အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပနေတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကစလို့ ရန်ကုန်မြို့အနှံ့မှာ လုံခြုံရေး အထူးတင်းကျပ်ထားတာကို မြေပြင်အခြေအနေတွေအရ တွေ့ရပါတယ်။
ရဲနဲ့ စစ်တပ်က လုံခြုံရေး ပူးပေါင်းယူထားတာ တွေ့ရပြီး အရင်နေ့တွေထက် ၃ ဆလောက် တိုးမြှင့်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်မြို့ခံတယောက်က “တမြို့လုံးအနှံ့ပဲ။ နေရာတိုင်းနီးပါးမှာ ရဲနဲ့ တပ်ကကောင်တွေ လုံခြုံရေးယူထားတယ်။ ယာဉ်တန်းတွေလည်း ပတ်နေတယ်” လို့ပြောပါတယ်။

ဒီကနေ့မနက် ၆ နာရီတည်းက မဲရုံတွေ စဖွင့်ခဲ့ပေမဲ့ မဲလာပေးသူ အနည်းငယ်သာ ရှိတဲ့အပြင် မြို့တွင်းမှာလည်း အရင်နေ့တွေကထက် လူသွားလူလာ နည်းနေတာကို တွေ့ရပါတယ်။
ဒီရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ နိုင်ငံ ၉ နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရောက်နေသလို နိုင်ငံတကာက မီဒီယာသမားတချို့လည်း လာရောက်သတင်းယူတာ တွေ့ရပါတယ်။

စစ်အုပ်စုကတော့ ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်လို့ ပြောနေပေမယ့် ကြံံ့ခိုင်ရေးပါတီကသာ အစိုးရဖွဲ့နိုင်မဲ့ အခြေအနေ ရှိနေတာကြောင့် အဝေဖန်ခံနေရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။


Leave a Reply