Category: News

  • မန္တလေးမြို့ခံများ ပြည်ခိုင်ဖြိုးကိုသာ မဲပေးရန် အုပ်ချုပ်ရေးပိုင်းက ပြောဟု ဆို

    မန္တလေးမြို့ခံများ ပြည်ခိုင်ဖြိုးကိုသာ မဲပေးရန် အုပ်ချုပ်ရေးပိုင်းက ပြောဟု ဆို

    ရွေးကောက်ပွဲမတိုင်မီမန္တလေးတိုင်း မြို့နယ်အချို့တွင် စစ်တပ်၏ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကိုသာ မဲထည့်ရန် ပြောဆိုခဲ့မှုများ ရှိခဲ့ကြောင်း မန္တလေး မြို့ခံတဦးက ပြောသည်။

    မန္တလေးတိုင်းတွင် ၂၈ မြို့နယ်ရှိရာ ယနေ့ ကျင်းပနေသည့် ရွေးကောက်ပွဲအပိုင်း(၁) ကို ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ချမ်းအေးသာစံ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ အောင်မြေသာစံတို့တွင်ပြုလုပ်နေခြင်းဖြစ်သည်။

    မန္တလေး မြို့ခံအမျိုးသမီးတဦးက “မဲပေးတဲ့ စာရင်းထဲမှာလည်း ပါတဲ့သူက ပါတယ်။ မပါတဲ့သူက မပါဘူး။ အရင်လို အကုန်လုံးပါတာမဟုတ်ဘူး။ သူတို့ စာရင်းအတိအကျ ရှိမနေဘူး။ ရပ်ကွက်လူကြီးက ဒီအိမ်၊ ဒီအိမ်မှာ ဒီလူပါတယ်ဆိုသွားပြီးတော့တော့ ထည့်လိုက်တာပေါ့။ အရင်တုန်းကလောက်တော့ မျှော်လင့်ချက်က မရှိတော့ဘူး။ ဘာလို့ဆို အဖြေက သိနေပြီးသားလေ။ ကျမသူငယ်ချင်း ရပ်ကွက်ဆိုရင် ကျန်တဲ့ပါတီတွေ မဲမထည့်ရဘူး စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ကြံ့ဖွတ်ကိုပဲမဲထည့်ရမယ်။ ကျန်တာကို ခလုတ်မနှိပ်ရဘူးဆို အုပ်ချုပ်ရေးမှူးက မှာလိုက်တာ ရှိတယ်”ဟု ပြောသည်။

    စစ်ကော်မရှင်ပြုလုပ်နေသည့် ရွေးကောက်ပွဲကို မကျင်းပမီ ယနေ့ မနက်အစောပိုင်းကပင် မန္တလေးမြို့ ကျူံးထဲသို့ ရှော့တိုက်ဒုံး ၄ လုံး အပစ်ခံခဲ့ရကြောင်း၊ ရှော့တိုက်ဒုံး သုံးလုံးမှာ ကျူံးထဲသို့ ကျရောက်ပြီး အထိအခိုက်မရှိသော်လည်း တလုံးမှာ အထဲသို့ ကျရောက်ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ယနေ့ မနက်ပိုင်းက ပြည်တွင်းမီဒီယာများကို ပြောဆိုထားသည်။

    ထို့ပြင် မန္တလေးမြို့ကို လုံခြုံရေးအပြည့်ယူထားသောကြောင့် ရွေးကောက်ပွဲကို မထိခိုက်ကြောင်းလည်း ၎င်းက ဆိုသည်။

    မန္တလေးမြို့ခံတဦးက “အသံက ကြားရတယ်။ အသံတော်တော်လေးကျယ်တယ်။ ညက ၁ နာရီကျော်ကျော်လောက်ပဲ ရှိသေးတယ်။ မန္တလေးမြို့မှာက ဒါမျိုးက ခဏခဏ ကြားနေကြပဲ။ အစစ်အဆေးကတော့ နေ့တိုင်းနီးပါးလည်း ရှိပါတယ်။ ထွက်ရတာလည်း မလုံခြုံလောက်အောင်ပါပဲ။ လမ်းမကြီးတွေမှာ အမြဲအစစ်အဆေးရှိတယ်”ဟု မြို့အခြေအနေကို ပြောသည်။

    အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း(၂)ကို စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊ အမရပူရ၊ မတ္တရာ၊ အပိုင်း(၃) ကို မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်း၊ သပိတ်ကျင်း၊ ပုသိမ်ကြီးမြို့နယ်တို့၌ ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ-မန္တလေးတွင် မဲပေးနေသည့် မြင်ကွင်း/ စစ်လော်ဘီချန်နယ်

  • ရွေးကောက်ပွဲနေ့ ရန်ကုန်၌ လုံခြုံရေးတင်းကျပ်ထား

    ရွေးကောက်ပွဲနေ့ ရန်ကုန်၌ လုံခြုံရေးတင်းကျပ်ထား

    အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပနေတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကစလို့ ရန်ကုန်မြို့အနှံ့မှာ လုံခြုံရေး အထူးတင်းကျပ်ထားတာကို မြေပြင်အခြေအနေတွေအရ တွေ့ရပါတယ်။

    ရဲနဲ့ စစ်တပ်က လုံခြုံရေး ပူးပေါင်းယူထားတာ တွေ့ရပြီး အရင်နေ့တွေထက် ၃ ဆလောက် တိုးမြှင့်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။

    ရန်ကုန်မြို့ခံတယောက်က “တမြို့လုံးအနှံ့ပဲ။ နေရာတိုင်းနီးပါးမှာ ရဲနဲ့ တပ်ကကောင်တွေ လုံခြုံရေးယူထားတယ်။ ယာဉ်တန်းတွေလည်း ပတ်နေတယ်” လို့ပြောပါတယ်။

    ဒီကနေ့မနက် ၆ နာရီတည်းက မဲရုံတွေ စဖွင့်ခဲ့ပေမဲ့ မဲလာပေးသူ အနည်းငယ်သာ ရှိတဲ့အပြင် မြို့တွင်းမှာလည်း အရင်နေ့တွေကထက် လူသွားလူလာ နည်းနေတာကို တွေ့ရပါတယ်။

    ဒီရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ နိုင်ငံ ၉ နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရောက်နေသလို နိုင်ငံတကာက မီဒီယာသမားတချို့လည်း လာရောက်သတင်းယူတာ တွေ့ရပါတယ်။

    စစ်အုပ်စုကတော့ ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်လို့ ပြောနေပေမယ့် ကြံံ့ခိုင်ရေးပါတီကသာ အစိုးရဖွဲ့နိုင်မဲ့ အခြေအနေ ရှိနေတာကြောင့် အဝေဖန်ခံနေရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

  • စစ်တပ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကူညီသူများကို NLD ပါတီဝင်အဖြစ်မှ ထပ်မံ ထုတ်ပယ်

    စစ်တပ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကူညီသူများကို NLD ပါတီဝင်အဖြစ်မှ ထပ်မံ ထုတ်ပယ်

    စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ အားပေးကူညီနေပြီး ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်သူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဆုံးဖြတ်ချက်တွေ၊ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတာမရှိသူအဖြစ် သတ်မှတ်ပြီး ပါတီဝင် ၉ ယောက်ကို ပါတီဝင်အဖြစ်ကနေ ထပ်မံထုတ်ပယ်လိုက်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ NLD က ထုတ်ပြန်ပါတယ်။

    ပါတီဝင်အဖြစ်က ထုတ်ပယ်ခံရသူတွေမှာ ရပ်စောက်မြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ရှမ်းပြည်နယ်ရဲ့ အဖွဲ့ဝင် ဒေါ်ခင်ညို၊ လင်းခေးမြို့နယ် ပါတီဝင် စိုင်းဆေဟန်၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြောင်းမြမြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်း၊ မအူပင်မြို့နယ် ပါတီဝင် ဒေါ်ခင်မျိုးသက်၊ ရန်ကုန်တိုင်း လသာမြို့နယ် ပါတီဝင် ဦးဝင်းမြင့်သန်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းထွန်း၊ အဖွဲ့ဝင် ဦးသူရအောင်နဲ့ ရှမ်းတဲကြီးရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး တို့ပဲ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံရေးတရားဝင်မှု ရရှိစေဖို့ ရည်ရွယ်ပြီး အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်အားထုတ်နေမှုကို NLD အဖွဲ့ရဲ့ ကြားကာလ ဗဟိုကော်မတီ အစည်းအဝေးတွေမှာ အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ထုတ်ပြန်တားမြစ်ထားပြီး ဖြစ်တာကို မျက်ကွယ်ပြုတဲ့အတွက် ခုလိုထုတ်ပယ်ရတာပါလို့ ဆိုပါတယ်။

    ဒါ့အပြင် အမှတ်စဉ် ၃ ပါ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထိုက်အောင်ကို ပါတီဝင်အဖြစ် ထုတ်ပယ်တာကို ပယ်ဖျက်ပြီး အမှတ်စဥ် ၄ ပါ ဒိုက်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးလွင်၊ အမှတ်စဥ် ၇ ပါ ဒဂုံဆိပ်ကမ်းမြို့နယ် တွဲဖက်အတွင်းရေးမှူးဟောင်း ၈၇ ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ဦးအောင်မိုးနဲ့ အမှတ်စဥ် ၁၂ ပါ အဖွဲ့ဝင် ၈၇ ရပ်/ကျေး အမျိုးသမီးလုပ်ငန်းအဖွဲ့ ဒေါ်တင်အေး တို့ကို ပြင်ဆင်ဖော်ပြထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၉၂၀ ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

    ✍🏻ကေခိုင်

  • ရွှေဝယ်မလိုနဲ့ ဆိုင်ထဲဝင် အနုကြမ်းစီးတဲ့ ဘု-န်းကြီး

    ရွှေဝယ်မလိုနဲ့ ဆိုင်ထဲဝင် အနုကြမ်းစီးတဲ့ ဘု-န်းကြီး

    ဘုန်းကြီးက ရွှေဆိုင်ကို ဓ-ါး-မြ-တိုက်-ရွှေလု ယူပီး၊

    ကားခေါင် မိုးပေါ်၊ တက်ပြေးတဲ့ သတင်း။

    ဖြစ်စဉ်က 27ရက်နေ့၊ မနက် 10:15လောက်က၊

    နောင်ဘွာလမ်ပူမြို့မှာက၊

    ရွှေဆိုင်၁ဆိုင်မှာ၊ ဘုန်းကြီးက၊ ရွှေဝယ် သလိုနဲ့၊ ဓ-ါး-မြ-တိုက်ပီး၊

    ရွှေ၁ဘတ်သားကို၊ လုယူ လာခဲ့တယ်။

    ဆိုင်ဝန်ထမ်းက၊ ဒီ ဘုန်းကြီး အနောက်ကို၊ ဆိုင်ကယ်နဲ့ လိုက်ပီး၊

    ဘုန်းကြီးကို လိုက်ဖ-မ်းတယ်။

    ရဲတွေ လာတာကို တွေ့တော့၊ ဘုန်းကြီးက၊ ကားခေါင်မိုးပေါ်ကို၊ တက်ပြေးတယ်။

    ပီးတော့ ဘုန်းကြီးက 7လက်မ၊ရှည်တဲ့၊ ဓ-ား-ကို-ထုပ်လိုက်ပီး၊
    t
    အနား မကပ် လာနဲ့နော်၊ လာရင်၊ သူကိုသူ၊ တခုခု လုပ်လိုက် မယ်လို့ ခြိမ်းချောက် တယ်ရှင့်။

    ရဲတွေက ဘုန်းကြီး အခြား သူတွေကို ဒုက္ခပေး မှာစိုးလို့၊

    အနားက လိမ်းတွေကို ပိတ်လိုက်ပီး၊ ဒီဘုန်းကြီးကို ဖ-မ်းဖို့၊

    အချိန်၂နာရီကြာ၊ ပေးခဲ့ရတယ်။

    ဘုန်းကြီးကို၊ မိသွားတော့၊ ဒီဘုန်းကြီးမှာ၊ ဘုန်းကြီးလတ်မှတ် မရှိဘူး။

    အကျင့် မကောင်းလို့၊ ကျောင်းအထိုင် ဆရာတော်က၊ မောင်းထုပ် လိုက်တာ။

    အဲလိုနဲ့ ဘုန်းကြီးဟာ၊ လျောက်သွား နေပီး၊ ရွှေဆိုင်က ရွှေကို လုယူ ခဲ့တာ။

    ရဲက ဘုန်းကြီး ရှုးရှုး တွေကို၊ စစ်လိုက်တော့၊

    ရှုးရှုးက၊ ခရမ်းရောင် ဖြစ်နေ တယ်တဲ့ရှင်။

    ဆေး-သုံး-ထားတဲ့၊အနေ အထားတွေ၊ စစ်ရ မိတယ်။

    ဘုန်းကြီးရဲ့၊ နောက်ကြောင်းကို၊ စစ်လိုက်တော့၊ ကောင်းတာ တခုမှ၊ မရှိဘူး။

    နောက်ပီး ဘုန်းကြီးက၊ ရွှေကို မလူယူခင် တုန်းက၊

    ပထမ ဆိုင်၁ဆိုင်မှာလဲ၊ လုယူဖို့ ၊ကြိုးစား ခဲ့ဖူးတယ်လို့၊သိရတယ်။

    ရဲက ဘုန်းကြီးကို၊ လူအင်ကျီ၊ပေးဝတ်စေပီး၊

    ဘုန်းကြီးနေဖို့၊သံတိုင်ကျောင်းကို ၊ခေါ်သွားပါပီရှင့်။

    ထိုင်း-မြန်မာမူရင်းဘာသာပြန် Nanpiya

  • ဗန်းမော် တိုက်ပွဲ အနှစ်ချုပ်

    ဗန်းမော် တိုက်ပွဲ အနှစ်ချုပ်

    ဗန်းမော် တိုက်ပွဲ အရှိန် ဆတိုး ပြင်းထန်နေဆဲ ၊ ကာကင်းစခန်းများ ဆက်တိုက် သိမ်းပိုက် ။

    ရက်ပိုင်းအတွင်း အရေးကြီးဆုံး စခက (၂၁ ) ကျ နိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများ သုံးသပ်နေ။

    မြစ်ကြီးနား ၊ မြောက်ပိုင်းတိုင်း ( မပခ ) အတွင်း စည်းထိ နေ့စဉ် လက်နက်ကြီး အပါအဝင် ၊ ဒရုန်း များဖြင့် တိုက်ခိုက်ခံနေရ ။

    အရေးကြီး ထိပ်ပိုင်းမိသားစုဝင်များ မြစ်ကြီးနား မြို့ ထဲသို့ တိမ်းရှောင်နေ ကြောင်းသိရ။

    မြစ်ကြီးနား ၊ ဝိုင်းမော် မြစ်ကူးတံတား အစပ် မိုင်းနား ကျေးရွာ အထွက် စခ 🐕ဂိတ် လက်နက်ကြီး ကျရောက်ကွဲ ၊ အသေအပျောက် ရှိနိုင် ။

    မပခ မြောက်ပိုင်းတိုင်း မှ KIA / KPDF များ ရှိမည်ထင်သော နေရာများ သို့ နေ့စဉ် ညစဉ် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ် နေ ။

    ဝိုင်းမော် အခြေစိုက် ခလရ (၅၈) တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှု နေ့စဉ် ပစ်ခတ်နေ ။