Category: News

  • မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

    မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

    Twitch ၏ အရေးယူမှုကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

    Amazon ပိုင် အမေရိကန် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ပလက်ဖောင်းတစ်ခုဖြစ်သော Twitch သည် Justice For Myanmar (JFM) ၏ တိုင်ကြားမှုများကြောင့် ၄င်း၏ ပလက်ဖောင်းအတွင်း စစ်အုပ်စုအသုံးပြု‌နေသော MRTV အက်ပလီကေးရှင်းများ နှင့် MRTV နှင့် MITV ဝဘ်ဆိုက်များတွင် အသုံးပြုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ၁၄ ခုကို မကြာသေးမီက ဖယ်ရှားလိုက်သည်။

    အဆိုပါ အက်ပ်များနှင့် ဝဘ်ဆိုက်များကို ၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ စတင်ရန် နှစ်ပတ်ပင် မလိုတော့သည့် အချိန်အရောက်တွင်မှ ယခုကဲ့သို့ ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွားခဲ့ခြင်းသည် မင်းအောင်လှိုင်နှင့် အဆိုပါ ဝဘ်ဆိုက်/အက်ပ်များကို စီမံနေသည့် စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် အကြီးအကျယ် အရှက်ရဖွယ်ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

    မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုရရှိစေရန်အတွက် အဆိုပါပလက်ဖောင်းများမှတဆင့် ပြည်တွင်း ပြည်ပသို့ ဝါဒဖြန့်တိုက်ရိုက်ထုတ်လွှင့်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေစဥ်မှာပင် JFM ၏တိုင်ကြားမှုများကြောင့် ယခုလိုရပ်တန့်သွားခြင်းလည်းဖြစ်သည်။

    အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အမေရိကန်အား အစဉ်တစိုက် ဝေဖန်ပုတ်ခတ်နေပြီး ၎င်းတို့ကိုယ်တိုင် နည်းပညာပိုင်း ကျွမ်းကျင်နေသဖွယ် ဟန်ဆောင်နေသော်လည်း၊ ဂိမ်းကစားသူများအကြား လူသိများသည့် အမေရိကန်ပလက်ဖောင်း (Twitch) ကို တိတ်တဆိတ်အားကိုးနေရခြင်းမျိုးက ၎င်းတို့၏ ကြံမိကြံရာဖြစ်မှုနှင့် အရည်အချင်းမရှိမှုကို ပေါ်လွင်စေခဲ့သည်။

    Twitch က စစ်အုပ်စု၏ ရုပ်သံလိုင်းအကောင့်များကို စတင်ဖယ်ရှားခဲ့စဥ် စစ်အုပ်စုသည် အကောင့်သစ်များ ခပ်တည်တည် ထပ်မံဖန်တီးကာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း၊ Justice For Myanmar ထပ်မံတိုင်ကြားခဲ့အပြီးတွင် Twitch သည် အခြားများပြားလှစွာသော စစ်အုပ်စု Livestreaming အကောင့်များအား ဆက်လက်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

    Apple ၏ သတင်းအက်ပ် အဆင့်သတ်မှတ်ချက်များအရ MRTV အက်ပ်သည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အဆင့် ၅၀ အတွင်းပင် ရောက်ရှိခဲ့ရာ အသုံးပြုသူ များပြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Google နှင့် Apple အက်ပ်စတိုးများ၌ အဆိုပါ MRTV အက်ပ်အချို့ကျန်ရှိသေးသော်လည်း၊ ၎င်းအက်ပ်၏ အဓိကလုပ်ဆောင်ချက်ဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှု (Live Streaming) ကိုမူ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

  • မြန်မာက နယ်သာလန်သံရုံးပိတ်မယ်

    မြန်မာက နယ်သာလန်သံရုံးပိတ်မယ်

    ရန်ကုန်က နယ်သာလန်သံရုံး ပိတ်သိမ်းသွားမယ်လို့ သံရုံးဒုတိယအကြီးအကဲမစ္စတာ ဝင်းဗန်ဒေါန်က ဒီဇင်ဘာ တတိယအပတ်ထဲမှာ အတည်ပြုပါတယ်။

    ဥရောပနိုင်ငံသံရုံးတွေဆက်တိုက်ပိတ်သိမ်းနေချိန်မှာပဲ နောက်ထပ်သံရုံးတစ်ခုထပ်ပိတ်တာ ကြုံလာရတာပါ။

    ရန်ကုန်က နယ်သာလန်သံရုံးကိုပိတ်ဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက စီစဉ်နေခဲ့တာလို့ သူက အသိပေးပါတယ်။

    နယ်သာလန်နိုင်ငံအနေနဲ့ မြန်မာအပါအဝင် ကမ္ဘာတလွှားက သံရုံး ၁၁ ရုံးကို ပိတ်သွားမှာဖြစ်ပြီး ဒါဟာ အစိုးရရဲ့ ငွေကြေးဖြတ်တောက်စီမံမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

    သံရုံးပိတ်ရတာဟာ နယ်သာလန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေမှာ အခက်အခဲတွေရှိလာတာကြောင့်လို့ ယူဆနိုင်တဲ့အကြောင်း သူကဖြည့်ပြောပါတယ်။

    ဒါပေမဲ့ မြန်မာက နယ်သာလန်သံရုံးပိတ်မယ့် ကာလကိုတော့ မစ္စတာ ဝင်းဗန်ဒေါန်က အတိအကျ ထုတ်မပြောခဲ့ပါဘူး။

    မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ နယ်သာလန်သံရုံးကနေပဲ ကိုင်တွယ်စီမံသွားမယ်လို့ သိရပါတယ်။

    နယ်သာလန် မတိုင်ခင် ဖင်လန်နဲ့ ဒိန်းမတ်နိုင်ငံတို့ကလည်း ရန်ကုန်မှာဖွင့်ထားတဲ့ သံရုံးတွေကို ၂၀၂၆ ခုနှစ်ထဲမှာပဲ ပိတ်သိမ်းသွားမယ်လို့ အသီးသီးကြေညာထားကြပါတယ်။

  • ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ

    ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ

    ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂ စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂စုဟာ ပုပ္ပါးမှာ ရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

    ဆွေမျိုးသားချင်းတွေဟာ လိုက်လံရှာဖွေခဲ့ကြပေမဲ့ မတွေ့ခဲ့ကြဘဲ လူမှုကွန်ရက်ကနေတဆင့် သတင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

    အဲဒီနောက် သတင်းအစအနမရတော့ဘဲ တစ်လခွဲကျော်အကြာ မနေ့က ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကျောက်ဆည်မြို့က နေအိမ်ကို ၆ ဦးလုံး ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

    “အားလုံး ကျန်းကျန်းမာမာပဲ ပြန်လည် ရောက်ရှိလာပါတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
    ပျောက်ဆုံးခဲ့သူတွေဟာ ကျောက်ဆည်မြို့က ဖိနပ်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ၊ ၎င်းတို့၏ သားငယ်၊ မိတ်ဆွေ အမျိုးသမီး ၂ဦးနဲ့ ကလေးတစ်ဦးတို့ ဖြစ်ပါတယ်။

    ပြန်တွေ့တာနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေဆီ ဆက်သွယ်​မေး​မြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ “အခုချိန်မှာ အလုံးစုံ ဖြေပေးလို့ မရသေးလို့ နားလည်ပေးပါ”လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ပုပ္ပါးဒေသမှာ စစ်တပ်လက်​အောက်ခံသစ်​တောဝန်ထမ်း​တွေနဲ့ အတူ သစ်ပင်လာစိုက်တယ်လို့ဆိုတဲ့ ရေနံ့သာဒင်းဂါးပါအဖွဲ့ကို ​လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာယီထိန်းသိမ်းပြီး ပြန်လွှတ်​ပေးခဲ့ဖူးပါတယ်။

  • ဘောမ ဆိုသည်မှာ

    ဘောမ ဆိုသည်မှာ

    ယောက်ျားတွေရဲ့ ဝှေးစေ့နှစ်လုံးဟာ ကပ္ပါယ်အိတ်ထဲမှာရှိပါတယ်။

    ကပ္ပါယ်အိတ် ဆိုတာ မမြင်ဘူးသူများအတွက် ပြောပြရရင် သူက သားရေနဲ့ ချုပ်ထားတဲ့ အိပ်ရှုံ့လေးကို ချိတ်ထားသလို အောက်မှာတိုးလိုးတန်းလန်းလေးနဲ့ပေါ့။

    အဲဒီထဲမှာတော့ ယောက်ျားတွေအတွက် အလွန်တရာမှ အရေးကြီးတဲ့ ဝှေးစေ့နှစ်လုံးရှိပါတယ်။

    ဝှေးစေ့က ဘာလို့အရေးကြီး ရသလဲဆိုတော့ ဝှေးစေ့က မျိုးပွားရေးမှာ မရှိမဖြစ်တဲ့ သုက်ပိုးတွေ မွေးပေးတဲ့အရာပဲ ဖြစ်နေလို့ပါပဲ။

    ဒီလောက်အရေးကြီးတဲ့ ဥနှစ်လုံးကို အသည်းတို့ နှလုံးတို့လိုမျိုး ကိုယ်ခန္ဓာရဲ့ အတွင်းထဲမှာ ထည့်မထားပဲ ဘာဖြစ်လို့ သဘာ၀က အပြင်မှာ အဝတ်လှမ်းသလိုမျိုး ထုတ်ပြီး ချိတ်ထားရသလဲ။

    ဘာဖြစ်လို့လဲဆိုတော့ သုက်ပိုးထုတ်ဖို့အတွက်က သိပ်မပူ သိပ်မအေးတဲ့ အပူချိန်လိုအပ်လို့ပါ။

    သိပ်ပူ သိပ်အေးနေရင် သုက်ပိုးတွေမဖြစ်တာနဲ့။ ဖြစ်ပြီးသား သုက်ပိုးတွေ သေရတာနဲ့ ဖြစ်တတ်လို့ပါ။

    ဝှေးစေ့တွေကို အပူအအေး ညီညွတ်ရအောင် သဘာဝအရ ထိန်းပေးတဲ့ Mechanism ကတော့ ဝှေးစေ့တွေကို ပူနွေးတဲ့ ခန္ဓာကိုယ်နဲ့ ပိုနီးပိုဝေးအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။

    ပူအိုက်တဲ့ အချိန်တွေမှာ ဝှေးစေ့တွေက အောက်ကို တွဲကျပြီး အေးတဲ့အချိန်မှာ ကပ္ပါယ်အိတ်က ကျုံ့ပြီး ဝှေးစေ့တွေကို ခန္ဓာကိုယ်နဲ့နီးအောင် ဆွဲမပေးလိုက်ပါတယ်။

    ဒီလို ကပ္ပါယ်အိတ်ကို ရှုံ့လိုက် တွဲလိုက် လုပ်ပေးနေတာကတော့ Cremaster ဆိုတဲ့ကြွက်သားလေးပဲဖြစ်ပါတယ်။

    ဗိုက်ရဲ့ကြွက်သားတွေနဲ့ ဝှေးစေ့ကို ဆက်ပေးထားတဲ့ ဒီကြွက်သားလေးဟာ လိုအပ်ရင် အလုပ်ထလုပ်ပြီး ကျုံ့ပြီး တိုသွားရင် ဝှေးစေ့က အပေါ်ကို တက်လာပြီး ခန္ဓာကိုယ်နဲ့ ပိုနီးလာလို့ နဲနဲပိုပြီး ပူလာပါတော့တယ်။

    အေးလို့ရှိရင် အဲဒီကြွက်သားက လျှော့ပေးလိုက်တော့ ဝှေးစေ့တွေက တွဲကျသွားပြီး ခန္ဓာကိုယ်နဲ့ ဝေးသွားပြီး နဲနဲပိုအေးသွားပါတယ်။

    ဒီလိုနည်းနဲ့ ဝှေးစေ့တွေအတွက် အကောင်းဆုံးအပူချိန်ရအောင် ညှိပေးရင်းနဲ့ သုက်ပိုးတွေကို ပိုးမွေးသလို မွေးရပါတယ်။

    ပြန်စဉ်းစားလိုက်ရင် Cremaster ကြွက်သားရဲ့အလုပ်က ဘောမ တာပါပဲ။

    Cremaster ကြွက်သားဟာ ယောက်ျားတွေတင် ရှိတာမဟုတ်ပါဘူး။

    မိန်းမတွေမှာလဲ အကြွင်းအကျန် remnant အနေနဲ့ ရှိနေပါသေးတယ်။

    ဒီတော့ မိန်းမတွေရဲ့ ဘောမနိုင်တဲ့ စွမ်းအားကိုလဲ လျှော့တွက်ထားလို့မရပါဘူး။

    နောက်တခါ ဘောမတယောက်တွေ့လို့ ဘောမ လို့မပြောချင်ရင် Cremaster လို့ပြောလိုက်ပါ။

    ဘာလဲလို့ သူကမေးလာရင် ခင်ဗျားကို မာစတာ လို့ပြောတာပါလို့ ရှင်းပြလိုက်ပါ။

    အမျိုးသမီး ဘောမ ကို သာတူညီမျှ အခွင့်အလမ်း ပေးချင်ရင်လဲ Cremistress လို့ခေါ်လို့ရပါတယ်။

    အဲ ဘောမလင်မယားကိုကျတော့ ခေါ်စရာ သတ်သတ်မှတ်မှတ် မရှိပါဘူး။

    အမျိုးယုတ်တွေလို့သာ ခေါ်လိုက်ကြပါ။

    Min Aung

  • တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်

    တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်

    တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံး

    တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးသေဆုံးပြီး တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်ခဲ့ကြောင်း Taung Tha People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂ ရက်နေ့တွင် တောင်သာမြို့နယ် တောင်ခြမ်းကို စစ်တပ် စစ်ကြောင်းက သုံးဖွဲ့ခွဲ၍ တတ်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုသည် ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များက စစ်တပ် ရှေ့ပြေးအဖွဲ့နှင့် အနီးကပ် မီတာ ၅၀ အကွာ၌ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို စစ်တပ် စစ်ကြောင်း ရွေ့ပြေးအဖွဲ့ ၁ ခုလုံးနီးပါးကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ချေမှုန်းနိုင်ခဲ့သော်လည်း ဒုတိယ အကြိမ်တက် လာသော စစ်တပ် စစ်ကြောင်းနှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများက လက်နက်ချရန် လုပ်ဆောင်နေစဉ် နောက်မှ ထပ်တက်လာသော စစ်သားများက အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

    ယင်း တိုက်ပွဲများအတွင်းနှင့် စစ်သား အချင်းချင်း ပစ်သတ်မှုများကြောင့် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲသည် နာရီများစွာ ကြာမြင့်ခဲ့ပြီး စစ်တပ်၏ နောက်ကျန်အင်အားများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခက်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခက်ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ကျည်ခဲယမ်း အားနည်းခြင်းများကြောင့် တော်လှန်ရေးပူးပေါင်း မဟာမိတ်များက နောက်ပြန်ဆုတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ခွေး သေတာကတော့ ၃၀ ကျော်ပါတယ်။ အထိအခိုက်ကတေ့ အတိကျတော့ မသိရဘူး။ စစ်ကြောင်းက ၂၀၀ တောင်မပြည့်တော့ဘဲ ထပ်ထိုးလာတာ ၁၅၀ ကျော်လောက်ပဲ ကျန်တာ စစ်ခွေးတွေဘကေက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ အနီးကပ်ဖြစ်တာမီတာ ၅၀ တောင်မဝေးဘူး။ ကျနော်တို့ ရဲဘော်တွေ လက်နက်ရဖို့ အတွက် တက်လုံးတာ စနိုက်ပါ ထိလို့၃ ယောက်ကျတယ်။ ကျွန်တော်တို့ဘက်က စစ်ကြောင်းမှုထိလို့ပြန်ဆုတ်ခဲ့ရတာ ပွဲချိန်ကြာလာတော့ ခဲယမ်းမလောက်တာရယ် ရန်သူနောက် အင်အားတွေက ထပ်ရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ ပြည်သူလူထုကို သတင်းစကားပါးချင်တာကတော့ တောင်သာမြို့နယ်အတွင်းက ပြည်သူတွေကို ကျွန်တော်တို့ တောင်သာ PDF (TTA) အနေနဲ့ တတ်နိုင်သလောက် ကြိုးစားပြီး ရှိတဲ့အားနဲ့ အစွမ်းကုန်ကာကွယ်ပေးခဲ့ပါတယ်။ အင်အားခြင်းမမျှတာရယ် ခဲယမ်းမလုံလောက်တာတွေကြောင့် အပြည့်၀မကာကွယ်နိုင်တဲ့ အတွက်အနူးညွှတ်တောင်းပန်ပါတယ်” ဟု Taung Tha People Defense Force မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Taungtha People Defense Forceနှင့် အတူပူးပေါင်းမဟာမိတ်ဖြစ်သော One Moreစစ်ကြောင်း၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်) ၊ PPGF (ပုပ္ပါး) နှင့် ဝဲလောင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်သာ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း မိတ္ထီလာတပ်မ ၉၉ မှ အင်အား ၂၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မလှိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးကာ စစ်ကြောင်းထိုးနေသောကြောင့် မလှိုင်မြို့နယ်နှင့်တောင်သာမြို့နယ် အစပ်တွင် Taungtha People Defense Force ( TTA-PDF) တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမှ တဆင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့နယ် အတွင်း ဝင်ရောက်လာကာ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။