ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်

ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။

ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါ

ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်”ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာပလာဇာကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ​​သေဆုံးသူ ​ဒေါ်စမ်းစမ်း​အေးအား အမျိုးသားနှစ်ဦးက ကားပါကင်တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ရဲတပ်ဖွဲ့၏ ကနဦးစစ်​ဆေး​ချက်အရ လူသတ်မှူကျူးလွန်သူများသည် ​ဒေါ်စမ်းစမ်း​အေးအား ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ​ငွေ​ကြေးလိုအပ်ချက်အရ လူသတ်မှုကျုးလွန်ခဲ့ခြင်း​ကြောင်း သိရသည်။

ထို့ပြင် ​ဒေါ်စမ်းစမ်း​အေးအသတ်ခံရမှုတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လူသတ်မှုကျူးလွန်သူများ၏ ကားပါကင်တွင် ဓါးဖြင့်တိုက်ခိုက်ခြင်းကိုခံရပြီး ဓါးဒဏ်ရာများရရှိခဲ့သဖြင့် ယင်းအမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်​ဆေးခဲ့ခြင်းဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *