါ့

    ဘဝဆက်တိုင်းဒီလို အဖြစ်မျိုးမကြုံရပါစေနဲ့ ဝက်ကလေးရေ 💔😢Rest in peace 🕊️🪦ပါ”ဆိုပီး

    သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးလာတာပဲ ဖစ်ပါတယ်။

    သားငယ်လေးလည်း ကောင်းရာမွန်ရာရောက်ပါစေ

    နောင်ဘဝ ဒီလိုအဖြစ်မျိုးနဲ့ မကြုံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် 🙏

  • စစ်တပ်လုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ BWM သတိပေး

    စစ်တပ်လုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ BWM သတိပေး

    စစ်ကောင်စီလုပ်မယ့် မန္တလေးမြို့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ Brave Warriors for Myanmar အဖွဲ့က သတိပေးလိုက်ပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညမှာ မန္တလေးမြို့၊ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့် ကျုံးအရှေ့တောင်ထောင့်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ နှစ်သစ်ကူးပွဲကို ရှောင်ရှားသင့်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးနန်းတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ Brave Warriors for Myanmarအဖွဲ့က သတိပေးပါတယ်။

    BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပြည်သူတွေ အမြဲ​ဘေးကင်းဖို့ အစဉ်တစိုက် ဂရုစိုက်သွားမှာဖြစ်ပြီး တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီနဲ့ ၎င်းတို့ကိုထောက်ခံတဲ့အသိုင်းအဝိုင်းကို ရှောင်ရှားကြဖို့ Warriors for Myanmar အဖွဲ့က ထပ်မံ သတိပေးပါတယ်။

    “မဲပေးနေတဲ့ အချိန်ကာလတောင် ဗုံးကွဲနေတာ။ လဟာပြင်မှာ နှစ်သစ်ကူးကျင်းပတာ သွားကြပေါ့ ကို​ယ်ဖြစ်ကိုယ်ခံပဲ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီလုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲမှာ စစ်ကောင်စီထောက်ခံတဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေဖြစ်တဲ့ သားစိုး၊ ရွှေသက်၊ ဖိုး​သောကြာ၊ ရဲထွဋ်​ကျော်၊ပိုင်သစ်​၊ ဇော်ကို၊ မယ်လိုဒီ၊ဂျူဝယ်၊ ချယ်ရီသင်း၊ မေလသံစဥ်၊ ချစ်ဇွဲသာ၊ တင်မျိုးဦးတို့ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

    မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနက်က နန်းတွင်းထဲ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၅ လမ်း​ထောင့်က နေအိမ်ရှိ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

    အဲဒီလက်နက်ကြီးဟာ နန်းတွင်းအနောက်မြောက် ထောင့်ရှိ စစ်ကောင်စီရဲ့ ထပရ(၁၂၁)ကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Brave Warriors for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    BWM နဲ့ မဟာမိတ်တွေဟာ ပြည်သူထိမှာကို စိုးရိမ်လို့ ပြည်သူတွေရဲ့ လုံခြုံမှုကို ပထမဦးစားပေးတာကြောင့် အဲဒီလို ရမ်းသန်းပစ်တဲ့ လုပ်ရပ်မျိုးမရှိဘူးလို့ အသိပေးထားပါတယ်။

    (စစ်ကောင်စီလုပ်ပေးတဲ့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

  • ဘုတလင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မှ လက်နက်ခဲယမ်း မလုံလောက်မှု ကြောင့် ပြန်ဆုတ်ခဲ့ရ

    ဘုတလင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မှ လက်နက်ခဲယမ်း မလုံလောက်မှု ကြောင့် ပြန်ဆုတ်ခဲ့ရ

    ဘုတလင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မှ လက်နက်ခဲယမ်း မလုံလောက်မှု ကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဘုတလင်တပ်ပေါင်းစုစစ်ကြောင်း ထုတ်ပြန်

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို ၂ရက် တာ ထိန်းချုပ်ထားပြီး မှ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဘုတလင်တပ်ပေါင်းစု စစ်ကြောင်းက(ထုတ်ပြန်တဲ့ဒိတ်ထည့်)သတင်းထုတ်ပြန်ခဲ့ပါတယ်။

    မုံရွာခရိုင်ကွပ်ကဲရေးမှုနဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဘုတလင်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်တာလို့ ဘုတလင်တပ်ပေါင်းစုက အသိပေးထားပါတယ်။

    တော်လှန်ရးတပ်တွေက ဘုတလင်မြို့မှာရှိတဲ့ စစ်‌ကော်မရှင် က ပြုလုပ်မယ့်ရွေးကောက်ပွဲနေရာ၊ စစ်တပ်အထိုင်ချနေရာ လေးခုလုံးကို တိုက်ခိုက်ပြီး မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့တာလို့ အဲဒီတပ်ပေါင်းစုထုတ်ပြန်ချက်အရ သိရပါတယ်။

    ဘုတလင်တပ်ပေါင်းစုစစ်ကြောင်းမှူး ပြောပြတာက “ ၂၈ ရက်နေ့တိုက်ပွဲ ဖြစ်ပြီးတော့ လမ်းမှာလဲ နမခကနေ လာကူတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်တယ်။ ၂၈ ရက်နေ့က စထိန်းထားတာ ၃၀ ရက်နေ့ညကျတော့ ဝိုင်းထား တဲ့မြို့ကို ပြန်ပေးလိုက်ရတယ်။ ၃၀ ရက်နေ့က နမခက ထွက်လာတဲ့စစ်တပ်စစ်ကြောင်းက ဘုတလင်မြို့ထဲကို ဝင်သွားတယ်” လို့ ပြောပါတယ်။

    စစ်တပ်ရဲ့နောက်ဆုံးခံစစ်ဘန်ကာအပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဟောင်ဝှစ်ဇာ၊ ပါရာမော်တာ၊ ဝိုင်တွဲ၊ အသေခံဒရုန်းနဲ့ ပစ်ကူပေးခဲ့သလို တော်လှန်ရေးတပ်က လက်နက်ခဲယမ်း မလုံလောက်နိုင်လို့ ပြန်ဆုတ်ခဲ့ ရတာ ဖြစ်လို့ ဘုတလင်တပ်ပေါင်းစုထုတ်ပြန်ချက်အရ သိရပါတယ်။

    တော်လှန်ရေးတပ်တွေက တိုက်ပွဲစ ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကလေ ၃၀ ရက်နေ့အထိ ထိန်းထားနိုင်ခဲ့ပေမဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကူစစ်ကြောင်းကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ အဲဒီတပ်ဖွဲ့စစ်ကြောင်းမှူးက ပြောပါတယ်။

    တော်လှန်ရေးတပ်တွေက တိုက်ပွဲဖြစ်ပွားရာကာလအတွင်းမှာ ပြည်သူတွေကို ကယ်ထုတ်ထားခဲ့တယ်လို့ ဘုတလင်တပ်ပေါင်းစုစစ်ကြောင်းမှူးက အသိပေးထားပါတယ်။

    စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေဆုံးပြီး မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်သုံးဦး နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကူစစ်ကြောင်းကို ကြားဖြတ်တာဝန်ယူခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သုံးဦးက ကျဆုံးခဲ့တယ်လို့သိရပါတယ်။

    စစ်တပ်ထောက်ခံတဲ့တယ်လီဂရန်ချန်နယ်တွေက ဘုတလင်မြို့တိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ကူတွေ သုံးပြီး တိုက်ခိုက်ခဲ့သလို တော်လှန်ရေးရဲဘော်တွေ ကျဆုံးဆိုတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

    စစ်တပ်လက်အောက်ခံစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝက်ဆိုက်မှာတော့ ဘုတလင်မြို့တိုက်ပွဲနဲ့ပတ်သက် ပြီး ထုတ်ပြန်ထားတာမျိုးကို မတွေ့ရသေးပါဘူး။

    ဒီ့အပြင် နှစ်ဖက်တပ် တွေ အထိအခိုက် ကျဆုံးနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအပါအဝင် တိုက်ပွဲကြောင့် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဒီမြို့သိမ်းတိုက်ပွဲကို မုံရွာခရိုင် ကွပ်ကဲရေးမှုး အပါဝင် မုံရွာ ခရိုင် ပကဖ ၏ကွပ်ကဲ မှုဖြင့် မိမိတို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း၊ ယင်းမာပင် ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A)၊ အမှတ်၁ တပ်ရင်း၊ မုံရွာ ခရိုင် ဒဒုန်းတပ်ဖွဲ့၊ ရွှေဘို ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ ရေဦးမြို့နယ် ပကဖ အဖွဲ့ နှင့် ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တို့က ပူးတွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Photo – ဘုတလင်မြို့နယ်ရဲစခန်းကို တွေ့ရစဉ်

  • တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က  မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့

    တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့

    ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့၍ ပြည်သူများ ဒုက္ခရောက်နေရ

    စစ်ကိုင်းတိုင်း၊ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင် လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့ ပိတ်ပင်၍ ပြည်သူများ ဒုက္ခရောက်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုသည်။

    ကသာမြို့ပေါ်တွင် တော်လှန်ရေးတပ်များက နေရာအများစုကို ထိန်းချုပ်ထားပြီး မြို့ပေါ်မှ ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်ရန် ထွက်ခွာခွင့်ပေးနေကြောင်း၊ သို့ရာတွင် စစ်တပ်က မြို့ပြင် ၈ မိုင်နှင့် ပတ္တာမြားဂိတ်တို့က စောင့်ကြို၍ ပြည်သူများကို တားဆီးခြင်း၊ ငွေကြေးတောင်းခြင်း၊ လူငယ်လူရွယ်များကို ခေါ်ထားခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “အခု လိုင်းပေါ်ကနေ ထွက်လို့ရပြီ ထွက်ကြဆိုတော့ ထွက်ကြတာပဲ။ ဒါပေမယ့် ဂိတ်တွေရောကတော့ တပ်က ပေး မထွက်ဘူး။ ထွက်လို့ရတဲ့လူတွေလည်း ထွက်လို့ရသွားတယ်။ အခု သိရသလောက် ပတ္တမြားဂိတ်ပိတ်သွားတယ်။ ၈ မိုင်ဂိတ် ပိတ်သွားတယ်။ ကား ၁ စီး ၅ သိန်းတောင်းတယ်၊ လူငယ်တွေကို စစ်တပ်က ခေါ်ပြီး ပေါ်တာဆွဲတယ်ဆိုတာမျိုးတွေလည်းကြားနေရတယ်။ မြို့ ထဲမှာတော့ ပြည်သူတွေ ရှိနေကြသေးတယ်။ လေယာဉ်တွေကလည်း ဝဲနေတယ်။ အကုန်လုံး စိုးရိမ်နေကြတယ်။ အပြင်က လူတွေကလည်း လိုင်းပေါ်ကနေ စိုးရိမ်။ မြို့ပေါ်က ပြည်သူတွေကလည်း ဘယ်ကို သွားလို့ သွားရမှန်းမသိ။ ထွက်လို့ရတဲ့လူတွေလည်း ထွက်ကြပါတယ်။ အခြေအနေက အဲဒီလိုပါ” ဟု ကသာမြို့ပေါ်မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသူ လူငယ်တစ်ဦးက ပြောဆိုသည်။

    လတ်တလော ကသာမြို့ပေါ်တွင် KIA ၊ PDF နင့် တော်လှန်ရေးတပ်များ ရောက်ရှိနေပြီး စစ်တပ်က မြို့ထဲမှ ဆုတ်ခွာ ထွက်သွားကြောင်း၊ မြို့ပြင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ လည်း မြင်တွေ့နေရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

    ကသာမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး KIA နှင့် PDF မဟာမိတ် တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်ကာကင်းစခန်းများ အပါအဝင် စခန်းတချို့ကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော ခမရ ၃၀၉ ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုများဖြင့် ခုခံနေကြောင်း သိရှိရသည်။