Category: News

  • ကျားဖြန့်လိမ်လည်မှုဂိုဏ်းများ တိုက်ဖျက်ရေး ဥပဒေ

    ကျားဖြန့်လိမ်လည်မှုဂိုဏ်းများ တိုက်ဖျက်ရေး ဥပဒေ

    အမေရိကန် အောက်လွှတ်တော်က နိုင်ငံဖြတ်ကျော် ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲနှိမ်နင်းရေး ဥပဒေ (H.R. 5490) ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    ဒီဥပဒေသည် ၂၀၂၃ ခုနှစ်မှ စ၍ အမေရိကန်နိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ဒေါ်လာ ဘီလီယံများစွာ လိမ်လည်ခံရမှုများကို တားဆီးကာကွယ်ရန် ရည်ရွယ်ထားသည်။

    H.R. 5490 အရ အမေရိကန်အစိုးရအေဂျင်စီ များစွာ ပူးပေါင်းဆောင်ရွက်သည့် “ရာဇဝတ်ကွန်ရက် ပိတ်ဆို့ရေးအဖွဲ့” တစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်းများကို တိုးတက်စွာ လိုက်ဖမ်းနှိမ်နင်းနိုင်မည်ဟု ဆိုသည်။

    အမတ် ဂျက်ဖာဆင် ရှရီဗ်က “၂၀၂၄ ခုနှစ်တွင် အွန်လိုင်းလိမ်လည်မှုကြောင့် ဒေါ်လာ ၁၇ ဘီလီယံလောက် ဆုံးရှုံးသွားကြောင်း FBI က ထုတ်ပြန်ထားသည်”။

    အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဘရိုင်ယန် မက်စ်ကလည်းကျားဖြန့်လိမ်လည်မှုစင်တာများသည် “အကျင့်ပျက်အစိုးရများ၏ ကာကွယ် ပံ့ပိုးမှုဖြင့် အလွန်ကြီးထွားနေပြီ” ဟု သုံးသပ်ခဲ့သည်။

    အမေရိကန်ဘက်က ထောက်ပြခြင်းများအရ—

    ကျားဖြန့်လိမ်လည်မှုဂိုဏ်းများက လူများကို “သားကောင်” အဖြစ် သုံးစွဲခြင်း၊ အလုပ်ကြော်ငြာအတုများဖြင့် လူကုန်ကူးခံရသူများကို ဖမ်းဆီး နှိပ်စက်ပြီး လိမ်လည်မှုအလုပ်အမူများ လုပ်ခိုင်းခြင်း တို့လည်း တိုးလာနေကြောင်း ဆိုသည်။

    ထို့အပြင် ဥပဒေသည် တရုတ်အစိုးရနှင့် ရာဇဝတ်ကွန်ရက်များအကြား ဆက်နွယ်မှုများ, အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာစေသည့် လှုံ့ဆော်မှုများကိုလည်း စုံစမ်းမည်ဟု ဖော်ပြထားသည်။

    မြန်မာနိုင်ငံအတွက် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ခွင့်ပြုခြင်း သို့မဟုတ် လစ်လျူရှုထားခြင်းများတွင် မြန်မာစစ်တပ်၏ ပါဝင်ပတ်သက်မှု ကိုလည်း အမေရိကန်ဘက်က စုံစမ်းစစ်ဆေးမည်ဖြစ်ပြီးငွေလိမ်စင်တာများ အတား အဆီးမရှိ လည်ပတ်နေမှုကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြေရှင်းရန် အရေးကြီးကြောင်း ဥပဒေဆိုင်ရာ သုံးသပ်မှုများအတွင်း ထောက်ပြဆွေးနွေးကြကြောင်း သိရှိရသည်။

  • Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး

    Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး

    နည်းပညာ နဲ့ ငွေကြေးကျွမ်းကျင်သူတွေကို ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး

    နည်းပညာ နဲ့ ငွေကြေး ကျွမ်းကျင်သူတွေကို လိမ်လည်ဖို့ ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်ရေး (CIF) ဝဘ်ဒိုမိန်းတစ်ခုကို ထိန်းသိမ်းလိုက်တယ်လို့ FBI က ထုတ်ပြန်ကြေညာပါတယ်။

    အခုတလော အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကရင်ပြည်နယ် DKBA နယ်မြေ ကျောက်ခက်ကျေးရွာက တိုင်ချန်း (Tai Chang) အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းဝင်း မှာ ဒီလုပ်ငန်းစုကို ထိန်းသိမ်းခဲ့တယ် လို့ မနေ့က ထုတ်ပြန်ခဲ့တာပါ။

    Cryptocurrency ဟာ ဝဘ်ဆိုဒ်ပလက်ဖောင်းပေါ်မှာ အလုပ်လုပ်ရတာဖြစ်ပါတယ်။

    သုံးစွဲသူတွေအနေနဲ့ ကိုယ်အသုံးပြုတဲ့ website က ယုံကြည်ရတဲ့ ဝဘ်ဆိုဒ်ဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

    အခုဖမ်းမိခဲ့တဲ့ website လိပ်စာက တော့ tickmilleas . com ဖြစ်ပါတယ်။

    ဒီဝဘ်ဆိုဒ်ဟာ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်း ဟန်ဆောင်ပြီး နည်းပညာကျွမ်းကျင်သူတွေ ၊ ငွေကြေး ဈေးကွက် ကျွမ်းကျင်သူတွေကို ပစ်မှတ်ထားတဲ့ ဝဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

    Cryptocurrency ဆိုတာက ဒစ်ဂျစ်တယ် ငွေကြေးတစ်မျိုး ဖြစ်ပြီး Blockchain နည်းပညာအပေါ်မှာ တည်ဆောက်ထားတဲ့ ငွေကြေးဈေးကွက်ဖြစ်ပါတယ်။

    ဘဏ်စနစ်မလိုဘဲ အွန်လိုင်းပေါ်က တိုက်ရိုက် လည်ပတ်နိုင်တဲ့ Digital Currency (ဒစ်ဂျစ်တယ်ငွေပုံစံ) တစ်မျိုး ဖြစ်ပါတယ်။

    ဒစ်ဂျစ်တယ်ငွေကြေးတွေကို နားလည်ပြီး ရင်းနှီးမြုပ်နံနိုင်ဖို့အတွက် Cryptocurrency နှင့် Blockchain ရဲ့ သဘောတရားတွေကို လေ့လာ ထားသူတွေသာ ဒီရင်းနှီးမြုပ်နံမှုကို လုပ်ကိုင်နိုင်တာဖြစ်ပါတယ်။

    ခုတလောမှာ မြန်မာပြည်တွင်းက နည်းပညာသမားတွေ ၊ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတွေလည်း Cryptocurrency ငွေကြေးရင်းနှီးမြုပ်နံမှုကို စိတ်ပါဝင်စားလာကြပြီး ၊ ရင်းနှီးမြုပ်နံမှု လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြပါတယ်။

    Cryptocurrency ဟာ အမေရိကန် ၊ EU ၊ ဂျပန် ၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ တရားဝင် ခွင့်ပြုထားတဲ့ ကုန်သွယ်ရေး စနစ်တစ်ခု လည်းဖြစ်ပါတယ်။

  • တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်

    တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်

    တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်👏

    သရုပ်ဆောင် ပိုင်တံခွန်ရဲ့ ဇနီးသည် လင်းမြဖူးကို အချို့ပရိသတ်တွေက ပိုင်တံခွန်မိဘနှစ်ပါးကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

    ဒီလို တိုက်ခိုက်နေကြတာကို မမြင်ချင်တော့တာကြောင့် အဒေါ်ဖြစ်သူက ဖြစ်စဉ်တွေကိုချပြလာခဲ့တာပါ။

    ပိုင်တံခွန်နဲ့ ရည်းစားစဖြစ်ချိန်ကစလို့ ပိုင်တံခွန်ထိန်းသိမ်းခံရချိန်တွေမှာလည်း လင်းမြဖူးဟာ ယောက္ခမဖြစ်သူကို ဖေးမအကူညီတွေပေးခဲ့ကြောင်းနဲ့ ပိုင်တံခွန်နဲ့မိခင်တို့ကြားဆက်ဆံရေးမပြေလည်တိုင်း လင်းမြဖူးကသာ ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း အဒေါ်ဖြစ်သူကပြောပါတယ်။

    ပိုင်တံခွန်မင်္ဂလာဆောင်ပြီးနောက် တူရကီသို့ ဟန်းနီးမွန်းထွက်နေချိန် သူတို့ရဲ့ Penthouse သို့ အမ ဖြစ်သူက လာရောက်ခဲ့ပြီး လင်းမြဖူး​၏မိဘတွေအား ‘OTS’ တွေဟု ပြောဆိုခဲ့တာကို တူရကီမှပြန်လာချိန် လင်းမြဖူး သိခဲ့ပြီး ဖုန်းဆက်မေးမြန်းရာမှ ပြဿနာတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

    အမဖြစ်သူက အဆိုပါပြဿနာအား မိခင်ဖြစ်သူကိုပြောပြရာမှ ပိုင်တံခွန်ရဲ့ မိခင်က စမိုင်းအားဖုန်းဆက်ပြီး ထပ်မံစော်ကားခဲ့တာဖြစ်ကြောင်း သူမက ပြောပါတယ်။

    အဆိုပါကိစ္စဖြစ်ပွားပြီးနောက်ပိုင်း ပိုင်တံခွန်တို့ဇနီးမောင်နှံဟာ မိသားစုနဲ့ ဒီနေ့အထိ ဝေးရာမှာသာနေခဲ့တယ်လို့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုပြောလာခဲ့တာပါ။

  • လတ်တလောဖြစ်ပွားနေသည့်ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်က အကျအဆုံးများနေ

    လတ်တလောဖြစ်ပွားနေသည့်ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်က အကျအဆုံးများနေပြီး စစ်သားအလောင်းများစစ်မြေပြင်တွင် ကောက်မယူနိုင်‌လောက်အောင်ထိပြန့်ကြဲနေ

    လတ်တလောအပြင်းအထန် ဖြစ်ပွားနေသည့်တ‌ကျော့ပြန် ကျောက်ဖြူတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အကျအဆုံး အလွန်များနေပြီး ရုပ်အလောင်းများမှာ စစ်မြေပြင်တွင်ကောက်မယူနိုင်‌ လောက်အောင်ထိ ပြန့်ကြဲနေကြောင်း စစ်မြေပြင်သတင်းများအရသိရသည်။

    ၎င်းအလောင်းများကိုကျောက်ဖြူမြို့နယ် မင်ခုံးတိုင်၊ရေနံတောင်ဝန်းကျင်၊ သိုင်းချောင်းရွာဝန်းကျင်၊သိုင်ချောင်းနှင့်ဇိုင်ချောင်းကြား ဝန်းကျင်တို့တွင် အပုံပုံပြန့်ကြဲလျက်ရှိကြောင် စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ” နှစ်ဖက်တိုက်ပွဲကလည်းအပြင်းအထန်ဖြစ်နေတယ်။ စစ်တပ်စစ်ကြောင်းတွေက ထွက်မရောက်တော့ ဒရုန်း၊ဂျက်၊နေဗီ၊ဒုံးကျည်၊ လက်နက်ကြီးတွေနဲ့ပစ်ကူတယ်။ AA ကလည်း အထွက်မပေးဘူး။ ဟိုဖက်ဒီဖက်နှစ်ဖက်လုံးထွက်မရအောင် ညှပ်ပြီးတိုက်တယ်။ စစ်သား အလောင်းတွေပုံနေတယ်။ကောက်ယူမနိုင်တဲ့အထိပြန့်ကြဲနေတယ်။ အပုပ်နံ့တွေထနေတယ်။ အလောင်းတွေ အစုံအပြုံလိုက်ဘဲ ” ဟု ပြောသည်။

    အာရက္ခတပ်တော်ကကျောက်ဖြူတိုက်ပွဲကိုယခုရက်ပိုင်းအတွင်း စစ်ရှိန်မြင့်ပြီး တိုက်ခိုက်နေသဖြင့် စစ်ဦးကျွံလာသည့် သိုင်းချောင်း၊ မင်းပြင်ရှိ စစ်ကြောင်းများသာမ စစ်ကူလာသည့် စစ်ကြောင်းများမှာလည်းအထိနာကာ ဒဏ်ရာရသူများကို ဆွဲထုတ်၍မရနိုင်အောင် တိုက်ပွဲပြင်းလျက်ရှိသည်ဟု၎င်းက ပြောသည်။

    “စစ်ကူလာတဲ့စစ်ကြောင်းတွေလည်း AA ဆီမှာကြားဖြတ်တိုက်ခံနေရတယ်။ AA က စစ်ပရိယာယ်အရ နောက်ဆုတ်ပေးတာကို အနိုင်ရတယ်ထင်ပြီး တက်လာတော့ အခု ဝိုင်းဝန်း ချေမှုန်းခံရတော့ စစ်တပ်က အရမ်းအသေအဆုံးများနေတယ်။ အရင်သေတာတွေထက် အခုသေတာတွေအများကြီးပဲ။ တိုက်ပွဲတွေကလည်းအခုထိပြင်းတုန်းပါဘဲ” ဟု ပြောသည်။

    လက်ရှိတွင် မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းရှိသည့်တောင်နှင့် သိုင်းချောင်းဆည်‌တောင်ပေါ်တွင်တိုက်ပွဲဖြစ်ပွားနေပြီး AA က လက်နက်ကြီးများဖြင့်ပြန်လည်တုံ့ပြန် ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

    “တောင်ထက်က စကမ တပ်သားတွေ အောက်ကိုမဆင်းရဲဘူး။ ဆင်းရင် AA ဆီမှာ အဆော်ခံရမှာကိုကြောက်လို့ လက်နက်ကြီးပဲ တရစပ်ပစ်နေတယ်။ အေအေ တက်လာမှာကြောက်လို့။ အခု အေအေကလည်း လက်နက်ကြီးနဲ့ ပြန်ဆော်တယ်”ဟု ပြောသည်။

    လက်ရှိ တိုက်ပွဲမှာလည်း မင်းပြင်အနီးအနားဝန်းကျင် သိုင်းချောင်းဖက်တို့တွင် တိုက်ပွဲဆက်လက်ပြင်းနေလျက်ရှိပြီး ယမန်နေ့ ညကနေ ယနေ့ နံနက်အထိ လက်နက်ပစ်ခတ်သံများကို မြို့ပေါ်ကကြားနေရကြောင်း မြို့ခံများက ပြောသည်။

    ဒီဇင်ဘာလ၃ ရက်နေ့ နံနက် ၉ နာရီကျော်ကလည်းအချိန် လိပ်ပြင်ဒွိန်ကျေးရွာအနီးစပါးခင်းတွင် စပါးရိတ်သိမ်းနေစဥ် စစ်အုပ်စုက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍စပါးရိတ်သိမ်းနေသည့် စစ်ရှောင်သားမိနှစ်ဦးသေဆုံးခဲ့ရသည်။

  • NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံ

    NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံ

    ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

    ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဩစ တြေးလျ အထက်လွှတ်တော်အမတ် DEAN SMITH က တရားဝင် သတင်းထုတ်ပြန်သည်။

    ဩစတြေးလျအထက်လွှတ်တော်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ၊ စစ်တပ်၏ ရွေးကောက်ပွဲများ၏ အခြေအနေနှင့် အရပ်သား ဒီမိုကရေစီ အစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အတားအဆီးများ စသည့်အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စုံစမ်းရေးအဖွဲ့ကို အထက်လွှတ်တော်အမတ် DEAN SMITH က ဦးဆောင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အစီ ရင်ခံစာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ အစီရင်ခံ တင်သွင်းဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ့အရေး စုံစမ်းစစ်ဆေးမှုရာတွင် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် စိစစ်ဖြတ်တော်မှုကို လုပ် ဆောင်နေသူများကို ပစ်မှတ်ထားအရေးယူဒဏ်ခတ်နိုင်ရန်၊ စစ်တပ်နှင့် ဆက်စပ်နေသော နိုင်ငံပိုင်ဘဏ်များအပေါ် ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ရန်၊ စစ်တပ်ထံသို့ ဖြတ်သန်းခြင်းမပြုဘဲ ယုံကြည်စိတ်ချရသည့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ပေးအပ်ရေးတို့ အပါအဝင် အစီအမံများကို ထည့်သွင်းစဉ်စားမည်ဖြစ်​ကြောင်း သိရှိရသည်။

    ဩစတြေးလျနိုင်ငံအနေဖြင့် မြန်မာ့ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၊ ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော ဖက်ဒရယ်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို မည်သို့ ပံ့ပိုးကူညီနိုင်မည်ကို ဆန်းစစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အွန်လိုင်း လိမ်လည်မှုများ (cyber-enabled scam) နှင့် ဩစတြေးလျ အိမ်ထောင်စုများကို ထိ ခိုက်စေသော လူကုန်ကူးမှုကွန်ရက်များကို တန်ပြန်ရေးအတွက်လည်း ဆန်းစစ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

    လွှတ်တော် စုံစမ်းရေးအဖွဲ့က အစီရင်ခံစာတင်သွင်းမည့် နောက်ဆုံးရက်မတိုင်မီ တင်သွင်းလွှာများကို လက်ခံရယူကာ လူထုကြားနာပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

    “အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပွင့်ပွင့် လင်းလင်းဖော်ပြနိုင်မှာ ဖြစ်ပြီး ဩစတြေးလျရဲ့ တုံ့ပြန်မှုဟာ အခြေအမြစ် ခိုင်မာပြီး ဟန်ဆောင်မှုမရှိစေဖို့ သေချာစေမှာဖြစ်ပါတယ်” ဟု အထက်လွှတ်တော်အမတ် DEAN SMITH က ပြောဆိုသည်။

    အလားတူ အခြားတစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရောက်ရှိနေပြီး ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီများမှ လွှတ်တော်အမတ်များ တွေ့ဆုံလျက်ရှိကြောင်း NUG က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့နှင့် ဒီဇင်ဘာလ ၂ရက်နေ့တို့တွင် ဂျပန်နိုင်ငံမှ လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ ခုနှင့် ဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သည့် Democratic Party for the People မှ Mr. Fukasaku Hesusu ၊ Mr. Kiichiro Hatoyama၊ Mrs. Tamura Mami တို့နှင့် တွေ့ဆုံချိန် မြန်မာ့အရေးအတွက် ဂျပန် လွှတ်တော်အတွင်း တင်ပြနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပိုမိုပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရေးပါတီဖြစ်သော Komeito ပါတီမှ အထက်လွှတ်တော်အမတ် Mr. Taniai Masaaki ၊ကွန်မြူနစ်ပါတီ အထက်လွှတ်တော်အမတ် Mr. Yamazoe Taku ၊ Social Democratic Party ၏ ဥက္ကဋ္ဌ Ms. Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။